ပြီးသွားတာ တလလောက်ရှိပြီဖြစ်တဲ့ မွေးနေ့အတွက် ခုမှရတဲ့ တခုတည်းသော မွေးနေ့လက်ဆောင်ကို ပြမလို့ :D လက်ဆောင်ပေးတဲ့ကန်ဒီ့ညီမကိုလည်း ကျေးဇူးတင်တဲ့အထိမ်းအမှတ်အဖြစ်ပေါ့။ ခုဖတ်နေတယ်ဆိုရင် THANK YOU!!!
မှတ်မိလားတော့ မသိဘူး။ ကန်ဒီမျက်ကပ်မှန်အကြောင်း ပိုစ့်တပုဒ်ရေးဖူးတယ်။ ကန်ဒီ့မှာ Cylinder (ခေါ်) Astigmatism ရှိလို့ Color contact lens တပ်လို့မရဘူးလို့ရေးထားတယ်။ ခု Astigmatism ရှိတဲ့လူတွေအတွက် Color contact lens တွေ ပေါ်နေပြီ။ အဲ့ဒါမျိုးကို Toric Lens လို့ ခေါ်တယ်။ ရှားတာတော့ အရမ်းအရမ်းရှားတယ်။ ဈေးလည်း တော်တော်ကြီးတယ်။ တပ်ကြည့်ချင်ပေမယ့် ပိုက်ပိုက်($$)မရှိလို့ မ၀ယ်နိုင်တဲ့အပြင် ဈေးကမတန်တဆကြီးတယ်ထင်လို့ မ၀ယ်ဖြစ်ဘူး >.<
ခုဆို လက်ဆောင်ကို မှန်းလို့ရနေပါပြီ။ ဟုတ်တယ်... ကန်ဒီ့ညီမပေးတဲ့လက်ဆောင်က Prescription Color Contact Lens (:D) Circle lens ဆို ပိုမှန်မယ် ထင်တယ်။ သူက မျက်ဆံကို နည်းနည်းပိုကြီးသွားစေတယ်။ အဲ့တခုတော့ သိပ်မကြိုက်ဘူး။ အရောင်(Choco Brown)တော့ ကြိုက်တယ် :D
ဝတ်ရတာ ကန်ဒီ့အရောင်မပါတဲ့ ရိုးရိုး Lens တွေထက်တောင် ပိုသက်တောင့်သက်သာရှိတယ်။ ဘာကွာလို့လဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် တခါတလေပဲ ၀တ်ဖြစ်မယ် ထင်တယ်။ သိပ်သဘာဝမကျလို့...
အထူးအရေးပေါ် သတင်း
လက်ဆောင်အကြောင်းကို ဒီမှာတင်ရပ်ပြီး အဲ့ထက်အရေးကြီးတာ ပြောပြစရာရှိတယ်။ မနက်ဖြန် ဇွန်လ၁၀ရက်(တနင်္ဂနွေနေ့)မှာ ကန်ဒီတို့ Volunteerအဖွဲ့(မေတ္တာရှင်ဖောင်ဒေးရှင်း)က ကြီးမှူးကျင်းပတဲ့ မေတ္တာရှင်ဆရာတော်ရဲ့တရားပွဲရှိတယ်။
ကန်ဒီလည်း ဒီရက်ပိုင်း အဲ့ဒါနဲ့ပက်သက်ပြီး အလုပ်တွေရှုပ်နေလို့ အစ်ကို အစ်မတွေဆီ ဘလော့လည်ပြီး စာတောင်မဖတ်နိုင်ဘူး ဖြစ်နေတယ်။ ရှုပ်ဆို ဆရာတော်ကြွလာမယ့်အကြောင်း သတင်းတွေ၊ မနက်ဖြန်တရားပွဲဖိတ်တဲ့ပိုစ့်တွေနဲ့ အလှူမှတ်တမ်းတချို့ကို အဲ့ဒီဘလော့မှာ ကန်ဒီဒိုင်ခံတင်နေတာလေ။ တရားပွဲမှာဝေမယ့်စာရွက် ခေါက်တာတွေနဲ့ အခမ်းအနားပြင်ဆင်တာတွေ ဒီနေ့ညသွားလုပ်ရမယ်။ မနက်ဖြန်လည်း ကြိုဆိုရေးမှာ ကူရမယ်။
အဲ့ဒါတွေကြောင့် တရားပွဲသတင်းကို ကန်ဒီ့ဘလော့မှာ ခုမှပဲတင်နိုင်တော့တယ်။ ဒီနေ့စနေဆိုတော့ တော်တော်တောင် နောက်ကျနေပြီ။ ဘာပဲဖြစ်ဖြစ် မတင်ဖြစ်လိုက်တာထက်စာရင်တော့ တော်သေးတာပေါ့ ဟုတ်တယ်ဟုတ်..
တရားပွဲအစီအစဉ်
နေ့ရက် - ၁၀.၆.၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် - ညနေ (၆)နာရီမှ ည (၉)နာရီ အထိ
နေရာ - Function Room 1 , The Arena Country Club, 511 Upper Jurong Road, Singapore 638366
အချိန် - ညနေ (၆)နာရီမှ ည (၉)နာရီ အထိ
နေရာ - Function Room 1 , The Arena Country Club, 511 Upper Jurong Road, Singapore 638366
မနက်ဖြန် အားရင် တရားနာလာခဲ့ဖို့ ကန်ဒီ ဖိတ်ပါတယ်နော်...
Have a nice day^^
17 comments:
ရောက်ခဲ့တယ် အစ်မရေ ...
မွေးနေ့တောင် မသိလိုက်ရပါလား
နာလဲတပ်ကြည့်ချင်တယ် ဟိဟိ
မတပ်တတ်ရင် မျက်စံနှစ်လုံးပျူးကြီး
ဖြစ်သွားမှာကြောက်လို့ တည့်အောင်ဘိုလုပ်ရမဲဟင်
နည်းတိရင် သွားဝယ်မို့
မျက်ကပ်မှန်လေးလှတယ်...ညီမက နဂိုထဲက မျက်ဆံကြီးပြီးသားဆိုတာ့ အဲဒီ Big eye တောင်မလိုတော့ဘူး အရောင်လေးတော့လှတယ်..။
ဘာသာရေးကိုလုပ်နိုင်တဲ့အတွက် သာဓုသုံးကြိမ်ခေါ်ပါတယ်...။ အများကောင်းကျိုးဆထက်ပိုးထမ်းဆောင်နိုင်ပါစေ..။
မျက်ကပ်မှန်လေးလှတယ်...ညီမက နဂိုထဲက မျက်ဆံကြီးပြီးသားဆိုတာ့ အဲဒီ Big eye တောင်မလိုတော့ဘူး အရောင်လေးတော့လှတယ်..။
ဘာသာရေးကိုလုပ်နိုင်တဲ့အတွက် သာဓုသုံးကြိမ်ခေါ်ပါတယ်...။ အများကောင်းကျိုးဆထက်ပိုးထမ်းဆောင်နိုင်ပါစေ..။
ညီမလေးကန်ဒီ...
မကြီးလွမ်းရောက်ခဲ့ပါတယ်။ လောအကျိုး သာသနာ့အကျိုး ဆထက်တပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေ.
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ
ခင်မင်တဲ့
မကြီးလွမ်း
အဲဒီlens ကဘယ်လောက်ပေးရလဲညီမ။
မျက်ကပ်မှန်အရောင်လဲကြိုက်တယ်.. မျက်ဆံပိုကြီးသွားစေတယ်ဆိုလို့လည်းကြိုက်တယ်. Astigmatism ရှိတဲ့လူတွေအတွက် Color contact lens ဆိုလို့လဲ ပိုကြိုက်တယ်.. အစ်မကလည်း Cylinder ရှိတဲ့သူမို့လို့လေ. :D
ဟုတ်တယ် ကန်ဒီကမျက်ဆံကြီးပြီးသားဆိုတော့အရောင်ပဲလိုတာပါ။ အညိုလေးဆိုတော့လှတယ်။ တစ်ခြားအရောင်ဆိုရင်တော့ဆံပင်ပါအရောင်ပြောင်းပေးမှပိုကောင်းမယ်ထင်တယ်။
စေတနာလုပ်ငန်းများအတွက်သာဓုခေါ်သွားပါတယ်ရှင်။း)
အိုင်အိုရာ
အလုပ်သင့်ဆုံး အလုပ်တွေကိုလုပ်နေတာတွေ့ရလို့
ဝမ်းသာမိရဲ့ဗျာ.....
ဘလောဒ့်လည်တာက ဘယ်အချိန်လည်လည်ဖြစ်ပါတယ် ဆက်လက်လုပ်ဆောင်ပါ အလုပ်သင့်ဆုံး ဆိုတာတွေကိုပေါ့။
ဖြိုးဇာနည်<< နင်ငါ့ကို လာနောက်နေတာလား.. မျက်ကပ်မှန်က မျက်လုံးရွေ့တဲ့နောက် လိုက်နေတာပဲ ဟာကို @_@
Anonymous<< Total 156 SGD ကျပါတယ်ရှင့် (၃ဗူး)..
ကန်ဒီက ဘယ်ဘက် တဖက်ပဲ Cylinder ပါတာ.. ညာဖက်က power 75 လောက်ပဲ.. Toric တဖက်နဲ့တင် ဈေးအဲ့လောက်တက်သွားတာ.. ဘယ်နဲ့ညာမတူတော့ ၂ဗူးဝယ်ရတယ်။ ၃ဗူးဖြစ်နေတဲ့အကြောင်းက အဲ့ဒီ Toric lens က ၂လခံဗူးဖြစ်ပြီး ညာဖက်အတွက် ရိုးရိုး lens က တလခံဗူး ဖြစ်နေလို့ပါ။ ကန်ဒီ့ညီမတပ်တဲ့ ရိုးရိုး Prescription မပါတဲ့ lens ဆိုရင်တော့ တဗူးကို 30 SGD ပဲပေးရတယ် :D
မျက်ကပ်မှန် တပ်တော့ တပ်ချင်သား..အလုပ်ရှုပ်တယ် ထင်လို့ ..ကန်ဒီ့ မျက်လုံးက လှပြီးသား..Volunteer တွေ လုပ်တာ အားကျတယ်..
မျက်ကပ်လေးကန်ဒီနဲ့လိုက်တယ် မကြီးဂျက်ကမရဘူး
လွန်ခဲ့တဲ့၆-ရနှစ်ကတော့တပ်သေးတယ်
ခုပါဝါအရမ်းမြင့်သွားလို့လေ
ညီမလေးချစ်ဖို့ကောင်း
အာဘွားးးးးးးးး
လက်ဆောင်လာချောင်းတာ...း)
လှတယ် ကန်ဒီလေးနဲ့လဲလိုက်တယ်....
တရားမိုင်းထိတဲ့အထဲမှာ ဆရာတော်ပါသွားခဲ့ပေမယ့်
ဗဟုဇနဟိတဓရဆိုတဲ့ မိုင်းရှင်းကိရိယာလေးတစ်ခု
ကြောင့် မိုင်းထဲကနေ ရုန်းထွက်လွတ်မြောက်လာတဲ့
ဆရာတော်အတွက် ၀မ်းသာမဆုံးဖြစ်မိပါတယ်..
ဆရာတော်လေးရဲ့ စာပေအရေးသားတွေကတော့
ဘာမှပြောစရာမလိုအောင်ကို ကောင်းလွန်းပါတယ်..
လှပြီးသားငါ့ညီမ ပိုလှသွားတာပေါ့
လက်ဆောင်အတွက်ရောပြီးဝမ်းသာပေးပါတယ်။ ကုသိုလ်တွေအတွက်တော့ သာဓုပေါ့။ အစ်ကိုကတော့ အဲဒါတွေနဲ့ဝေးနေပါသေးရဲ့ ညီမရေ။ ကြိုးစားပါဦးမယ်။
မြတ်ကြည်လည်း မျက်ကပ်မှန် ဝယ်လိုက်တယ်။ အရောင်တော့ မပါဘူး။
Post a Comment