တနင်္ဂနွေနေ့က သူငယ်ချင်းမွေးနေ့အလှူရှိလို့ Clementi ဘုန်ကြီးကျောင်း ရောက်သွားတယ်။ နေ့ဆွမ်းကပ်တာလေ။ ဟင်းတွေကတော့ စုံလို့။ ကြက်သားကချင်ချက်၊ ပုဇွန်ဆီပြန်၊ ၀က်သားလုံးချက်၊ သရက်သီးသုပ်နဲ့ ပဲဟင်း။ နေ့ဆွမ်းကပ်တဲ့ အလှူရှင်က နှစ်ဦးဆိုတော့ ဟင်းတွေမှ အများကြီး။ ဘုန်းဘုန်းတွေ အဲ့လောက်ဟင်းအများကြီးကို ဘယ်လိုဘုန်းပေးလိုက်လဲ မသိဘူး ဟီးး :D
Clementi မှာနေတဲ့ သူငယ်ချင်းတယောက်အိမ်မှာပဲ ဟင်းချက်ကြတယ်။ စနေနေ့ကတည်းက အဲ့သူငယ်ချင်းအိမ်မှာ သွားကူလုပ်ဖြစ်တယ်။ Clementiမှာ နေရတာ မိုက်တယ်နော်။ တခုခုလိုအပ်ရင်ဝယ်ဖို့ မြန်မာဆိုင်တွေရှိတယ်။ နောက်ပြီး Food Court မှာလည်း မြန်မာအစားအစာရတယ်။ ဈေးလည်း မကြီးဘူး။ အရမ်းသဘောကျတယ်။
မွေးနေ့ရှင် သူငယ်ချင်းအလှူငွေ လှူနေတာ...
ဗွီဒီယိုရိုက်ထားသေးတယ်။ တကယ်တော့ သူငယ်ချင်းတွေပဲ ကန်ဒီ့ကင်မရာကြီးကိုင်ပြီး လျှောက်ရိုက်ပေးတာပါ။ ကန်ဒီက ကူနေတာနဲ့ မရိုက်ဖြစ်ဘူး။ Edit မလုပ်ရသေးဘူး။ လုပ်ပြီးရင် Twitter Update မှာ လင့်ခ်တင်ပေးမယ်နော်။ ကြည့်ချင်တဲ့သူ ကြည့်ရအောင် ^_^
အဲ့ဒီ ကလေးလေးက အရမ်းလိမ္မာတယ်။ ကန်ဒီတွေ့ဖူးသမျှကလေးတွေထဲမှာ အလိမ္မာဆုံး ကလေးပဲ။ တကယ်အပိုပြောတာ မဟုတ်ဘူး။ ကန်ဒီတို့သူတို့အိမ်ရောက်တော့ သူက ကာတွန်းကားကြည့်နေတယ်။ သူ့အမေက ရေချိုးနေတယ်။ ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ အရုပ်တွေကို ချက်ချင်းကောက်သိမ်းတာ။ ပြီးတော့ ကန်ဒီတို့ကို ထိုင်ခိုင်းတယ်။ အအေးတိုက်တယ် မုန့်ကျွေးတယ်။ လူကြီးလေး တယောက်လိုပဲ။ အရမ်းသိတတ်တယ်။ အဲ့လို လိမ္မာတဲ့ကလေးလေး လိုချင်တယ် :)
ဒါနဲ့ ပြောပြစရာတစ်ခုရှိတယ်။ ကန်ဒီ့ဆီလာလည်နေကြသူတွေအတွက် ရည်ရွယ်ပြီး Gmail အသစ်တစ်ခုလုပ်ထားတယ်။ ကန်ဒီ့ကို မေးချင်တာ ရေးစေချင်တာ ပြောချင်တာရှိရင် (သို့) ခင်ချင်ရင် စာရေးနော်။ လိပ်စာက candy4u1988@gmail.com
တင်ပြီးခဲ့တဲ့ "နှလုံးလှပြိုင်ပွဲ" ပိုစ့်လေးနဲ့ ပက်သက်ပြီး နည်းနည်းပြောမယ်နော်။ အဲ့ပိုစ့်ကို ရေးဖြစ်တဲ့အကြောင်းရင်းတွေ အများကြီး အများကြီးရှိတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ သူငယ်ချင်းတွေရဲ့ ပြဿနာတွေကို အခြေခံပြီးရေးထားတယ်။ တချို့ပြဿနာတွေက အဲ့လိုစိတ်ထားနိုင်မှ ကိုယ်အကျမနာမှာလေ။ အဲ့မှာ ပြောပြသွားတဲ့ အချက်(၃)ချက်လုံးကို ကန်ဒီကိုယ်တိုင်လည်း မလုပ်နိုင်သေးပါဘူး။ ပထမဆုံးတချက်တော့ ကန်ဒီအောင်မြင်ခဲ့ဖူးတယ်။ ဒုတိယတချက် ခွင့်လွှတ်ခြင်းဆိုတာထက် လစ်လျှူရှုလိုက်မိတယ်ဆိုရင် ပိုမှန်မယ်။ နောက်ဆုံးတချက်ကိုတော့ ကန်ဒီမလုပ်နိုင်သေးဘူး။ သေချာတာတခုကတော့ အမှားတခု/ပြဿနာတစ်ခုက ကန်ဒီ့ကို ပိုရင့်ကျက်အောင် သင်ခန်းစာတစ်ခုပေးတယ်။ ဒါလည်း အမြတ်တစ်ခုပဲနော်...
အားလုံးပဲ Good Night^^
19 comments:
ကပ္ဗိယတော့ပွတာဘဲကွာ။ အဲဒီအလှူနေ့ က။
ကန်ဒီကောဘာဟင်းအကြိုက်ဆုံးလဲအဲဒီနေ့ က။း)
အိုင်အိုရာ
ဘုန်းဘုန်းတွေတွေကတော့ဘယ်ကုန်မလဲဟယ် အဲ့လောက်ဟင်းအများကြီးကို
မွေးနေ့အလှူရှင်လဲ ဘ၀နဲ့ဆန္ဒတွေတထပ်တည်းကျ
ပါစေပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေလို့
ချစ်စရာကောင်းတဲ့ နိုင်ငံရပ်ခြားက မြန်မာဓလေ့
ဆွမ်းကပ်ခြင်း သာဓု သာဓု သာဓုပါ ကန်ဒီရေ ...
ခင်တဲ့
မိုးသူ(တောင်ကြီး)
ရောက်ခဲ့ပါတယ်အမရေ
အလှူအကြောင်းလေးဖတ်သွားတယ်ခင်ဗျ..
အဲ့ဒီ ကလေးလေးက အရမ်းလိမ္မာတယ်။ ကန်ဒီတွေ့ဖူးသမျှကလေးတွေထဲမှာ အလိမ္မာဆုံး ကလေးပဲ။ ကန်ဒီတို့ကို ထိုင်ခိုင်းတယ်။ အအေးတိုက်တယ် မုန့်ကျွေးတယ်။း)
သူ့ကို မုန့်ကျွေးတာနဲ့ နံပါတ်တစ် ပေးလိုက်ရော။ ပိစိတို့ကတော့... ပြောကိုပြောချင်ဘူး။။း))))
ကောင်းလေစွ ကောင်းလေစွ တကား.....
ကောင်းသောအမှု့ကို ပြုခြင်းဖြင့်သာ
ကောင်းမှု့ကို ခံစားရာ၏...
(ဘုန်းကြီး အသံဖြင့်ပြောသည်)း)။
သာဓု သာဓု သာဓု ပါ ညီမရေ
သာဓု..သာဓု..သာဓု..အစ်မ..
ကောင်းပါ့ဗျားးးးးးးးးး၊ထင်တော့ထင်တယ်....ပို့စ်တပုဒ်
တော့တက်လာလိမ့်မယ်လို့.....:))))
ကန်ဒီရေ..သူကြိးမင်းပြောတာ ဟုတ်လားဟင်...မုန့်ကြွေးလို့ဆို...:):)
သာဓုခေါ်သွားပါတယ်နော် စာတွေလာဖတ်ပါတယ်...
ဟိဟိ ကူတာလဲကူတာပေါ့ ကိုယ်သာရှိလို့ကတော့ ဆွမ်းကျန် ဟင်းကျန်အပီဆွဲပစ်မှာ :P
ကုသိုလ်ရတာပေါ့...လိမ်မာတယ် ကန်ဒီက...။
ကျွန်တော့်သမီးလေးကျရင် အဲ့လိုလိမ္မာအောင်သေချာသင်ပေးမှာ..။
မြင်ရတာ ကျက်သရေရှိလိုက်တာ....ဆွမ်းကပ်တဲ့ပုံလေးမို့နော်...ငါ့ညီမ ကြည့်လိုက်ရင် ဒီလို ကုသိုလ်တွေလုပ်နေတာတွေ့တော့....အားကျမိပါရဲ့ကွယ်...မောင်ရင်ဆူးတို့တော့ ကုသိုလ်ဝေးနေလေရဲ့.....
မကြီး လင့်တွေချိတ်ရင်းရောက်ခဲ့တယ်ညီမလေး။
အလှူလေးအတွက် သာဓု ၃ကြိမ်ခေါ်ဆိုပြီး
ဓါတ်ပုံလေးတွေ အရမ်းလှတယ်။ ကြည့်ရတာ
မျက်စိအေးပြီး ကျက်သရေရှိလို့ ချီးကျူးသွားတယ်။
မကြီးလွမ်း
မြန်မာမလေးသုံးယောက် အရမ်းလှတယ်
မြန်မာဝတ်စုံလေးနဲ့ အားလုံးချစ်ဖို့ကောင်းတယ် ကန်ဒီ !
သာဓုပါဗျာ....ခုလိုနေ့ဆွမ်းကပ်တာတဲ့ ပို့စ်လေးတွေ့မှပဲ..အရင်က.သူငယ်ချင်းတွေနဲ့တူတူ အရုဏ်ဆွမ်း(အာရုံဆွမ်းဟုမရေးရပါ.အဘယ်ကြောင့် ဆိုသော်..အရုဏ ဆိုသောပါဠိစာပေမှဆင်းသက်လာသည်ဟု ဆရာတော်မှမိန့်ကြားသင်ကြားပေးထားသောကြောင့်သာသိခဲ့ရပါသည်)နေ့ဆွမ်းကပ်ပြီး.ပျော်ပျော်ပါးပါး.ကုသိုလ်ယူခဲ့တဲ့နေ့ရက်တွေကိုလည်းပြန်လည်တမ်းတမိတယ်..ခုတော့ ဆယ်ပေပတ်လည်အခန်းကျဉ်းလေးထဲမှာပဲ..သူငယ်ချင်းများနဲ့ဝေးကွာလို့..တစ်ကိုယ်တော်ရွက်လွှင့်နေရတဲ့အနေအထားရောက်နေရလို့..(ထောင်တန်းအချုပ်ကျခြင်းမဟုတ်ပါလေ)ကွန်ကောင်းမှပဲ.အရင်က နေ့ဆွမ်းကပ်တုန်းက ရိုက်ထားတဲ့ပုံလေးတွေနဲ့ အမှတ်တရပို့စ်တစ်ခုရေးကြည့်ပါဦးမယ်...
ချစ်ခင်လေးစားစွာဖြင့်..တွတ်တွတ်(ကျောက်မဲဒေါ်ကွန်း)
Post a Comment