Wednesday, June 13, 2012

အလာပ သလာပ


ခေါင်းအုံးပေါ်ကျကျနနမှီပြီး စိတ်ထဲပေါ်လာသမျှရေးတဲ့ဒီလိုပိုစ့်မျိုးကို ကန်ဒီအကြိုက်ဆုံးပဲ။ ဒါမျိုးပိုစ့်က ရည်ရွယ်ချက်မရှိဘဲ ဟိုရောက်ဒီရောက် ရှုပ်ပွနေတတ်တယ်။ ဒါပေမယ့် စိတ်ထဲရှိနေတာတွေ တယောက်ယောက်ကို ပြောပြရသလို အရသာရှိတယ်။ ပြောသမျှနားထောင်ပေးတဲ့လူတွေကတော့ စာဖတ်သူတွေပေါ့ :D

ဟိုနေ့က တရားပွဲ လူအရမ်းစည်တယ်။ အဲ့လောက်လူများမယ် မထင်ထားဘူး။ ကန်ဒီက ကြိုဆိုရေးဆိုတော့ လာတဲ့သူတွေကို "မင်္ဂလာပါရှင့်.. အပေါ်ကြွပါရှင့်" အဲ့လိုပြုံးပြီးပြောရတာ(^_^)။ ကိုယ်တိုင်မရိုက်ဖြစ်တော့ ဖေ့ဘွတ်ကပုံလေးတွေ နည်းနည်းမလာတယ် :P


ဆရာတော်သုံးတဲ့မိုက်က စံပယ်ပန်းလေးတွေက ကန်ဒီတို့ ဒီလိုသီထားတာလေ :D 
(ကန်ဒီ့ကိုတွေ့လား??)

 ကြိုဆိုရေးအဖွဲ့တွေ :D

 ရခဲ့တဲ့ စာအုပ်.. မဖတ်ရသေးဘူး :D

အဲ့ပွဲလည်းပြီးရော နောက်နေ့ ဖျားတော့တာပဲ။ ဒီလောက်လေးတောင် ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကိုကိုယ်လည်း တော်တော်စိတ်ပျက်တယ်(>.<)။ ခုတော့ နည်းနည်းပြန်ကောင်းလာပြီ :D


ဟိုနေ့က အင်တာနက်ပေါ်မှာ Google ပြီး ထိုင်ကလိလိုက်တာ ဒီဆိုဒ်လေးတွေ့တယ်။ အဲ့မှာ Blackberry ဖုန်းတွေအတွက် Zawgyi Font install လုပ်နည်းကို ပြောပြထားတယ်။ သူပြောတဲ့အတိုင်းလုပ်လိုက်တာ ကန်ဒီ့ဖုန်းမှာ မြန်မာ Font ဖတ်လို့ရသွားပြီ။ ဒါပေမယ့် စာလုံးတွေက ထပ်နေတယ်။ ကြည့်ရတာ အဲ့Appက ကန်ဒီ့ဖုန်းModelကို supportမလုပ်လို့ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မမြင်ရတာထက်စာရင်တော့ တော်သေးတာပေါ့ :D :D

သူငယ်ချင်းတယောက်က မေးတယ်။ အဲ့ဒါ ဘာပုံလဲတဲ့?? ကန်ဒီ မဖြေနိုင်ခဲ့ဘူး။ အားလုံးကို ပြန်မေးမယ်နော်။ အဲ့ဒါ ဘာပုံလဲ???


ဒီပုံလေးကို အရမ်းသဘောကျလို့ အဲ့သူငယ်ချင်းဆီက ယူလာတာ။ ကန်ဒီ တက်တူးထိုးတာ မကြိုက်ပါဘူး။ ဒီပုံကို ကြိုက်တဲ့အကြောင်းက ထိုးပေးတဲ့သူရဲ့အနုပညာကို လေးစားလို့ဆို ပိုမှန်မယ်။ ကန်ဒီ အရှုံးပေးတယ်ဆိုလို့ သူအဖြေပြောတာတောင် ကန်ဒီချက်ချင်းမြင်အောင် မကြည့်နိုင်ဘူး (အဲ့လောက်တော်တာ)။ အဖြေက... ဒေါ်အောင်ဆန်းစုကြည်ပုံတဲ့။ မြင်လား?? အနီရောင်ဘက်က မျက်နှာ။ ဘယ်ဖက်ခြမ်းက အလင်းထိုးနေတဲ့ပုံမျိုး ဆွဲထားတာ။ ညာဖက်က အစိမ်းရင့်ရောင်နောက်ခံပေါ်မှာ ခိုလေးတွေ ပျံနေတယ်။ ကန်ဒီ နိုင်ငံရေးတွေ မသိသလို စိတ်လည်းမ၀င်စားဘူး။ ဒါကိုထိုးတဲ့သူရဲ့ပန်းချီပညာနဲ့ စိတ်ကူးကိုပဲ အရမ်း အရမ်းသဘောကျတယ်။

ကြားနေရတဲ့ ရခိုင်ကသတင်းတွေအတွက် စိတ်မကောင်းဘူး။ ပိုဆိုးတာက အသိရခိုင်အစ်ကိုကြီးတယောက်ရဲ့ အမျိုးတွေဆိုင် မီးလောင်သွားတယ်ဆိုတဲ့ သတင်းပဲ။ သူ့အတွက် စိတ်မကောင်းဘူး။ သူ့မိသားစုအတွက် ဒီကနေ ဘယ်လောက်စိတ်ပူနေမလဲ? ဆုတောင်းပေးနေရုံကလွဲလို့ သူဘာများတတ်နိုင်မှာလဲ?? ဘယ်ဟာကမှန်ပြီး ဘယ်ဟာကမှားလဲ ကန်ဒီသေချာမသိပါဘူး။ အပြစ်မရှိတဲ့လူတွေ မထိခိုက် မနာကျင်ရဘဲ မြန်မြန်အေးချမ်းစေဖို့ပဲ မျှော်လင့်မိတယ်။

ဒီရက်ပိုင်း စိတ်သဘောထားပြည့်ဝတဲ့ လူတချို့ကို တွေ့မိတယ်။ သူတို့တွေက ကန်ဒီတွေ့ဖူးသမျှထဲမှာ လက်ချိုးရေလို့ရတဲ့ လူမျိုးတွေပေါ့။ ကန်ဒီ့အပေါ်တင်ကောင်းလို့ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့လူတိုင်းအပေါ် ဆက်ဆံတတ်တဲ့ ဂရုစိုက်မှုတချို့ကို အမှတ်မထင်မြင်မိလို့ပါ။ သူတို့က အပြင်မှာ စကားပြောမကောင်းကြဘူး။ ဒါပေမယ့် တပါးသူလိုအပ်နေချိန်မှာ သူတို့စိတ်ကို လက်တွေ့ဖော်ပြတတ်ကြတယ်။ ကန်ဒီ့အကျင့်က အဲ့လိုလူမျိုးတွေနဲ့တွေ့ရင် မနေနိုင်မထိုင်နိုင် အရမ်းသဘောကျ လေးစားပြီး ပိုခင်မင်မိတယ်။ ကန်ဒီလည်း သူတို့လို ဖြစ်ချင်တယ်။ ဖြစ်အောင်လည်း အမြဲကြိုးစားနေတယ်။ သူတပါးလိုအပ်နေချိန်မှာ အသင့်ရှိနေတတ်တဲ့ အားဆေးလေးအဖြစ်ပေါ့ ^_^

တော်သင့်ပြီ.. တော်တော်တောင် ရှည်သွားပြီထင်တယ်။
Good Night^^

Photo Credit: Ko Aung Chan Mon (For 3 photos from Dhamma Talk)

17 comments:

အောင်အောင် said...

ဟားဟား ရောက်သခိုက် နီက Post အသစ်တင်ထားတာကို ဘယ်ရမလည်း တက်တူးက လန်းတယ်နော်...နာကတော့ ငှက်တွေ ပျံနေတာတွေ့တယ်.နာ့မျက်လုံး မကောင်းတာလားမသိဝူး.ဒေါ်စုပုံကိုမြင်အောင်မကြည့်နိုင်သေးဝူး...တက်တူးထိုးတဲ့ ဆရာလက်ရာမြှောက်တယ်...ကိုတွတ်ပီ ဆီမှာထိုးတာလား...ဒါမှမဟုတ် ကိုစိုင်းဆီမှာလား...ဒါနဲ့ အလယ်ကတစ်ယောက်က ချောတယ်နော်...လေးလုံးလေး...သူလည်းGame ဆော့တာများလို့ လေးလုံးဖြစ်သွားတာနဲ့တူတယ်...ဒီတစ်ခါ မန့်တာရှည်သွားပြီ ပြေးးးးးးးးပြီ.....

စံပယ်ချို said...

candy လေးကိုတွေ့ပါ့မြင်ပါ့နော်
ကျန်းမာရေးကိုဂရုစိုက်နော်ညီမလေးရေ
ကျန်းမာမှ အရာရာအောင်နိုင်တာ
တက်တူးကိုဘယ်လိုပဲ ကြည့်ကြည့်အမေစုပုံ
မတွေ့ရဘူးဟယ်
အဲလိုတော်တာ

Anonymous said...

ကန်ဒီလေးကလည်း ရုပ်မချောပေမဲ့

မျက်နှာပေးတော့ ကောင်းပေသားဘဲ..

အထူးသတိထား အတူးဂရုစိုက်ရမှာက

ရခိုင်ပြည်နယ်က မူစလင်သုံးကောင်

ဝိုင်းပီးမုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးလေးကလည်း

ကန်ဒီလိုပဲတဲ့..မျက်နှာပေးကောင်းတော့

ဘသားချော အမျိုးသားတွေကို ကျူးလွန်ဘို့

လက်ရပ်ခေါ်နေသလို ခံစားရတယ်..

စလုံးမှာတော့ မုဒိန်းကျင့်ခံရတာတွေ ကြားတော့

ကြားဖူးသေးပါဘူး..အရမ်းစိုးရိမ်လို့

သတိပေးရတာပါ..မိမိရဲ့ အပြုံးတစ်ချက်ကြောင့်

အသက်ဆုံးရတဲ့ မိန်းခလေးတွေ များခဲ့ပြီ...

ဝိ၀ိ said...

တက်တူးပုံမှာ...ဒေါ်အောင်ဆန်းစုကြည်ပုံ..
တွေ့ ပါဘူး..............နာပဲ..မျက်လုံးမကောင်း
ဘူးလို့ လား..မသိဝူး....လက်ရာကတော့..
လန်းတယ်ပာ...အထိုးခံတဲ့သူကတော့...
လက်ယားဘူးလားသိဝူး....

သူကြီးမင်း (တုံးဖလား) said...

အို သူတော်ကောင်းအပေါင်းတို့..
လက်မောင်း၌ တက်တူးထိုးထားသည့် အမေစုပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုပါက အသင်တို့၏ မျက်စိကို ဖွင့်တစ်ဝက် မှိတ်တစ်ဝက် ခပ်မှေးမှေးဖြင့် ကြည့်ကြကုန်လော။

အနီဘက်ခြမ်း၌ အမေစု၏ နဖူး မျက်ခုံး မျက်လုံး နှာတံ နှာခေါင်း ပါးစပ် မေးစေ့ စသည်တို့ တည်ရှိကုန်၏။

အနက်ဘက်ခြမ်းသည်ကား အမေစု၏ ဆံပင်အလှအပပင် ဖြစ်လေ၏။

မျက်စိမှေးမှးဖြင့် ငြိမ်သက်စွာ စိုက်၍ ကြည့်ကြကုန်လော။ အခိုက်အတန့်အကြာ၌ မျက်ဝါးထင်ထင် မြင်တွေ့လိမ့်လတ္တံ့။ တစ်ခါ မြင်ပြီးရင်လည်း အကြိမ်ကြိမ် မြင်ဖို့ မခက်တော့ပြီတည်း။။း)


ပိစိရဲ့ ဟိုရောက် ဒီရောက်တွေ ဖတ်သွားပြီး တက်တူးအလှအပကို အကြိမ်ကြိမ်ခံစားသွားသည့် ဘိလပ်ပြည်မှ တဂျင်းမီးးးးးးးးး။

ပဥာက် said...

သူတပါးလိုအပ်နေချိန်မှာ အသင့်ရှိနေတတ်တဲ့ အားဆေးလေးအဖြစ်ပေါ့ ^_^..မှန်တာပေါ့..ကိုယ်နာကျင်တာကိုမေ့ထားပြီး သူတပါးဝမ်းနည်းအားငယ်ချိန်မှာ အပြုံးပွင့် မိမိရဲ့ခံစားချတ်ကိုဂရုတစိုက်နားထောင် ဖြေသိမ့်ပေးနိုင်တဲ့သူတွေ လေးစားရတာပဲ ညီမရေ..

Cameron said...

နေကောင်းအောင်နေပါ ညီမလေး .....။

Cameron said...

နေကောင်းအောင်နေပါ ညီမလေး .....။

လွင်ပြင်လှိုင်းငယ် said...

ကျန်းမားရေး ဂရုစိုက်ဦးနော် ညီမလေး။
တက်တူးက အမေစုပုံမမြင်ရသေးဘူး မြင်ရအောင်
အချိန်ယူပြီးကြည့်လိုက်ဦးမယ်

Anonymous said...

တက်တူးကအနီချည့်ကြည့်လိုက်တာနဲ့ တန်းကနဲပေါ်တယ်။ ကျေးဇူးပါ။
အို်င်အိုရာ

ညိမ်းနိုင် said...

တွေ့ဘူး၊မြင်ရဘူး၊ငှက်လေးတွေပဲတွေ့တယ်။
အင်း.....အဲ့လိုလူမျိုးကို နာလည်းသိပ်သဘောကျတယ်။
ကိုယ်တိုင်ဖြစ်အောင်ကြိုးစားနေတာပါပဲ၊ဒါပေမယ့်
စိတ်ရင်းအမှန်တွေက တစ်ခါတစ်ခါထွက်ကျလာလေတော့
အမြဲမဖြစ်နိုင်ဘူးဖစ်နေသဟ....:))))

Anonymous said...

နှစ်ပုံလုံးကို တွေ့တယ်..
ဒါပေမယ့် ကြည့်ကြည့်ချင်း မြင်တာ ငှက်ကလေးတွေ..
Dove နဲ့ တူတယ်..

နွေတေးရှင်(မင်းဧရာ) said...

ကောင်းမှု့ကုသိုလ်လုပ်လို့ ပင်ပန်းတာ မကြာခင် ကောင်းတာတွေခံစားရပါလိမ့်မယ်

လေးစားထိုက်သော သူတွေကို တွေ့တဲ့အခါ အတုယူကြတာပေါ့....

ပန်ချီပုံကိုတော့ သူကြီးမင်းပြောတဲ့နည်းနဲ့ ကြည့်သွားတယ်....

အားလုံးကောင်းတယ် သကြားလုံး
ဟို အထက်နားက ကွန်မန့် ကလွဲရင်ပေါ့
ဖြစ်နိုင်ရင် ဖျက်ပစ်လိုက်ပါ....။

ပုံ
(ဦးကြံသကာ)

မိုးသက် said...

လူတစ်ယောက်ကို ရည်ရွယ်ပြီးတိုက်ခိုက်သူတွေရှိလာရင် ကိုယ့်ကိုယ်ကို အောင်မြင်နေပြီလို့သာမှတ်လိုက်ပေတော့ ဟီးဟီ.။ ကောင်းလိုက်တာ အစ်မရာ.။ကျွန်တော်ကတော့ စာမွဲဖျားဖျားနေတယ်.။

Anonymous said...

အလာပ သလာပလေးတွေလာဖတ်တာ...
လက်ရာမြောက်တဲ့တက်တူးလေးလဲကြည့်သွားတယ်
ကျန်းမာရေးဂရုစိုက်အုံး

Angelhlaing(May everybody be happy and healthy! said...

ကျန်းမာရေးဂရုစိုက် ကန်ဒီရေ... တက်တူးပုံလေးက စိတ်ဝင်စားစရာ...ကန်ဒီပြောလို့ အဖြေသိရတာ..ကိုယ်တိုင်ဆို သိမှာ မဟုတ်..:):)

ကူးကူးလှိုင် said...

လာလည်ရင်း စာတွေဖတ်ရင်း မန့်သွားပါတယ် တတ်တူးမှာ အနီဘက်က လို့ပြောမှ ပုံကိုတွေ့တယ်. တော်တော်လက်ရာမြောက်တယ်.