Saturday, May 19, 2012

ရေမွှေးများ (Fragrance)


အနံ့အသက်တမျိုးစီကစိတ်ခံစားမှုတစုံတရာကို ပေးစွမ်းနိုင်သလား? ရေမွှေးကြော်ငြာတွေထဲမှာလို ဘေးနားက ဖြတ်သွားတဲ့လူတယောက်ရဲ့ ရေမွှေးနံ့ကြောင့် လှည့်ကြည့်မိသွားတယ်ဆိုတဲ့လူမျိုးထဲမှာ ကန်ဒီလည်းပါတယ်။ ကန်ဒီသဘောကျတဲ့ အနံ့မျိုး ဆိုရင်ပေါ့။ ဟုတ်တယ်.. ဒီနေ့ ပြောပြမှာ ရေမွှေးတွေအကြောင်း^^

► History
ရေမွှေးစတင်ဖြစ်ပေါ်လာပုံကို အစချီရရင် ဟိုးးးး... Egypt လူမျိုးတွေဆီက စတယ်လို့ ပြောရမှာပဲ။ "Perfume" ဆိုတဲ့ ဝေါဟာရဟာ Latin word "Per fumus" ဆိုတာက ဆင်းသက်လာတာဖြစ်ပြီး "Through smoke" လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းရင်းကတော့ ဟိုးအရင်တုန်းက ဘာသာရေးပွဲတော်တွေမှာ အမွှေးအနံ့အတွက် အနံ့ရှိတဲ့အရွက်တွေ အပင်တွေကို မီးလောင်စေပြီး အသုံးပြုခဲ့လို့ပါ။ အီဂျစ်လူမျိုးတွေ ရေမွှေးကို ပထမဆုံး ဗူးပုံစံနဲ့အသုံးပြုခဲ့တာကတော့ ၁၀၀၀ ဘီစီလောက်ကပါ။ အဲ့ဒီနောက်တော့ ရေမွှေးအသုံးပြုခြင်း ယဉ်ကျေးမှုဟာ Chinese, Hindus, Arabs, Greeks, Romans စတဲ့လူမျိုးတွေဆီကိုပါ ကူးစက် ရေပန်းစားလာခဲ့ပါတယ်။

► ပါဝင်ပစ္စည်းများ
(1) Essential oils (or) Aroma compounds
(2) Fixatives
(3) Solvents
Essential oils တွေက မတူညီတဲ့ ရေမွှေးအနံ့အမျိုးမျိုးကို အဓိကဖြစ်စေတာလေ။ Solvent အနေနဲ့ကတော့ Ethyl alcohol ကို အများဆုံးသုံးလေ့ရှိပါတယ်။

► ရေမွှေးအမျိုးအစားများ
Essential oils ပါဝင်မှု အချိုးအစားပေါ်မူတည်ပြီး ရေမွှေးတွေကို အမျိုးအစားခွဲထားပါတယ်။ သူများများပါဝင်လေ ပိုကြာကြာ မွှေးလေပေါ့။ ဒီအမျိုးအစားလေးတွေသိထားရင် ရေမွှေးဝယ်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ဝယ်တဲ့ရေမွှေး ပျှမ်းမျှဘယ်လောက်ကြာကြာမွှေးမလဲတော့ အနည်းဆုံးသိရတာပေါ့။ ရေမွှေးဗူးအောက်မှာဖြစ်ဖြစ် တနေရာရာမှာ သူ့အမျိုးအစားတော့ အမြဲရေးထားတတ်ပါတယ်။

(1) Perfume (22~25% essential oils)
လူတော်တော်များများက ရေမွှေးတိုင်းကို "Perfume"လို့ ခေါ်ကြတယ်နော်။ ကန်ဒီကိုယ်တိုင်လည်း တူတူပဲထင်ခဲ့တာ။ တကယ်တော့ "Fragrance"လို့ခေါ်တာ ပိုမှန်တယ်တဲ့။ Perfumeဆိုတာ ရေမွှေးရဲ့အမျိုးအစားတခုလေ။ သူက Essential oils အများဆုံးပါဝင်တဲ့ အမျိုးအစားဖြစ်ပြီး နည်နည်းလေးစွတ်ထားရုံနဲ့ အကြာကြီးခံတယ်။ အနံ့ပြင်းတယ်။
(2) Eau De Parfum, EDP (15~22% essential oils)
(3) Eau De Toilette, EDT (8~15% essential oils)
ဒီနှစ်ခုကတော့ ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတဲ့ ရေမွှေးအမျိုးအစားတွေပါ။ Concentration အရ EDPက EDT နဲ့ယှဉ်ရင် အနံ့ပိုပြင်းပါတယ်။ စွတ်ထားရင် တနေကုန်နီးပါး ခံပါတယ်။
(4) Eau De Cologne (4% essential oils)
(5) Eau Fraiche (or) Splash (1~3% essential oils) - ယောက်ျားလေးတွေသုံးတဲ့ After shave တွေမှာ အများဆုံးသုံးပါတယ်။

► Fragrance Notes 
အားလုံး သတိထားမိလားတော့ မသိဘူး။ ရေမွှေးတခုရဲ့အနံ့ဟာ စစွတ်စွတ်ချင်းအနံ့နဲ့ နည်းနည်းကြာရင် ရတဲ့အနံ့နဲ့ မတူပါဘူး။ ရေမွှေးတခုစီမှာ အနံ့ Level သုံးဆင့် ရှိတယ်။ အဲ့ဒါကို Notes လို့ ခေါ်ပါတယ်။ Top Note ဆိုတာ ရေမွှေးစွတ်စွတ်ချင်း ထွက်တဲ့အနံ့ကို ခေါ်တာပါ။ Middle Note ကတော့ ဒုတိယမြောက်ထွက်လာတဲ့ အနံ့ပေါ့။ သူ့ကို တနည်းအားဖြင့် Heart Note လို့လည်း ခေါ်ပါတယ်။ Base Note ကတော့ နည်းနည်းပိုကြာလာရင် ရလာတဲ့အနံ့ပါ။ သူကစွတ်ပြီး မိနစ် ၃၀ကျော်ကျော်လောက်နေမှ ရတတ်ပါတယ်။ Middle note နဲ့ Base note ကို ရေမွှေးတခုရဲ့ အနှစ်သာရလို့ ပြောလို့ရတယ်။

► ဆောင်ရန် ရှောင်ရန်များ
(၁) ရေမွှေးတခုဟာ လူတယောက်ကို အရမ်းဆွဲဆောင်မှုရှိသွားစေနိုင်သလို ဆိုးဆိုးဝါးဝါးလည်း ဖြစ်သွားစေနိုင်တယ်။ ဆိုလိုတာက  လူတယောက်နဲ့ တယောက် ကိုယ်သင်းနံ့ ကွဲပြားမှုပေါ်မူတည်ပြီး ရေမွှေးအနံ့တွေကလည်း ပြောင်းသွားနိုင်တယ်။ အဲ့တော့ ကိုယ်နဲ့သင့်တော်တဲ့ အနံ့ကို ရှာဝယ်ဖို့ အရေးကြီးတာပေါ့။

(၂) ရေမွှေးအနံ့ကို ကြိုက်တယ်ဆိုပြီး ချက်ချင်းမ၀ယ်ပါနဲ့။ အကြောင်းကတော့ အပေါ်မှာပြောသလို ကိုယ်ရဲ့ကိုယ်နံ့နဲ့ လိုက်ဖက်မှု ရှိ မရှိ၊ Fragrance Note တွေရဲ့ ပြောင်းလဲမှုနဲ့ ကိုယ့်အသားအရည်နဲ့ ဓာတ်တည့်မှု ရှိ မရှိ သိအောင်လို့ပါ။ ဒီနေ့ဆိုင်မှာ စမ်းစွတ်ကြည့်ပြီး နောက်နေ့မှ ၀ယ်လည်း နောက်မကျပါဘူး.. ဟုတ်တယ် ဟုတ်

(၃) ရေမွှေးကို နေနဲ့တိုက်ရိုက် မထိတွေ့နိုင်တဲ့ နေရာမှာထားပါ။ အဖုံးသေချာပိတ်ပါ။ မစွတ်ခင် ရေမွှေးဗူးကို မလှုပ်ပါနဲ့။

(၄) ရေမွှေးစွတ်သင့်တဲ့နေရာတွေကတော့ "Pulse point" လို့ခေါ်တဲ့ လက်ကောက်ဝတ်၊ နားအောက်နားက လည်ပင်းနေရာတွေ၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးခေါင်းအတွင်းပိုင်းနဲ့ ဂုတ်နေရာတွေပါ။ အဲ့ဒီနေရာတွေက ကိုယ်အပူငွေ့ရှိတဲ့အတွက် ရေမွှေးကို ပိုကြာကြာခံစေတယ်လို့ ဆိုပါတယ်။ လက်ကောက်ဝတ်ပေါ်ဖြန်းလိုက်တဲ့ ရေမွှေးကို မပွတ်ပါနဲ့။ ထိတယ်ဆိုရုံ ထိပေးပါ။

(၅) နားအနောက်ဖက်ကို ရေမွှေးမစွတ်ပါနဲ့။ အနံ့ဆိုးတွေ ထွက်လာတတ်လို့ပါ။

(၆) လက်ဝတ်လက်စားတွေနဲ့ ရေမွှေးထိပါများရင် အရောင်မှိန်တတ်သလို အရောင်နုနုအ၀တ်အစားတွေပေါ် ရေမွှေးစွတ်မိရင်လည်း စွန်းတတ်ပါတယ်။

(၇) စွတ်မယ့်နေရာကို Vaselineအရင်လိမ်းလိုက်ပြီးမှ ရေမွှေးစွတ်ခြင်းဟာ ရေမွှေးကို ပိုကြာကြာခံစေပါတယ်တဲ့။

► My Favorite 
ကန်ဒီကြိုက်တဲ့ ရေမွှေးနှစ်ခု ပြောပြမယ်။

 Miss Dior (Eau De Toilette)

Jeanne Lanvin (Eau De Parfum)

နှစ်ခုလုံးက မိန်းကလေးအနံ့ သင်းသင်းလေးတွေ။ ပန်းအနံ့ဘက် ပိုရောက်မယ်ထင်တယ်။ မယုံမရှိနဲ့ စွဲလန်းသွားစေရမယ်။ Ekk.. ကြော်ငြာသလိုများ ဖြစ်သွားလား ဟိဟိဟိ xD

ဒီလောက်ဆို ရေမွှေးနဲ့ပက်သက်ပြီး စုံသလောက်ရှိသွားပြီ ထင်တယ်နော်...

ပန်းလိုမွှေး စမ်းလိုအေးကြပါစေ ^_^

23 comments:

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမလေးက တော်တော်လေ့လာထားတာပဲ။
အကိုကတော့ မဒမ်လွင်ပြင်ဝယ်ပေးတဲ့ ရေမွှေးပဲ အကြိုက်ဆုံး
ဟိ
ထပ်ကြော်ငြာဝင်လိုက်တာ

မိုးငွေ့........ said...

ရေမွှေးကြိုက်တယ်..ခုလောလောဆယ် Gucci Envy me သုံးနေတာ အရင်က Clinique Happy ကိုအမြဲသုံးတယ်...ခုမှ Gucci ပြောင်းသုံးကြည့်တာ..။ လတ်ဆတ်တဲ့ အနံ့ ဆွဲဆောင်မှုရှိတဲ့ အနံ့လေးတွေကိုကြိုက်တယ်...။ Gucci envy me အနံ့လေးက sexy ဖြစ်တယ် အဲဒါကြောင့်ကြိုက်တာ...း) အဟိ ကွကိုယ်ကြော်ငြာထပ်ဝင်သွားတယ်...

မိုးသူ(တောင်ကြီး) said...

ကန်ဒီက ရေမွှေးအကြောင်းတော်တော်လေး သိတာပဲနော်
ကျွန်တော်ကတော့ အမျိုးသမီးသုံးရေမွှေးတွေထဲမှာ
victoria secret ရေမွှေးကိုကြိုက်တယ်ဗျ
ချစ်သူက အဲဒီရေမွှေးသုံးတာကို
အာဟိ မိုးသူတို့ လဲ ကြော်ငြာဝင်ဒါကွ ခိခိခိခိ :P

အောင်သက်ခိုင် said...

ရေမွှေးဗဟုသုတတွေအများကြီးရသွားတယ်ဗျာ
ကျေးဇူးအလန်းမမကန်ဒီ

မြတ်ကြည် said...

မြတ်ကြည်ကတော့ ရေမွှေးဆို ၁ခု ပဲစွဲစွဲ မြဲမြဲဆွတ်ဖြစ်တယ်။ Elizabeth Arden (5th Avenue) ဆိုတာ။

မောင်ဘုန်း said...

ချိုချဉ်ရေ ... မရောက်ဖြစ်တာလည်း ကြာပြီ ....
ရေမွှေးအကြာင်း မသိသေး တာတွေ အများကြီး သိခဲ့၇လို့  ကျေးဇူးပါ ... ။

အလွမ်းမြို့ said...

အဟမ်း အဟမ်း...ညီမလေးရေ မမကတော့ အမျိုးသမီးရေမွှေးဆိုရင် ((အိန်ဂျယ်)) တံဆိပ် အကြိုက်ဆုံး။ အမျိုးသားရေ မွှေးကတော့ အိမ်က အိမ်ဦးနတ် ကိုယ်သင်းနံ့လေးဘဲ အကြိုက်ဆုံး။ သဘာဝ ရေမွှေး...အဟီး...ဘယ်ရမှာတုန်း လွင်ပြင်လှိုင်း ..မိုးသူ....တို့ကို အားကျလို့ ကြော်ငြာ ပြန်ဝင်တယ်။ ပျော်ရွှင်ပါစေ ညီမလေး။။


ခင်မင်တဲ့
မကြီးလွမ်း

အိမ်မက်စေရာ said...

အိမ်မက်ကတော့ ရှာတုန်း..ခက်တာက ယောက်ျားလေးသုံးတဲ့ ck ကိုကြိုက်နေလို့ ဟိ စွတ်မိရင် ကောင်လေးတွေက ကြည့်ကြတယ် ..ရှင်မတောင် သနပ်ခါးနံ့လိုရေမွေးမျိုး အနံ့ရဖူးတယ် ဘာအမျိုးအစားမှန်းမသိဘူး..
EDT ဆိုလို့ ငယ်ငယ်ကလက်ဆောင်ရတော့ ဗူးလှလှလေးကို Toilette ဆိုတဲ့စာသားကြောင့် အိမ်သာထဲ သွားထားဖူးတယ် ..ပိန်းပါ့နော်..း)
ခင်တဲ့
အိမ်မက်

စံပယ်ချို said...

candy ရေ
မကြီးလဲရေမွေးကိုသာသုံးနေတာ (ဘာမှတိဝူး)အဲတာတွေသိရလို့ကျေးဇူးပါ ညီမချောလေးရေ

ချမ်းမင်းကို(ပဥာက်) said...

ကြိုတ်တယ်ရေမွေးတော့..

Naychi said...

ရေမွှေးအကြောင်းသိရလို့ ကျေးဇူးပဲ စစ် :)
Miss Dior က ပန်းရောင် အစိမ်း လိမ်မော် အရမ်းကြိုက် :)
လိမ်မော်က ပိုပြီးအနံ့စွဲတယ် ဖြတ်လျှောက်သွားရင် အနံ့ကျန်ခဲ့တယ်..

khin oo may said...

တို့လဲကြို့်တယ် ဒါမေပဲ့ သုံးခဲတယ။်

မင်းဧရာ said...

ရေမွှေးဆိုလို့........
အလကားခေါ်ပေးနေသလားလို့ပြေးလာတာ))))၀။

ကြိုက်ပါတယ် သုံးခဲတယ် အရမ်းစူးလွန်းရင်တော့ ဘယ်လိုမှနေလို့မရဘူး ခေါင်းကိုက်တယ် အသက်ရှူလို့မရတော့ဘူး လက်ဆောင်ရမယ်ဆိုရင်တော့လိုချင်ပါသေးတယ် စပယ်နံ့လေး)))))၀။

camomile said...

ရေမွှေးတော့ သုံးလေ့မရှိဘူး
ဒါပေမယ့်လက်ဆောင်ရထားတာတစ်ခုတော့ရှိတယ် အပြင်ထွက်ရင်ဆွတ်မယ်ဆိုပြီး အမြဲမေ့တယ်း)
ဗဟုသုတလေးတွေမှတ်သားသွားတယ် ကျေးကျေးချစ်ညလေး

မေမြို့မိုး said...

Perfume (The story of a murderer)
ဆိုတဲ့ကားကြည့်ဖူးလား အစ်မ..။ အဲ့ရေမွှေး လိုမျိုးရရင်ကောင်းမယ်.။ ဟီးဟီး.

ညိမ်းနိုင် said...

တစ်သက်နဲ့တစ်ကိုယ် ရေမွှေးများ ကွကိုဝယ်မသုံးဖူးဘူး၊
အလကားလက်ဆောင် ၂ပုလင်းရဖူးတယ်...၊တစ်ပုလင်း
ကို တစ်ခါဆီလားမသိ ဆွတ်ဖူးတယ်...၊ရေမွှေးမသုံး
သောသူ လွတ်တော်တတ်ကြကြေးဆို ကိုယ်တွေလွတ်
တော်ထဲရောက်တာကြာပေါ့....:P
မည်သို့ပင်စဖ်စေကာမူ လက်ဆောင်ဝယ်ပေးဖို့အကြောင်း
လေးများရှိလာရင်(အင်း...ကွကိုတော်အဲ့လိုမျှော်လင့်
တာပါပဲတူမရယ်...:)))အသုံးတည့်အောင်ဖတ်
မှတ်သွားသဗျ...၊သို့ပေမယ့် ဆွတ်ကြည့်...၊နောက်
နေ့မှလာဝယ်ဆိုတာကတော့ သက်သက် ရထားခ
ကုန်အောင် ကြပ်ပေးတာပဲ....:D

မောင်(စွယ်စုံကျမ်း) said...

သားကတော့ သဘာဝ ပန်းရနံ့ လေးတွေဆို ပိုပြီးသဘောကျတယ်

rose of sharon said...

ရေမွှေးကြိုက်တယ်... အပြင်သွားတဲ့အခါရေမွှေးဆွှတ်ဖို့မေ့သွားရင် အဲဒီနေ့ဘာလုပ်လုပ် စိတ်မကြည်လင်ဘူး...

Nandar said...

Jennifer Lopez ရဲ့ Still က မြန်မာသနပ်ခါးအနံ့သင်းသင်းလေး စွတ်လိုက်ရင်လဲ တစ်နေ့လုံးခံတယ် အဲ့ဒါ စမ်းကြည့်ပါလား မမကန်ဒီ :)

Candy said...

အင်း.. နန္ဒာ recommend လုပ်တာလေး အခွင့်ကြုံရင် Try ကြည့်မယ်နော်..

ဖြိုးဇာနည် said...

တွေ့ကရာလဲလျှောက်မစွတ်တတ်
ကိုယ်တိုင်ဝယ်တော့လဲ အနံမကြိုက်
(ဝယ်တုန်းသာကြိုက်တာ)ဒီတော့
လက်ဆောင်ရတာတွေကလဲများ
ကိုယ်တိုင်ကလဲဝယ်ပြီးမသုံး
များကြီးပဲ ဟဟ ပြန်ရောင်း
ချင်စိတ်တောင်ပေါက်တယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ရေမွှေးဆိုတာလေ မမြတ်အတွက် မရှိမဖြစ်။ ခုချိန်မှာ တစ်ယောက်ယောက်က နင့်ကိုပိုင်ဆိုင်သမျှထဲမှာ တစ်ခုပဲ ပေးယူမယ်ဆိုရင်တောင် ရေမွှေးပုလင်းလေးတစ်ပုလင်းပဲ ပြေးယူထားမှာ။း)

maycho thein said...

Jeanne Lanvin (Eau De Parfum)
I am using that one also :)