ဟိုနေ့က အမှတ်မထင် Singapore Art Museum ရောက်သွားတယ်။ ပန်နီဆူလာကနေ လမ်းလျှောက်သွားလို့ ရတယ်။ ၀င်ကြေးက S$10... ၁၀ ပေးရင် အဆောက်အအုံ နှစ်ခုကို ၀င်လို့ရတယ်။ ပထမအဆောက်အအုံ (Ticket ရောင်းတဲ့နေရာ)ထက် ဒုတိယအဆောက်အအုံက ပိုပျော်ဖို့ကောင်းတယ်။ သူက ကလေးဆန်ဆန်လေးတွေ လုပ်ထားတာ။ ကန်ဒီတို့ ပထမအဆောက်အအုံမှာ ကြာနေတာနဲ့ ဒုတိယအဆောက်အအုံအတွက် အချိန်နည်းနည်းပဲရလိုက်တယ်။ ပြတိုက်က ည ၇နာရီဆို ပိတ်တာလေ။
ဓာတ်ပုံတွေပဲ အဓိကပြမယ်နော်။ ဘာလို့လဲဆိုတော့ ရှင်းပြရအောင် ကန်ဒီကိုယ်တိုင်လည်း တော်တော်များများကို နားမလည်လို့ ဟိဟိ :P
ဒါက ဂိမ်းကစားတာ ထင်တယ်။ Chess လိုမျိုးလေ။ ဘေးမှာ စာနဲ့တော့ ရှင်းပြထားတယ်။
ကန်ဒီလည်း ဖတ်တာပဲ။ ခက်တာက နားမလည်ဘူး >.<
ခုနက ပုံရဲ့ဘေးမှာ ဒီလိုဖိနပ်တွေ တန်းစီထားတယ်။ ဘာလုပ်တာပါလိမ့် @_@
ဒါလည်း Art တမျိုးပေါ့နော် :D
အော်... ဒါက ဒီလိုကိုး (တကယ်တော့ ဘာမှန်းကို မသိတာ။ အပေါ်က အ၀ါလေးက ကြက်ရုပ်လေး)
ဒုတိယအဆောက်အအုံ ရောက်သွားပြီ။ အဲ့မှာ ဘာမှသိပ်မရိုက်လိုက်ရဘူး။ အချိန်နည်းနည်းပဲ ရလို့။
တကယ်လို့များ နောက်တခါ အဲ့ကိုရောက်ဖြစ်ခဲ့ရင် ဒီအခန်းမှာပဲ ဆေးရောင်ခြယ်နေမယ် ဟိဟိ :D
ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ မိန်းကလေးတယောက်တွေ့ခဲ့ရင် ကန်ဒီလို့သာ မှတ်လိုက်တော့ :P
ဆိုသည် ♫♪
ကန်ဒီသီချင်းမဆိုတာ ကြာပြီနော်။ အသံသေး အသံကြောင်လေးကို မလွမ်းဘူးလား :P .. လွမ်းတယ်ဆိုတဲ့သူတွေအတွက် နားထောင်ဖို့ ဒီမှာ... ရှင်ဖုန်းရဲ့ "ခုံတန်းလေး" သီချင်းဆိုထားပါတယ် :D
သည်းခံပြီး နားသောတဆင်ကြပါနော်^^
သည်းခံပြီး နားသောတဆင်ကြပါနော်^^
မနက်ဖြန် ကမ်းခြေသွားမယ်။ လူတွေအများကြီးပဲ။ ဂိမ်းတွေလည်း ဆော့ကြမယ် ပြောတယ်။ အဆင်ပြေရင် အားလုံးအတွက် ဗွီဒီယိုရိုက်ခဲ့မယ်နော် Mwah :D
တာ့တာ ^_^
23 comments:
အဲ့ဒီ ပြခန်းကို မဒမ်ကိုးဆီမှာလဲ ကြည့်ခဲ့တယ် .ဒီမှာလဲ ထပ်ကြည့်တယ်..
BUT ဘာမှနားမလည်တာခက်တယ် ဟိ
အဲ့လို တော်တာ..
ကန်န်ဒီဆံပင်ပုံလေး လှတယ်..
ခင်တဲ့
အိမ်မက်
မဒိုးကန်ပေးထားတဲ့..ဗွက်တော် အရှည်ကြီးနဲ့ ဟိုတုန်းက မော်ဒယ်အာပေတူး))))း
မျက်စေ့တင်မဟုတ်ဘူး နားကိုပါခုက္ခပေးတယ်))))း။
မနေ့က ကြည့်ခဲ့ပါပြီကော အကိုတို့လည်း ညေးတို့လိုဘဲ ဘာမှ နားလည်ဘူး..။
မိကန်ဒီရေ...
ရှေ့ဆက်ဆိုပါဦးလို့ တိုက်တွန်းချင်ပါသည်
တက်လမ်းရှိတယ်ဆိုတာ သေချာတယ်.
တာမွေက မျက်စိနားနှာခေါင်း
လည်ချောင်းဆေးရုံလား...
အလုပ်သမားဆေးရုံလား(ဒါမှမဟုတ်)
ရွာသာကြီးက စိတ်ရောဂါအထူးကုဆေးရုံလား
တစ်ခုခုတော့ တစ်ခုခုပဲ.. သေချာပါတယ်နော..
ပုံတွေကြည့်ပြီသီချင်းနားထောင်ခဲ့ပါတယ် ညီမရေ
စိတ္တစပန်းချီများ ကိုကြိုက်တယ်
နာမည်ကြီးသူများကို ဆေးလိပ်သောက်ခိုင်းထားတဲ့ပုံ..
ကိုလဲ ကြိုက်တယ် candy လေးကိုချစ်တယ်
Good song :)
ပါဖောမန့် ကလည်း .. ပဲများများနဲ့ မင်းသမီးပုံပဲ များနေတယ်နော်.. ဟီး ... ;p...
မင်းသမီးပုံလေးကတော့
အလှဆုံးပါဘဲကွယ်..
ချစ်တဲ့အမ ပစ်ပစ်
ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ မိန်းကလေးတယောက်တွေ့ခဲ့ရင် ကန်ဒီလို့သာ မှတ်လိုက်တော့ (မှတ်ချက် CANDY ရူးနေသောကြောင့်ဖြစ်သည်..)သူငယ်ချင်းရေ CANDY ရှင်ဖုန်း ကြားရင် ငိုသွားမယ်နော်...
နှုတ်ခမ်းကြီးစူလိုက် ထော်လိုက် ... ဒါပဲလုပ်တက်တယ်
ကန်ဒီရေ art museum က ပုံလေးတွေနဲ့ တကွ တင်ပေးထားလို့  ကိုယ်တိုင်ေ၇ာက်သလို ခံစားမိပါတယ်
ကျေးဇူးတင်ပါတယ်နော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဟေ့ဟေ့ ငါ့သယ်ရင်း
အလည်အပတ်တွေလုပ်လှချေလားဟ
ဆိုတာကောင်းတယ် ပေါက်လမ်းရှိတယ်ဟ
ဝက်သက်ဝက်သက် ဟဟ :P
အားလုံးက သိပြီးသား ဆိုတော့ သီချင်းဘဲ နားထောင်သွားတော့တယ်...
ရိုက်ထားတာတွေ အရမ်းမိုက်တယ်
ကျေးကျေး အစ်မရေ
ဓာတ်ပုံကြည့်ပြီး
မရောက်ဖူးတဲ့ နေရာတွေ
ရောက်ဖူးသွားလို့
ကျန်တာဘာမှမသိဘူး နောက်ဆုံးနှုတ်ဆက်သွားတဲ့ Mwah ဆိုတဲ့အသံနဲနဲကျယ်သွားသလားလို့ :P
Art Museum အကြောင်း ဓာတ်ပုံလေးတွေနဲ့ အတူ လေ့လာသွားတယ် ချိုချဉ်လေးရေ။ သီချင်းလေးလည်း နားထောင်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သီချင်းလေးနားထောင်သွားပါတယ်ဗျာ မမ လေး
အသံကကောင်းပါတယ်
သီချင်းလေးကောင်းတယ်
သီချင်းနားထောင်သွားပါတယ်...
ဖိနပ်နဲ့ ပါးစပ်နဲ့က ကပ်ရက်သားဆိုတော့..
ပိစိလေး ဗိုက်ဆာပြီး တွေ့ကရာများ ဆွဲစားဖို့ ကြံစည်နေလေရော့သလားဆိုပြီး စိုးရိမ်မိလိုက်သေးတယ်။း)
Performance..ဟေးဟေ့..နားလည်ပါဘူးကွာ...အကိုတော့..ကြည့်တော့ကြည့်လိုက်တာပဲ..ဘာလည်းဟင်ဆို..သိဘူးလေ..။ဘေးကလူကကြောင်တောင်နဲ့ဖင်ကုတ်ခေါင်းကုတ် ထွတ်သွားရော..အလဲ့..ငါလည်းPerformanceချလိုက်တာ..ဒီကောင်ဒီလိုဖြစ်သွားတယ်..ကိုယ်လည်းသူလိုကိုယ်လိုပါပဲ...ထွတ်ခဲ့တယ်..ဟဟဟဟ
ပြတိုက်လည်းကြည့်ပြီးပြီ။
သီချင်းလည်းနားထောင်ပြီးပြီ...
ပြန်ပြီ။း)
အိုင်အိုရာ
ဒီလိုနေရာတွေ..ကျွန်တော်သိပ်ကိုသွားချင်တယ်...ကျွန်တော်နေတဲ့နေရာကနေ.အဲဒီကိုသွားရင်..လမ်းစရိတ်တင်ပဲ..6 သိန်းလောက်ကုန်မယ်..ဒါတောင်ဟိုမှာစားမှာ၊ တည်းမှာမပါသေးဘူးနော်.....ခုလိုမြင်တွေ့ခွင့်ရတော့....ကန်ဒီကိုအရမ်းကျေးဇူးတင်ပါတယ်
Post a Comment