Hello^^
တကယ်တော့ တင်ဖို့ရည်ရွယ်ထားတာ ဒီပိုစ့်မဟုတ်ဘူး။ ခုလောလောဆယ် ဟိုဟိုဒီဒီ စကားပြောချင်စိတ်ပေါ်လာလို့ ဒီပိုစ့်လေး အရင်ရေးလိုက်တာ။ ဟိုနေ့က မရည်ရွယ်ဘဲ Clarke Quay ရောက်သွားတယ်။ အဲ့ကို မရောက်တာ တော်တော်ကြာပြီ။ ဝေးတာလည်း မဟုတ်ဘဲနဲ့ မရောက်ဖြစ်ဘူး။ ခုပြန်ရောက်သွားတော့ အရင်ထက် ပိုလှနေသလို ခံစားရတယ်။ တိုက်လေးတွေကို ဆေးရောင်ဆန်းဆန်းလေးတွေ သုတ်ထားတာ အရမ်းမိုက်တယ်။ နောက်ပြီး အပျော်စီးလှေလေးတွေနဲ့ ကန်ရေပြင်နားက နေမင်းကြီးက ညနေဆည်းဆာအလှကို ပိုပြီးပြည့်စုံစေတယ်။ အဲ့ဒီအချိန်မျိုးဆို ကန်ဘောင်မှာထိုင်ပြီး သီချင်းနားထောင်ရတာ အရမ်းသဘောကျတယ်။
ဒီအပတ် City Hall က မန္တလေးဆိုင် ရောက်ဖြစ်တော့ တခုသတိထားမိတယ်။ စားပွဲထိုးတွေက အရင်လူတွေ မဟုတ်တော့ဘဲ အသက်ကြီးတဲ့ အန်တီကြီးတွေ ဦးလေးကြီးတွေ ဖြစ်နေတယ်။ နောက်ပြီး ပန်းကန်တွေကလည်း တခါသုံးပန်းကန်တွေ။ ကန်ဒီကြားမိတာတော့ ခုတလော Part Time ခိုးလုပ်တဲ့လူတွေကို ဖမ်းနေတယ်တဲ့။ အဲ့ဒါကြောင့် အလုပ်လုပ်မယ့်လူ နည်းသွားပုံရတယ်။ အဲ့လို ဦးလေးကြီး အန်တီကြီး အရွယ်တွေ ကိုယ်ထိုင်တဲ့စားပွဲ သုတ်ပေးနေတာ.. ကိုယ်စားဖို့ ဟင်းချပေးနေတာတွေ မြင်တော့ စိတ်ထဲအားနာတယ်။ Part Time လုပ်မယ့်လူမရှိတော့ အားနေတဲ့ လူကြီးတွေ ၀င်လုပ်နေရတယ် ထင်တာပဲလေ။
စိတ်ထဲ ဘ၀င်မကျတာလေး တခုရှိတယ်။ ဒီဘက်ခေတ်ကြီးမှာ မိန်းကလေးနဲ့ ယောက်ျားလေး နှစ်ယောက်အပြင်သွားတာကို စချင်တဲ့ လူတွေရှိသေးတာ အံ့သြတယ်။ သမီးရည်းစားမှ နှစ်ယောက်တည်း သွားရမှာလား? (>.<) ကန်ဒီအပြင်သွားရင် ဘယ်သူနဲ့မှ သွားရမယ်ဆိုပြီး အကန့်အသတ်မရှိဘူး။ များသောအားဖြင့် တယောက်တည်းသွားဖြစ်တယ်။ လိုက်ချင်တယ်ဆို ခေါ်တယ်။ လိုက်ခဲ့ပါ အကူအညီတောင်းရင် လိုက်ပေးတယ်။ မိန်းကလေး ယောက်ျားလေး မရွေးဘူး။ ယောက်ျားလေးနဲ့ နှစ်ယောက်တည်းမို့ မသွားချင်ဘူး ဆိုတာလည်း မရှိဘူး။ တချို့က ဘာလို့အဲ့လောက်ကြီးတွေ လိုက်တွေးနေလဲ မသိဘူး။ ကလပ်လို နေရာမျိုး သွားနေတာလည်း မဟုတ်ဘူး။ ဒါကို စချင်သလိုလို ဘာလိုလိုနဲ့ (>.<)။ နောက်ပြီး နှစ်ယောက်တည်း သွားတာနဲ့ကို ထင်ချင်တာတွေ စွတ်ထင်ကုန်တော့တာပဲ။ ဟိုတလောကလည်း ကိုလေး(ကန်ဒီ့အစ်ကိုငယ်)က ညစာကျွေးမယ်ဆိုပြီး ကန်ဒီ့ကိုခေါ်တယ်။ မသွားခင် ကိစ္စလေးတစ်ခုရှိလို့ဆိုပြီး City Hall ၀င်တယ်။ အဲ့မှာ သူ့သူငယ်ချင်းက ကန်ဒီတို့မောင်နှမကို သမီးရည်းစားထင်ပါလေရော။ "မင်းကွာ ကောင်မလေးကို မိတ်မဆက်ပေးဘူး.. လျှိုထားတယ်.." တဲ့ =.="
ခုလည်း ကြည့်လေ။ Clarke Quayကို ခင်နေတဲ့အစ်ကိုတယောက်ရဲ့ ကိစ္စရှိလို့ လိုက်ပေးရင်းနဲ့ ရောက်သွားတာ။ အဲ့ဒါကို စချင်နေကြတယ်။ ဒါလည်း တဒုက္ခပဲ (>.<)။ "ကျုပ်မှာ ရည်းစားကြီး ငုတ်တုတ် ရှိတယ်ဟေ့" လို့ပဲ အော်လိုက်ချင်တော့တယ်။ ကန်ဒီ့မှာ မိန်းကလေး သူငယ်ချင်းနည်းတယ်။ မိန်းကလေးတွေက ကန်ဒီ့ကိုသိပ်မခင်ချင်ဘူးလား ဘာလား မသိပါဘူး။ သိပ်ဟတ်ဟတ်ပက်ပက် မရှိလှဘူး။ ကန်ဒီကလည်း မပွင့်တပွင့်ဆို မကြိုက်ဘူး။ ရီစရာရှိ ရီ.. ပွင့်ပွင့်လင်းလင်းဆက်ဆံတာမျိုးကို သဘောကျတယ်။ အဲ့တော့ ယောက်ျားလေးတွေနဲ့ ပိုပေါင်းဖြစ်တယ်။ ကန်ဒီ့ကို ယောက်ျားလေးတွေနဲ့ တွေ့တိုင်းသာ ထင်ချင်ရာ ထင်ရရင် လူလည်း ရည်းစားပရပွ ဖြစ်နေလောက်ပြီ (>.<)။ မိန်းကလေးတွေထဲမှာဆို ကန်ဒီ့ဘလော့ဆီ လာလည်နေတဲ့ အစ်မ/ညီမတွေပဲ ကန်ဒီ့ကို ခင်တာများတယ် ^_^ (Love them so much :D)
ဒီကောင်မလေးနဲ့ ကောင်လေးက သမီးရည်းစားလား.. သူငယ်ချင်းလား.. ကြည့်ပြီးခွဲဖို့ အဲ့လောက်မခက်ပါဘူး။ ကန်ဒီဆို ခွဲတတ်တယ်(:P)။ အဲ့တော့ ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်မယ်ဆိုလည်း ကြည့်ကျက်ပြီး လုပ်ကြစေချင်တယ် (ပြောတဲ့လူတွေကို ပြောတာပါ)
တော်ပြီ တော်ပြီ..
အိပ်တော့မယ်..
အားလုံးပဲ Good Night^^
21 comments:
သူ့ဟာနဲ့လဲသူ ဟုတ်နေတာပဲလေ သူတို့က လူကြီးဆိုတော့ အမျက်မထွက်တာပဲကောင်းပါတယ် :P
ဟုတ်ပ..။ ၂၁ ရာစု လူငယ်တွေကို ၁၉ ရာစုမျက်စိတွေနဲ့ကြည့်နေကြလို့ပါ.အစ်မရာ.။
ဘယ်သူတွေက ပြောပြန်ပြီလဲ။
အပြင်လူတွေက ကိစ္စမရှိဘူး။ ပိစိ ချစ်သူကို နားလည်အောင် အရင်ရှင်းပြထားဦး။ သူက ပို အရေးကြီးတယ်။
အင်း..ဘယ်လိုပြောရမလဲမသိလို့..ပြောတော့ဘူးနော်
လာလည်သွားတဲ့အကြောင်းလေးပဲပြောခဲ့ပါတယ်..
ညီမလေးရေ..
လောကမှာ အကဲ့ရဲ့လွှတ်တဲ့သူ မရှိဘူး ညီမလေး။
စိတ်က ထားတတ်ရင်မြတ်တယ်ညီမလေး။
ဘယ်နေရာကဘဲဖြစ်ဖြစ် ဘယ်သူတွေ ဘာဘဲပြောပြော
ကိုယ့်စိတ်ထဲ သယ်မထားနဲ့။ပင်ပန်းတယ်။
ပေးလိုက်သူတွေ ပြောလိုက်သူတွေက
တခဏဘဲ သတိမမှုပြောလိုက်ပေမဲ့ ခံစားရသူက
စိတ်ထဲသယ်ထားနေရင် ညီမလေး ပင်ပန်းမှာပေါ့။
လောကမှာ ကိုယ်မှန်နေတယ်ဆိုရင် (မေတ္တာတရားနဲ့ဘဲ ) တုန့်ပြန်လိုက်ပါ။ခုလို ငယ်ရွယ်တဲ့အချိန်ဆိုတော့ ဒီလိုလောက်တော့ ရှိမှာပေါ့။ အချိန်တန် တည်ငြိမ်ရင့်ကျက်လာတဲ့အခါ ပတ်ဝန်းကျင်က ပြောတဲ့စကားလုံးတိုင်းကို အပြုံးနဲ့ ခွင့်လွှတ်တတ်လာမယ် ညီမလေးရေ
(ချီးမွမ်း ၁ ရက် ကဲ့ရဲ့ ၇ ရက်လေ ညီမလေးရဲ့..)ဟဲ...ဟဲ....ဟဲ
ကိုကိုမောင်ပြောသလို ချစ်သူရှိတယ်ဆိုရင်တော့ သူ့ကိုသေချာပြောပြပြီး နားလည်မှုတွေ ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ အနာဂါတ် အတွက်ကြားခံနယ်ချည်ကြိုးလေးတွေနဲ့ သေချာချည်ထားစေ ချင်ပါတယ်။
ခင်မင်တဲ့
လျှာရှည်တဲ့ - မကြီးလွမ်း
နသားအထင်မလွဲရင်တော်ဘီပေါ့ ဘာအရေးတုန်း
ဂုစမိုက်နဲ့ အဲ ဂုမစိုက်နဲ့ ဒါဘဲ ခုတော့ နေမကောင်းဘူး
စိန်ဂျာရစ်
ကမ်းဟိုဘက်ခြမ်းဟာ ဘီယာတန်းပဲ လွမ်းမိတယ်..ဟယ် ဟယ် ဟယ်.... :P
ကန်ဒီလူကို နားလည်အောင်ပြောထားပေါ့ အဲဒါ အဓိကကျတယ်လေ...
Candy ,
I am one of your fan , i always read all of your post , you r so cute & all of ur post also. I love you so much as like as my youngest sister . I always try to write comment at your blog but i don't know how to upload my comment, now also will try to upload ,but not sure will go through or not. But i know how to add at FB, thanks alot for accept me. Nothing special, just greeting you .
With love ,
Khin Khin Nwe
ကျေးဇူး အရမ်း အရမ်း တင်ပါတယ် မမခင်ခင်နွယ် :D :D :D
အတိတ်ကုသိုလ်ကံအကျိုးပေးကောင်းတဲ့သူများကျတော့လဲ..ဇွတ်ဇွတ်ကိုအထင်ခံရတာပဲနော်....ကိုယ်တွေလို..ဘဲနာတွေများကျတော့လဲ..ထင်ရခံမနည်းပါဘူးလို့နှလုံးသွင်းပြီး...မနည်းရှာကြံတွဲတာတောင်...သူ့ဦးလေးကနုတယ်နော်..မထင်ရဘူးဆိုပဲ..လာဘ်ပါးချက်တော့.အိုက်လို..အိုက်လို....:D
အောင်မလေးဟယ်...ငါတော့တော့ ကောင်မလေးနဲ့
ကောင်လေး တွဲသွားတာမြင်ရင် မောင်နှမလို့ပဲထင်ပလိုက်
တယ်....၊ဒါမှ ကိုယ်တွေချိန်ရင်လည်း ချိန်လို့ရမှာကိုး...။
သမီးရည်းစားလို့ထင်မိတဲ့နောက်....ဘယ်လိုလုပ် ချိန်
လို့ကောင်းမလဲနော့......:D :P၊ဒီတော့ မောင်နှမပဲ...
ရဝူး....:))))
Candy lay yay,
Very very happy , now i already know how to comment ...ha ha . Thank you so much candy. If free pls write more & more post , bcoz want to read every day. ( just joking )
With love
KKN
ဖြစ်တတ်ပါတယ် သကြားလုံးရယ်
လောကကြီးကိုက
အကောင်းမြင် ၀ါဒ တွေနည်းသွားကြတာကြာပါပြီကော
အကိုတို့ မောင်နှမ တွေဆိုလည်း လမ်းလျှောက်ရင် လက်တွဲပြီးလျှောက်တတ်ကြလေတော့ ဘေးကကြည့်နေတဲ့မျက်လုံးတွေက ဘာလိုလို...
တွေးလို့ရပါတယ်...
မောင်နှမ ဖြစ်မလား သူငယ်ချင်းဖြစ်မလား သမီးရည်စား ဖြစ်မလား ဝေခွဲလို့မရဘူးဆိုရင်တောင် အကောင်းမြင်ဝါဒ ရှိတဲ့သူတွေဆိုရင် အဲသည်လိုတော့ မထင် မမြင်တတ်ကြပါဘူး။
အေးလေ ..အေးလေ လူတွေက အဲဒါပဲ ပြောချင် စပ်စုချင်ကြတယ် ...ဆိုးပါ့
အဲတာတွေကစပြီးသာဂရုစိုက်နေရမယ်ဆိုရင်တော့
နေစရာရှိမှာမဟုတ်တော့ဘူးကန်ဒီရေ
သူပြောတာသူခံရပြီးကိုယ်လုပ်တာကိုယ်ခံရမှာလေ
စပ်စုတယ်ပဲသဘောထားလိုက်ပေါ့ဟယ်
..... လာရောက်ဖတ်ခဲ့ပါတယ် :P
စာလာဖတ်သွားပါတယ်။ လူတွေကလဲ အဲ့လိုပါပဲ ကိုယ့်အဖေနဲ့ကိုယ် ရန်ကုန်မှာ မုန့်သွားစားတာကို လူတွေက ဦးနဲ့သမီး ဇာတ်လမ်းလို မျက်လုံးတွေနဲ့ကြည့်သွားကြတယ်။ ဘယ်လိုလုပ်ကြမတုန်း...
ရောက်ခဲ့တယ် ညီမရေ..
ဘလော့မလည်ဖြစ်လို့ 
မမကတော့ညီမကိုခင်ပါတယ်နော်.. :D
လူတွေက အဲလို ပါပဲ လျှာအရိုးမရှိလို့ သာတော်တော့တယ်
ပြောချင်ရင် ဘုမသိဘမသိပြောချလိုက်တာပဲ
တဖက်သားရဲ့ ကိုယ်ရေးကိုယ်တာကို ဘာမျှမသိပဲနဲ့ 
ဂရုစိုက်စရာတော့မရှိဘူးပေါ့ဗျာ
ကန်ဒီကမြန်မာ မိန်းခလေးဆိုတော့ နစ်နာတာပေါ့ဗျာ
ကိုယ်ချင်းစာနားလည်ပေးလို့ ရပါတယ်...
ဟာကွာဖတ်လို့ကောင်းနေတုန်း (တော်ပြီ တော်ပြီ..
အိပ်တော့မယ်..
အားလုံးပဲ Good Night^^) တဲ့ ကိုးရီးယားကားကြည့်လို့ကောင်းနေတုန်းမီးပျက်သွားသလိုပဲ …^_^
Post a Comment