လူတိုင်းမှာ ချို့ယွင်းချက်ကိုယ်စီ ရှိကြပါတယ်။ ဘယ်သူကများ အစစအရာရာ ပြီးပြည့်စုံနေလို့လဲ??? အဲ့လောက် ရိုးရှင်းတဲ့အကြောင်းအရာလေးကို မသိကြလို့လား?? အားနည်းချက်ကိုယ်စီရှိကြသူချင်းအတူတူ ဘာလို့ သူများအားနည်းချက်ကို ရှုံ့ချချင်နေကြတာလဲ??
Physically ချို့ယွင်းမှုတွေပဲ ပြောရအောင်နော်..... ပြင်လို့မရနိုင်တဲ့အရာတွေပေါ့။ ဥပမာ အသံမကောင်းတဲ့ လူတယောက်ကို တည့်တည့်ကြီး "၀ါးဟားဟား.. မင်းအသံကြီးက နားဝင်ဆိုးလိုက်တာကွာ..."လို့ ပြောသင့်လား?? နဖူးပြောင်တဲ့ လူတယောက်ကို "မင်းနဖူးကြီးက ပြောင်လိုက်တာကွာ.."လို့ ပြောရင် အပြောခံရတဲ့လူက ကြိုက်မယ်ထင်လား? ဒါတွေက လူရွှင်တော်တွေပဲ ရီရအောင် ပြက်တာပါ.. တကယ့်လက်တွေ့ဘ၀မှာ ဘယ်သူမှ အဲ့လိုမပြောပါဘူးလို့ ထင်နေလား?? တချို့ တချို့သော လူတွေက အပြောအဆိုမတတ်ဘူးပဲ ပြောရမလား.. လူတဖက်သားကို နှိမ့်ချချင်တယ်ပဲ ဆိုရမလား.. နားမလည်နိုင်လောက်အောင် တဖက်လူကို မှိုချိုးမျှစ်ချိုး ပြောတတ်ပါတယ်။ အဲ့လိုပြောလိုက်လို့ သူတို့ဘာရလဲတော့ ကန်ဒီလည်း မဝေခွဲတတ်ဘူး။
တချို့ပြင်လို့ရတဲ့အရာတွေက အမှန်ကိုမြင်အောင် ပြောပြသင့်ပေမယ့် ပြင်လို့မရတဲ့ မွေးရာပါ Physically ချွတ်ယွင်းချက်တွေကို မလှောင်ပြောင်သင့်ဘူး။ အဲ့လိုလှောင်ပြောင်လိုက်တဲ့အတွက် အပြောခံရတဲ့လူမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ အားနည်းလာတတ်တယ်။ အထူးသဖြင့် ကလေးတွေကို စမယ်ဆိုရင်တောင် အဲ့ဒီချို့ယွင်းချက်ကို ဖိပြီးမစသင့်ဘူး။ ကလေးတယောက်စိတ်ထဲမှာ အားငယ်စိတ်ဝင်သွားပြီဆိုရင် အဲ့ဒီစိတ်က ကြီးတဲ့အထိ အသေဖြစ်သွားတတ်တယ်။
လူတယောက်ရဲ့ကောင်းကွက်တွေကို ချီးမွမ်းဖို့ အဲ့လောက်မခက်ပါဘူး။ ဘာလို့ဆိုးကွက်တွေပဲ လှောင်ပြောင်ချင်နေတာလဲ?? ဒါလူ့သဘာဝလို့ပဲ ပြောရမလား? မလှတာကို လှတယ်လို့ပြောခိုင်းနေတာမဟုတ်ဘူး။ မလှတာကို မလှဘူးလို့ မပြောလည်း ဖြစ်တာပဲ ဟုတ်တယ်ဟုတ်... သူများအတွက်ရော ကိုယ့်အတွက်ရော အကျိုးမရှိတဲ့စကားကို ဘာလို့ပြောမှာလဲ...
ဒီပိုစ့်က မတော်တဆစိတ်ကူးရလို့ ရေးတဲ့ပိုစ့်တပုဒ်တော့ မဟုတ်ဘူးနော်။ ဒီရက်ပိုင်းအဲ့လိုလူမျိုးတွေ တွေ့နေရလို့ ဖြစ်ဖြစ်ချင်းမရေးဘဲ စိတ်ပြေတဲ့အချိန်ထိစောင့်ပြီး အချိုသာဆုံး ပေါက်ကွဲထားတာ..
♫♪ You made me insecure... Told me I wasn't good enough
But who are you to judge.. When you're a diamond in the rough
I'm sure you got some things.. You'd like to change about yourself
But when it comes to me.. I wouldn't want to be anybody else ♫♪
အဆုံးစွန်ထိတွေးရမယ်ဆို အားလုံးက ဗိုက်ဆာရင် တခုခုစားရပြီး တနေ့တခါ အိမ်သာတက်ရတဲ့လူတွေချည်းပဲ.. ဟုတ်တယ်ဟုတ် =.="
Ekk.... ဥပမာ နည်းနည်း ပြင်းထန်သွားတယ်(:P)။ ပြင်ဆင်ချက် >>> အနည်းဆုံးတော့ ၀မ်းနည်းရင် ငိုတတ်တဲ့လူတွေချည်းပဲ ဟုတ်တယ်ဟုတ် ^_^
Ekk.... ဥပမာ နည်းနည်း ပြင်းထန်သွားတယ်(:P)။ ပြင်ဆင်ချက် >>> အနည်းဆုံးတော့ ၀မ်းနည်းရင် ငိုတတ်တဲ့လူတွေချည်းပဲ ဟုတ်တယ်ဟုတ် ^_^
21 comments:
မှန်လိုက်လေ မှန်လိုက်လေ
သီရိမဟာဘလော့ဂါ ဘလာဘလာ သတ္တမတဇ သကြားလုံးပေါက်ကွဲရင် နာလန့်တယ် ..
နာမည်ကြီးတတ်လို့း)))
ချစ်တဲ့ အမဂျီး ဂျာရစ်
ပေါက်ကွဲမှုအမှတ်စဉ်ဘယ်လောက်ဖြစ်သွားပြီလဲကန်ဒီလေးရေ။
ပျော်အောင်စလိုက်တာနော်။း)
အိုင်အိုရာ
ကံဇာတ်အကြောင်းမလှလို့.အချစ်ကံခေနေရအတွက်..ပျော်အောင်မနည်းကြိုးစားနေထိုင်နေရတဲ့..ကျွန်တော့်ကို လဲ..လူပျိုကြီး..ငပေါကြီး..ဆိုပြီးလဲ..ပြောနေကြတာပါပဲလေ......(comment လဲသိပ်မရေးတတ်ပြန်တာမို့..တချို့လဲ..အဲလို ဘု ပဲပြောလို့..လူပျိုကြီးဖြစ်ရပြန်တယ်တဲ့)...ဒီလိုပါပဲ..သကြားလုံးလေးရယ်...
ခုတလောပေါက်ကွဲတဲ့သူတွေဆက်နေသလိုပဲ...။
စိတ်လျှော့ပါလို့ပဲပြောချင်တယ် ချိုချဉ်လေး...။
ဟုတ်တယ် ညီမရေ .........
ဖျားဖျား....
ငါမှ လွတ်ကောင်းပါရဲ့)း။
မှန်လိုက်လေဗျာ...
လူတစ်ယောက်ရဲ့ ပင်ကိုယ် အားနည်းချက်ကိုတော့ မထိပါးဖို့ သိပ်အရေးကြီးပါတယ် လူတိုင်းမှာအားနည်းချက် ရှိတတ်ကြသလို ထိုရှိပြီးသောအားနည်းချက်အပေါ်မှာလည်း မိမိအပါအ၀င် လူတိုင်းသိမ်ငယ်တတ်ကြပါတယ်။
ကိုယ့်ရဲ့စကားသည် ကိုယ့်ရှေ့က သွားနေသော အဆင့်အတန်းပြ( ပြဒါး )ဖြစ်၏...
ထို့အတူ သင်၏ စကားသည်လည်း သင့်ရှေ့က သွားသော အဆင့်အတန်းပြ (ပြဒါး )ဖြစ်၏ ။
ဟဲ...
နည်းနည်းရှည်သွားတယ်)း ။
ညီမလေးရေ...လူအမျိုးမျိုး စိတ်အထွေထွေပေါ့။
အဓိက ညီမလေးစိတ်ကို ခံစားမှု မပြင်ထန်မိစေပါနဲ့။
စိတ်က ထားတတ်တော့လည်း မြတ်တတ်ပါဘဲ။
မကြီးလွမ်းကတော့ ညီမလေးပိုစ့်ထဲက ((မှိုချိုးမျှစ်ချိုး))လေးကို သဘောအကျဆုံးဘဲ..မှိုဆွတ်မျှစ်ချိုးလေးပေါ့.ပြီးရင်ကြော်စားမယ်လေ။
ပျော်ပျော်နေ သေးခဲနော် ညီမလေး...((သေးခဲအောင် ပျော်ပါ)) ဟိဟိ
ခင်မင်တဲ့
မကြီးလွမ်း
ကလူ ကလူ.. လန့်လိုက်ထှာ.. အချိုသာဆုံး ပေါက်ကွဲချက်တွေ ဖတ်သွားပါကြောင်းဗျာ။ ဟုတ်သဗျ၊ လက်ညှိုးကြီးထိုးထိုးပြီး အဲ့ဒီလိုတော့ မပြောသင်ပါဘူးဗျာ။ လူတိုင်း လူတိုင်းမှာ အားနည်းချက် အားသာချက်ကတော့ ရှိစမြဲပဲကို.....
အောက်က ပြောသွားတဲ့စကားတွေကတော့
တကယ်မှန်တယ်
မြတ်ကြည်မှာလည်း ချို့ယွင်းချက်ရှိတာပါပဲ။ ငယ်ငယ်က စက်ဘီးတိုက်ထားတာ၊ မေးရိုးက သိသိသာသာကို လွဲနေတယ်။ ပြောလာရင် ပြုံးနေလိုက်တယ်။ စိတ်ညစ်လို့လည်း မထူးဘူးလေနော်။ ကန်ဒီလည်း စိတ်ညစ်မခံပါနဲ့။ :)
ပေါက်ကွဲသံမဟုတ်တော့ဘူးနော်
အားလုံးအမှန်တွေပါပဲညလေးရေ
စိတ်ထဲမှာအရမ်းလဲဖိစီးမှုမဖြစ်စေနဲ့နော်
ပေါက်ကွဲသံမဟုတ်တော့ဘူးနော်
အားလုံးအမှန်တွေပါပဲညလေးရေ
စိတ်ထဲမှာအရမ်းလဲဖိစီးမှုမဖြစ်စေနဲ့နော်
ဒီလိုနေရာမျိုးမှာ အဆိပ်မရှိတဲ့
မုသားစကားတွေလေးတွေ
လိုတာပေါ့ အစ်မရေ
မုသားစကားဆိုတာ အဆိပ်မရှိရင်
အလွန်နားထောင်လို့ကောင်းပါတယ် တဲ့
ပိစိလေးက
လှသည်။
သဘောကောင်းသည်။
ချစ်စရာကောင်းသည်။
ခင်မင်အပြုံးရှိသည်။
ကလေး တစ်ယောက်လို ခေါင်းခေါက်စရာကောင်းသည်။း)
မှတ်ချက်။
အားသာချက်ကို ရွေးပြောသွားသည်။
ပုံ။
တဂျင်းမီး
လူတိုင်းမှာ အားနည်းချက်ကိုယ်ဆီ ရှိပါတယ်..အားနည်းချက်တွေကို မစသင့်ပါဘူး..ဒီပို့ စ်လေး ဖတ်မိပြီး သထိထားလိုက်မိပြီး ဆင်ခြင်မိရင် ကောင်းမယ်
မှန်လိုက်လေ
သကြားလုံးလေးရယ်...
သကြားလုံးလေးပြောသွားတာ
အကုန်မှန်၏..
သူတပါးရဲ့အားနည်းချက်ကို အနိုင်ယူပြီဆိုထဲက လူကောင်းကိုမဟုတ်တော့တာ..။
လူတိုင်းမှာ အားနည်းချက်ရှိကြတာပါပဲ။
ထန်းလျှက်ခဲလေး ပေါက်ကွဲပဟေ့။
လွယ်ဝူးဟ သူလဲပေါက်ကွဲတတ်တာပဲ
အော့်ခုတလော ကမ္ဘာကြီးအတော်ပူလာသကိုးးးးး
မှန်ပါတယ် ကန်ကန်ရေ နင်ရေးတာသိပ်ကောင်းတယ်
အမှန်တွေရေးချလိုက်တာပဲဟ။
လေးစာပါတယ် သူငယ်ချင်း တစ်ကယ်ကို မွန်မြတ်တဲ့ စိတ်ထား ပါ ... တစ်ခါတလေ လူတစ်ယောက် အပြုံးတစ်ခု ဟာ ... တစ်ဖက်လူအတွက် မျက်ရည်တစ်စက် ဖြစ်စေတယ် .... ။ ဒီ Post လေးကို coppy လုပ်ခွင့် ပြု ပါ နော် .... ။
ကျနော် ဘယ်နေမှာ သုံးမယ်ဆိုတော့ အသုံးပြုရင် ထပ်ပြီး ခွင့် တောင်းပါမယ် .... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
ခွင့်ပြုပါတယ် အစ်ကိုရ.. အစ်ကို အဆင်ပြေတဲ့နေရာမှာ သုံးနိုင်ပါတယ် :D
Post a Comment