Hi!!!
ဒီရက်ပိုင်းတွေ ကန်ဒီအရမ်းရှုပ်နေတယ်။ ဘာတွေရှုပ်နေမှန်းကို မသိတာ။ အိမ်လည်း မကပ်ဘူး။ ပြန်ရောက်ရင်ပင်ပန်းပြီး ဘလော့လည်း မလည်ဖြစ်ဘူး။ စနေနေ့က သီချင်းဆိုတဲ့အကြောင်း ပြောပြမယ်။ မပြောခင် မေးစရာရှိတယ်။ ဒီနေ့ ဘာနေ့လဲ သိလား?? ကန်ဒီ ပြောပြဖူးတယ်။ စဉ်းစားထားနော်။ အဖြေကို ပြီးမှ ပြောပြမယ် :D
အဲ့နေ့ပွဲအတွက်ကို ၃ရက်တောင် သီချင်းတိုက်ထားတာ။ ဒါပေမယ့် ဖြစ်ချင်တော့ သေချာတိုက်ထားတာက "မန်းတောင်ရိပ်ခို".. တကယ်ဆိုဖြစ်တာ "စည်းလုံးချင်းအတွက် သီချင်းတပုဒ်" (>.<)။ ဆိုဖြစ်တဲ့သီချင်းကလည်း သောကြာနေ့မှ ပြန်ခါနီး တခေါက်ပဲဆိုကြည့်ထားကြတာ။ စာသားတွေလည်း မရကြဘူး။ အဲ့တော့ ကြည့်ဆိုရတာပေါ့။ ကန်ဒီ့အကြံက "မန်းတောင်ရိပ်ခို"မှာ အီယောင်ဝါးလုပ်မယ်ပေါ့ ဟိဟိ။ တကယ်တမ်း "စည်းလုံးချင်းအတွက် သီချင်းတပုဒ်" ဆိုဖြစ်သွားတော့ အဲ့လိုလုပ်လို့ မရတော့ဘူး။ သူက အတွဲလိုက် တပိုဒ်စီဆိုရတာလေ (=.=')။ အစ်ကိုတယောက်ကလည်း အသားကုန် ကုန်းအော်တယ်။ သူ့အသံကြီးပဲ ထွက်ထွက်လာတယ်။ တော်သေးတယ်။ ခဲနဲ့အပေါက် မခံရလို့ အဟင့် :(
သီချင်းစာသားတွေနဲ့ အလုပ်ရှုပ်နေပုံ..
အဖွဲ့ထဲက တကိုယ်တော်ဆိုဖို့ သီချင်းတိုက်ထားတဲ့ အစ်ကိုတချို့က တကယ့်ပွဲမှာ မဆိုလိုက်ရလို့ဆိုပြီး ချယ်ရီမြေကို တဖွဲ့လုံးချီတက်ကြတယ်လေ။ အဲ့ဒါနဲ့ ကန်ဒီလည်း ရောသောပေါသော ပါသွားတယ်။ ကန်ဒီ့အတွက် ဒါပထမဆုံးအကြိမ် ချယ်ရီမြေကို ရောက်ဖူးတာပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဦးဇာဂနာတို့ ဦးညီဂျော်တို့ ဦးကင်းကောင်တို့နဲ့ တွေ့ခဲ့တယ် :D
ဒါက ကန်ဒီ Edit ပြန်လုပ်ထားတဲ့ ခဲမလောက်အဖွဲ့ရဲ့ ဖျော်ဖြေမှု...
ကန်ဒီ မသောက်တတ်တာ အားလုံးသိတယ်နော်။ မူးနေတယ် ထင်မှာစိုးလို့ ဟိဟိ။ ကန်ဒီ စိတ်ကြည်ရင် အဲ့တိုင်းပဲ :P xD
ကန်ဒီ မသောက်တတ်တာ အားလုံးသိတယ်နော်။ မူးနေတယ် ထင်မှာစိုးလို့ ဟိဟိ။ ကန်ဒီ စိတ်ကြည်ရင် အဲ့တိုင်းပဲ :P xD
ဒါကတော့ ကန်ဒီမရိုက်လိုက်ရတဲ့သီချင်း သူများတင်ထားတာကို ပြန်ရှယ်တာ :D
ဒီနေ့ ဘာနေ့လဲဆိုတော့............
My 24th Birthday!!!
OMG! OMG!! Surprise! Surprise!! ဒီပိုစ့်ကို ရေးနေတုန်း တန်းလန်းကြီး.. ၁၂နာရီတိတိမှာပဲ ကန်ဒီ့ညီမ Birthday Cake ကြီးကိုင်ပြီး အခန်းထဲဝင်လာတယ်.. ဟီး xD
ဒီနှစ် မွေးနေ့အတွက် ဘာအစီအစဉ်မှ မလုပ်ထားမိဘူး။ ခုတော့ Perfect ဖြစ်သွားပြီ (:D)။ စုတ်စုတ်ပြတ်ပြတ်လည်း ဘာဖြစ်တုန်း။ ဓာတ်ပုံလေးတော့ အမှတ်တရ ရိုက်ရမှာပဲ ဟီးဟီး xD
ဒီပိုစ့်လေးကို ဒီမှာတင် ရပ်လိုက်တော့မယ်နော်။ ဒီညတော့ နောက်ကျမှ အိပ်ရမယ်ထင်တယ်။ ခုစင်္ကာပူကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဓာတ်တော်တွေ အပူဇော်ခံဖို့ ပင့်လာတယ်လေ။ အဲ့ဒီ Info လေး ဟိုဘက်ဆိုဒ် (မေတ္တာရှင် ဖောင်ဒေးရှင်းဆိုဒ်)မှာ ရေးပေးရမယ်။ ဒါလည်း မွေးနေ့မှာ ကုသိုလ်ယူနည်း တမျိုးပဲ ဟုတ်တယ်ဟုတ် ^_~
Good Night^^
30 comments:
ကန်ဒီလေးရဲ့ မွေးနေ့မှာပျော်ရွှင်မှုတွေပြည့်ဝပြီး
ဘ၀ရဲ့အောင်မြင်မှုတွေရရှိပါစေ----
ကိတ်လဲစားသွားပါတယ်
HAPPY BD.
အစ်မရဲ့ ပျော်ရွှင် ဖွယ်ရာကောင်းသော
24 နှစ်ပြည့်မွေးနေ့ လေးဖြစ်ပါစေ...
ကိုယ်ချစ်သောသူနှင့်လည်း ပေါင်းဖက်ရပြီး
မိဘကျေးဇူးဆပ်နိုင်သော သားသမီးလည်းဖြစ်ကာ
ရည်မှန်းချက်အိပ်မက်များလည်း အကောင်အထည်ဖော်နိုင်ပါစေလို့ မွေးနေ့ ဆုတောင်းပေးတယ်နော်...
မွေးနေ့မှပျော်ရွှင်နိုင်ပါစေညီမရေ
I hope all your birthday dreams and wishes come true.Not just a year older, but a year better.May this year be your best ever.
if you ok, click below link,
http://dl8.glitter-graphics.net/pub/408/408378af8grg5o88.gif
all da best,
ko yin & madankoo
ဟက်ပီးဘက်ဒေး........အဟမ်း အဟမ်း မိဿရာသီ ၅ ဒီဂရီ မှ ၁၂ ဒီဂရီအတွင်းရှိပေရာ The Manifestation တမိပေါက်တစ်ယောက်ထွန်း ဖြစ်လတ္တံ။
၂၀၁၂
အလုပ်အကိုင်စီးပွားရေး - ကောင်း
လူမှု့ဆက်ဆံရေး - ရန်အနှောင့်အယှက်ရှိလင့်ကစား စေတနာမှန်၏ တုန်ပြန်ကောင်းခြင်းကံကို ခံစားရရှိနိုင်
အချစ်ရေး - စန်းပွင့်မှု့လွန်ကဲ၊ တစ်ဦးထက်မကသော အချစ်ရေးကိစ္စများကြုံနိုင်
ပညာရေး - အထွဋ်အထိပ်မှ အောင်မြင်၊ ရည်မှန်းသလောက် ထွန်းပေါက်နိုင်
မိသားစု - အညံအဆိုးများကင်းစင် မိမိက ဦးဆောင်ဖြေရှင်း
စံဇာဏီဘိုမှ ကူးချထားသည်....
http://shweo.com/testdata/sznb12/taurus.pdf
:P
ကာရာအိုကေ မသွားရတာကြာပြီ။ surprise ကိတ်လေးနဲ့ဆိုတော့ ပြည့်စုံသွားတာပေါ့။:)
ညီမငယ်ရဲ့ မွေးနေ့မှစ နှစ်ပေါင်းများစွာ ညီမချစ်ခင်သူများနှင့် မွေးနေ့ပေါင်းများစွာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒများလဲ ပြည့်စုံနိုင်ပါစေ
ကန်ဒီမွေးနေ့ မှသည်နောင်နှစ်ပေါင်း
120 တိုင်တိုင် အောင်မြင်မှုတွေကို ပျော်ရွှင်မှုတွေနဲ့အတူ
စိတ်လက်ပေါ့ပါးစွာဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
အော်..နင်ကငါ့ထက်ငယ်တားကိုး ၁နှစ်ကျော်ငယ်နေပြီ..ရိုးသေဆက်ဆံစမ်း..မွေးနေ့ မှာပျော်ချင်ပျော် မပျော်ချင်နေပါ..ခိခိ..ပုံ..ဖိုးမောင်...
လေဒီသကြားလုံးလေး... ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ချစ်ခင်သောသူများနှင့် ရာသက်ပန်ဖြတ်သန်းသွားနိုင်ပါစေ ..
ဂျရစ်
ကန်ဒီရေ ယခုကျရောက်သော မွေးနေ့ မှစ၍ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေနော် ။
စပရိုက်လုပ်တဲ့ ညီမလေးနဲ့ အတူရှိနေတာလည်း ကံကောင်းလိုက်တာနော် :)))
ကန်ဒီညီမလေး.... မကြီးလွမ်းလည်း ဆုပေးလိုက်ပါတယ်.ညီမလေး ၂၄ မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ လိုရာဆန္ဒပြည့်ဝပြီး ဘဝကိုပျော်ရွှင် ကျေနပ်စွာ ဖြတ်သန်းနိုင်ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ....
ခင်မင်တဲ့
မကြီးလွမ်း
ငါ့သယ်ရင်း ပျော်တယ်ဟုတ်မွေးနေ့မှာ
နင်ပြုံးနေတာ အရမ်းပဲ ဟဟ!!!!
အပေါ်ကသယ်ရင်းတွေအားလုံးဆုတောင်း
ပေးထားသမျှကို မောင်မောင်ဇာနည် ကော်ပီ
လုပ်ပြီး ဆုတောင်းပေးသွားပါတယ့့်
ဟဟဟ မောတော့ဝူး
အင်း ငါ့ညီမတောင် တစ်နှစ်ကြီးသွားပြီနော်.....ဟဲဟဲ....ကဲကဲ ကန်ဒီရေ မွေးနေ့မှာ အံ့သြ၀မ်းသာလိုက်ရသလို ကုသိုလ်တွေလည်းလုပ်လိုက်ရတယ်ဆိုတော့ နောက်ကန်ဒီကြုံတွေ့ရမဲ့ဘ၀မှာ ကုသိုလ်ကောင်းမှု့တွေ ဒီ့ထက်ပိုလုပ်နိုင်ပြီး အံ့သြ၀မ်းသာစရာ အောင်မြင်မှု့တွေ တစ်လှေကြီးကို ချစ်သောသူများနှင့်အတူပိုင်ဆိုင်ပြီး ပန်းခင်းသောလမ်းကိုလျှောက်လို့ ဘ၀ရဲ့ပန်းတိုင်များကိုကျော်ဖြတ်နိုင်ပါစေ ငါ့ညီမရေ....ကိတ်မုန့်ကတော့ မပြောလဲ တီးမှာဘဲ...ဟဲဟဲ....ဒါနဲ့စကားမစပ် ချယ်ရီမြေမှာဆိုတဲ့ ပုဂံလမ်းသီချင်းကို ငါ့ညီမလေးဆိုသွားတာတော်တော်ကောင်းတယ်.....ဟီးးးး
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ တူမလေး.....။
ချယ်ရီမေကိုမြင်တော့ သွားချင်စိတ်တောင်ပေါက်သွား
တယ်....:P
အူးလေးကု
ပိစိလေး။
မွေးနေ့ကစပြီး ဒီထက်မက ပေါနိုင်ပါစေ။ ဒီထက်မက ပိုလှလာနိုင်ပါစေ။ ပို့စ်တွေလဲ များများ တင်နိုင်ပါစေ။
တစ်နှစ်အိုလာတာ မဟုတ်ဘဲ တစ်နှစ်ပို လန်းလာနိုင်ပါစေ။
အသက် ၁၂၀ တိုင် အခုလို လှပပျော်ရွှင်နိုင်ပါစေလို့ တဂျင်းမီး ဆုတောင်းပေးလိုက်ပါတယ်။
ဟက်ပီးဘက်ဒေး အစ်မ.. ဗွီဒီယိုတွေလည်းကြည့်သွားတယ်.။ အစ်မဝေါပေါ် ကိတ်မုန့် ပို့သွားတယ်နော်. ငှဲငှဲ
အစ်ကိုလည်း သူကြီးလိုဘဲ ဆုပေးခဲ့တယ်))0။
ဤ 24 နှစ်ပြည့်မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်၏ချမ်းခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီးသကာလ ရည်ရွယ်ရာ ပန်းတိုင်ကို ရဲဝင့်စွာ လှမ်းကိုင်နိုင်သူလေး ဖြစ်ပါစေဗျာ။
ံHappy Birthday ပါ ကန်န်ဒီလေးရေ..
ချစ်ဖွယ်ညီမလေး.. ပျော်ရွင်စရာ နေ့ပေါင်းများစွာ ဒီထက်ပို ပိုင်ဆိုင်နိုင်ပါစေ..
အိမ်မက်စေရာ
နောက်ဆုံးမှလာမန့်တာမဟုတ်ရနော်...။ ဟဲ ဟဲ ဖဘမှာ wish လုပ်ပြီးသား ခုဒီမှာတခါထပ်လုပ်မယ် ...။ ချစ်တဲ့ ချိုချဉ်ငံစပ် အဲ အဲ ဟုတ်ဖူး ယောင်လို့ ချိုချဉ်လေး ပျော်ရွှင်ဖွယ်မွေးနေ့လေးပိုင်ဆိုင်ပါစေ.....။ အဟီးး မွေးနေ့ဖြစ်ပြီးနေပြီ..။
မွေးနေ့မှာပျော်ရွင်ပါစေ ညီမလေး ဘဝတစ်လျောက် အမြဲပျော်ရွင်ချမ်းမြေ့ပါစေ။
CANDY နိက နာ့ထက်ငယ်တာပဲ လူကြီးကို ရိုရိုသေသေ ပြေားဆိုဆက်ဆံနော် နောက်ပြီး နာတို့ကိုလဲ ဘာကြွေးမှလည်း...အိမ်း အိမ်း ကလေးမ မွေးနေ့မှအတည် နောင်နှစ်ပေါင်းများစွာ ထာဝရပျော်ရွှင်ပါစေ...မိဘကျေးဇူးဆပ်နိုင်သော သမီးရတာနာဖြစ်ပါစေ...(မှတ်ချက်။ ။လူကြီးလေသံဖြင့် ပြေားခဲ့သည်) ဒါဘဲ...
ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ...
ကိတ်မုန့်စားရင်း သီချင်းလေးတွေနားထောင်သွားတယ်...
ံHappy Belated Birthday ပါ ကန်ဒီရေ.. အလုပ်တွေ မအားတာနဲ့ မလည်ဖြစ်လို့ပါ။ 24 ဆိုတော့ ကျွန်တော့်ထက် တစ်နှစ်ကျော်တောင် ငယ်တာပဲ..
ကျွန်တော့်ရဲ့ ချစ်သူ့မွေးနေ့ ပို့စ်လေးက ဘယ်လိုပြောရမလဲ.. ခံစားချက်ကို အငှားရေးပေးထားတာ.. :)
April born တွေအချင်းချင်း တွေ့ရတာ ဝမ်းသာပါတယ်....နောက်ကျပြီးမှ wish ရတဲ့အတွက် စိတ်မကောင်းပါဘူး...ဘာဖြစ်ဖြစ် မွေးနေ့မှာ စိတ်ချမ်းသာအောင်လုပ်ပေးတဲ့ ညီမလေး တစ်ယောက် ရှိတဲ့အတွက် မွေးနေ့ပွဲလေး ဖြစ်မြောက်သွားရတာပေါ့....ကိုယ်ကတော့ မွေးနေ့မှာ ခွင့်ယူပြီး ဘုရားကျောင်းသွားလိုက်တယ်။
စိတ်ချမ်းသာမှုတွေနဲ့ သာယာပြီး အောင်မြင်တဲ့ ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ပါစေလို့ မေတ္တာပို့သလိုက်ပါတယ်....
ဖေ့ဘုတ်မှာ မွေးနေ့အတွက် လက်ဆောင်ပေးခဲ့ပေမဲ့
ဘလော့ကို ဒီကနေ့မှ ဝင်ဖြစ်လို့ သိကြားလုံးလေးရေ။
Happy belated Birthday !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Happy Birthday ပါ သကြားလုံးလေး
မသိလို့နောက်မှလာဆုတောင်းပေးတယ်နော်ညီမငယ်။ မွေးနေ့ဆိုတာတစ်နှစ်ကြီးသွားပြီ။ အရင်ကထက်ပိုရင့်ကျက်တဲ့၊ ပိုပျော်ရတဲ့၊ ပိုအောင်မြင်တဲ့ ဘ၀မျိုးပိုင်ဆိုင်နိုင်ပါစေ။
မွေ့ နေ့ မှသည် ပျော်ရွှင်ချမ်းမြေ့ ပါစေ ...
Post a Comment