Green Tea, Black Tea, White Tea အစရှိသဖြင့် Tea အမျိုးအစားများစွာ ရှိပါတယ်။ သူတို့တွေကို Camellia sinensis လို့ခေါ်တဲ့အပင်တမျိုးက ရရှိပြီး Process လုပ်ပုံကွဲပြားမှုအလိုက် အမျိုးအစား ခွဲခြားထားပါတယ်။ ဥပမာ အပင်က ခူးပြီးပြီးချင်း ချက်ချင်း Preserve လုပ်ထားတာကို Green Tea လို့ခေါ်ပြီး နည်းနည်းကြာကြာထားပြီးမှ ရတဲ့အရွက်တွေနဲ့ Black Tea ပြုလုပ်ပါတယ်။ နောက်တနည်းပြောရမယ်ဆို Green Tea ကို Streamed Tea Leave နဲ့ပြုလုပ်ထားပြီး Black Tea ကိုတော့ Fermentated Tea Leave နဲ့ ပြုလုပ်ပါတယ်။ ရှုပ်သွားပြီထင်တယ်။ Streamed ဆိုတာ ရေနွေးငွေ့ရိုက်တဲ့သဘောပဲလေ။ သူ့မှာပါဝင်တဲ့အာနိသင်တွေ မပျက်စီးစေဘူးပေါ့။ Fermentated ဆိုတာကျတော့ ဒိန်ချဉ်တွေအချဉ်ဖောက်သလို ကြာကြာထားတဲ့သဘောကို ပြောတာ။ ဒီနေ့ Green Tea အကြောင်းပဲ အဓိက ပြောမယ်နော်....
တခြား Tea အမျိုးအစားတွေနဲ့ ယှဉ်မယ်ဆို Green Tea က Antioxidant (Polyphenol) ပါဝင်မှုအများဆုံးလေ။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို သူက ခူးခူးပြီးချင်း အာနိသင်တော်တော်များများ မဆုံးရှုံးခင် Preserve လုပ်ထားတဲ့အရွက်တွေနဲ့ ပြုလုပ်လို့ပါ။
အကျိုးအာနိသင်များ
► Green Tea မှာ Antioxidant Polyphenol ပါဝင်လို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ တနည်းအားဖြင့် အရွယ်တင်နုပျိုစေတယ်ပေါ့။ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်မှုစွမ်းအားကိုလည်း မြင့်မားစေပါတယ်။
► တနေ့ကို Green Tea ခွက်တ၀က်ပဲ သောက်တဲ့လူတွေမှာတောင် သွေးတိုးတဲ့လက္ခဏာတွေ လျော့နည်းစေတာ တွေ့ရပါတယ်။ အကြောင်းကတော့ သွေးကြောတွေကို ကျဉ်းစေပြီး သွေးတိုးခြင်းကို အားပေးတဲ့ Angiotensin Converting Enzyme (ACE) ကို တားဆီးပေးလို့ပါ။ အခုဈေးကွက်မှာ အသုံးများနေတဲ့ သွေးတိုးချဆေးတွေကလည်း ACEကို တားပေးတဲ့ဆေးတွေပါပဲ။ ACE Inhibitors လို့ ခေါ်ပါတယ်။
► ပါဝင်ပစ္စည်းတမျိုးဖြစ်တဲ့ EGCG ဟာ ခန္ဓာကိုယ်တွင်း ကယ်လိုရီအသုံးပြုမှုကို အားပေးတဲ့အတွက် အ၀လွန်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
► Green Tea ဟာ Cholesterolကို ကျစေပြီး သူ့မှာပါဝင်တဲ့ Polyphenolဟာ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ပါးစေတဲ့အတွက် သွေးချို ဆီးချိုဝေဒနာရှင်တွေအတွက် သင့်တော်ပါတယ်။
► Green Tea မှာ Anitoxidant Catechin များစွာပါဝင်ပါတယ်။ Catechin တမျိုးဖြစ်တဲ့ Epigall ocatechin gallate (EGCG) ဟာ ကင်ဆာဆဲလ်တွေ ပွားများနိုင်ဖို့လိုအပ်တဲ့ Enzyme တမျိုးကို တားဆီးပေးကြောင်း လေ့လာချက်တွေအရ သိရပါတယ်။ အဲ့တော့ ကင်ဆာဝေဒနာရှင်တွေအတွက် အထူးသင့်လျော်တာပေါ့။ လက်ရှိကင်ဆာအတွက်အသုံးပြုနေတဲ့ ဆေးအများစုဟာ မလိုချင်တဲ့ ကင်ဆာဆဲလ်တွေအပြင် ပုံမှန်ဆဲလ်တွေကိုပါ တိုက်ခိုက်တတ်လို့ ကင်ဆာလူမမာအများစုဟာ ဘေးထွက်ဆိုးကျိုးများစွာကို ခံစားနေရတာပါ။ Green Tea မှာပါဝင်တဲ့ EGCG ဟာ ကင်ဆာဆဲလ်ကိုပဲထိခိုက်စေပြီး ပုံမှန်ဆဲလ်တွေအပေါ် အာနိသင်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းလဲနော်။ ဒါပေမယ့် ဆေးအဖြစ်သုံးဖို့ဆိုရင်တော့ စမ်းသပ်မှုတွေအများကြီး ထပ်လုပ်ဖို့ လိုသေးတာပေါ့။
► Green Tea မှာ အရောင်ကျစေတဲ့အစွမ်းရှိတဲ့အပြင် ဟော်မုန်းဓာတ်ကိုလည်း ထိန်းညှိပေးလို့ ၀က်ခြံတွေကို သက်သာစေပါတယ်။
► ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့လည်း ဆိုပါတယ်။ ဒါကတော့ လူတိုင်းတွေးကြည့်ရင် သိပါတယ်။ အိမ်သာခဏခဏသွားရတာပဲ ကြည့်လေ :D
အားလုံးကတော့ "သူ့အာနိသင်တွေက များလှချည်လား.. ဟုတ်ရော ဟုတ်ရဲ့လား.." ဆိုပြီး တွေးနေမှာပဲ။ ကန်ဒီကိုယ်တိုင်လည်း စာတွေဖတ်ပြီး အဲ့လိုတွေးမိပါတယ်။ "Green Tea သည် အကုန်လုံးအတွက်ကောင်းပါသည်" ဆိုပြီး ရေးလိုက်ရင်တောင် ပိုမြန်မယ်ထင်တယ်နော်(:P)။ ကန်ဒီ့အမြင်ကတော့လေ အပေါ်မှာ ပြောထားတဲ့အချက်တွေက လေ့လာချက် Research တခုစီကနေရတဲ့အချက်တွေလို့ ထင်တယ်။ အဲ့တော့ ယေဘူယျအားဖြင့် ကောင်းတယ်လို့ပဲ မှတ်လိုက်ပေါ့နော်။ Green Tea သောက်တာနဲ့ ဆီးချို သွေးတိုး ကင်ဆာရောဂါတွေ ***ဟတ်ချလောင်း!!*** ဆိုပြီး ပျောက်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ အဲ့လိုပြောနိုင်ဖို့ဆို Research အများကြီးလုပ်ဖို့ လိုအပ်နေပါသေးတယ်။
ဒီပိုစ့်လေးရေးပေးဖို့ပြောထားတဲ့ အစ်မ/ညီမလည်း ကျေနပ်မယ်ထင်ပါတယ်နော်။ ကြာသွားလို့ မေ့တောင်သွားပြီလား :P :P
OK ကန်ဒီလည်း ရေနွေးတခွက်လောက်သွားယူလိုက်ဦးမယ်^^

21 comments:
ကဲ..စောစောစီးစီးလာသောက်ပြီ..တခွက်..
Gree Tea ကတော့ ကျနော်လက်စွဲဖြစ်နေလို့
ပို့စ်လေးကို ပီေးအာင်ဖတ်သွားတယ်ဝေး
မနေ့ကပဲ ရွှေဗျူးတီးမှာ ဖတ်လိုက်ရတယ်။ :)
အင်း.... တရုတ်မှာတော့ ဂရင်းတီးဆိုရင် အစိမ်းရောင်ဆိုးဆေးထည့်လို့၊ Red Tea ဆိုရင် အညိုရောင်ဆိုးဆေးထည့်လိုက်.. လွယ်လွယ်လေးရယ်.. လက်ဖက်ခြောက် အာနိသင်ထက် အဲ့ဒီ ဆိုးဆေးအာနိသင်တွေကို ပိုကြောက်မိသေးတယ်.... :P
Green Tea တော့အမြဲသောက်ဖြစ်တယ်..။ ဂျာမနီမှာတော့ အတော်များများက သကြားထည့်သောက်တတ်ကြတယ်.။ အဲဒါက သူ့အရသာကိုနည်းနည်းပျက်သွားစေသလိုပဲ..။ စနိုးတို့ကကျတော့ မြန်မာပြည်တုန်းက ရေနွေးကြမ်းခါးခါးသောက်နေကျဆိုတော့ ခါးတယ်လို့မထင်ပေမယ့်.. ဒီကလူတွေက ဒီအတိုင်းကိုခါးလို့တဲ့ဆိုပြီး သကြားတွေထည့်သောက်ကြတာ
Black Tea ကိုပိုကြိုက်တယ်ဗျို့
သောက်အုံးမှပဲ့ အိကုလေသံဖြင့်ပြောသည်။
သောက်အုံးမှပဲ့ အိကုလေသံဖြင့်ပြောသည်။
ကြိုက်ပြီးသား ကန်ဒီလေးရေ
လာရောက်သောက်သွားတယ်နော်
green tea လာသောက်သွားတယ်နော်
ပါဆယ်ပါဆွဲသွားတယ်..ဟဲဟဲ
ခုပဲ..ရေနေးကြ်းသွားသောက်တော့မယ်...:P
ဟုတ်မယ် သကြားလုံးရဲ့...
ဈေးကွက်ထဲမှာလည်း green tea က တခြား tea ထက် ပိုရောင်းရတယ်။
အခုသောက် အခုပျောက်တော့ ဘယ်ဟုတ်မလဲ ပုံမှန်သောက်သုံးခြင်းဖြင့် ကိုသာ ဆိုလိုတာပါ။
ပိစိရဲ့ Yellow Tea လေးက သောက်ချင်စရာလေးနော်။း)
တဂျင်းမီးလဲ ဂရင်းတီးဆို ကြိုက်မှကြိုက်။
တော်လိုက်တာ။ ရှာကြံတင်ပြထားတာလေး။ အသက်ကြီးလာရင် လူကြီးဖြစ်လာမှာ သေချာတယ်။
Green Tea အကြောင်းလေး
ပြည့်ပြည့်စုံစုံလေး တင်ပြပေးလို့
ကျေးဇူးပါသကြားလုံးလေးရေ..
အမ မကြိုက်လို့ဘာမှမသောက်တာ
အခုသောက်ကြည့်မယ် နုလာအောင်လို့လေ :D
လေ့လာမှတ်သားသွားပါတယ်...
ွGreen Tea ကြိုက်သူက Green Tea အကြောင်းဖတ်ပြီး Green Tea ပဲ သောက်တော့မယ်လို့  ကြုံးဝါးသွားပါတယ် ခင်ညာ...
လောလောဆယ်တော့ ဘီဘီပဲကြိတ်နေတယ်ကွယ်.....။
ဂရင်းတီးကတော့ ၄၀ကျော်မှ အိမ်ဦးခန်းမှာမိန့်မိန့်ကြီး
ထိုင်သောက်တော့မယ်......:)))
သောက်လေ့သောက်ထမရှိဝူး အိပ်မပျော်တဲ့ရောဂါရှိလို့
ပြန်စမ်းသောက်ကြည့်အုံးမှပဲ :)
ဂရင်းတီးဆိုတာ မြတ် မိုးလင်းကနေ မိုးချုပ် တလစပ် သောက်နေတဲ့အရာ။ ရေရယ် သူရယ် တစ်လှည့်စီပဲ လှည့်သောက်ဖြစ်တယ်။ အရမ်းလည်း ကြိုက်တယ်။း))
ခင်လျက်
မြတ်
Gree Tea ကတော့ ကျနော်
အကြိုက် :)
Post a Comment