Wednesday, July 18, 2012

Brain fart :P

ခါတိုင်းဆို ရေးစရာတွေက တန်းစီနေတာ။ ခု "ရေးပေးပါ"လို့ ပြောထားတဲ့ အကြွေးတော်တော်များများကလည်း ဆပ်ပြီးပြီဆိုတော့ လောလောဆယ် ဘာရေးလို့ ရေးရမလဲ မသိဘူး။ ကျန်နေတဲ့ အကြွေးနည်းနည်းကလည်း ဘယ်လိုရေးရမလဲ မသိလို့ စဉ်းစားနေတုန်း ဟီးးး xD

ပြီးခဲ့တဲ့ Weekend က ဘယ်မှ ဟုတ်တိပတ်တိမသွားတော့ ပြစရာ ဓာတ်ပုံမရှိဘူး။ ကောင်း၏ (ရွဲ့ပြောသည် :P) အိမ်မှာ အပျင်းထူပြီး မဟုတ်က ဟုတ်က လုပ်သမျှ ဖုန်းနဲ့ရိုက်ထားတဲ့ ပုံတွေပဲ ပြတော့မယ်။ စိတ်ထဲ ရှိတာတွေ ချရေးရမယ် ဆိုရင်တော့ အများကြီးပဲ။ သိပ်မယ်မယ်ရရတော့ မဟုတ်ပါဘူး။ ဟိုဟိုဒီဒီပေါ့...

ပျင်းလို့ ခေါက်ထားတာ...

ဒီတလော လူတယောက်က ကိစ္စမရှိဘဲ ဖုန်းခေါ်ခေါ်နေတယ်။ ကန်ဒီက များသောအားဖြင့် ဖုန်းကို ကိစ္စရှိမှ ပြောတတ်တဲ့ လူစားမျိုး။ နောက်ပြီး ဟိုသွားဖို့ ခေါ်လိုက်.. ဒီသွားဖို့ ခေါ်လိုက်နဲ့ မလိုက်ချင်လို့ "မလိုက်ချင်ဘူး" ငြင်းရတာ ပါးစပ်တော်တော်ညောင်းတယ်။ တခါခေါ်လို့မရရင် နောက်တခါခေါ်.. နောက်တခါခေါ် ကြည့်လို့မှ မလိုက်ဘူးဆို မခေါ်နဲ့တော့ပေါ့။ သူ့ဟာက ၁၀ခါငြင်းလည်း ခေါ်တုန်း။ အဲ့လိုငြင်းပြီး အချိန်ကုန်နေရတာကို တော်တော်စိတ်ညစ်တယ်။

ဒီနောက်ပိုင်း သူငယ်ချင်း/မိတ်ဆွေ တော်တော်များများက ကန်ဒီဘလော့ရေးတာ သိကုန်ပြီ။ ကန်ဒီမပြောပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့ သိကြတာ။ အဲ့တော့ ဖြစ်လာတဲ့ ပြဿနာက ကန်ဒီ့စိတ်ထဲရှိရာရေးတာမျိုးကို တချို့က "မကောင်းဘူးလေ မရေးနဲ့.. သူဖတ်မိသွားရင် ဘယ်လိုလုပ်မလဲ.." ဘာညာ ဘာညာဆိုတာတွေ ပါလာရော(>.<)။ OK.. ကန်ဒီပြောချင်တာက ကန်ဒီ့စာတွေထဲမှာ ဘယ်သူ ဘယ်ဝါဆိုပြီး နာမည်တပ်ပြီး ရေးဖူးလား?? ကန်ဒီ့ ခံစားချက်ကို အဓိက ရင်ဖွင့်တာပဲလေ။ ဘယ်သူ့အပေါ်ကိုမှ နာမည်တပ်မစော်ကားခဲ့ဖူးဘူး။ ကန်ဒီပြောဖူးပြီးသားပါ။ ဒီဘလော့က ကန်ဒီ့ရင်ဖွင့်ရာ နေရာပါလို့။ ဒီတော့ ဟိုဟာကိုတော့ မရေးဘူး ဒီဟာကိုတော့ မရေးဘူးဆိုပြီး စည်းဘောင်မသတ်မှတ်ချင်ဘူး။ တချို့ကတော့ ထင်မှာပဲ.. "ဒီကောင်မလေး တခါခလုတ်တိုက် လဲကျဖူးတာတောင် မမှတ်သေးဘူး"လို့... မှတ်ပါတယ်။ အဲ့တုန်းက အနာက ခုချိန်ထိ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေသေးတယ်။ စိတ်ချပါ။ အဲ့လို ထပ်မဖြစ်စေရဘူး။ ကန်ဒီ စာကို ထိန်းပြီး ရေးတတ်နေပါပြီ (ဟုတ်မဟုတ်တော့ မသိ.. ကိုယ့်ဟာကိုယ် ထင်တာပြောတာ :P)

From Google Image

တော်ပြီ တခြားဟာပဲ ပြောတော့မယ်။ ယုန်လေး မွေးချင်လို့။ ဘယ်လိုမှတော့ မဖြစ်နိုင်ပါဘူး။ အိမ်ရှင်နဲ့က မွေးလို့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် မွေးချင်တယ် အဟင့် :( ကန်ဒီတယောက်တည်းနေရတာ ပျင်းတယ်။ အဲ့လိုအကောင်လေးတွေနဲ့ ဆော့နေချင်တယ်။ အဲ့ရောဂါက မမပူပူးရဲ့ Hamster ပိုစ့်တွေဖတ်ပြီး စတာ။ Hamster ကသေးတယ်။ မကိုင်ရဲဘူး။ အဲ့ဒါကြောင့် ယုန်လေး မွေးချင်တာ။ နောက်ပြီး Spiderman ကြည့်ချင်တယ်။ အဖော်မရှိဘူး။ လိုက်ပြမယ် တကဲကဲပြောနေတဲ့လူနဲ့ကျတော့ မသွားချင်ဘူး။ နောက်ဆုံးတော့လည်း အိမ်မှာပဲ မြန်မာကားကို Popcorn လေးနဲ့ ရုပ်ရှင်ရုံမှာလိုလို ထိုင်ကြည့်နေရတယ်။ ဘာကားလဲ မမှတ်မိတော့ဘူး။


ဒီရက်ပိုင်း အစားတွေ အရမ်းစားနေတယ်။ မကောင်းဘူး.. လျော့စားမှ ဖြစ်မယ်။ ဗိုက်ခေါက်ထွက်လာမှာ ကြောက်တယ်။ ဗိုက်ခေါက်ဆိုလို့ ဒီရက်ပိုင်း ဗိုက်ဖော်ဝတ်တာ တော်တော်ခေတ်စားနေပုံရတယ်။ မင်းသမီးတွေ တွေ့လိုက်ရင် ဗိုက်ကလေးတွေ ပေါ်လို့။ ဗိုက်ကို ဖော်ဝတ်မယ်ဆိုလည်း ဗိုက်ခေါက်မရှိအောင်တော့ ထိန်းသင့်တာပေါ့.. နော်.. >.<

သူငယ်ချင်းဘလော့ဂါတယောက်က သူတို့မြို့လေးနဲ့ပက်သက်ပြီး လုပ်ထားတဲ့ Facebook Fan Page ကို ဖိတ်ထားတာ လာမလည်လို့ (Like မလုပ်လို့) စိတ်မကောင်းဘူးတဲ့။ စင်္ကာပူမြို့၊ ရန်ကုန်မြို့လို သူတို့မြို့လေးက စွဲမက်ဖို့ မကောင်းလို့လားတဲ့.. ဟင်းးး (သက်ပြင်းချသံ) လူကို စိတ်မကောင်းဖြစ်အောင် ပြောတယ်။ Facebook က Notification အားလုံးကို လိုက်မဖတ်နိုင်ဘူးလေ။ သူဘယ်တုန်းက ဖိတ်လိုက်မှန်းတောင် မသိလိုက်ဘူး။ အကျိုးအကြောင်းပြောပြပြီး လင်ခ့်ပြန်ပေးပါ လာခဲ့ပါ့မယ် ပြောရတယ်။ နောက်ပြီး သူငယ်ချင်းတွေ Tag သမျှ Like မလုပ်မိရင်လည်း သည်းခံပေးကြပါ >.<

တခါကလည်း ဘလော့ဂါတယောက်က သူ့ဆိုဒ်လင့်ခ်လေးကို ကန်ဒီ့ Blogger List မှာ မတွေ့တော့လို့ ဆိုပြီး လာပြောတယ်။ ကန်ဒီ့ Blogger List မှာ ကန်ဒီနဲ့သိတဲ့ ဘလော့တွေအကုန်ရှိပါတယ်။ အရမ်းများလို့ Show 10 ပဲ လုပ်ထားတာ။ အဲ့အောက်နားက Show All ကိုနှိပ်လိုက်ရင် အကုန်ပေါ်လာလိမ့်မယ်။ လတ်တလော ပိုစ့်အသစ်တင်ထားတဲ့ ဘလော့တွေက အပေါ်မှာ တက်တယ်လေ။ အထင်တွေ အမြင်တွေ မလွဲကြပါနဲ့နော် =.='


ကိုဖြိုး (တခါတလေတော့လဲ) ကို "ကန်ဒီ့ပုံဆွဲပေးပါ"လို့ အာပေါက်အောင် ပြောပြီး ဆွဲခိုင်းထားတာ။ သူက ပန်းချီဆရာလား? ဆိုတော့ မဟုတ်ပါဘူး။ ဟိုတလောက ဖေ့ဘွတ်မှာ နောက်ရင်းပြောင်ရင်း ဆွဲခိုင်းလိုက်တာ။ အမှတ်တရပေါ့။ ကန်ဒီနဲ့တူလား... Anime နဲ့ တူတယ်နော်။ Anime ဆိုလို့ ကန်ဒီ့ကို အသိတယောက်က Sailor Moon နဲ့ တူတယ်တဲ့။ အဲ့လို ဘယ်သူမှ မပြောဖူးဘူး။ ကာတွန်းနဲ့လူ ဘယ်လိုတူသွားတယ် မသိဘူး ဟီး။ ဒါနဲ့ ကန်ဒီ Anime အရမ်းကြိုက်တယ်။ သတိထားမိလားတော့ မသိဘူး။ ကန်ဒီ့ဘလော့က ကာတွန်းပုံတော်တော်များများက Anime တွေချည်းပဲ ^_^

ဘာရေးရမှန်း မသိလို့ စိတ်ထဲရှိရာ ချရေးတာ တော်တော်ရှည်သွားပြီ။
Have a Nice Day နော်
တာ့တာ

21 comments:

မိုးငွေ့........ said...

အဲဒီဖြိုးဟာလေ ချိုချဉ်ရုပ်ချောချောလေးကို လျှောင်ခြစ်ထားတယ်...။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကာတွန်းပုံလေးမိုက်တယ်နော်အမ...
စာတွေလည်းဖတ်သွားပါတယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ...
Brain ပါလာလို့ တော်သေးတယ်။ Fart တစ်လုံးထဲဆို ဒီကောင်မလေး ပေါ့ကွန်တွေစားပြီး အခန်းထဲ သူ့ဟာသူ ဖြစ်ပျက်နေတာကို ဘလော့ပေါ်တင်နေသေးတယ် ဖြစ်နေဦးမယ်။း)))

ပုံလေးက ပိစိနဲ့တူပါတယ်။ ငရုပ်သီးထောင်းရင်း မျက်ထဲတစ်ဘက်ထဲ ငရုပ်သီး စင်သွားတဲ့ ပုံမျိုး။း)))))))))))))))

စံပယ်ချို said...

ပန်းချီလက်ရာကောင်းပါတယ်မျက်လုံးလေးတစ်ဖက်
မတူတာကလွှဲလို့
တကယ်ပြောတာ ကန်ဒီနဲ့ နဲနဲဆင်တယ်
မျက်လုံးမဆင်ပါ(ပုံလေးကသေချာကြည့် ပြုံးနေတယ်)
ချစ်တဲ့ jasmine

mstint said...

ပညာတွေ အပြိုင်အဆိုင် ထုတ်သုံးနေကြပါလားနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ငါ့ညီမကတော့ ကာတွန်းထဲမှာတောင် ရုပ်ပြောင်နဲ့ ...:)

Sweety Snow said...

ဖတ်သွားတယ် ကန်ဒီ ..အဲလိုစိတ်ထဲရှိတာချရေးတာမျိုးကို ကြိုက်တယ်

နေမင်း said...

အားပေးသွားပါတယ် ရီနေတဲ့အရုပ်လေး ခေါက်ထားတာ သဘောကျတယ် ညီမရေ...:-)

အောင်အောင် said...

CANDY နီရဲ့ပါးက ဒါဏ်ရာကြီးနဲ့ပါလား..ချော်လဲးထားတာလား...

Nandar said...

မမကန်ဒီ အခုတလော Youtube မှာ ခေတ်စားနေတဲ့ Get ready with me! ဗွီဒီယိုလေးလုပ်ပါလား။ ကြည့်ချင်လို့ပါ :)

Candy said...

ဟီး.. ကိုယ်အလှပြင်တာ အစအဆုံး ပြရမှာ ရှက်သလိုလိုပဲ.. စဉ်းစားလိုက်ဦးမယ် ညီမရေ.. အကြံပေးလို့ ကျေးဇူးနော် *mwah* :D

ကူးကူးလှိုင် said...

စာတွေလာဖတ်သွားပါတယ်နော်...

အလွမ်းမြို့ said...

ကန်ဒီလေးရေ..
မကြီးလွမ်းတော့ အမြဲအားပေးနေမယ်နော်.
ညီမလေး အဆင်ပြေ ပျော်ရွှင်ပါစေ



ခင်တဲ့
မကြီးလွမ်း

နွေတေးရှင်(မင်းဧရာ) said...

အင်း.......
ခက်သားကလား သကြားလုံးရယ်
ဘယ်သူ့အရိပ်နဲ့မှ ကိုယ့်ကိုအလောင်မခံပါနဲ့။

ကိုယ်စားချင်တဲ့စိတ် ရှိတဲ့အခါစား
ိကိုယ်သွားချင်စိတ်ရှိတဲ့ အခါသွား
ကိုယ်ပြောချင်စိတ် ရှိတဲ့အခါပြော။

အကိုကတော့ အဲသည်လို ခပ်ပေါပေါဘဲနေတယ်။

မိုးသူ(တောင်ကြီး) said...

ချိုချဉ်ရေ ...

စာရွက်ခေါက်နည်းလေး

ပုံလေးတွေနဲ့  တကွဖော်ပြပေးပါလား

အဲလိုစာရွက်ခေါက်တာ တတ်ချင်လို့ ပါ

စာအုပ်တွေတော့ရှိတယ် ဒါပေမယ့်

သူတို့ ခေါက်ပြတာ သိပ်နားမလည်လို့ ပါ

ခင်တဲ့

မိုးသူ(တောင်ကြီး)

Nwai La said...

အစ်မရေ ...
အခြားသူတွေ ဘာပြောပြော စိတ်ထဲမထားပါနဲ့
ကိုယ်က သူတို့ပြောတဲ့စကားတွေနဲ့
အသက်ရှည်နေတာမှ မဟုတ်ဘဲလေဗျာ
ရေးစရာရှိတာသာ ရေး
ရင်ဖွင့်စရာရှိတာသာ ရင်ဖွင့်
အပေါ်က စက္ကူခေါက်တာလေး ဘယ်လိုလုပ်သလဲ
ဒီဘက် နားရွက်ထောင်ထောင်နဲ့ အရုပ်ကလေးပြောတာ

thu ma said...

ယုန်လေးတွေက ချစ်စရာတော့ကောင်းတယ်။ မွေးရတာ ကရိကထ များတယ်ရယ်။အစ်မမွေးဖူးတဲ့ ယုန်ကတော့ ဆော့လိုက်တာ လက်လက်ထတာနဲ့ သူများပေးပစ်လိုက်ရတယ်။ ပြီးတော့ အိမ်အနီးနားမှာ ခွေးမွေးတဲ့ အိမ်ရှိလို့ ကတော့ ယုန်က ဂဏာမငြိမ်တော့ဘူး။ အဲဒါဆို ကိုယ်ပါ ညဘက် အိပ်ရေးပျက်ရောလေ။
Get ready with me ဗွီဒီယို လုပ်ကြည့်ဖို့ အစ်မလည်း တောင်းဆိုတယ်နော်။ :)

ညိမ်းနိုင် said...

ကိုယ်ရေးချင်တာ ရေးပလိုက်ပါလေ.....:)))
အိမ်း....ပန်ချီပုံကတော့ အပျံစားပါလား....၊ကဖြိုး ကို
မဆွဲခိုင်းရဘူးဟ...ဒင်းက တလွဲ...၊ကရဲ ဆွဲတဲ့ပုံတွေက
မှ မိုက်တာ...

အလင်းသစ် said...

ပျင်းလို့ခေါက်ထားတာလေးတွေကြည့်ပြီး ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က သူ့ချစ်သူအတွက်ာကယ် ၁၅၀၀ ခေါက်မပြီးမချင်း စာမကြည့်ဘူးလို့ စာမေးပွဲတွင်းမှာ မိုက်ပြတာ သတိရတယ်... သူငယ်ချင်းဆိုတော့လည်း စာမေးပွဲမကျစေချင်လို့ ကူခေါက်ပေးရတာ မနက် မိုးစင်စင်လင်းတဲ့အထိပဲ... :P

မေမြို့မိုး said...

ဗိုက်ခေါက်မထွက်ချင်၇င် အိပ်ထမတင်လုပ်လေ အစ်မ..။ သိပ်မခက်ဘူး.။ တစ်ရက်ကို ဆယ်ခါလောက်ပဲလုပ်ပေး..။ အစကတော့ ခက်မယ် .။နောက်ကျတော့ တိုးလုပ်ပေါ့အစ်မ.။
မြန်မာမိန်းကလေးတွေဗိုက်ခေါက်ထူတာ အရမ်းကြည့်ရဆိုးတယ်.။.. နာ့အစ်မက အမြင်ရှိတယ်.။ ဒီတစ်ချက်နဲ့တင် တော်တော်လေးစားသွားပီ.။

တွတ်တွတ် said...

အင်းနော်...ဖေ့ဘုတ်မှာ...ရကွဇ်ပို့ဖိတ်ကြားခံရတာလဲ.တော်တော့ကိုစိတ်ပျက်ဖို့ကောင်းတယ်.ကိုယ်နဲ့မသိလည်း..ဇွတ်အတင်း.သူတို့လုပ်ထားတဲ့ ဂရုကိုဆွဲထည့်တယ်.... ပေ့ခ်ျတွေကို.အတင်းလာခိုင်းပြီး..like လုပ်ခိုင်းတယ်...ဥပမာ..ကိုယ်ကယောကျာ်းလေးပါဆိုမှာ..မစဉ်းစားပဲ..မိန်းကလေးဝတ်ဒီဇိုင်းတွေပြထားတဲ့ page ကိုအတင်းလာကြည့်ခိုင်း.... မိန်းကလေးစီးဖိနပ်တွေရဲ့ စာမျက်နှာကိုအတင်းလာကြော်ငြာနဲ့...နောက်ပြီး..ဂိမ်းမကစားပါဘူးဆိုမှာပဲ..တနေ့နေ့လို့လာလိုက်တဲ့..ဂိမ်းရကွဇ်တွေ.....၀ဋ်ရှိသရွေ့တော့..ဆက်လက်ခံစားလိုက်ပါဦးမယ်လေ..... :(