Sunday, July 22, 2012

Birthday Party


မနေ့က ညီမလေးတယောက်ရဲ့ (၁၂)နှစ်ပြည့်မွေးနေ့ပွဲ သွားတယ်။ အားလုံးကတော့ ထင်မှာပဲ။ ကန်ဒီတယောက် ကလေးနဲ့လည်း ပေါင်းတာပဲလားလို့ ဟီးဟီး(:P)။ ကန်ဒီနဲ့သူ့အမေနဲ့ကခင်တော့ သူနဲ့ပါ တခါတည်းခင်သွားတာပေါ့။ တနည်းပြောရရင် သူ့အမေက ကန်ဒီ့ဘလော့ကို လာလည်နေကျ စာဖတ်သူပါ။ စစတွေ့ချင်းတုန်းက အဲ့အစ်မက ကန်ဒီ့ကိုမှတ်မိပြီး နှုတ်ဆက်တယ်။ ကန်ဒီ့ပိုစ့်တွေအကြောင်းလည်း ပြောပြတတ်တယ်။ ဒီဘလော့ဖတ်ဖူးရင် ကန်ဒီ့အကြောင်း တော်တော်များများက ပြောစရာမလိုဘဲ သိပြီးနေပြီလေ။ အဲ့ဒါတွေကြောင့် ပိုခင်သွားတာလည်း ပါမှာပေါ့ :D


ဟား ဟား ဟား.. ရုပ်က ရီရတယ်။ ကလေးကို ဘာလက်ဆောင်ပေးတယ် ထင်လဲ??? ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကန်ဒီလည်းကြိုက် ကလေးလည်းကြိုက်မယ် ထင်တာမျိုးလေးပေါ့။ ဘာလဲဆိုတော့......... ခုမပြောသေးဘူး ဟီးဟီး xD 


မွေးနေ့ရှင်လေးက သူ့စာအုပ်လေးထဲမှာ အမှတ်တရရေးပေးပါဆိုလို့ ရေးပေးထားတာ။ လက်ရေး သည်းခံပါ (:P)။ မွေးနေ့ရှင်ညီမလေးရဲ့ အပြုံးက အရမ်း Sweet ဖြစ်တယ် (မကြာမီ လာမည်.. မျှော် :P)။ သူတို့မိသားစုပုံစံလေးကို သဘောကျတယ်။ အရမ်းအေးချမ်းတယ်။ မိဘနဲ့သားသမီးကလည်း အရမ်းရင်းနှီးတယ်။ 


ကိတ်မုန့်လေးက Cinderella ပုံလေး။ ကန်ဒီ့ Childhood ကို ပြန်သတိရစေတယ်။ Disney Princess တွေထဲမှာ ကန်ဒီအကြိုက်ဆုံးက Cinderella... တခြား Princess တွေကို သူ့လောက်ချောတယ်လို့ကို မထင်တာ :P


ကန်ဒီပြောတာ မမှားပါဘူးနော်။ သူ့အပြုံးက ချိုတယ်ဟုတ်။ (၁၂)နှစ်သာဆိုတယ်.. အရပ်က ကန်ဒီ့လောက်ရှိတော့မယ်။ ဒါနဲ့ ကန်ဒီ့အရပ်ဘယ်လောက်ရှိလဲ သိလား??? တချို့က ကန်ဒီ့ကို အရပ်တော်တော်ရှည်တယ် ထင်ကြတယ်။ အမှန်က ၅ပေ ၂လက်မကျော်ကျော်ပဲ ရှိတာ(:D)။ ဒီပုံလေးတင်ဖို့ သူ့အမေကို ခွင့်တောင်းခဲ့သေးတယ်။ အစ်မက တင်ပါ။ ရပါတယ်တဲ့။ ဘယ်လောက် သဘောကောင်းလဲ ဟိ xD

အကုန် စားကောင်းသည်.. အများကြီး စားခဲ့သည် ^_^


ကန်ဒီ ကျောက်ကျောဆို မကြိုက်လို့ စားခဲတယ်။ အဲ့မွေးနေ့က အုန်းစိမ်းကျောက်ကျောက အရမ်းအရမ်းစားကောင်းတယ်။ ကျောက်ကျောအသားကိုက တမျိုးလေး.. ပုံမှန်ကျောက်ကျောတွေနဲ့ မတူသလိုပဲ။ ကိုယ့်ဟာကိုယ် လုပ်စားကြည့်ချင်လို့ အစ်မကိုတောင် လုပ်နည်း နည်းနည်းမေးခဲ့သေးတယ်။ အစ်မက လုပ်နည်းပြောပြတဲ့အပြင် ကျောက်ကျောလုပ်တဲ့ ပုံစံခွက်လှလှလေးနှစ်ခုတောင် အဆစ်ပေးလိုက်သေးတယ်။ "အစ်မရတယ် မယူဘူး...."ပြောတာလည်း မရဘူး။ "ချစ်လို့ပေးတာ ယူသွား..."တဲ့။ ကျောက်ကျောထုပ်တံဆိပ်ကို သူဓာတ်ပုံရိုက်ပြီး ပို့ပေးဦးမယ်တဲ့။ ကဲ... ဘယ်လောက် သဘောကောင်းလဲ??? ကန်ဒီကျောက်ကျောလုပ်ဖြစ်ရင် အားလုံးကို ကြွားမယ်နော်.. အဲ.. ပြမယ်နော်.. ဟီးဟီး xD

မွေးနေ့လက်ဆောင် ^_^

ပြောသားပဲ။ ဘာမှ မထူးခြားပါဘူးလို့။ အရုပ်လေးလေ။ သူများတော့ မသိဘူး။ ကန်ဒီ့ကို အရုပ်လက်ဆောင်ပေးရင် အရမ်းသဘောကျတယ်။ သူလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ လက်သည်းဆိုးဆေးလည်း ပါသေးတယ်။ အဲ့ဒါကတော့ မွေးနေ့လက်ဆောင်ရယ် မဟုတ်ပါဘူး။ သူဟိုတလောက ကန်ဒီဆိုးထားတဲ့အရောင်လေးကိုကြိုက်လို့ ဘယ် Brand က ဘာအရောင်လဲ ဆိုပြီး မေးဖူးတယ်။ အဲ့ဒါနဲ့ ကန်ဒီဆိုင်မှာတွေ့တုန်းက သူ့ကို ဒီတိုင်းလက်ဆောင်ပေးဖို့ ၀ယ်ပေးထားတာ။ ခုမွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်နဲ့အတူ တွဲထည့်ပေးလိုက်တယ် :D

The End^^
Good Night Zzzzz...

22 comments:

နွေတေးရှင်(မင်းဧရာ) said...

၅ပေ နှစ်လက်မအရပ်နဲ့
ဟိုကလေးက နိထက် အရပ်ရှည်တယ်ဟ။

ဟွန့်....
သည်လိုနဲ့ဘဲ ရွာပတ်ပြီးလည်စားနေတယ်း)။

စံပယ်ချို said...

အပေါ်ဆုံးက ကန်ဒီပုံလေးကိုအားလုံးထဲမှာ
အကြိုက်ဆုံးပါပဲ
မွေးနေ့ရှင်တူမလေးနဲ့ (မဂျက်ဆိုရင် သူကတူမပေါ့)
ကန်ဒီတို့နှစ်ယောက်ပုံ မျက်နှာလဲနဲနဲဆင်ပြီး
တကယ်ဖြူစင်တဲ့ပုံလေးတွေပဲ
တူမလေးမွေးနေ့ရှင်ထွားတယ်နော်
မျက်နှာလေးတွေရှင်းနေတာပဲ
မွေးနေ့ရှင်လဲ
ပျော်ရွှင်ပြီးဘ၀ရဲ့ အောင်မြင်မှုတွေဆွတ်ခူးနိုင်ပါစေလို့

အလွမ်းမြို့ said...

ကန်ဒီလေးရေ.
မကြီးလွမ်းလာရောက်အားပေးတယ်။
ကန်ဒီကတော့ ဘယ်အချိန်ကြည့်ကြည့်
ဓါတ်ပုံလေးမှာ ရိုးရှင်းပြီး ပြုံးနေတာဘဲ။
မြင်ရသူ စိတ်ချမ်းသာတယ် ညီမလေးရေ။
ဟို .. သမီးလေးကလည်း ပါးလေးပန်းရောင်သန်းပြီး
ချစ်စရာလေး..သူဌေးဖြစ်တဲ့ ရုပ်လေး။


ချစ်တဲ့
မကြီးလွမ်း

မေမြို့မိုး said...

ဟယ်..နားပေ၂ တဲ့..။ ဒါဆို ကြီးကြီးလည်း ဂျပုလေးပဲ.။ နာ့ပေါက်စနဲ့တူတူပဲ.။

ညိမ်းနိုင် said...

အော်....လန်ဘားပေါ့လေ....ငါးပေနှစ်ဆိုတော့.....:P

mstint said...

နောက်တစ်ခေါက် သကြားလုံးလေးရဲ့ မွေးနေ့နဲ့ ကြုံခဲ့ရင် ဘာလက်ဆောင်ပေးရမယ်ဆိုတာ သိသွားပြီး))
မွေးနေ့ရှင်လေး တောင်းတမှုတိုင်းပြည့်ဝပါစေလို့ ဆုတောင်းပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကူးကူးလှိုင် said...

ကိတ်မုန့်လေး ကြိုက်လိုက်တာ ဓာတ်ပုံလေးတွေလဲ တော်တော်လှပါတယ်...

Nwai La said...

ဘာပြောမှန်းမသိဘူး ဖြစ်နေသည်
ပြောဖူးတဲ့ စကားတစ်ခွန်း ထပ်ပြောမည်
ဘယ်အချိန်ကြည့်ကြည့် လှသည်
You're cutie.

အိမ်မက်ကောင်းကင် said...

မမ Candy က အမြဲတမ်း ပြုံးနေတယ်နော် ^_^
ကိတ်မုန့်လေးကလည်းတော်တော်လှတယ်
အရုပ်ကလေးကလည်းချစ်စရာလေးနော်

phoye2009.com said...

LOL..........

မိုးသူ(တောင်ကြီး) said...

ချိုချဉ်မ ကို ငါးပေငါးလက်မလောက်ထင်ထားတာ
ငါးပေနှစ်လက်မဆိုတော့ အ၇ပ်တော်တော်ပုတာပဲ
ဟီးးးးးး အထင်နဲ့ အမြင်လွဲပါပေါ့လား

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးငွေ့........ said...

ကလေးမလေးက ချစ်စရာလေး ကန်ဒီနဲ့မတိမ်းမယိမ်းလိုပဲ သူကပဲထွားလို့လာ ကန်ဒီကပဲနုလို့လား တခုခုပဲ...။ လက်ဆောင်အရုပ်လေးကြိုက်တယ်..း)

ဝိ၀ိ said...

တကယ်ပဲ..၅ပေ၂လက်မလား..အစ်မ..ဒါဆို..
ကျွန်တော့်ထက်တောင်..ပုတယ်..

Anonymous said...

မွေးနေ့ ပါတီဖတ်သွားပါတယ်။ မွေးနေ့ ရှင်လေးလည်းအောင်မြင်သူလေးဖြစ်ပါစေလို့ .
အိုင်အိုရာ

မြတ်ကြည် said...

ဟိ ပစ်ထားတာ ကြာသွားတယ်။ စိတ်မချိုးနဲ့။ :P :P

Anonymous said...

မွေးနေ.လက်ဆောင်လေးကချစ်ချာလေး။အသူတို.လဲအဲ့လိုပဲ အသက်သာကြီးလာတာ အရုပ်တော့အရမ်းကြိုက်တယ်။ခစ်ခစ်။ကျောက်ကျောလေးတွေကစားချင်စရာကောင်းလိုက်တာ။ကြိုက်လွန်းလို.သေချာသင်ထားတာ။ညလေးမြန်မာပြည်ပြန်လာရင်လုပ်ကျွေးရမလား။:D
Areal Thu

ဘုန်းဘုန်းတောက် said...

ဆင်ဒရဲလား ဟူး ဟူး ဟူး ရတနာဦးသီချင်းကို သတိရလို့...မွေးနေ့ရှင်လေးလည်း ယခုရောက်ဆဲမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းသာယာရှိပါစေလို့နော်

အလင်းသစ် said...

ဖိုက်တူးတဲ့... ကိုးလက်မတောင် ပုတယ်... :D

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိနှယ်...
စားစရာတွေ ဒီလောက်ပေါနေတာ။ ဘယ့်နှယ် သစ်သားချောင်းလေးကိုမှ မရမက အပီဝါးနေရတယ်လို့။း)))))

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမလေးက လူလေးရော စိတ်လေးပါ လှယုံမကဘူး
လက်ရေးလေးပါ လှတယ်နော် ။

လရိပ်အိမ် said...

ညီမလေးကော မွေးနေ့ရှင်လေးပါ တကယ်ချစ်စရာကောင်းတယ်

ဆူးသစ် said...

ီမိန်းကလေးလက်ရေးတွေကလှတာများလားမသိဘူး။ ညီမလေးလက်ရေးလည်း လှတယ်။ မွေးနေ့ရှင်ကလေးလည်း စိတ်အေးချမ်းတဲ့မျက်နှာလေးနဲ့နော်။ ကိတ်ကပုံကိုလည်းသဘောကျတယ်။ အရုပ်လေးကတော့ မွေးနေ့ရှင်သဘောကျမှာပါ။ စားစရာတွေလည်းစုံပဗျာ။ တော်တော်မှစားခဲ့ရဲ့လား။ စားခဲ့တယ်လို့တော့တွေ့တယ်။ ဘာပဲဖြစ်ဖြစ်ပျော်ရတယ်ဆိုတော့ ကောင်းပါတယ်။