ပီဇာ ဘယ်သူကြိုက်လဲ?? ဒန် တန် တန်...
ကန်ဒီ ဘိုစာထဲမှာ ကြိုက်တဲ့အစားအစာ အရမ်းရှားတယ်။ ဒါပေမယ့် ပီဇာကိုတော့ အရမ်း အရမ်းကြိုက်တယ် (:D)။ တနင်္ဂနွေနေ့က ကန်ဒီ့ညီမနဲ့ Pastamaniaမှာ ပီဇာသွားစားတယ်။ Pastaကို မကြိုက်ဘူး။ အီလို့။ Pizzaတော့ ဘယ်လိုကြိုက်မှန်း မသိဘူး။ အအေးက Apple Mint... သောက်လို့ကောင်းတယ်။ အများကြီးပဲ။ အစက ပုလင်းကြီး.. အဲ.. ခွက်ကြီး ကြည့်ပြီး မကုန်ဘူးထင်တာ။ တကယ်တမ်း လောက်တောင် မလောက်ဘူး ဟီးဟီး xD
ဂလု :P
ကန်ဒီတို့နှစ်ယောက် အဲ့လိုသွားခဲတယ်။ သူကလည်း ပုံမှန်ဆို အိမ်ကပ်တာ မဟုတ်ဘူး။ ဒီရက်ပိုင်းတော့ ထူးထူးခြားခြား အိမ်ကပ်နေတယ်။ အဲ့ဒါနဲ့ အပြင်တူတူသွားဖြစ်တာ။ နောက်ပြီး Pizza လိုမျိုးကျတော့ တယောက်တည်း သွားမစားချင်ဘူးလေ။
Recent News
Bugisမှာ ကားတိုက်တာ ကြောက်စရာကြီးနော်။ အရှိန်လည်း တော်တော်ပြင်းတယ်။ Taxiမောင်းတဲ့လူရော ပြိုင်ကားမောင်းတဲ့လူရော သေသွားတယ်။ ထူးထူးခြားခြားပဲ.. အဲ့ဒီ Car accident ဖြစ်တဲ့နေရာမှာပဲ (၂)ပတ်အတွင်း Accident (၇)ကြိမ်တိတိ ဖြစ်ပြီးပြီတဲ့။ ဘယ်လောက်အရှိန်ပြင်းလဲဆိုတာ ဗွီဒီယိုလေးသာ ကြည့်လိုက်ပါတော့ >.<
အကြွေစေ့များ
SG Dollar လည်း မဟုတ်ဘူး.. ဘယ်သူ လူလည်ကျပြီး ပေးလိုက်လဲ မသိဘူး :(
အကြွေစေ့ရှင်းရင်းနဲ့ အိတ်ထဲမှာရှိသမျှ ထုတ်လိုက်တာ သုံးပုံတပုံက အမှိုက်တွေ (=.=") အစိမ်းရောင်အတံလေးက ညဘက်လင်းတဲ့ဟာလေး။ ခုမလင်းတော့ဘူး ထင်တယ်။ သူငယ်ချင်းတွေနဲ့ Beach သွားတုန်းက အပျော်လုပ်တာ။ ထီးခေါက်ထားတာလည်း လှလှပပပဲ။ တစ်ရှူးတွေလည်း ရောင်းစားလို့ရတယ် >.<
ရန်ကုန်မှာ အင်တာနက်လိုင်းတွေ တော်တော်မကောင်းလို့လားဟင်?? ချစ်သူကလည်း အွန်လိုင်းမလာ။ အလုပ်ပဲ ရှုပ်နေတာလား။ ဘာများဖြစ်နေလဲ မသိဘူး။ စာမလာ သတင်းမကြားတာ ၄၊ ၅ရက်လောက် ရှိပြီ။ ကန်ဒီ့ကိုများ ထားသွားပြီလား?!?! အဲ့ဒါသူဖတ်မိလို့ကတော့ လည်ပင်းညှစ်မလား မသိဘူး ဟိဟိဟိ xD
Good Night^^
22 comments:
မမလည်း ပီဇာတော့ ရမ်းတယ်..
မြန်မာပြည်ကွန်နရှင်အတော်လေးကိုဆိုးနေတာ
ညီမရေ ဒီလောက်ချစ်ဖို့ကောင်းတဲ့သူကိုထားခဲ့တဲ့သူ
မိုက်တာပဲ တိန် .. မောင်တလုံး စကားယူသုံးတာ :P
တိန်...ပတ်တနာပဲ...သားသားကို..ဖဲ့နေကြတာ..ဖွားလေး..ရေ..ကိန်...ထူတယ်ဟ..ကိန်ကိန်..နဲ့ ..ခိခိ
ကန်ဒီရယ် ပုလင်းက သေးလို့မလောက်တာနေမှာပါ...ဟီး
ကားတိုက်တာတော့ လန့်တောင်သွားတယ်.....နာက အတည်းငယ်တယ်ဟ.....လန့်စရာတွေမလုပ်နဲ့.....
ညီအစ်မ ၂ ယောက်လုံးချစ်စရာလေးတွေ။ ကန်ဒီ့ ညီမလေးကို အစ်မအရင်တုန်းက တွေ့ဖူးသလိုပဲ။ စဉ်းစားလို့မရဘူး။ ဒါမှမဟုတ် ဒီကကောင်မလေးတွေနဲ့ ခပ်ဆင်ဆင်ဆိုတော့ မြင်နေကျပုံလေးမျိုးဖြစ်နေတာလားမသိပါဘူး
ရောက်တယ်နော် မ ...
အမလဲ ပီဇာသိပ်ကြိုက် ဘိုစာထဲမှာဆို အီတလီစာတွေကြိုက်တယ်...။ ဟုတ်ပါ့ မြန်မာပြည်က လိုင်းကတော့ ထုံးစံအတိုင်းပဲ မကောင်းရေးချာမကောင်း..။
ပီဇာကြိုက် အဲဒီဖျော်ရည်လမ်းအရမ်းကြိုက် ..
ကန်ဒီနဲ့ ညီမလေးနဲ့  ရုပ်လည်းတူဖူးနော် ဟိဟိ .. ၂ ယောက်လုံး တော့ချောတယ် တမျိုးစီမတူဘူး
ဘယ်ပီဇာ စားချင်လဲ Hawallia Pizza , Mushroom Pizza , Nopolina Pizza , Tuna Pizza , Pesto Pizza ကြိုက်တာပြော ၊ ခုငါအဲဒါတွေလုပ်နေတယ် ...
မှတ်ချက် ၊ သငယ်ချင်းအားလုံးရဲ့ဘလော့များကို လည်ပေမယ့် အကျွန်ုပ်၏ လိုင်းမကောင်းပါသဖြင့် အတော်မောအောင်ဆောင့်ရသဖြင့် (ဆိုက်ပွင့်ရန် ) မိုးဇက်တစ်ယောက် ပျောက်နေသီဟု သတင်းထွက်နေသည်မှာ မဟုတ်ပါကြောင်း .........
စားကြပါ သောက်ကြပါ ရပ်ကွက်ကိုလည်းစောင့်ရှောက်ပါ))))၀။
ကားတွေအဲလောက်မောင်းမှတော့ သေကြပြီပေါ့ကွယ် အဲဒါကြောင့်မို့ ကားတွေကိုထုတ်မမောင်းတာ ရှိုးဒွန်း ထဲမှာဘဲသိမ်းထားတယ်)))၀။
ပီဇာကိုပူနေရင်တော်တော်ကြိုက်ပါတယ်။ အေးနေရင်တော့လုံးဝမတို့ တော့ဘူး။း)
ဒို့ အိတ်လည်းအရမ်းလေးတာ။ အကြွေစေ့တွေမပေးဘဲဒီတိုင်းထဲ့ထဲ့ထားလို့ လေ ကန်ဒီ့လိုဘဲ။း)
ချစ်စရာကောင်းတဲ့ကန်ဒီ့ကိုတော့ပစ်မှာမဟုတ်ပါဘူး။ ကွန်နက်ရှင်းမရလို့ သူကတောင်စိတ်ပူနေမှာ။
အိုင်အိုရာ
ကိုမင်းဧရာပြောသလိုပါပဲ
စားလဲစားသောက်လဲသောက်
ရပ်ကွက်ကိုလည်းစောင့်ရှောက်ပါကွယ် သများမရှိတဲ့အချိန်
ပြည်သူတွေအတော်သောင်းကြမ်းနေပါလား(ဟီး)
ပီဇာ ဆိုရင်ကြိုက်ပြီးသားပဲ နောက်ကျနေပြီကုန်ရောပေါ့
ဗိုက်ဆာရင်အကုန်စားတယ်..ပီဇာကလွဲလို့.. ။ ဟီးဟီး.။
ကျွန်တော်က ပီဇာကြိုက်ဘူးအစ်မ.။အထဲကဟာတွေကိုမကြိုက်တာ.။ လုံးဝ မစားတာတော့ဟုတ်ဘူး။ ရွေးစရာမရှိရင်တော့စားပါတယ်.။
ဒါနဲ့ အစ်မ ညီမလေးက အေးပုံရတယ်နော်.။ အစ်မနဲ့ကွာတယ်ထင်တယ်. :P.။
ချစ်သူက မထားသွားလောက်ပါဘူး.။နာ့အစ်မ ဒီလောက်တော်တာကို. :P.။
အကြွေစေ့ထည့်တဲ့ အိတ်ကလေးတွေက ချစ်စရာလေးတွေ...
အကြွေတွေများနေရင် ကိုယ့်အူးလေးတွေကို လက်ဆောင်
လေးဘာလေးဝယ်ပေးလိုက်ပါတော့လားဟယ်...:)))။
နာတော့ ဘိလပ်ကမုန့်ဆို ဘာမှမကြိုက်ဘူး၊အဲ့ ပီဇာ
ကြီးများ မုန်းထှာ...။ဘိလပ်မုန့်လက်ကောက်လေး
ဘာလေးဆိုနဲနဲဟုတ်တုတ်တုတ်၊
အင်္ဂလိပ် ဘိန်းမုန့်ကိုကျွှန်တော်လည်းအရမ်းကြိုက်တယ် candy ရေ..
ဗီဒီယိုကြည့်တာ လန့်လိုက်တာ။ ဖရာရီ က အရှိန်တော်တော်ပြင်းတာပဲ။ :O
ဟဟ ကန်ဒီ ပီဇာ ကြိုက်သလားဟ
အယ့်နာတို့ဆီကပိုက်ပိုက်ကြီး ဟဟ
တရုတ်ငွေ ၁ ယွမ်ပါလားးးး!!!!!!
ဒီမှာတောင်အဲ့လို အကြွေစေ့ အတော်ရှား
နေပြီ။ သိမ်းထား ဘော်ဘော်ရေ လေလံ
တင်လို့ရသွားနိုင်တယ် နောင်တချိန်ပေါ့
Pizza လာစားတာ....း)
ကားတိုက်တဲ့ ဗီဒီယိုလဲကြည့်လိုက်ကော စားထားတာတွေဘယ်ရောက်ကုန်မှန်းတောင်မသိတော့ဘူး
အကြွေစေ့ထည့်တဲ့အိတ်လေးက ပိုင်ရှင်နဲ့တူလို့ထင်ပ ချစ်စရာလေး...း)
Pizza လာစားတာ....း)
ကားတိုက်တဲ့ ဗီဒီယိုလဲကြည့်လိုက်ကော စားထားတာတွေဘယ်ရောက်ကုန်မှန်းတောင်မသိတော့ဘူး
အကြွေစေ့ထည့်တဲ့အိတ်လေးက ပိုင်ရှင်နဲ့တူလို့ထင်ပ ချစ်စရာလေး...း)
နာကတော့ Marinara Pizza အကြိုက်ဆုံးပဲ...ဈေးလည်းကြီးတယ် Dhs52 ရတယ်..နာတို့ဆိုင်မှာလေ...
ပီဇာဘေးက အအေးကိုပိုကြိုက်တယ်.... ကားတိုက်တာကြည့်ပြီးလန့်တား)
#လှည်းစားရက်တယ် ချစ်သူရယ်#
ငါ…မျောလင့်နေတဲ့….မင်းအချစ်
ရင်ကွဲစွာ စီးဆင်းနေတဲ့ မျက်ရည်
နာကြင်စွာ ပြွတ်သိပ်နေတဲ့ ဒဏ်ရာတွေကို
မင်းစာနာစွာ ပြန်ချစ်ပေးပါလား
ငါ့ရဲ့နှလုံးသားကိုမှ စွဲနှုတ်ယူသွားတဲ့
မင်းလေးကို တစ်နေ့မှမေ့လို့မရခဲ့ဘူးကွယ်
ဒါတွေကို မင်းသိလိုက်ပါလား…..ချစ်သူရယ်..
မင်းအချစ်ကို ကိုးကွယ်မိခဲ့တဲ့ ငါ့နှလုံးသား
လူတကာရဲ့ ဟားတိုက်ခြင်းကို ခံနေရဆဲပါ..
ဒါပေမဲ့….မင်းလေးကို မမုန်းရက်ပြန်ဘူး ချစ်သူ..
<<>>
Post a Comment