ကန်ဒီတယောက် အကြွေးတွေများနေတယ်။ ရေးပေးဖို့ တောင်းဆိုထားတဲ့ပိုစ့်လေးတွေလည်း မရေးဖြစ်။ မသိချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ အားလုံးကိုကန်ဒီ့ Planထဲမှာ သေချာမှတ်ထားပါတယ်။ တကယ်မအားလို့ မရေးဖြစ်တာပါ။ ဒီနေ့တော့ အကြွေးတစ်ခုဆပ်မယ်နော်။ ဆံထုံး ထုံးနည်းပြောပြပါလို့ တောင်းဆိုထားတဲ့ အစ်မတယောက်အတွက် :)
ကန်ဒီ
ဒီပိုစ့်ကို ဘယ်လိုရေးရင်ကောင်းမလဲလို့ တော်တော်စဉ်းစားလိုက်ရတယ်။
ကန်ဒီထုံးနေတဲ့ပုံကို ဓာတ်ပုံနဲ့ပြမယ်ဆိုရင်လည်း တယောက်ယောက်က ကန်ဒီ့ကို
ဓာတ်ပုံရိုက်ပေးရမယ်။ ဗွီဒီယိုရိုက်ပြီး Snap shot
ပြန်လုပ်မယ်ဆိုရင်လည်း ဓာတ်ပုံကွာလတီက မကောင်းတဲ့အပြင်
စာရေးပြီးထုံးနည်းကို ပြန်ရှင်းပြရတာ မလွယ်ဘူး။ အဲ့တော့ ကန်ဒီဗွီဒီယိုပဲ
လုပ်လိုက်တယ်။ ဒီဗွီဒီယိုက ကန်ဒီ့ Blog readers တွေအတွက်ပဲ ရည်ရွယ်တယ်နော်။
YouTubeကနေ Upload လုပ်ပေမယ့် Public မလုပ်ထားဘူး။ ရန်ကုန်ကစာဖတ်သူတွေတော့
ကွန်နက်ရှင်ကြောင့် ကြည့်လို့ရပါ့မလား မသိဘူး။ ဆောရီးနော်။ နောက်..
ကန်ဒီအတတ်နိုင်ဆုံး ဓာတ်ပုံနဲ့ပြနိုင်အောင် ကြိုးစားပါ့မယ် :)
ဒီဆံထုံးကြောင့်
"အဒေါ်ကြီး ထင်လို့" လို့ အပြောခံရဖူးတယ်။ အဟင့် ၀မ်းနည်းလိုက်တာ :(
တကယ်အဒေါ်ကြီးနဲ့ တူနေလို့လားဟင်... ဘာပဲဖြစ်ဖြစ် အလုပ်များနေတဲ့အခါမျိုးမှာ
ဆံပင်ကြီး ရှုပ်မနေရင်ပြီးတာပဲ.. ဟုတ်တယ်ဟုတ် :D
ဒါတွေ လိုအပ်ပါတယ် :)
ထုံးနည်း
၂မျိုး ပြထားတယ်။ ပထမနည်းက မြန်တယ်။ သိပ်တော့မခိုင်ဘူး။ ဒုတိယနည်းက
ပိုသပ်ရပ်ပြီး မြဲတယ်။ ကန်ဒီဆံထုံးနောက်မှာ အမြဲဆံညှပ်ခံလေ့ရှိတယ်။
သူကဆံပင်ရဲ့ weight ကြောင့် ဆံထုံးလျှောကျတာကို ကာကွယ်ပေးတဲ့အပြင်
ဆံပင်ကြောင့် ခေါင်းလေးတာကိုလည်း နည်းနည်းသက်သာစေတယ်။ အထူးသဖြင့်
ဆံပင်အရမ်းရှည်တဲ့သူတွေအတွက်ပေါ့။ ကြိုးစားပြီး ထုံးပြထားပါတယ်။ နားမလည်ရင် ကန်ဒီ့အပြစ်ပါ :P
ဒီဗွီဒီယိုကို ကြည့်လို့မရရင် ဒီလင်ခ့်မှာ နှိပ်ပါနော်။ Public မလုပ်ထားလို့ ကြည့်လို့မရတာ ဖြစ်နိုင်ပါတယ် (:D) ဘာလို့ Public မလုပ်တာလဲ မေးရင် ကန်ဒီတင်နေကျ ဗွီဒီယိုပုံစံမဟုတ်လို့ ရှက်လို့ပါ အဟိ :P :P
မှတ်ချက် - ယောက်ျားလေးများ မကြည့်ရ xD
Have a nice weekend!!!
Song credit - Be One by Isabel Roby
25 comments:
ကန်ဒီလေး တော်လိုက်တာ
ကိုယ်ကတော့ မိတ်ကပ် မလိမ်းတက်
လက်သည်းနီဆိုးထားရင် မနေတက်
ဆံပင်ရှည် စိတ်မရှည်လို့ ( အတိုညှပ်နဲ့ )
အခုလို ကန်ဒီ ထုံးပြတာလေး မြင်တော့လဲ
မိုက်သားလား သဘောကျတယ် ဝေ့
candy တော်လိုက်တာ အမတော့ဘာမှ မလုပ်တတ်ဘူး
ဆံပင်တောင်ကောင်းကောင်းမကျစ်တတ်တာ
ခုတော့ပိုဆိုးတာပေါ့ အတိုပဲထားလို့
နှစ်ခုလုံး မလုပ်ဖူးသေးဘူး။ ဆံပင်ရှည်လာပြီဆိုတော့ လုပ်ကြည့်ရမယ်။ :)
အဲ့ဒီအခန်းဖြတ်....ခိခိ
ပိစိရယ် လန့်လိုက်တာ။ ဖွင့်ဖွင့်ချင်း အဖွားအိုပေါက်စလေး ပေါ်လာလို့လေ။
ဆံထုံးထုံးရတာလဲ မလွယ်ပါလားနော်။ လက်နက်တွေ စုံနေတာဘဲ။ တောလိုက်ထွက်ခါနီး လိုလို။း)
ညီမလေးရေ ကြည့်ပြီးမှ အောက်ကမှတ်ချက်ကိုတွေ့တယ်။ဟိ
ကန်ဒီ ထုံးပြသွားတော့လည်း လွယ်သား..စမ်းကြည့်ဦးမယ်..ဆံပင်ရှည်လာတော့မှ..တဂျီးမင်း ကွန့် မန့် ကြောင့် ရယ်လိုက်ရတာ..
ချစ်စရာကောင်းလိုက်တဲ့ကန်ဒီလေး။
အိုင်အိုရာ
လှတယ်ဗျို့ 
ကျေးဇူးပါ ကန်ဒီရေ။
အဒေါ်ကြီးနဲ့မတူပါဘူး။
ချစ်ဖို့ကောင်းလို့တောင်းတောင်ဆိုရတယ်လေ။
ကျေးဇူးပါ ကန်ဒီရေ။
အဒေါ်ကြီးနဲ့မတူပါဘူး။
ချစ်ဖို့ကောင်းလို့တောင်းတောင်ဆိုရတယ်လေ။
ကျေးဇူးပါ ကန်ဒီရေ။
အဒေါ်ကြီးနဲ့မတူပါဘူး။
ချစ်ဖို့ကောင်းလို့တောင်းတောင်ဆိုရတယ်လေ။
အစွဲလန်းဆုံး အိမ်မက်တွေနဲ့
အဲဒီစိတ်ကူးကို။
ကိုယ်စီပွေ့ဖက်လို့၊
တနေ့မှာ ဆုံးနိုင်မှာလား။
ဒါမှမဟုတ် ကြေကွဲရမှာလား။
သေချာတာကတော့ အနားသက်မရှိတဲ့၊
လမ်းမပေါ်မှာ။
နင်နဲ့ငါလေး အလွမ်းရဲ့၊
ထောင်းချောက်ပေါ်မှာ။
ခြေတဖက်နင်းလို့ လွမ်းရတော့မှာလား။
ကဗျာလေးပါဗျာမစပ်တက် စပ်တက်နဲ့စပ်ထားတာပါ
<<<<<<>>>>>
မစပ်တတ် စပ်တတ်ဆိုပေမယ့် ကောင်းပါတယ်အစ်ကို.. :)
မှတ်ချက် - ယောက်ျားလေးများ မကြည့်ရ xD
CANDY နီမြန်မာပြည်က ဆင်ဆာအဖွဲ့နဲ့ အမျိုးတော်လားဟင်....ကြည့်ဝူး ကြည့်ပြီးသွားမှ ပြေားတာ..နီတင်တုန်းက တင်ထားပြီး ကြည့်မှာပဲ...ဒါပဲ ဒီဟာနှမ်း...
မကြည့်နဲ့ဆိုလို့ မကြည့်တော့ဝူးနော်... ဆံညပ်တွေ၊ ဘီးတွေတွေ့ကထဲက ထွက်ပြေးသွားဘီ...
ဆံထုံးလေးတွေကိုလည်း သဘောကျမိတယ်။ ညီမလေးလည်း အရမ်းချစ်ဖို့ကောင်းတယ်။ ညီမလေးရဲ့ လက်သည်းရောင်ကိုလည်း ကြိုက်တယ်။
(အစ်မတို့ချင်း တူတာ ရှိတယ် သိလား။ အစ်မလည်း လက်သည်းကို အမြဲအရှည်ထားပြီး ဆေးဆိုးတယ်)
ဆံထုံးလေးတွေက ချစ်စရာလေး ကန်ဒီရေ
ဘက်စုံရတယ် ဒီကလေးလေးကတော့...း)
ဆံပင်ဒီဇိုင်းလုပ်ပုံလေးကမိုင်တယ် သီချင်းလေးနဲ့ကွက်တိဘဲ...
ဆံထုံးလေးက မိုက်တယ်။
ကြည့်ဝူး။
အမ်...ကန်ဒီစုတ် .... ကြည့်ပြီးမှ ယောကျာင်္းလေးများမကြည့်ရတဲ့.....နောက်တယ်ဟုတ်...
ငါ့ညီမဆံထုံးထုံးတာ အတော်တော်၏ .....ထင်တာပြောခြင်းသာ.....ဟဲဟဲ....မုန့်ကျွေးတော့မယ်ထင်တယ်......:D
ပြီးခဲ့တဲ့အပတ်ကပဲ ဆံပင်ညှပ်လိုက်တား(
မဆိုးဘူးနော် လုပ်ရတာလွယ်ပြီး လှလဲလှတယ်
အသဲကွဲမျက်ရည် တစ်ချိန်ကမင်းပြောခဲ့တဲ့စကားတစ်ခွန်းက ငါ့နှလုံးသားတွေအရေပျော်ကြသွားခဲ့တယ်လို အခုချိန်းမှာလည်းမင်းပြော လိုက်တဲ့စကားတစ်ခွန်းကလည်း ပြစ်လွှတ်လိုက်တဲ့သေနတ်ထဲက ကျည်ဆံတောင့်တွေသာ ဖြစ်ခဲ့မယ်ဆိုရင်ငါ့ရင်မှာရှိတဲ့
အသဲနှလုံးသားတွေ အခုချိန်မှာ
ဇကားပေါက်တွေဖြစ်ကုန်မှာသေချာပါတယ်
ပြောရက်လိုက်လေချင်းဗျာ.........
အသဲကွဲမျက်ရည်
Post a Comment