ထုံးစံအတိုင်း ကုတင်ပေါ်မှာ ခြေထောက်ကိုဆန့် ပေါင်ပေါ်ခေါင်းအုံးခုပြီး
ကွန်ပျူတာတင်ထားတယ်။ အား.... ညောင်းလိုက်တာာာ။ တနေ့လုံး တရားစခန်းမှာ
လုပ်အားပေးသွားလုပ်နေတာ။ မနက် ၇ နာရီကျော်ကျော်လောက်ထဲက အိမ်ကထွက်တာ ည ၁၀
နာရီကျော်မှ ပြန်ရောက်တယ်။ စေးကပ်ကပ် ညစ်ပတ်ပတ် ခန္ဓာကိုယ်ကို
ရေချိုးသန့်စင်ပြီး ခုဘလော့ဂင်းနေတယ် ဆိုပါတော့။ Opp!! Intro
အရမ်းရှည်သွားပြီ.. ဆောရီး။ ခုချိန် YouTube လေးကြည့်ပြီး ကွေးနေအောင်
အိပ်လိုက်ချင်တယ်။ ဒါပေမယ့် ဒီနေ့ ဒီပိုစ့်ရေးမှ ဖြစ်မယ်။ မနက်ဖြန်... (အဲ..
ခုက ၁၂နာရီကျော်နေပြီဆိုတော့) ဒီနေ့ ကဆုန်လပြည့်နေ့လေ။
ကန်ဒီပြောချင်တာ တခြားမဟုတ်ပါဘူး။
ခုစင်္ကာပူမှာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဓာတ်တော် ပူဇော်ပွဲရှိတယ်လေ။
ဒါ ကြုံတောင့်ကြုံခဲအခွင့်အရေးလို့ ပြောလို့ရတယ်။ ဒီနေ့(လပြည့်နေ့)နဲ့
မနက်ဖြန် တရားပွဲရှိတယ်။ တရားလည်းနာရင်း ဓာတ်တော်တွေလည်း
ဖူးနိုင်တာပေါ့။ သွားချင်တဲ့သူတွေအတွက် လိပ်စာနဲ့ အချိန်ကတော့....
နေ့ရက်- မေလ ၅ ရက်နှင့် ၆ ရက်
အချိန် - ညနေ ၆း၃၀ မှ ၈း၃၀ ထိ
နေရာ- Function Room 1, Arina Country Club, 511 Upper Jurong Road, Joon Koon
ဓာတ်တော်များ
ဒီနေ့ ကန်ဒီလုပ်အားပေးသွားတာလည်း အဲ့ကိုပဲလေ။ တရားစခန်းလည်းရှိတော့
ယောဂီတွေ ဝေယျာဝစ္စသွားလုပ်ပေးတာ။ မနက်ဖြန်တော့ သွားဖြစ်မယ် မထင်ဘူး (ပင်ပန်းလို့ :P)။ အဲ့တော့ ဒီနှိုးဆော်စာလေးနဲ့ပဲ ကုသိုလ်ယူရတာပေါ့ :D
ငပိသုပ်၊ ကျောက်ကျော၊ တို့စရာ
ကြက်သားဟင်း၊ ဘဲသားဟင်း၊ ကြက်ကုန်းဘောင်ကြီးကြော်၊ ဖရဲသီး
တရားပွဲမှာဝေဖို့ စာရွက်တွေ ခေါက်နေတာ...
အပေါ်ကဟာနဲ့တော့ ဘာမှမဆိုင်ဘူး။ လတ်တလောခံစားချက်ကို ဖောက်သည်ချဦးမယ်။ ကိုယ်တိုင်မလုပ်နိုင်ပဲနဲ့ (သို့) မလုပ်ပဲနဲ့
စေတနာနဲ့လုပ်ပေးတဲ့သူကို အပြစ်တင်သလို ပြောတဲ့လူမျိုးကို
ကန်ဒီအရမ်းအမြင်ကတ်တယ်သိလား? မလုပ်နိုင်ဘူး မလား.. ဒါဆို စေတနာနဲ့
အချိန်ကုန် လူပင်ပန်းခံပြီး လုပ်ပေးတဲ့သူရဲ့ အနည်းငယ်လွဲချော်မှုကို
အပြစ်မတင်နဲ့လေ။ ကန်ဒီပြောချင်တာက လိုအပ်နေတာကို လိုအပ်နေတယ်လို့ မပြောရဘူး
မဟုတ်ဘူး။ စကားပြောတဲ့နေရာမှာ လုပ်ပေးချင်အောင်ပြောလို့ရသလို
အမြင်ကတ်အောင်လည်း ပြောလို့ရတယ်။ "ညီမရေ.. ဒါလေးတွေတော့ လိုတယ်နော်"
ဆိုတာမျိုး မဟုတ်ဘဲ.. "သေချာမစစ်ဘူးလား သေချာစစ်လေ ဘာညာ"။ မသိရင် ကိုယ်ကပဲ
သူ့လက်အောက်မှာ အလုပ်လုပ်နေတဲ့သူလိုလို။ ကိုယ်က စေတနာသန့်သန့်နဲ့
လုပ်ပေးနေတာ။ စေတနာတွေ ဝေဒနာဖြစ်တယ် :(
ကန်ဒီတယောက် ကင်မရာရူး ရူးပြန်ပြီ။ Olympus က ဒီကင်မရာလေး လိုချင်လို့။ ကန်ဒီအရမ်း Crazy ဖြစ်တဲ့ Retro Vintage ဒီဇိုင်းလေး။ Quality ကောင်းတာ မကောင်းတာထက် အဲ့ဒီဇိုင်းကို အရမ်းကြိုက်နေတာ။ Model ကိုလိုက်ပြီး S$800-1100 ကြားမှာရှိတယ်။ လိုချင်တယ် မ၀ယ်နိုင်ဘူး အဟင့် :(
တော်ပြီ.. အိပ်တော့မယ်
Good Night Zzzz........

22 comments:
စိတ်ထဲမှာ ဘာမှမထားပါနဲ့ညလေးရေ
ကိုယ်လုပ်အားပေးခဲ့တာတွေအလကားဖြစ်မှာစိုးလို့ပါ
ကင်မရာလေးကိုမဂျက်လဲကြိုက်တယ်
အစစ အရာရာအောင်မြင်ပျော်ရွှင်ပါစေ
ငါးပိသုပ်စားချင်တယ်.. ကင်မရာလဲကြိုက်တယ် :)
ဟိုတလောကပဲ ဝယ်ပြီးပြီ။ :P
သာဓု သာဓု သာဓု ပါညီမရေ
ဝယ်ချင်တဲ့ကင်မရာလေးအမြန်ဝယ်နိုင်ပါစေ..
ညီမလေးလိုချင်တဲ့ ကင်မရာလေး အမြန်ရပါစေ။
သာဓု သာဓု သာဓု.... ကမ်မလောင် အမြန်ရပါစေဗျား......
သာဓု ... ပါဗျာ .... ။ ဒါနဲ့  ...ကျနော် လဲ .... အဲ့ .... ကင်မရာ အရမ်းကြိုက်တယ်ရော ... တွေ့ ထားတာ မကြာသေးဘူး ။ တူတူပဲ ဗျာ မတက်နိုင်သေးလို့  ကြည့်ပြီး ပြန်ခဲ့ ရတယ် .... ။
အိပ်အိပ်အိပ်ရေးဝအောင်အိပ်လိုက်။
ဒါမှမနက်ကျလန်းသွားမှာ။
အိုင်အိုရာ
ဦးလေးဖြိုးနဲ့ ကင်မရာ ဘယ်ဟာယူမလဲဖွားလေး..ခိခိ
ဟာ ကိုစွယ်စုံ ကလည်း CANDY ကလောဘမကြီးပါဘူး နှစ်ခုလုံးယူမှာပေါ့ ဟိဟိ...
ကုသိုလ်တွေရနေတဲ့ညီမငယ်။ သာဓုပါဗျာ။ အစ်ကိုတို့ကတော့ အလုပ်ပဲမဲနေရလို့ပိတ်ရက်ဆိုအိပ်ဖို့ပဲစဉ်းစားနေရတယ်။ တချို့ကတော့ စကားကိုမပြောတတ်တာ။ သည်းခံလိုက်ပေါ့ကွယ်။ အဲဒီကင်မရာကိုတော့ အစ်ကိုမကြိုက်ဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။
အပြောမတက်တော့ ဆဲ ..တဲ့ ကန်န်ဒီရေ လူတစ်ချို့ကြတော့လဲ အပြောတက်ရဲ့နဲ့ အထက်စီးကပဲ ပြောချင်နေကြတာခက်တယ်..
အိမ်မက်လဲ ကင်မရာ ရူး ရူးနေတယ်..ကန်န်ဒီတင်ပေးထားတဲ့ ကင်မရာပုံလေး မိုက်တယ်...
အိမ်မက်စေရာ
လိမ္မာပါပေ့ဗျာ....ဖူးမျော်သွားပါတယ်..သာဓု..သာဓု..သာဓု
ကုသိုလ်လုပ်နေတဲ့  မမ ကိုကျနော်လေးစားမိပါတယ်
ကျနော်ကတော့ တစ်နှစ်နေလို့ ဘုန်းကြီးကျောင်းတစ်ခေါက်မရောက်ပါဘူး :)
မမ လုပ်တဲ့ ကုသိုလ်ကိုပဲ သာဓု၀၀ကြီးခေါ်မယ်ဗျာ
(သာဓု/သာဓု/သာဓု )
ကင်မရာလေး..အမလည်းလိုချင်တယ်
ဟွန့် ရှိတဲ့လူတွေကျတော့ အကောင်းထပ်လိုချင်ပြန်တယ်
နာတို့မရှိတဲ့ လူတွေကျတော့ အဟောင်းလေးတစ်လုံး
လောက်တောင် လိုချင်လွန်းလို့ ပေးမဲ့သူရှိဝူ့း့
ကန်ဒီနော် နင်ကျတော့ ၃လုံးလောက်ရှိပြီဝယ်နေတာ
ဒီတခါ နာတို့ကိုစောင့်အုံး
ဒို့လဲလိုချင်တယ် ကန်ဒီ့လိုဘဲ ဒီဇိုင်းလေးကြိုက်တယ် အရောင်လေးလဲကြိုက်တယ်
ပြီးတော့ပေါ့ပေါ့ပါးပါးနဲ့သယ်ရတာလဲလွယ်တယ်
ဒါပေမယ့် ဈေးကြီးတယ် ဟီးးးး(
အင်း ... ငါ့ညီမ ကုသိုလ်တွေ ဆက်တိုက်ယူနေပါလား...
သာဓုဗျာ......ဘာပဲလုပ်လုပ် စေတနာနဲ့သာလုပ်ပေးလိုက်ပါ
ကန်ဒီရယ်....ကုသိုလ်ယူနေချိန်မှာ အကုသိုလ်တွေအ၀င်မခံနဲ့.....ကိုယ်လုပ်ရင် ကိုယ်ရတယ်...
စကားမစပ်....ငါလည်း ကင်မရာတစ်လုံးလောက်လိုချင်နေတာ...ဒါမျိုးတော့ဟုတ်ဘူး....ဈေးတွေက မိုးပေါ်ရောက်နေတယ်ဟ......:P
ကုသိုလ်လုပ်နေတဲ့ ငါ့ညီမလေး တော်လိုက်တာနော်
နာလဲ ကင်မရာတစ်လုံးလောက်လိုချင်တယ်
အဲဒီအသစ်လေး ၀ယ်ပြီးသွားရင် အဟောင်းလေးပို့ပေးလိုက်ပါလားဟင် :P
ကုသိုလ်ရေးတွေ လုပ်နေတယ်ပေါ့း)
ကင်မရာလေး အမြန် ရပါစေး)
ထီ 2 ခါပေါက်ရင် အဲလို ကင်မရာ ၀ယ်ပေးမယ် :D
သာဓု သာဓု သာဓု..လိုချင်တဲ့ ကင်မရာကြီး အမြန်ဆုံး ရပါစေ..
Post a Comment