ငှက်ကလေး Twitterကို အားလုံးသိမှာပေါ့။ Twitterဆိုတာ ခုနောက်ပိုင်း (နည်းနည်းတော့ ကြာပါပြီ) ခေတ်စားလာတဲ့ Social Networking site တခုလေ။ သူများတွေပြောလွန်းတော့ ဘာလဲစပ်စုချင်တဲ့ ကန်ဒီဟာ ဟိုနေ့ကပဲ Account တခု လုပ်လိုက်ပါတယ်။ Googleမှာ ရှာကြည့်တော့ "Twitter = Microblogging service" တဲ့။ အဲ့တော့ "Twitter = ကိုယ်ခုဘာလုပ်နေတယ်၊ ကိုယ့်စိတ်ထဲဘာရှိတယ်ဆိုတာကို ချရေးခြင်း"လို့ နားလည်လိုက်ပါတယ်။ Twitter Account ရှိတဲ့ သူငယ်ချင်းတွေကို Follow လုပ်လို့ရသလို ကိုယ်ကြိုက်တဲ့ Celebrityတွေကိုလည်း Follow လုပ်လို့ရတယ်။ ကိုယ် Follow လုပ်ထားတဲ့သူ Update လုပ်တိုင်း Facebookလို Notification တွေ တက်မနေဘူး။ ကိုယ်ဝင်ဖတ်မှ မြင်တယ်။ အဲ့တခုကောင်းတယ်။ ကန်ဒီပဲ Setting မှာ ပြောင်းထားလို့လားတော့ မသိဘူး။
Twitter ကို စမ်းသုံးကြည့်ချင်ပါတယ်ဆိုမှ ဘယ်သူငယ်ချင်းမှာမှ Twitter Account မရှိဘူး။ ဘယ်ရမလဲ။ ကန်ဒီနိုင်လို့ရတဲ့ သူငယ်ချင်းကို Whats App နဲ့ ချက်ချင်းလှမ်းခေါ်တာ ဒီလို......
Me: HEP. Do u have a twitter ac? If not, just make it. he he he I just created an account. KMK is there I think, not sure.
HEP: အရူးမ. အရူးထနေတာ. နင်က Twitter လုပ်ပြီး Tweet မလို့လား. အရူးမ (>.<)
Me: သူများတွေ ပြောလွန်းလို့ ငါလည်းဘာမှန်းမသိလို့ စမ်းလုပ်ကြည့်တာလေဟာ. ဆူဖို့ပဲ :(
HEP: Fb တင်အားမရသေးဘူး Tweet ပါ Tweet ချင်သေးတယ်။
Me: သိချင်လို့ပါဟာ ဟီးးးးးးးးးးးးးးး
HEP: တိတ် Reason တွေ မလိုချင်ဘူး (-.-)
Me: နင်လုပ်ပြီး ငါ့ကိုပြောနော်. ငါ Follow လိုက်မယ် သိလား :P :D
HEP: ဟိုက်.. မနိုင်ပါလား.. အေး အေး ငါစာမေးပွဲပြီးရင် လုပ်လိုက်မယ်နော်. Tweet ချင်တာ ရွစိကိုထိုးနေတာပဲ. (>.<)
Me: ဟီးးးးး.... အင်းအင်း.. စာကောင်းကောင်းလုပ်နော် :D
ဟုတ်ပါတယ်.. Twitter account လုပ်တာ ဘာလဲသိချင်လို့ စပ်စုတာလည်း ပါသလို နောက်ရည်ရွယ်ချက်တခုလည်း ရှိသေးတယ်။ အဲ့ဒါကတော့...... စာဖတ်သူတွေကို ကန်ဒီနဲ့ဆက်သွယ်နိုင်တဲ့အရာတစ်ခု ပေးချင်လို့ပါ။ ဘလော့ဂါအများစုက Gmail တို့ Fan Page လင့်ခ်တို့ကို သူတို့ဘလော့မှာ ပေးထားကြတယ်လေ။ ကန်ဒီကျတော့ Fan Page လုပ်ဖို့ကလည်း ရှက်ဖို့ကောင်း ဟီးဟီး။ Gmail ပေးလိုက်ရင်လည်း ကိုယ်ကအွန်လိုင်းသိပ်မတက်တဲ့အပြင် မသိပဲလာ Add တဲ့ အီစီကလီတွေကြောင့် လက်ခံရမလား မခံရမလား ကိုယ်သိတဲ့လူလား တွေးရတာအမော။ အဲ့ဒါနဲ့ပဲ ဒီငှက်ကလေးကို ဖန်ဆင်းလိုက်တာပါ.. အလဲ့ ကဗျာဆန်လှချည်လား.. ငါကွ :D
အဲ့မှာ ကိုယ့်ဟာကိုယ် ဟိုကလိ ဒီကလိလုပ်ရင်း ဒီဟာကို သွားတွေ့ပါတယ်။ ဒန် တန် တန်.........
သဘောက ကန်ဒီ့ဘလော့မှာတင်ထားရင် ကန်ဒီ Update လုပ်တိုင်း ဘလော့ဆီ လာလည်နေတဲ့သူတွေမြင်ရမယ်။ ဒီလိုပေါ့...
ဒီနေရာ (ကမ္ဘာလုံးကြီးရဲ့ အပေါ်)မှာ Update လုပ်တိုင်းပေါ်ပါလိမ့်မယ်။
ကန်ဒီ့ Twitter Profile ကို သွားချောင်းချင်ရင်တော့ ဒီမှာ နှိပ်ပါ။
လိုရင်းတိုရှင်း ပြောရရင်တော့ ငှက်ကလေးကတဆင့် စာဖတ်သူအားလုံးနဲ့ ကန်ဒီဆက်သွယ်ပါမယ်။ အဲ့မှာ ဘလော့ပိုစ့်နဲ့ပက်သက်ပြီးလည်း ပြောမယ်။ ဗွီဒီယိုအသစ်တွေတင်ရင်လည်း ပြောမယ် (ကန်ဒီ့ဗွီဒီယိုတင်တိုင်း ဘလော့မှာ မတင်ဖြစ်ပါဘူး)။ ကန်ဒီ့စိတ်ထဲရှိတာတွေလည်း ရေးမယ်။ Twitter Account ရှိခဲ့ရင် ကန်ဒီ့ကို Direct Message ပို့ပြီးလည်း ဆက်သွယ်နိုင်ပါတယ်။ ဒူမှ သိဘူးပေါ့ ဟိ :P (အဲ့လို ပို့လို့ရတယ်လို့ ထင်တာပဲ.. ကိုယ်ကလည်း ခုမှစသုံးတာဆိုတော့ သေချာသိဘူး :P)
တော်ပြီ တော်ပြီ.. ငှက်နဲ့ကန်ဒီ ကန်ဒီနဲ့ငှက်အကြောင်းပဲ ရေးနေတာ တော်တော်ရှည်နေပြီ။ ကြာရင် လေးခွနဲ့ဆော်ကြတော့မယ် :P
အရမ်းသဘောကျလို့ ပြစရာရှိတယ်။ မနက်ကပဲ ဆိုဒ်အသစ်လေးတခုဆီ ရောက်သွားတယ်။ ဆိုဒ်နာမည်က "ရွှေကျင်"တဲ့။ အဲ့ဆိုဒ်လေးမှာ ကန်ဒီ့ဆိုဒ်လိပ်စာကို လင်ခ့်ချိတ်ပေးထားတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းတယ်။ သဘောကျလွန်းလို့ Screen shotရိုက်ပြီး ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်နော် မောင်လေးတို့ (ငယ်မယ်ထင်လို့ပါ)
အားလုံးပဲ ဂိုက်နွတ် ဂွတ်နိုက် Zzzzzzzzzzzz



21 comments:
ဖန်ဆင်းရှင်း မမကန်ဒီ ဟိ အရုပ်လာလုတာ ပေးနော်
ခင်မင်လေးစားလျှက် (လွမ်းပိုင်ရှင်)
လမ်းကြုံရင် တွိလိုက်မယ်.. မကန်ဒီ.. :P
Snow လည်း Twitter ကိုကြားသာကြားဖူးတာ. အကောင့်လည်းမလုပ်ဖြစ်တော့ မသုံးဖူးဘူး.. FB နဲ့တင် ရွာလည်နေတာ. :)
ရှိတော့ရှိတယ်..မသုံးဖြစ်ဘူး..
လာရောက် အားပေးသွားပါတယ် :::
ကွန်ပျုတာလေးအသစ်ဝယ်ပြီသုံးတော့မယ် အခုစက်
တကယ်စုတ်တာ ညစ်တယ် ဘာမှလုပ်မရတာ ဟီးး
မသုံးဖူးသေးဘူး။သုံးကြည့်လိုက်အုံးမယ်
ဒီမှာတော့ မလွယ် မလွယ်....။ ကန်ဒီပို့စ်တစ်ခုဖတ်ရတိုင်း ဖတ်ရတိုင်း အမြဲပြုံးရတယ်...။ ကျေးဇူးညီမလေး...။
နင်ပြောမှဘဲ...ငါလည်းစာမေးပွဲပြီးမှ ကလိကြည့်ဦးမယ်...စာတွေမျာနေလို့ ကန်ဒီရေ....နင့်ဆီ ငါစာမေးပွဲပြီးမှဘဲလာတော့မယ်.....
အကောင့်ဖွင့်ထားတာတော့ ရှိတယ် အစ်မရေ
မသုံးဖူးသေးဘူး
သုံးကြည့်လိုက်ဦးမယ်
D တစ်ခုတည်းတောင် မနည်းလည်အောင်လုပ်နေရတာ ဒင်း တို့က ဟိုကိုပြေးပြန်ပြီ)း ။
လိုက်ဘူး အချိန်ရှိဘူး ဘာလုပ်လုပ် ဘလောဒ့်မှာ ရောက်အောင် တင်ပေး။
Facebook နဲ့ Youtube နဲ့တောင်မအားရတာ..Twitter ပါသုံးရင်နာတော့ အလုပ်ပြုတ်တော့မယ်.ဟီဟိ :D
twitter ရှိတယ်။ သုံးကို မသုံးဖြစ်တာ။ :)
အင်း...
ဒီပိစိတစ်ယောက်ကတော့ တွေ့ကရာ အကုန်လိုက်လုပ်နေပါရောလား။ တဂျင်းမီးကတော့ ဘလတောင် အနိုင်နိုင်ရယ်။း)
လွန်ခဲ့တဲ့လေးနှစ်လောက်ကထင်တယ်။ ဖဘနဲ့ အတူတူလောက်သူငယ်ချင်းတစ်ယောက်ကလှမ်းဖိတ်လို့ လုပ်ခဲ့ဖြစ်တာ။ သုံးကိုမသုံးဖြစ်ပါဘူး။ ဖဘလည်းဒီလိုဘဲ။ တစ်ခါတစ်လေအားတဲ့အခါ သူငယ်ချင်းတွေဘာလုပ်နေလည်းသိချင်တဲ့အခါမှဝင်ဖြစ်တယ်။း)
အိုင်အိုရာ
သကြားလုံး..
အမလည်းတွစ်တာ ကိုတခါမှမသုံးဖူးသေးဘူး
သုံးတော့သုံးချင်သား
ဒါပေမဲ့ ဘလော့နဲ့ facebook နဲ့တင်
အချိန်ကမလောက်နိုင်ဘူးရယ်..
သုံးတတ်ဘူးအေ မူးတယ်း))
ကန်ဒီလေးရေ အမလဲမတွစ်ဖူးသေးဘူး
စမ်းကြည့်အုံးမှ....း)
အိမ်ကလူလုပ်ထားပေးတယ်----မသုံးဖြစ်သေးဘူး
ကန်ဒီပြောလို့သုံးကြည့်လိုက်မယ်နော်
ချစ်တဲ့ မမကြီး(အာဘွား)
အားကျသွားပြီ လုပ်တော့မယ် ::: (.///.)
သိပ်မတွတ်ဖြစ်ဘူး..တွတ်ဦးမှ...
Post a Comment