ခေါင်းစဉ်ကြည့်တာနဲ့တင် မိန်းကလေးတွေအတွက် ရည်ရွယ်မှန်း သိပါတယ်နော်။ တကယ်တော့ ဒီအကြွေးက တင်နေတာ တော်တော်ကြာပြီ။ မမီးမီးက မိတ်ကပ်လိမ်းနည်း ရေးပေးပါလို့ ပြောထားတာ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒီပိုစ့်က "မိတ်ကပ်လိမ်းနည်း"ဆိုတာထက် "ကန်ဒီ့မိတ်ကပ်လိမ်းနည်း"ဆို ပိုမှန်မယ်။ မိန်းကလေးတယောက်နဲ့တယောက် လိမ်းနည်းတွေက ကွဲပြားကြမှာပဲလေ။ မိတ်ကပ်ပညာရှင်တယောက်လည်း မဟုတ်တော့ ဒီနည်းက အမှန်ပါလို့ မပြောချင်ဘူး။ ကန်ဒီသုံးတဲ့ Cosmetic တချို့ကိုလည်း အကြမ်းဖျင်း ပြောပြသွားမယ်နော်။ ဈေးကြီးတဲ့ Cosmetic တွေတော့ မမျှော်လင့်ထားပါနဲ့။ ပိုက်ဆံမရှိသော ကန်ဒီသည် Chanel တို့ Dior တို့ သုံးနိုင်စွမ်း မရှိပါ >.<
မျက်နှာသစ် Moisturizer လိမ်းပြီးရင် Sunscreen လိမ်းပါတယ်။ ကန်ဒီသုံးတာ Neutrogena Ultra Sheer Dry Touch SunBlock (SPF 30) ပါ။ သူက တခြား Sunscreen တွေလို မျက်နှာကို အဆီမပြန်စေဘူး။ အဲ့ဒါပြီးရင် Nivea Lip Balm ကို နှုတ်ခမ်းမှာ လိမ်းထားပါတယ်။ အားလုံးပြီးရင် ဆိုးမယ့်နှုတ်ခမ်းနီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့။
Foundation အနေနဲ့ Revlon PhotoReady (သို့) Skin 79 BB cream ကို ကိုယ်သွားမယ့် နေရာပေါ်မူတည်ပြီး သုံးပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခဏပဲ သွားရမယ့်နေရာမျိုးဆို BB cream ပဲ လိမ်းပြီး တနေကုန်နေရမယ့် နေရာမျိုးဆို Revlon လိမ်းပါတယ်။ လိမ်းတဲ့နေရာမှာ နည်းနိုင်သမျှနည်းအောင် ပါးပါးလေးပဲ လိမ်းတယ်။ အမာရွတ်တွေဘာတွေ ဖုံးစရာလည်း မလိုဘူး။ အသားရောင်ကို ညီသွားရုံလောက်ပဲ လိမ်းပါတယ်။ ကန်ဒီ မျက်နှာလိမ်းဖို့ Foundation Brush မသုံးပါဘူး လက်နဲ့ပဲ လိမ်းပါတယ်။ အကြောင်းကတော့ Brush ကို ခဏခဏဆေးရမှာ ပျင်းလို့ပါ(:P)။ Brush အသုံးပြုတယ်ဆို အထူးသဖြင့် Foundation Brush ကို ပုံမှန်ဆေးဖို့ မမေ့ပါနဲ့နော်။
အဲ့ဒါပြီးရင် ကန်ဒီ့ရဲ့ မရှိမဖြစ် Concealer လိမ်းပါတယ်။ ကန်ဒီအခုသုံးနေတာ Maybelline mineral concealer ပါ။ အပေါ်မှာပြထားတဲ့နေရာတွေက ကန်ဒီ Concealer လိမ်းတဲ့နေရာတွေပေါ့။ အဲ့နေရာတွေပြီးရင် အမာရွတ်တွေပေါ် လိမ်းပါတယ်။ Concealer ကို အထူကြီး မလိမ်းပါနဲ့။ ကိုယ်ဖုံးချင်တဲ့အမာရွတ်ကို ဖုံးတယ်ဆိုရုံလေးလိမ်းပါ။ ဒါကိုလည်း ကန်ဒီလက်နဲ့ပဲ လိမ်းပါတယ်။ တချို့တွေပြောကြတာက Concealer ကို ကိုယ့်အသားရောင်ထက် တဆင့်(သို့)နှစ်ဆင့်နုတာ ၀ယ်သင့်တယ်တဲ့။ ကန်ဒီကတော့ ကန်ဒီ့အသားရောင်နဲ့တူတာပဲ ၀ယ်ပါတယ်။ တဆင့်နုတဲ့အရောင်က မျက်လုံးအောက် မျက်ကွင်းညိုတာကို ဖုံးဖို့ အဆင်ပြေပေမယ့် အမာရွတ်ဖုံးဖို့မျိုးကျတော့ ကိုယ့်အသားရောင်နဲ့တူတဲ့ Concealer က ပိုအဆင်ပြေတယ်လေ။
ပြီးရင်တော့ ပေါင်ဒါနဲ့ အပြီးသတ်လိုက်လို့ရပါပြီ။ ပေါင်ဒါကို နည်းနှစ်နည်းနဲ့ လိမ်းနိုင်ပါတယ်။ Brush သုံးပြီး လိမ်းတာနဲ့ Puff သုံးပြီးလိမ်းတာပါ။ Brush သုံးပြီးလိမ်းတာက သဘာဝကျကျမျက်နှာလေး ရစေတယ်။ Concealer များများသုံးထားတယ်ဆိုရင်တော့ Puff သုံးတာ ပိုကောင်းပါတယ်။ Brush နဲ့ ပေါင်ဒါလိမ်းတာက ကိုယ်သုံးထားတဲ့ Concealer တွေနေရာရွေ့သွားစေပါတယ်။ ကန်ဒီကတော့ ဒီနောက်ပိုင်း Puff နဲ့ ပေါင်ဒါကို မျက်နှာပေါ်တို့ပြီးလိမ်းရတာကို သဘောကျနေတယ်။ မိတ်ကပ်လည်း ကြာကြာခံစေတယ် ထင်လို့လေ :)
ဒါ ကန်ဒီသုံးနေတဲ့ Brush တွေပါ။ တော်တော်များများက Ecotools Brush တွေလေ။ ဈေးအရမ်းမကြီးဘူး။ ဒါပေမယ့် Quality ကောင်းတယ်။ အမည်းနဲ့ အဖြူလေးက Elf ကပါ။
(1) Powder Brush
(2) Blush Brush
(3) Blending Brush
(4) Eyeshadow Brush
(5) Eyeshadow Brush
(6) Eyeliner Brush (မျက်ခုံးမွှေးဆွဲဖို့)
(7) Eyeliner Brush (Eyeliner အတွက်)
မျက်လုံးအတွက် သုံးတဲ့Brushတွေမှာတင် သူရဲ့ပုံစံ ကွဲပြားမှုပေါ်မူတည်ပြီး အသုံးပြုပုံကွဲပြားတယ်လေ။ ဘယ်ဘက်ပုံက အတည့်ကို ပြထားတာ။ ညာဘက်ပုံက ဘေးက ရိုက်ပြထားတာ။ အထူအပါးမတူသလို အမွှေးလေးတွေ Shape လုပ်ထားပုံချင်းမတူဘူး။ နံပါတ်(၁) Brush က အရောင်တွေ ရောဖို့ပိုသင့်တော်တယ်။ နံပါတ်(၂)က မျက်ခွံပေါ် ကာလာတင်ဖို့အတွက်ပဲ ကောင်းတယ်။ နံပါတ်(၃) ကတော့ နှစ်မျိုးလုံးအတွက်ကောင်းတယ်။
မျက်ခုံးမွှေးအတွက်က ကန်ဒီ Eyeshadow အညိုရောင်ကိုပဲ ဟိုးအပေါ်ကပုံမှာပြထားတဲ့ နံပါတ်(၆) Brush နဲ့ဆွဲလိုက်တာများတယ်။ ပြီးရင် အပေါ်ပုံက Brush နဲ့ အရမ်းထင်းမနေအောင် အရောင်ပြန်ညှိလိုက်တယ်။ မျက်ခုံးမွှေး ဆွဲတာနဲ့ မဆွဲတာ လူတယောက်ရဲ့မျက်နှာကို အရမ်းပြောင်းလဲစေတယ်။ မျက်ခုံးမွှေးဆွဲမယ်ဆိုလည်း ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေး Shape ကို သေချာ ပုံစံသွင်းပြီးမှ ဆွဲတာ ပိုလှတယ်။ မျက်ခုံးမွှေး မနှုတ်ဘဲ မျက်ခုံးမွှေးဆွဲတာ သိပ်မလှဘူး။ နောက်ပြီး မျက်ခုံးမွှေးကို မရိတ်စေချင်ဘူး.. နှုတ်တာကို ပိုအားပေးတယ်။ ရိတ်တာ အမွှေးကြမ်းကြမ်းကြီးတွေ ထွက်စေတယ်။ ခြေလွန်လက်လွန် မရိတ်/မနှုတ်မိဖို့လည်း လိုသေးတယ်။ မျက်ခုံးမွှေး အရမ်းပါးသွားရင် လူကိုရင့်စေတယ်။ မျက်ခုံးမွှေးထူထူလေးက လူကို ပိုနုစေတယ်။
မျက်လုံးမိတ်ကပ်နဲ့ပက်သက်ပြီးပြောရမယ်ဆို ကန်ဒီအမြဲလုပ်တာ ဒီပုံစံပဲ။ Eyelinerကို Eyeshadow အမည်းနဲ့ Brush နံပါတ်(၇)ကို သုံးပြီးဆွဲတယ်။ Liquid (or) Gel Liner မသုံးဖြစ်တာ တော်တော်ကြာပြီ။ ဘာလို့လဲဆိုတော့ Eyeshadow နဲ့ဆွဲတာ ပိုသဘာဝကျတဲ့ မျက်လုံးရစေတယ်။ Eyeliner အရမ်းကြီး ထင်းမနေဘူးလေ။ Cat Eyeliner မဆွဲဘူး။ ကန်ဒီ့မျက်လုံး Shape အတိုင်းကိုပဲ ဆွဲသွားတယ်။ မျက်လုံးအပေါ်နဲ့အောက်က Eyeliner ကို ထောင့်မှာ ဆက်တယ်။ အောက်ဘက်ကိုက တ၀က်ပဲဆွဲတယ်။ မျက်လုံးအောက်ဖက် Eyeliner မဆွဲရင် တမျိုးကြီးဖြစ်ပြီး မျက်လုံးက မပြည့်စုံသလိုပဲ ခံစားရလို့ အမြဲဆွဲဖြစ်တယ်။ Eyeshadow အတွက်တော့ ပန်းရောင်နဲ့အညိုသုံးတာများတယ်။
မျက်တောင်အတွက် Covergirl Lashblast Volume Mascara သုံးတယ်။ မျက်တောင်ကော့တဲ့ Eyelash Curler မသုံးဘူး။ အဲ့ဒါကို ကြောက်တဲ့ရောဂါရှိလို့ (>.<)။ Waterproof မသုံးဘူး။ ဖျက်ရခက်မှာစိုးလို့ တခါတလေပဲ သုံးတယ်။ ကန်ဒီ့ရဲ့ Mascara သုံးပြီး မျက်တောင်ကော့နည်းကတော့ ဒီလို.. မျက်တောင်ကို အပြင်ဘက်ရောက်အောင် ကော့တယ်။ ဘယ်လိုပြောမလဲ.. မျက်လုံးရှေ့ကနေ ကော့တဲ့အတံကို အပေါ်အောက် မဆွဲဘူး။ ၄၅ဒီဂရီ ဘေးကို ဆွဲတယ်။ အဲ့လိုလုပ်တာ မျက်လုံးကို ပိုSweet ဖြစ်စေတယ်။ ဒီလိုကြီး ကော့နေတာထက်စာရင်ပေါ့ >>>>>>>>>
ပါးနီ နဲ့ နှုတ်ခမ်းအတွက်တော့ ကန်ဒီပိုစ့်သက်သက်စီ ရေးဖူးပါတယ်။ ကိုယ်တိုင်လည်း အဲ့လိုပဲ လုပ်ဖြစ်တာများတယ်။ ဟိုတလောကမှ ဖတ်လိုက်ရတဲ့ ပါးနီချယ်နည်းနဲ့ ပက်သက်တဲ့ မှတ်သားစရာလေးကတော့ ပါးနီကို ပြုံးပြီးမချယ်ရဘူးတဲ့။ ပြုံးလိုက်တဲ့အချိန်မှာ ပါးကအပေါ်နည်းနည်းလေးတက်သွားတယ်လေ။ အဲ့လိုအချိန်မှာ ချယ်လိုက်ရင် မပြုံးဘဲ ပုံမှန် အနေအထားမှာ ပါးနီက ပုံမှန်ရှိသင့်တဲ့နေရာထက် အောက်ကျနေတတ်လို့ပါတဲ့။ သူပြောတာလည်း ဟုတ်တာပဲ။ ကိုယ့်ပါးရဲ့ အမြင့်ဆုံးနေရာကို မပြုံးလည်း ကိုယ့်ဟာကိုယ်တော့ သိပါတယ်။ ဟုတ်တယ်ဟုတ် ^_^

ပါးနီ နဲ့ နှုတ်ခမ်းအတွက်တော့ ကန်ဒီပိုစ့်သက်သက်စီ ရေးဖူးပါတယ်။ ကိုယ်တိုင်လည်း အဲ့လိုပဲ လုပ်ဖြစ်တာများတယ်။ ဟိုတလောကမှ ဖတ်လိုက်ရတဲ့ ပါးနီချယ်နည်းနဲ့ ပက်သက်တဲ့ မှတ်သားစရာလေးကတော့ ပါးနီကို ပြုံးပြီးမချယ်ရဘူးတဲ့။ ပြုံးလိုက်တဲ့အချိန်မှာ ပါးကအပေါ်နည်းနည်းလေးတက်သွားတယ်လေ။ အဲ့လိုအချိန်မှာ ချယ်လိုက်ရင် မပြုံးဘဲ ပုံမှန် အနေအထားမှာ ပါးနီက ပုံမှန်ရှိသင့်တဲ့နေရာထက် အောက်ကျနေတတ်လို့ပါတဲ့။ သူပြောတာလည်း ဟုတ်တာပဲ။ ကိုယ့်ပါးရဲ့ အမြင့်ဆုံးနေရာကို မပြုံးလည်း ကိုယ့်ဟာကိုယ်တော့ သိပါတယ်။ ဟုတ်တယ်ဟုတ် ^_^
တော်တော်တောင် ရှည်သွားပြီ။ OK.. ဒါကတော့ မျက်နှာတပြင်လုံးစာအတွက် ကန်ဒီဘယ်လိုလုပ်တယ်ဆိုတာ အကြမ်းဖျင်းပြောပြတာပါ (အကြမ်းဖျင်းဆိုပေမယ့် ကုန်သလောက်နီးနီးပါပဲ :P)။ နောက်ပိုင်းမှာ အဆင်ပြေရင် ပြေသလို တခုချင်းစီခွဲပြီး ရေးပေးပါ့မယ်။ အထူးသဖြင့် မျက်လုံးအတွက်ပေါ့ :D
ပျော်ရွှင်ပါစေ^^
ပျော်ရွှင်ပါစေ^^
30 comments:
ဟွင်း ဘာလဲလို့ လာဖတ်မိပါတယ် ဆုံးအောင်တော့ဖတ်သွားတယ်
အလုပ်ကိုရှုပ်လွန်းလို့  ဘာတွေမှန်းမသိဘူး
သြော် တခုတော့သတိထားမိသွားတယ်
ကန်ဓီက ဖိုတိုရှော့ လဲတော်တယ် ဘရက်စ်တွေကတော်တော်စုံပဲ
ဒါကြောင့်လူတချို့ ပြောတာပေါ့
မိန်းကလေးတွေက ပန်းချီဆရာတွေတဲ့ 
ဘယ်သူ့ ပုံမှမဆွဲရင်တောင် သူတို့ ပုံသူတို့ ဆွဲတယ်တဲ့ လေ
မှန်ပန်ချီတဲ့  မှန်မရှိရင်သူတို့ ဆွဲလို့ မရဘူး ^_^
ဘာပဲဖြစ်ဖြစ် ကိုယ်တွေပဲအေးတယ်
မျက်နှာသစ်ပြီးရင်ပြီးပြီ
မှန်တောင်မကြည့်ဘူး ရှင်းရော ;p
ပန်းရောင်လေးတွေတို့ထားသလို ပိုမိုက်တယ်.။ စတိုင်သစ်ပေါ့အစ်မ. ဟိဟိ.။
ညီမရေ ..
ဆရာလုပ်တယ်တော့ မထင်ပါနဲ့နော် ...
sunscreen က moisturizer မလိမ်းခင် အရင် လိမ်းရတာတဲ့ ... မိတ်ကပ် counter ကလူတွေ ပြောတာ .... အမလည်း မသေချာလို့ google ကြည့်တာ
ဟုတ်တယ် ..နေရောင်ခံလိမ်းဆေးကို အရင်ဆုံးလိမ်း ၅ မိနစ် ၁၀မိနစ်လောက်ထား ပြီးမှ moisturizerလိမ်း ပြီးမှ မိတ်ကယ်တွေ ထပ်လိမ်းပါ လို့ ရေးထားတယ် ....
မှတ်သားသွားတယ် ကန်ဒီ ..ကိုယ်တိုင် အလှပြင်ရင် ကမောက်ကမ ဖြစ်လွန်းလွန်းလို့..သူများတွေများ အဆင်ကိုချောလို့..အားကျထှာ....:):)
လာဖတ်သွားပါတယ်ခင်ဗျ...
ဘာတွေလည်းတော့သိဘူး...ဟီး
ကျွန်တော့်တို့ကတော့မျက်နှာသစ်တယ်
ခေါင်းကိုဂျယ်နဲ့ထိုးဖွလိုက်တယ်..ပြီးပြီ
အိန်ဂျယ်ပြောသလိုပဲ ဟီး မိတ်ကပ်များလိမ်းလိုက်ရင်း
တရုတ်ကားတွေထဲကသရဲတွေနဲ့တော်တော်တူတာ :D
ချစ်စရာလေး ကန်ဒီ။ နည်းလေးတွေမှတ်သားသွားတယ်။
ဘရပ်ရှ်ကို ဘယ်က၀ယ်လဲညီမ
တော်တော် စိတ်ရှည်ရှည်နဲ့ ရေးနိုင်တယ်။
အမလည်း အဲဒီကွန်စီလာ ၀ယ်သုံးကြည့်ဦးမယ်။
ကန်ဒီမျက်လုံးတွေက လှပြီးသားဘဲ။
တစ်ခုပြောမယ်။ ကန်ဒီ မျက်ရစ်တဘက်က အောက်ကျနေတယ်။ အမလည်း အဲလို တဘက်တည်းကွက်ဖြစ်နေလို့ ဆီဖိုရာ က caudalie မျက်ရစ်လူးဆေးကို သုံးကြည့်တာ မဆိုးဘူး။ ကန်ဒီက ငယ်သေးလို့ သိပ်မသိသာဘူး။ အမတို့က အသက်ကြီးလို့ အကျပိုမြန်တယ်လေ။
သေသေချာချာတော့ဖတ်ခဲ့တာပဲ
တခါမှတော့မိတ်ကပ်မလိမ်းဖူးပါဘူးညလေးရေ
ကန်ဒီလေးက လေ့လာမှုအားအတော်ကောင်းတာပဲ
ဖတ်သွားမှတ်သွားပါတယ်ဗျာ...
ကိုယ်နဲ့မဆိုင်လှဘူးဆိုပေသိ
မိန်းမ ရခါကြရင် ချိုချဉ် ပြောတဲ့အတိုင်းအလှပြင်လို့ ပြောလို့ရတာပေါ့း)။
မိန်းကလေးတွေ အလှပြင်တာ သဘာဝဆိုပေမယ့် တီတင့်တော့ တက္ကသိုလ်တက်စဉ်ထဲက အလှပြင်ရမှာဝါသနာ မပါခဲ့ဘူးကွယ်။ မဖြစ်မနေ မင်္ဂလာပွဲတက်တဲ့အခါတော့ တာဝန်အရပေါ့။
သကြားလုံးလေးပြင်ထားတာ ချစ်စရာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Anonymous နဲ့ ကွန်မန့်ပေးသွားတဲ့ မမရေ.. ဆရာလုပ်တယ်လို့ မထင်ပါဘူး.. ခုလို ပြောပြတာပဲ ကျေးဇူးတင်နေတာပါ.. မှတ်သားစရာ တစ်ခုတိုးသွားတာပေါ့... ကန်ဒီ့အနေနဲ့ ဒီဆိုဒ်မှာ ကန်ဒီသိသလောက် အကုန်ရှယ်ပါတယ်.. မမလို ကိုယ်သိတာလေး ပြန်ပြောပြပေးတဲ့ စာဖတ်သူတွေကိုလည်း အမြဲ ကြိုဆိုလျက်ပါ :D :D :D
မျက်လုံးလေးချယ်တာကြိုက်တယ် ..ချိုချဉ်ကမျက်လုံးလှတာကိုးးး...။
ကန်ဒီရေ...
လာအားပေးသွားတယ်နော်... အမြဲတမ်းဖတ်ပေမယ်... တခါတလေကွန့်မန့်ပေးဖို့အဆင်မပြေလို့ပါ... မျက်လုံးအတွက် ပိုစ့်ကိုလည်းမျှော်လင့်နေပါတယ်...
မီမီ
ကန်ဒီရေ...
လာအားပေးသွားတယ်နော်... အမြဲတမ်းဖတ်ပေမယ်... တခါတလေကွန့်မန့်ပေးဖို့အဆင်မပြေလို့ပါ... မျက်လုံးအတွက် ပိုစ့်ကိုလည်းမျှော်လင့်နေပါတယ်...
မီမီ
ကန်ဒီရေ...
လာအားပေးသွားတယ်နော်... အမြဲတမ်းဖတ်ပေမယ်... တခါတလေကွန့်မန့်ပေးဖို့အဆင်မပြေလို့ပါ... မျက်လုံးအတွက် ပိုစ့်ကိုလည်းမျှော်လင့်နေပါတယ်...
မီမီ
တချို့ကွန်မန့်တွေက Spam ဖြစ်နေလို့ ခုမှ တွေ့တယ်။
Anonymous နဲ့ပေးသွားတဲ့ အစ်မရေ..
အဲ့ဒီ ဘရှတ်တွေက စင်္ကာပူမှာဆို Watson မှာရှိတယ် မမ.. အဲ့ဒီကွန်ဆီလာ ကောင်းတယ်.. ဟုတ်တယ် မမရေ.. ညီမ မျက်လုံးနှစ်ဖက်က မညီဘူး... မျက်ရစ်တဖက်က ကျနေတယ်.. အဟင့် :(
ညီမအသက်ကြီးရင် ပိုသိသာမှာ.. အဲ့ခါကျရင် အစ်မပြောသလို Try ကြည့်ရမယ်.. ကျေးဇူးတင်ပါတယ် :D
အရမ်းချစ်ဖို့ ကောင်း၏..း)
အေးနော်..သကြားလုံးလေး
မိတ်ကပ်တွေလိမ်းနေနော်..
တော်ကြာ ကြော်ငြာလာလိမ့်မယ်..
ကြောက်ဖူးလား..
:P :D
ကျနော်ကတော့ မိန်းခလေးတွေမိတ်ကပ်လိမ်းပြီးအလှပြင်ထားရင် ဘယ်လိုမှကို ခံစားကြည့်လို့မရဘူး..သူတို့မျတ်နှာလေးတွေရှင်းသန့်နေရင်တော့ကြည့်ရတာအေးချမ်းတယ်
အမရေညီမကအခုမှbbcreamစသုံးမှာဆိုတော့ဘယ်တံဆိပ်ရွေးရမလဲမသိဘူးဖြစ်နေတယ်။အမcandyကောဘယ်တံဆိပ်သုံးလဲ။ညီမကlorealဘဲသုံးဖူးတော့ဘာသုံးရမှန်းမသိဘူး။ဈေးနှုန်းတွေပါတစ်ခါတည်းဖော်ပြပေးနော်မမcandyအဆင်ပြေရင်မှာသုံးလို့ရအောင်လို့ပါ။
အစ်မသုံးတာ Skin 79 Gold BB cream ပါ။ ပုံမှာ ပြထားတယ်လေ။ ဈေးက S$35-37 လောက်ရှိတယ် ညီမ.. အစ်မလည်း အဲ့တခုပဲ သုံးဖူးတော့ ဘယ်တံဆိပ်က ပိုကောင်းပါတယ်ဆိုပြီး မပြောပြတတ်ဘူး။ အခုသုံးနေတဲ့ အဲ့ဒီBBcream လေးတော့ အစ်မကြိုက်တယ် :D
ကျေးဇူးဘဲနော်မမ
ညီမလေးCandy ရေ အစ်မသိချင်တာလေးတခုလောက်မေးချင်လို့ ပါနော်။ မိတ်ကပ်အရည်လိမ်းပြီးသွားရင် အပေါ်က ပေါင်ဒါကိုထပ်လိမ်းပေးရတယ်ဆိုတော့ ညီမလေးက မျက်နှာပေါ်လိမ်းတဲ့ ပေါင်ဒါကို ဘာအမျိုးအစားသုံးတယ်ဆိုတာကို အစ်မသိချင်လို့ ပါ။ အစ်မ မျက်နှာက အဆီပြန်တတ်တဲ့အသားအရေမျိုးဖြစ်နေလို့ ပါ။
ညီမသုံးတာက Revlon ColorStay Pressed Powder (light/medium) ပါ(အပေါ်မှာ ပြထားတဲ့ပုံထဲကဗူးလေး)။ အဆီပြန်တတ်တဲ့အသားအရည်ဆို မိတ်ကပ်လိမ်းပြီး ပေါင်ဒါပြန်တို့တာ ပိုကောင်းတယ်အစ်မ။ Loose Powder လည်း သုံးလို့ရတယ်။ အမအဆင်ပြေတာသုံးပေါ့။
တခုရှိတာက 2 ways တွေတော့ မသုံးစေချင်ဘူး။ တချို့ Pressed Powder တွေက 2 ways တွေလေ.. သဘောက အောက်ကဘာမှမခံဘဲ Foundation အနေနဲ့လည်း သုံးလို့ရတယ်။ ပေါင်ဒါအနေနဲ့လည်း သုံးလို့ရတယ်။ အဲ့ဒါမျိုးတွေက Coverage ပိုကောင်းတော့ မိတ်ကပ်အရည်လိမ်းထားတဲ့မျက်နှာပေါ် ပေါင်ဒါအနေနဲ့ပြန်သုံးရင် ထူထူကြီးနဲ့ ကြည့်မကောင်းတတ်ဘူး။ ၀ယ်မယ်ဆို ပေါင်ဒါလို့သေချာရေးထားတဲ့ဟာမျိုး (Loose or Pressed)ပဲ ရွေးဝယ်နော် ^_^
အမေးတာလေတွေကိုသေသေချာချာအချိန်ပေးရှင်းပြပေးတဲ့ ညီမလေးCandy ကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ :):)
အစ်မ ညီမက တစ်ခါမှမိတ်ကပ်မလိမ်းဖူးဘူး။ညီမ မိတ်ကပ်ပစ္စည်းတွေလည်းသိမ့်မသိဘူး concealer ကဘာလဲဟင် ပြီးတော့ဘယ်လိုသုံးရတာလဲ
ညီမလေးရေ.. Concealer ဆိုတာ မျက်နှာမှာရှိတတ်တဲ့ အမာရွတ်တွေ၊ အသားအရောင်မညီတာတွေ၊ မျက်ကွင်းညိုတာတွေကို ဖုံးအုပ်ပေးတဲ့မိတ်ကပ်ပစ္စည်းတစ်မျိုးပါ။ သူက ဖောင်ဒေးရှင်းလို မျက်နှာတစ်ခုလုံးကို လိမ်းစရာမလိုဘူး။ ကိုယ်ဖုံးအုပ်ချင်တဲ့နေရာကိုပဲ လိမ်းရတာပေါ့... Concealer အကြောင်း အပြည့်အ၀သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးမှာ သွားဖတ်လိုက်ပါနော်...
http://www.candykhine.com/2012/09/all-about-concealers.html
အဲ့မှာ အစ်မ Concealer အကြောင်း အကျယ်ချဲ့ပြီး ရှင်းပြထားပါတယ် ^_^
Thanks
အရမ်းကောင်းတယ်
Post a Comment