လွန်ခဲ့တဲ့ ၂ပတ်လောက်က...
Facebook Notification တစ်ခုတက်လာလို့ ဖတ်လိုက်တော့ OMG!! ထင်မှတ်မထားတဲ့သတင်းတစ်ခု။ ဇွန်လ ၁၆ရက်နေ့မှာ ကျင်းပမယ့် သူငယ်ချင်းနှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေး။ ဒီလောက်မြန်မြန်လက်ထပ်ဖြစ်မယ် မထင်ထားတော့ အံ့သြသွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်အတွက်လည်း အရမ်းပျော်မိတယ်။
သူတို့နှစ်ယောက်ပုံတောင် ကန်ဒီ့ဘလော့မှာ တခါတင်ဖူးသေးတယ်။ သူတို့ခွင့်ပြုလို့လေ။ ကန်ဒီမမှားဘူးဆို သူတို့စတွေ့တာ မနှစ်က ကန်ဒီ့မွေးနေ့မှာပေါ့။ သူငယ်ချင်းတွေကို အိမ်မှာဆူရှီလုပ်ကျွေးတော့ တဖက်စီက သူငယ်ချင်းတွေဆုံကြတယ်လေ။ ကိုပြည့်ဖြိုးက ကန်ဒီ့ထက်ကြီးပြီး မေချိုက တနှစ်ငယ်တယ်။ အဲ့လို သူငယ်ချင်းမင်္ဂလာဆောင်ဖိတ်တာမျိုး တခါမှမကြုံဖူးသေးတော့ ပျော်လည်းပျော် တဆက်တည်း တွေးမိတာက ကန်ဒီ့အရွယ်က "မင်္ဂလာဆောင်ရမယ့်အရွယ်ရောက်နေပြီလား.." ဆိုပြီး (:P :P)။ အစ်မတယောက်က "ကန်ဒီ့အလှည့် ဘယ်တော့လဲ.."တဲ့ (ဟီးဟီး)။ Noooo ပါ.. ကန်ဒီက လွတ်လွတ်လပ်လပ်နေချင်သေးတယ် :D
အဲ့နေ့ကပုံတွေ ဖေ့ဘွတ်မှာတင်တော့ အမေက ကန်ဒီတို့ပုံတွေမြင်ပြီး ကန်ဒီ့ကို ၀ လာတယ်တဲ့။ အမှန်က ဒီရက်ပိုင်း နေမကောင်း ၀မ်းလျှောနဲ့ ပိန်သွားတာ ဟိ
သတို့သမီးက သူကိုင်တဲ့ပန်းကို ဓာတ်ပုံရိုက်ဖို့ ပေးထားတာ :P
ဒါ သူတို့ပေးတာ။ အဲ့ဒါကို ဘယ်လိုခေါ်လဲ? မင်္ဂလာဆောင်တွေမှာ လာတဲ့သူအားလုံးကို ပေးတဲ့ဟာလေ..
နေရာက East Coast Goldkish Restaurant.. အဲ့မီးခွက်လေးတွေ နှင်းဆီပွင့်ဖတ်လေးတွေက မေချိုကိုယ်တိုင် လုပ်ထားတာတွေ။ Restaurant က လုပ်တဲ့ ဒီဇိုင်းမဟုတ်ဘူး။ အရမ်းသဘောကျတယ်။
မေချို့တူလေး.. တနှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အရမ်းချစ်ဖို့ကောင်းတယ်။ သူနဲ့ ဓာတ်ပုံရိုက်ချင်တာ ငြိမ်ငြိမ်မနေတော့ ၀ါးသွားတယ်။ ကန်ဒီ ကလေးချစ်တတ်တယ်။ ဒါပေမယ့် ကလေးချစ်အောင် မပြောတတ်ဘူး။ ဘယ်လိုပြောမလဲ... ကလေးသဘောကျအောင် မလုပ်ပြတတ်ဘူး။ တကယ်တော့ လူကြီးချစ်အောင်လည်း မပြော/မလုပ်တတ်ပါဘူး(>.<)။ ကန်ဒီ့မှာ ခုထိ တူတွေ တူမတွေ မရှိသေးဘူး။ အရမ်းလိုချင်တယ်။ အိမ်ထောင်ကျသွားတဲ့အစ်ကိုတယောက်ကလည်း ခုထိ ကလေးမရသေးဘူး >.<
သူ့ကိုတော့ တွေ့ဖူးမယ်ထင်ပါတယ်။ ကန်ဒီ့ဘလော့မှာရော ဗွီဒီယိုတချို့မှာပါ ပါဖူးတယ်။ ဟင်းချက်ကောင်း ဂစ်တာတီးကောင်းပြီး အရမ်းခင်ရတဲ့ အစ်ကိုတယောက်ပါ။ သူ့မကောင်းကြောင်းတော့ ဒီမှာရေးလို့မဖြစ်ဘူး။ သူက ခုတောင် ဖတ်ရင် ဖတ်နေမှာ.. ဟဟဟ (နောက်တာနော် :P)
မင်္ဂလာလက်ဖွဲ့ကတော့ သူငယ်ချင်းတွေပေါင်းပြီး နာရီဆင်တူလေး ပေးလိုက်တယ် (ဓာတ်ပုံမရိုက်လိုက်ရဘူး)။ သူတို့အတွက် ကန်ဒီသီးသန့်လုပ်ပေးတဲ့ လက်ဆောင်ကတော့ ဒါလေးပါ...
အံ့သြသွားအောင် ဟိုနေ့ကပဲ သူတို့ဖေ့ဘွတ်မှာ တင်ပေးလိုက်တယ်။ ကန်ဒီ့ Channel မှာတင်ဖို့ မေချို့ကို ခွင့်တောင်းတော့ သူကခွင့်ပြုတယ်လေ။ အဲ့ဒါနဲ့ YouTube မှာလည်း တင်ဖြစ်သွားတယ် :D
ကန်ဒီ့လက်ဆောင်လေး သူတို့နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်^^
ဒီပိုစ့်လေးက သူတို့နှစ်ယောက်ရဲ့အပျော်တွေ မျှဝေတာဆိုလည်း မမှားဘူးပေါ့ :D
Good Night..
25 comments:
GREAT JOB !!!!!!!!!!!!
ဒီဗွီဒီယို ကလစ်ကိုအကြိုက်ဆုံးပဲ
**နှစ်ကိုယ်တူချစ်သမျှ
အလိုတူပေါင်းသင်းကြသမို့ 
အောင်စည်အောင်မောင်းတီးလို့ 
ကောင်းချီးပေးလိုက်မယ်
အသက်ထက်ဆုံး
အိုအောင်မင်းအောင်
ပေါင်းသင်းနိုင်ပါစေ။**
^_^
မစွံတဲ့သူတွေ ပိစိ မွေးနေ့ပွဲကို တက်ရောက်ကြကုန်လော့။
ဤနှစ်၌ မွေးနေ့ပွဲတက်ရောက်အံ့၊ လာမည့်နှစ် ဒွယံဒွယံ ဖြစ်ရလတ္တံ့တည်း။း)
အားလုံး ပြုံးပျော်ရွှင်နိုင်ကြပါစေ။
အပျော်တွေ ဝေမျှခံစားသွားပါတယ် ^^
ညီမအလှည့်စောင့်မျှော်နေပါတယ် :D
အားပေးသွားပါတယ်။း)ကန်ဒီ့ပွဲလေးကိုကြည့်ချင်လှပြီ။
း)
အိုင်အိုရာ
ပျော်ရွှင်သော ဘ၀လေးကို
ပိုင်ဆိုင်နိုင်ပါစေ....
အင်း-----အဲလိုလေးပဲမေးခဲ့ချင်မိတယ်
ကန်ဒီကဘယ်တော့လဲ
အစ်မ အဲ့လိုတွေရှောက်ရှောက်မတင်နဲ့ . အပျိုဂျီးတွေငိုလိမ့်မယ်...(မြင်နေပီနော်.ဒီကွန်မန့်ကြီးကိုကြည့်ပြီးနှုတ်ခမ်းကြီးကိုက်နေတာ..ကိုယ့်ကိုယ်ကို သိတယ် ဟိဟိ..)
ကြည်နူးစရာကောင်းပါတယ်...အစ်မကန်ဒီကော
ဘယ်တော့လဲ..မကြာမီလာမည်လား...
စတာနော်
ကဲမင်းသမီးအလှည့်ကရေား))
ဒီနှစ်မွေးနေ့ကျရင် အိကုကို ဖိတ်ပါ.. မလာလည်း သွားခေါ်ပါ....
ဟိုလူကြီးက ဦးကျောက်ပိဆိုတာကြီးမလား.. :D ဒယ်အိုးခေါက်နေတာ တခါတွေ့တယ်..။
ကန်ဒီ ၀ လာတယ်ဆိုတာ ဟုတ်တယ်ဗျ
ကဲ ကန်ဒီတို့ ကိုဘယ်တော့ လဲ ဟဲဟဲ
မင်္ဂလာသတင်းကိုတော့ blog မှာပဲ စောင့်ကြည့်တော့မယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ငါ့ညီမပွဲလေးလဲမျှော်နေပါ့မယ်
U Kyauk Pi :P
အိမ်း...ကိုယ်တွေနဲ့သိပ်မပက်သက်သမို့ သေချာမဖတ်တော့ဘူးကွယ်....၊ဗီဒိုလေးကတော့မိုက်တယ်....
ဟုတ်တယ် ကိုညိမ်းနိုင် တို့နဲ့ဆိုင်းဘူး)..
အဲသည်လို သူငယ်ချင်းတွေ ဆုံရတဲ့ပွဲမှာ သူကြီးမင်းတို့ ကိုညိမ်းနိုင်တို့ကို ဖိတ်ပါ သူတို့ခမျာ သနားပါတယ် ဘေးကမှမချွန်ရင် စွန်မည့်သူတွေမဟုတ်ဘူးရယ်း)။
ထိုသတို့သား သတို့သမီး တို့သည်လည်း
ယနေ့မှစ၍ သားသမီးပေါင်း တစ်သောင်းခြောက်ထောင် နှင့် အိုအောင်မင်းအောင်ပေါင်းရပါစေဗျာ။
အထူးသဖြင့်ပြောလိုသည်မှာ လူပျိုကြီး အပျိုကြီးများအား ကမ္ဘာ့လူဦးရေ တိုးပွားရေးကို အကြီးအကျယ် နှောက်ယှက်မှု့နဲ့ တရားစွဲဖို့ ပြင်နေပါတယ်....။
ပုံ
ဦးကြံသကာ
ဒါ သူတို့ပေးတာ။ အဲ့ဒါကို ဘယ်လိုခေါ်လဲ? မင်္ဂလာဆောင်တွေမှာ လာတဲ့သူ အားလုံးကို ပေးတဲ့ဟာလေ.. ==> door gift :)
အဲ့လိုခေါ်တာလား.. ဟီးဟီး... ကျေးဇူး :D
Idea လေးအရမ်းကောင်းတယ် Candy ရေ။ သတို့သားနဲ့ သတိုးသမီးတို့ ချစ်ချစ်ခင်ခင်နဲ့ သေတပန်သက်တဆုံး ပေါင်းသင်းနိုင်ပါစေခင်ဗျာ။ :)
မမကန်ဒီ မင်္ဂလာဆောင်ရင် ဖိတ်လိုက်နော် စင်္ကာပူထိ တကူးတက လာခဲ့မယ်လေ :)
ဘယ်တော့စားရမှာလဲဝေ့
စိတ်ညစ်တယ် ငါ့မှာဆောင်စရာလူမရှိတော့ဘူးဟ..အဲ့ကြောင့်ငြိမ်သွားတာပါဟာ
ပျော်စရာကြီး...း)
အာဝါဟ၊ ၀ိဝါဟ ပွဲတွေသွားပါများရင် ဓာတ်သက်သွားရာ ပညတ်ပါတတ်သတဲ့... ဘယ်တော့လဲဗျို့.. ဖိတ်စာဝေနော့..
သတိုးသမီး သတိုးသားလေးတို့အတွက် ဆုတောင်းမေတ္တာပို့သပါတယ်ကွယ်။
သကြားလုံးလေးရဲ့ပွဲကိုလည်း ကြည့်ချင်ပါသေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment