ဟိုမနေ့တနေ့ကမှ မင်္ဂလာဆောင်သွားတဲ့ သူငယ်ချင်းနှစ်ယောက်က အပျော်တွေလွန်ပြီး Picnic သဘောမျိုး တနေရာရာသွားမယ်ဆိုတာနဲ့ သူငယ်ချင်းတွေအားလုံးနဲ့အတူ တနင်္ဂနွေနေ့က St. John's Island ဆိုတဲ့ ကျွန်းလေးဆီ ရောက်သွားတယ်။ Marina Bay ကနေ သင်္ဘောခဏလေးစီးသွားတာနဲ့ ရောက်တယ်လေ။ လက်မှတ်ခက တယောက်ကို SGD 15။ နောက်ကျွန်းတခုလည်း ရှိသေးတယ်။ ဒါပေမယ့် အားလုံးက လျှောက်သွားဖို့ထက် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် မုန့်စား ဂစ်တာတီးနဲ့ နားနားနေနေ နေဖို့ပဲဆိုတော့ နောက်ကျွန်းကို မသွားလိုက်တော့ဘူး။
အဖွဲ့လိုက်ပုံလေးတော့ တင်သင့်တယ် ထင်တယ်နော်။ ကန်ဒီ့ပုံကြီးပဲ ကြည့်နေရရင် ပျင်းစရာကြီး :D
သူတို့ပုံတွေလည်း အများကြီး မတင်ရဲဘူး.. အပြောခံရမှာ စိုးလို့ ဟိဟိဟိ xD
စင်္ကာပူ မြို့ပြကို ကျောခိုင်းလို့ သင်္ဘောပေါ်မှာ...
သင်္ဘောပေါ်တက်တက်ချင်းပဲ အိတ်ထဲထည့်လာတဲ့ Sun screen ဗူးကြီးက အဖုံးပွင့်ပြီးဖိတ်လို့ တော်တော်လုပ်ယူလိုက်ရတယ်။ အိတ်ထဲဖိတ်တဲ့ Sun screen တွေကို ကိုယ့်ဟာကိုယ်လည်း လူးရင်း သူငယ်ချင်းတွေကို အတင်းလိုက်လူးပေးရတယ် xD
ရောက်သွားပြီ...
နေတော်တော်ပူလို့ ဘယ်သူမှ အဲ့မှာ သွားမရိုက်ဘူး။ ကန်ဒီတယောက်တည်း အပူခံရိုက်တာ :D :P
ပူပူနွေးနွေး သူငယ်ချင်းလင်မယားက အားလုံးစားဖို့ ကြာဆံကြော်နဲ့ ခေါက်ဆွဲကြော် ကြော်လာတယ်။ ကန်ဒီတို့က အအေးဗူးတွေ ၀ယ်တယ်။ ဘီယာသောက်တတ်တဲ့သူက ဘီယာဗူးတွေဝယ်တယ်။ ဒီပုံက စားတဲ့နေရာကနေ ရိုက်ထားတာ။ အမိုးလေးမိုးထားတဲ့နေရာက သင်္ဘောပေါ်ကနေ စဆင်းတဲ့နေရာ :D
သတိထားမိလားတော့ မသိဘူး.. ကန်ဒီ ဆံပင်ညှပ်ထားတယ်။ အရင်လောက် မရှည်တော့ဘူး...
ကင်မရာနဲ့ ကိုယ့်ကိုကိုယ်ရိုက်တဲ့နေရာမှာ လုပ်နိုင်တဲ့ အမူအရာက အဓိကအားဖြင့် မျက်နှာပေါ်မှာပဲ ရှိတယ်။ တခါလာလည်း ဒီအပြုံး.. နောက်တခါလာလည်း ဒီအပြုံးပဲဆို ပျင်းစရာကြီးနော်။ ဒီ Concept ကို တချို့က နားမလည်ကြဘူး...
တောထဲမှာ အရိပ်ကောင်းတဲ့နေရာ တွေ့လိုတွေ့ငြား သွားရှာကြတာ.. အိုက်တာမှ အသက်ထွက်မတတ်ပဲ..
ဆံပင်တောင် စည်းထားရတဲ့ ဘ၀ =.='
ဆံပင်တောင် စည်းထားရတဲ့ ဘ၀ =.='
စိမ်းစိုနေတာပဲ.. အရမ်းမိုက်တယ်။ ဒါပေမယ့် ခင်းထိုင်ဖို့
အခင်းတွေ မေ့ကျန်ခဲ့လို့ ထိုင်ခုံရှိတဲ့နေရာပဲ ရှာရတယ် >.<
ဒီပန်းလေးကို ခုနကတောထဲကယူခဲ့တာ။ ထူးဆန်းတယ်နော်.. ကာတွန်းထဲက ပျားမျက်နှာလေးနဲ့တူတယ်။
မျက်လုံးလည်း ပါတယ်။ တခါမှ မတွေ့ဖူးဘူး..
ညနေစောင်းတော့ ရေကူးတတ်တဲ့လူတွေက ရေကူးကြတယ်။ ကန်ဒီက ရေမကူးတတ်ဘူး.. အဲ့တော့ အပေါ်မှာပဲ စားလိုက် သောက်လိုက် ဓာတ်ပုံရိုက်လိုက် သီချင်းဆိုလိုက်ပေါ့။ နောက်ဆုံးသင်္ဘောက ၅နာရီခွဲလောက်ဆို လာတယ်။ အဲ့သင်္ဘောနဲ့ပဲ စင်္ကာပူ တဖက်ကမ်းကို ပြန်ခဲ့တယ် ဆိုပါတော့....
ပုံပြင်လေးကတော့ ဒါပါပဲကွယ် :P :P
Good Night.
Have a Candy Dream ^_^



18 comments:
CANDY နိအိမ်မှာ Vampire ရှိပါ့လား...အိပ်မပျော်ရင်တော့ နိအိမ်ကို ခဲနဲ့လာထုမှာနော်....စတာပါ..နာ့တနယ်ချင်းက မျက်မှန်နဲ့ ဆိုတော့ ဇီးကွက်နဲ့တူတယ်နော်...(^*္ပ^)
ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ်...အဲဟုတ်ဘူး ချစ်စရာလေးလို့..:):)
ရေမကူးတတ်ဘူးတဲ့..ဟဟ..ဖြစ်ရမယ်.. ။ နာ့အစ်မက ..။ တားလည်းရေကူးတတ်ဘူး..။
ပျော်စရာကြီးကွယ်..
နေအပူခံပြီး ရိုက်ထားတဲ့ပုံလေးက လှတယ်။
ခင်တဲ့
မြတ်
ညီမလေးရေ ပုံတွေအားလုံးမိုက်တယ်။ပန်းပုံလေးကို သဘောကျတယ်
ကွမ်ရင်ကျွန်းတော့ဆက်မသွားခဲ့ဘူး စိန့်ကျွန်းကကြီးတယ်ကွမ်ရင်ကျွန်းက သေးတယ် .ဒါပေမယ့်ထူးဆန်းတာတွေရှိတယ် သကြားလုံးရဲ့
နောက်တစ်ခါရောက်အောင်သွား
ပျော်စရာကောင်းတဲ့ပုံလေးတွေ လာကြည့်သွားတယ် ကန်ဒီရေ :))
ကျွန်းက်ုကြားဖူးနေတယ် တခါမှလဲမရောက်ဖူးဘူးဟယ်
ရောက်မယ်မထင်တော့ပါဘူးလေ
ကန်ဒီတင်ပေးတဲ့ပုံလေးတွေကိုကြည့်ရတာပြည့်စုံနေပါပြီ
ပုံတွေအတွက်ကျေးကျေးနော်
ရေမကူတတ်တဲ့ဘဲမလေးပေါ့..ပျော်ချင်လိုက်တာဖွားလေးရာ
ပျော်ပျော်ကြီးပေါ့..သူငယ်ချင်းတွေနဲ့ ..အုပ်စုလိုက်
နာလိုဘူး ဟင့်..
အိမ်မက်လဲ ရေမကူးတက်ပါ..အတူတူပဲ..
အိမ်မက်စေရာ
ဓါတ်ပုံတွေလာကြည့်သွားတယ်အမ...
ပျော်စရာကြီးနော်..အဲလိုခရီးထွက်ရတာကိုသဘောကျတယ်..သူငယ်ချင်းတွေနဲ့လေ
အဲ့ကျွန်း၂ကျွန်းကိုသွားချင်တာကြာဘီ....၊နင့်အကို ကို
အဖော်စပ်ကြည့်အူးမယ်...အဖော်ကောင်းရင်တော့သွား
ဦးမယ်ကွယ်.....:))))
အရမ်းပျော်ခဲ့မှာပဲနော်
ရောက်ဖူးချင်လိုက်တာဗျာ
ပင်လယ်ကမ်းခြေတွေ ကျွန်းတွေ
အရမ်းရောက်ဖူးချင်တယ်
ပထမနှစ် စာသင်နှစ်ပြီးရင်တော့
သူငယ်ချင်းတွေနဲ့ တာဝေးခရီးထွက်ရင်
ကောင်းမလားလို့ . . .
အရမ်းချောတယ် အစ်မရေ
ဇီးကွက်မလေး ပိစိ။း)
မျက်မှန်အရှိန်ကြောင့်လားတော့ မသိဘူး။ အဝေးက လှမ်းပြီး ရိုက်ထားတဲ့ ပုံလေးတွေ လှတယ်။း))
ကန်ဒီက တော်တော်ချစ်ဖို့ကောင်းတယ်နော် ပုံတွေအကုန်လှတယ် သိလား...
ကူးကူးရေ.. ကျေးဇူး mwah :D
Post a Comment