ကန်ဒီတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ မကြာခဏဆိုသလို ပြဿနာစစ်ပွဲလေးတွေနဲ့ ကြုံတွေ့ရတတ်တယ်နော်။ လူတယောက်နဲ့တယောက် တွေးခေါ်ပုံ ယူဆပုံခြင်း ဘယ်လိုမှ မတူနိုင်တော့ ဘ၀လမ်းခုလတ်တနေရာမှာ အမှတ်မထင် ၀င်တိုက်မိတတ်ကြတယ်။ အဲ့ဒီက အစပြုလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာစစ်ပွဲတွေကို ကန်ဒီတို့ ဘယ်လိုနည်းနဲ့ အနိုင်ယူနေကြလဲ??
OK.. အဲ့ဒီပြဿနာစစ်ပွဲတွေအားလုံးကို နှလုံးလှစိန်ခေါ်ပွဲတွေအဖြစ် မြင်ကြည့်ပြီး သိပ်လှတဲ့ နှလုံးသားတစ်စုံနဲ့ ဘယ်လိုအနိုင်ယူမယ်ဆိုတဲ့ စစ်ဆင်ရေးနည်းဗျူဟာတခု ချကြည့်ရအောင်။ သိပ်တော့ မလွယ်ဘူးနော်။ အဓိကကတော့ ကန်ဒီတို့ စိတ်ကို တွေးတတ်အောင် လေ့ကျင့်ယူရမယ်။ စိတ်ထဲ အဲ့ဒီအတွေးတခုရသွားပြီဆို ဒီပြိုင်ပွဲမှာ ကန်ဒီတို့နိုင်ပြီ။ ဘယ်သူ့ကိုမှ မထိခိုက် မနာကျင်စေဘဲ လှလှပပကို နိုင်မှာ :D
► ကိုယ်အနိုင်ရဖို့ သူတပါးကို နှိမ့်ချမိခဲ့လား??
► ကိုယ်အနိုင်ရဖို့ သူတပါးကို အနိုင်ကျင့်မိနေလား??
► ကိုယ်အနိုင်ရဖို့ သူတပါးကို ထိခိုက်နာကျင်စေခဲ့လား??
OK.. အဲ့ဒီပြဿနာစစ်ပွဲတွေအားလုံးကို နှလုံးလှစိန်ခေါ်ပွဲတွေအဖြစ် မြင်ကြည့်ပြီး သိပ်လှတဲ့ နှလုံးသားတစ်စုံနဲ့ ဘယ်လိုအနိုင်ယူမယ်ဆိုတဲ့ စစ်ဆင်ရေးနည်းဗျူဟာတခု ချကြည့်ရအောင်။ သိပ်တော့ မလွယ်ဘူးနော်။ အဓိကကတော့ ကန်ဒီတို့ စိတ်ကို တွေးတတ်အောင် လေ့ကျင့်ယူရမယ်။ စိတ်ထဲ အဲ့ဒီအတွေးတခုရသွားပြီဆို ဒီပြိုင်ပွဲမှာ ကန်ဒီတို့နိုင်ပြီ။ ဘယ်သူ့ကိုမှ မထိခိုက် မနာကျင်စေဘဲ လှလှပပကို နိုင်မှာ :D
ကိုယ့်အသားထိရင်/ကိုယ့်ကိုစော်ကားလာရင် ဆတ်ဆတ်ထိမခံဘဲ ကတ်ကတ်လန် ရန်ပြန်တွေ့တတ်ကြတာ လူ့သဘာဝပဲလေ။ ဒီလိုနဲ့ပဲ ရန်ပွဲတွေက အပြီးမသတ်နိုင်ဘဲ ရန်ကိုရန်ချင်းဆင့်ပြီး အမုန်းပွားနေကြတာ မဟုတ်လား။ အဲ့လို သူတပြန် ကိုယ်တပြန် အပြိုင်ချဲနေတဲ့ ရန်ပွဲမျိုးမှာ ကိုယ့်ဘက်ကအရင်လျော့ကြည့်လိုက်ပါလား? အဲ့ဒီရန်ပွဲ တမျိုးတဖုံပြောင်းလဲသွားမှာတော့ အမှန်ပဲ။ အတ္တကိုယ်စီနဲ့ မွေးဖွားလာတဲ့ လူ့စိတ်ဆိုတာကလည်း ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးချင်ကြတာချည်းပဲနော်။ အဲ့ဒီစိတ်နဲ့ အဲ့ဒီမာန်တွေကို ရိုက်ချိုး.. ကိုယ်မှန်ရဲ့သားနဲ့ ကိုယ့်ဘက်က တောင်းပန်ပြန်လျော့ဖို့ဆိုတာ လွယ်တဲ့ကိစ္စတခုတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့မလွယ်တာကို လုပ်နိုင်တဲ့သူကမှ နှလုံးလှသူ မဟုတ်လား...
နောက်တခုကတော့ ခွင့်လွှတ်တတ်တဲ့စိတ်ကို မွေးမြူဖို့ပါ။ ရန်ပွဲမှာ ကိုယ့်ဘက်က စလျော့ပေးလိုက်ပေမယ့် စိတ်ထဲကနေ တဖက်လူကို တနုံနုံနဲ့ ခွင့်မလွှတ်နိုင်သေးရင် စစ်မှန်တဲ့ အောင်မြင်မှု မရနိုင်သေးဘဲ ကိုယ့်စိတ်က ပူလောင်နေဦးမှာပဲ။ ရန်သူကို ခွင့်လွှတ်ဖို့ဆိုတာ သိပ်ခက်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းရဲ့ အေးမြတဲ့အနှစ်သာရကို ခွင့်လွှတ်ဖူးသူတွေ အသိဆုံးလို့ ထင်တယ်နော်။ ဒီတော့ ကြိုးစားကြည့်ပါ။ ပြီးရင်တော့ ပြဿနာတွေအားလုံးကို မေ့လိုက်တော့ပေါ့။ အဲ့ဒီအခါ စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုးကို ပိုင်ဆိုင်မှာ မလွဲဧကန်ပဲလေ။
အနှစ်ချုပ်ရမယ်ဆို ဒီနှလုံးလှပြိုင်ပွဲမှာနိုင်ဖို့ အဓိက စစ်ဆင်ရေးနည်းဗျူဟာ သုံးခုက တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ မေ့ဖျောက်ခြင်း...
စာဖတ်သူအားလုံးလည်း ပြဿနာတခုခုနဲ့ကြုံလာလို့ အတိုက်အခံတွေဖြစ်နေရပြီဆို ဒီအဆင့်(၃)ဆင့်ကို အမြဲသတိရပေးပါနော်။ ပြဿနာစစ်ပွဲတိုင်းကို နှလုံးသားတစ်စုံနဲ့ အနိုင်ယူပါ။ ထိုနှလုံးသားသည် လှပါစေ^^
စာကြွင်း >> ကန်ဒီ ဒီစာကိုရေးနေတုန်း Twitter မှာ အဲ့ဒီ English Quote လေးတွေ့လို့ အရမ်းသဘောကျတာနဲ့ ထည့်ထားတယ်။ ပိုစ့်လေးနဲ့လည်း လိုက်ဖက်တယ်လေ ^_^

♥ The first to Apologize is the Bravest.
♥ The first to Forgive is the Strongest.
♥ The first to Forget is the Happiest.

21 comments:
အင်းးးး
အင်း...သိပ်တော့မလွယ်ဘူးနော်....လူတွေမို့..ကြိုးစားကြည့်ရမှာပဲဟေး
တက်နိုင်သလောက်တော့ ကြိုးစားပြီး နေနေပါတယ် ကန်ဒီရေ....
ဟုတ်ကဲ့ 
အဲဒီလိုပဲနေတယ်။
စိတ်ချ ဘူ့ ကိုမှ ဘာမှမလုပ်ဘူး ။
ကွကိုယ်နေတယ်။ ^_^
ဟုတ်ကဲ့ပါ ကြိုးစားနေပါတယ်..:)
ဟုတ်တယ်.. ခွင့်လွှတ်တတ်တဲ့အကျင့်ကို အမေနဲ့ အဖေ ဆီက ရခဲ့တာ ထင်တယ်. တစ်ခါတစ်လေတော့ကိုယ်ကိုယ်ကို အားမရမိဘူး.။
တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ မေ့ဖျောက်ခြင်း..
ဟုတ်ကဲ့ပါ..အဲလိုနေနိုင်အောင်ကြိုးစားကြည့်ပါ့မယ်
အင်း.. ဟုတ်သလိုလိုပဲ... ဒါပေမယ့် မဟုတ်သလိုလိုပဲ :P ကောင်း၏ ကောင်း၏။
လူမှု့ရေး အသိုင်းအ၀ိုင်း၊ မိသားစုနဲ့ ပါတ်သတ်ရင်တော့ ဟုတ်တယ်.. အလုပ်နဲ့ပါတ်သတ်ရင်တော့ မဟုတ်ဘူး။
အသေချာဆုံးပေါ့ ညီမလေးရေ။ မကြီးကတော့
ခွင့်လွှတ်ခြင်းကို လက်ကိုင်စွဲတာ ကြာခဲ့ပေါ့။
ဆရာတော်ဦးဇောတိကရဲ့ (သိက္ခာရှိရှိနေမယ်ခွင့်လွှတ်တယ်) စာအုပ်လေးတွေနဲ့
အတူ ထွက်သမျှစာအုပ်လေးတွေနဲ့ စိတ်ကိုရင့်ကျက်
အောင်ကြိုးစားခဲ့လေရဲ့။။။
(ရောင်းရန်မဟုတ်တဲ့အိမ်လေးကိုလည်း ညီမလေးကို အလည်ဖိတ်ဦးမယ်။) အဲတာမှ ညီမလေး ဒီလိုအိမ်မျိုး
သဘောကျလို့ဆောက်မယ်ဆို နည်းပညာတွေ ကြိုသိ
ထားတော့ အဆင်ပြေ အောင်မြင် လွယ်ကူအောင်ပေါ့
ချစ်တဲ့
မကြီးလွမ်း
ခွင့်လွတ်ခြင်းဆိုတာ အရမ်းကောင်းပါတယ်။ကြိုစားရအုံးမယ်
ပို့လေအတွက်ကျေးဇူးပါ ညီမလေးရေ
အဲဒီသုံးခုလုံးကပြောရတာလွယ်ပေမယ့် လက်တွေ့မှာ ခက်တယ်...။
♥ The first to Apologize is the Bravest.
♥ The first to Forgive is the Strongest.
♥ The first to Forget is the Happiest.
သည်စာသားလေးကို အရမ်းကြိုက်တယ်ဗျာ
ရေးထားတာ အရမ်းမိုက်တာပဲ
စကားလုံးလေးတွေ သုံးနှုန်းသွားပုံကလည်း
အရမ်းထိတယ် ...
နောက်လည်း ဒီလိုလေးတွေ ရေးဦးနော်
စာဖတ်သူတွေအတွက် ပညာများများရတယ်လေ
ဖတ်ပြီး မှတ်သားသွားပါတယ်
နွေလ
အချိန်အတော်ကြာခဲ့ပါပြီ
ကျိုးစားနေတာလေ
အောင်မြင်မှုမရသေးပါ
မကြာခဏ အတိုက်ခံရတော့ စိတ်တိုမိလို့ပါညလေးရေ
အင်း......
တော်တော်ကြီးကို လိုနေသေးတယ်ကွယ်....
သို့ပေသည့် ကြိုးစားကြည့်သေးတာပေါ့လေ
နောင်ခါများပြောပါတယ်း)။
မရင့်ကျက်သေးတာဖြစ်မယ်။ တစ်ခုခုဆို ခွင့်လွတ်ဖို့ခက်တယ်။
ပုထုဇဉ်ဆိုတော့ ခက်သားကလားကန်ဒီရေ
အမှန်တိုင်းဝန်ခံရရင်ေ၇းထားတဲ့ပိုစ့်လေးက
အင်မတန်ကောင်းမွန်ပါတယ်
ဒါပေမယ့် မိုးသူတို့ က "အပ္ပမာဒေန၊ သမ္မာဒေထ"
ဆိုတာကို မေ့မေ့လျော့လျော့နေတာများတယ်
ကျိုးတော့ကျိုးစားကြည့်အုံးမယ်လေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
အထီးကျန်ဖြစ်နေတဲ့သူတစ်ယောက်အတွက်ကတော့ လောကကြီးမှာသူတစ်ယောက်ထဲ ရန်သူလဲမရှိ မိတ်ဆွေဆိုတာလဲ မရှိ...၀မ်းနည်းစရာ ငါ့ဘ၀ပါလား !_!
ထင်သလောက် မလွယ် ဘူ ချိုချဉ် ...ရေ .... ။
ငယ်စိတ်က .... အခုထိ မကုန်သေးဘူး ... ။
သီးခံပါတယ် .... ခွင့်လွှတ်ပါတယ် .... ဒါပင်မဲ့ ... အဲ့လို လုပ်လိုက်တာ စိတ်ထဲမှာ အမှတ်အတေး တစ်ခု ဖြစ်သွားပြန်ရော .... ။ .... ဒီလိုလေ .... ။
ငါ ... တော့ မင်းကို သီခံရပေါင်းများပြီ ... ။ ခွင့်လွှတ်ရပေါင်း များပြီ ဆိုပြီ စိတ်ထဲက တစ်ခါ သီးခံခွင့်လွှတ် လိုက်ရင် တစ်ခါ အလိုလို မှတ်ထားပြီးသာပဲ ... လေ .... ။
နှစ်ခါ သုံးလဲ ဖြစ်ရော ..... အဲ့မှာ ....အဲ့မှာ ... ရှုပ်ကုန်တာပဲ ..... ။
ဒီ .... post လေး အရမ်းကောင်းပါတယ် ... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
ကြိုးစားနေတယ် သကြားလုံးလေးရေ..
https://www.facebook.com/photo.php?fbid=3964495845109&set=a.2127006909034.115478.1661771578&type=1&relevant_count=1&ref=nf
ဗိုင်းရပ်ကုဒ်တို့ဘာတို့မထင်စေချင်ပါဘူး
လက်ဆောင်ပေးတာ
ခင်တဲ့
ချစ်သူမောင်
ကျင့်နိုင်ရင်အကောင်းဆုံးပါ။း)
ကျင့်လည်းကျင့်နေပါတယ်။
အိုင်အိုရာ
Post a Comment