ဒီနေ့ ကလေးလေးတယောက်နဲ့ The Avengers သွားကြည့်တယ်။ မဆိုးပါဘူး.. ကောင်းတယ်။ The Hunger Games လောက်တော့ မကြိုက်ဘူး။ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဖိုက်နေတာများတယ်။ ကန်ဒီလုပ်နေတဲ့ Volunteerအဖွဲ့က အစ်ကိုအစ်မတွေက မေလမှာ
မွေးနေ့ရှိတဲ့သူတွေအတွက်ဆိုပြီး မွေးနေ့ပွဲလေးလုပ်ပေးတယ်။
ကန်ဒီအပါအ၀င်သုံးယောက်ပေါ့။ ဒါဆို ဒါက ကန်ဒီ့ရဲ့ ဒုတိယမြောက် Birthday
Cake ပေါ့ ဟီးဟီးဟီး
မွေးနေ့ရှင် သုံးယောက် ပြိုင်တူမှုတ်နေသည် ဖူးးးး :D
ကန်ဒီတယောက်တည်း
အူမြူးနေတယ် ထင်တယ်။ ဘယ်သူမှ အဲ့လိုမဆော့ဘူး။ မျက်နှာမှာလည်း ကိတ်တွေနဲ့။ ကန်ဒီ့ကို သုတ်သွားတဲ့လူကို ပြန်သုတ်ဖို့ လိုက်ရှာနေတာ.. ဟွင်းဟွင်း..
ဒင်းပြေးနိုင်မှ လွတ်မယ် =.="
မနက်ဖြန် သူငယ်ချင်းမလေးမလေးတယောက်နဲ့ ချိန်းထားတယ်။ သူ့ Thesis မပြီးသေးလို့ Data အပိုင်းကို ကူညီမလို့။ ကူမယ်လို့သာ ပြောထားတယ်.. သူ့ခေါင်းစဉ်နဲ့ ကန်ဒီ့ခေါင်းစဉ်က နည်းနည်းလေးတောင် မတူဘူး။ သူ့ဟာက Managementပိုင်း ထင်တယ်.. ကန်ဒီ့ဟာက Science ပိုင်း >.<
ဟိုတလောက သင်္ကြန်ဝတ်စားဆင်ယင်မှုနဲ့ ပက်သက်ပြီး YouTubeမှာ ပွတ်လောရိုက်သွားတဲ့ကိစ္စ အားလုံးသိသလို ကန်ဒီလည်း သိတာပေါ့။ ဒါပေမယ့် အဲ့ကိစ္စနဲ့ ပက်သက်ပြီး ကန်ဒီ့အမြင်ကို တလုံးမှ မရေးခဲ့ဘူး။ အဓိကအကြောင်းရင်းကတော့ မပါဝင်ချင်လို့ပါ။ အင်တာနက်ပေါ်မှာ နေရတာ တကယ်တော့လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အမှားတခုမလုပ်လိုက်နဲ့.. သွားတာပဲ။ သင်ခန်းစာ အများကြီးရတယ်။
ဒီရက်ပိုင်း ဒီမျက်မှန်လေးတွေ ခေတ်စားနေတယ်။ ကန်ဒီ့ညီမကလည်း ဘယ်နေမလဲ.. "ခေတ်ကိုအမှီလိုက်မယ်ဟေ့"လို့ ကြွေးကြော်ပြီး ၀ယ်လာတာပေါ့။ သူဝယ်ရင် ကန်ဒီလည်း သုံးတယ်။ ကန်ဒီတို့နှစ်ယောက်က ဒါမျိုးဆို သိပ်တည့်တယ် ဟဲဟဲ။ နှစ်ယောက်လုံး အပြင်သွားရင် မတပ်ပါဘူး။ သူက "ဓာတ်ပုံရိုက်ဖို့ ၀ယ်လာတာ.."တဲ့ ဟဟဟ xD အဲ့တော့ တန်တောင် ရိုက်ပေးရမယ် (ဓာတ်ပုံပြောပါတယ် :P)
စာတွေနဲ့ ရှုတ်နေတဲ့စတိုင်လ်...
ရှုတ်လွန်းလို့ ဘောပင်က ခေါင်းပေါ်ရောက်သွားတယ် ဟဟဟ xD
Trying to be Sexy.. ha ha ha :P But FAIL!!!
စာဖတ်သူများ : ဒေါ်ကန်ဒီ.. ဘာ Sexy တုန်း?? နာချင်ပြီထင်တယ်.. ကြည့်လုပ်.. (မျက်မှောင်ကြုတ်၍ ပြောသည်)
Candy : ဟုတ်ကဲ့ (သနားစရာ ရုပ်လေးနှင့်)
တော်ပြီ တော်ပြီ.. သရုပ်ဆောင်ရတာ ပင်ပန်းသွားပြီ :)
Good Night^^
20 comments:
ဖတ်ရင်း ကြည့်ရင်း မူးသွားတယ်..
မျက်စိကို နောက်နာပဲ :P
ခုမှတော့ မရတော့ဘူး..ထပ်တင်လိုက်တော့မယ်..:D
ညီမလေးကန်ဒီရေ.....ကိုရင်ကတော့ မနာလိုလို့ ပြောသွားတယ်နော်. မျက်စိနောက်တယ်တဲ့။
သူက ဂျာရစ်နဲ့ဘဲ ကိုက်တာ။ ဂျာရစ်ရဲ့ ဒညင်းသီးနဲ့ဘဲ
ကိုက်တာနော်...ဓါတ်ပုံလေးတွေက ချစ်စရာလေး ညီမလေးရေ..
ခင်မင်တဲ့
မကြီးလွမ်း
ဟုတ်ကဲ့ (သနားစရာ ရုပ်လေးနှင့်) << အဲဒီ ပုံလေးသိပ်ချစ်ဖို့ကောင်း
လတ်တလော ဘာတွေလုပ်နေလဲဆိုတာ လာစပ်စုသွားဒယ် :P
လက်တလောအခြေအနေလာကြည့်သွားပါတယ်
မျက်မှန်လေးက မိုက်ပါ့။မဒမ်းကို ၀ယ်ပေးအုံးမှ
လတ်တလော.....ကန်ဒီအူမြူးနေသည်..:P
မျက်မှန်လေးကို အရမ်းကြိုက်သွားပြီ။ မမကန်ဒီနဲ့ အရမ်းလိုက်တယ်နော် ချစ်စရာလေး။
အိမ်း....လတ်တလောမှာ လူတကာကို ညက်ဆိနောက်
အောင်လုပ်နေသပေါ့လေ....၊ညေးညက်မှန်က မှန်မပါ
သလိုပဲ.....ဟုတ်လား....။
ဟီးးးးးးးး
အကိုတော့ လတ်တလော.......
အကြွေးတွေများ နေတယ်။
ချစ်စရာလေး
အဲလိုမျက်မှန်လေးတွေ ဒီမှာ ရောင်စုံတွေ့တယ် ၀ယ်မလားလို့ ခနခနစိတ်ကူးမိသေးတယ်...ဒါပေမယ့်လဲ...
ကန်ဒီလေးရေပျော်ထားပျော်ထားငယ်တုန်းပျော်ထားရတာ။
ကန်ဒီလေးကဘယ်လိုနေနေချစ်စရာလေးပါ။
အိုင်အိုရာ
so cute .. candy..
ချစ်စရာလေး.
အိမ်မက်မေမေ က အိမ်ကိုရောက်နေရင်း candy ပုံလေးတွေ့တော့ မေးတယ် ဘယ်သူလေးလဲ တဲ့ ချစ်စရာလေးတဲ့..း))
ဘူလေးလို့ ပေါလိုက်ရမလဲ ဟင် ?
အိမ်မက်စေရာ
ဒီတစ်ခေါက် သကြားလုံးလေးနဲ့ မတွေ့ရသေးဘူးနော်။
အလုပ်တွေများနေတယ်ထင်ပါ့း) နောက်တစ်ခေါက် ထပ်ပြီးဆုံကြတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မွေးနေ့ရှင်သုံးယောက်မှာ ကန်ဒီအလှဆုံးပဲ ဟီဟိ
ညက်မှန်ကြီးကလဲ အရူးမတပ်တဲ့ ညက်မှန်ကြီးကျနေတာပဲ :P
ချစ်စရာကောင်းတဲ့ပုံလေးတွေကြည့်ခဲ့တယ်
The Avengersကိုတော့ အကိုအရမ်းကြိုတ်..ဟဟဟ
ကောင်းပါ့ဗျာ..
မူး...သွားတယ်...
မျက်မှန်နဲ့ လျှောက်ကြည့် လိုက်တာ...
မွေးနေ့ ရှင်ကြီး ကျန်းမာပျော်ရွှင်ပါစေ..အမလည်း အဲလို မျက်မှန်ကြီးကြီး တပ်ချင်နေတာ
Post a Comment