Saturday, July 14, 2012

Let me *CURL* it!!

Hello Hello^^

***ခုဖတ်နေတဲ့သူက ယောက်ျားလေးဆိုရင် ကျန်တာမဖတ်ရင်တောင် အောက်ဆုံးတပိုဒ်ကိုတော့ ဖတ်ပေးပါ Thanks :D***

ဒီနေ့ ရှားရှားပါးပါး Beauty ပိုစ့်လေးတင်ပေးလိုက်တယ်နော်။ ဘာလို့ရှားရှားပါးပါးလို့ ပြောတာလဲဆိုတော့ ဗွီဒီယိုနဲ့ ပြမှာမို့ပါ။ ထုံးစံအတိုင်း Unlisted (Unlisted = Only those with the link can see it)။ ကန်ဒီ့ဘလော့စာဖတ်သူတွေအတွက်ပဲ။ ဟိုနေ့က သူငယ်ချင်းတယောက်က Facebook မှာ Message ပို့လာတယ်။ ကန်ဒီ့သူငယ်ချင်း မင်္ဂလာဆောင်တုန်းကလုပ်ထားသလို ဆံပင်ကောက်နည်းနဲ့ ကောက်ပြီးရင် ကြာကြာခံအောင် လုပ်တဲ့နည်း ရေးပါလားတဲ့။ ကန်ဒီအရင်ကလည်း ဒီလိုပိုစ့်မျိုးရေးဖို့ တွေးဖူးတယ်။ ဒါပေမယ့် ဓာတ်ပုံနဲ့ ဘယ်လိုပြရမလဲ မသိတာရယ်.. နောက်ပြီး ဆံပင်ကောက်တာ သိပ်မခက်ဘူး ထင်တာရယ်ကြောင့် မရေးဖြစ်ခဲ့ဘူး။ ခု သူငယ်ချင်းက ရေးစေချင်တော့မှ ရေးဖြစ်သွားတယ် ဆိုပါတော့။ ကန်ဒီ့ ဆံပင်ကောက်နည်းနဲ့အတူ ဆံပင်ကောက်ခြင်းနဲ့ပက်သက်တဲ့ တခြား Tips လေးတွေပါ ထည့်ပြောပြသွားမယ်နော် :D

ဆံပင်ကို ဓာတုဗေဒဆေးတွေနဲ့ အသေကောက်တာမျိုးကို ကန်ဒီအားမပေးဘူး။ အဲ့ဒါဆံပင်သားကို အရမ်းပျက်စီးစေတယ်။ Curling Tool နဲ့ ခဏတာကောက်တာပဲ အားပေးတယ်။  သူက ကိုယ်လိုချင်တဲ့ ပုံစံကောက်နိုင်ပြီး ဆံပင်လည်း သိပ်မပျက်စီးဘူးလေ။ Curling Tools တွေက Size မျိုးစုံရှိတော့ ကိုယ့်ကြိုက်တဲ့ Size ကို ရွေးဝယ်ထားပေါ့။ Set လိုက်လာတာတွေလည်းရှိတယ်။ အသေးအကြီး မျိုးစုံပါတယ်လေ။

တချို့က သဘာဝကျကျ မကောက်တကောက် ပုံစံလေးကြိုက်တယ်။ တချို့က အဖျားလေးပဲ ကောက်တာကိုကြိုက်တယ်။ ဒါကတော့ လူတယောက်နဲ့တယောက် အကြိုက်ချင်းမတူဘူးပေါ့နော်။ ကန်ဒီကတော့ အရင်းကနေ အဖျားထိ လုံးဝကောက်တာမျိုးကို သဘောကျတယ်။ အဲ့ဒါမျိုးက အကောက်နည်းနည်းပြေသွားရင်လည်း သိပ်ရုပ်မဆိုးဘူးလေ။ သဘာဝအကောက်လေးလိုလို ကျန်ခဲ့တယ်။ နောက်ပြီး Volume လည်း ဖြစ်စေတယ်။ ဆိုလိုတာက ဆံပင်လေးက ပွယောင်းယောင်းလေးနဲ့ ခေါင်းမှာ ကပ်ကပ်ကြီးဖြစ်မနေဘူးပေါ့။ အဲ့လိုလုပ်တာ မျက်နှာကို ပိုသေးသွားစေတယ်။

ခေါင်းလျှော်ပြီး တရက် (သို့) နှစ်ရက် ထားထားတဲ့ ဆံပင်က ပုံသွင်းရ ပိုလွယ်တယ်။ နောက်ပြီး ခေါင်းမှာ သဘာဝအဆီနည်းနည်းရှိနေတော့ ဆံပင်ကို သိပ်မပျက်စီးစေဘူး။ အဲ့ဒီအချိန်ကောက်တာ အကောင်းဆုံးပေါ့။


► ဆံပင်အထူအပါးပေါ်မူတည်ပြီး အလွှာကို အဆင်ပြေသလို ခွဲလိုက်နော်။ ကန်ဒီကတော့ ၃လွှာ ခွဲကောက်ထားတယ်။
► မကောက်ခင် Heat Protectant လိမ်းဖို့တော့ မမေ့ပါနဲ့။ အပူကြောင့် ဆံပင်ပျက်စီးတာကို ကာကွယ်ပေးတယ်လေ။ တချို့က Heat Protectant ကို တခေါင်းလုံးဖြန်းပြီးမှ စကောက်တယ်။ ကန်ဒီကတော့ တလွှာချင်းစီ လိမ်းလိုက် ကောက်လိုက်လုပ်တယ်။ ဆံပင်အဖျားကို ပိုဂရုစိုက်လိမ်းပေးပါ။ အဲ့နေရာက ပိုပျက်စီးလွယ်တယ်လေ။ Heat Protectant ခေါင်းမှာ စိုစိုကြီးဖြစ်နေတုန်း မကောက်နဲ့နော်။ ခဏစောင့်ပြီးမှ ကောက်ပါ။
► ဆံပင်အလယ်က စကောက်ပါ။ အဲ့တော့မှ ဆံပင်အရင်းတွေပါ ကောက်ကြောင်းရစေမှာ။ အဲ့လိုလုပ်တာ အဖျားကိုလည်း သိပ်မပျက်စီးစေဘူးလေ။
► ကန်ဒီက အတွင်းအပြင် နှစ်မျိုးကို တလှည့်စီကောက်တယ်။ အတွင်းဆိုတာကို မျက်နှာဘက်ကို လှည့်ပြီး ကောက်တာပါ။ အပြင်ကတော့ မျက်နှာရဲ့အဝေးဘက်ကို လှည့်ပြီးကောက်တာ။ အတွင်းအပြင် တလှည့်စီကောက်တာက Volume ပိုရစေတယ်။ အတွင်းချည်းပဲ ကောက်ချင်လည်းရတယ်။ အပြင်ချည်းပဲ ကောက်ချင်လည်း ရတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့နော်။
► မျက်နှာနဲ့ အနီးဆုံးအပိုင်းတွေက ဆံပင်ကောက်တဲ့နေရာမှာ အရေးကြီးဆုံးပေါ့။ ခုနက ကန်ဒီ အပေါ်အောက် အလွှာ ၃လွှာခွဲတယ်လို့ ပြောထားတယ်နော်။ အောက်ဆုံးအလွှာရဲ့ မျက်နှာနဲ့အနီးဆုံးအပိုင်းကို အတွင်းဘက်လှည့်ကောက်တယ်။ အပေါ်နှစ်လွှာကိုတော့ အပြင်ဘက်လှည့်ကောက်တယ်။ အဲ့လိုလုပ်တာက မျက်နှာလေးကို ပိုပေါ်စေတယ်။


► ကောက်ထားတာကို ကြာကြာခံစေချင်ရင် တလွှာပြီးတာနဲ့ Wax (သို့) Hair spray ဖြန်းပါ။ Wax ကို ပိုအားပေးတယ်။ Hair spray က အဲ့လောက်မခံဘူး။ အားလုံးပြီးရင် တခါ Wax (သို့မဟုတ်) Hair spray ထပ်ဖြန်းပါ။ ကန်ဒီကတော့ တလွှာပြီးရင် Wax တခါလိမ်းတယ်။ အားလုံးပြီးရင် Hair spray ဖြန်းလိုက်တယ်။ (ဗွီဒီယိုထဲမှာ အဲ့လို မလုပ်ထားဘူး။ ကန်ဒီအပြင်သွားမှာ မဟုတ်တော့ Wax မလိမ်းချင်လို့ Spray ပဲ ဖြန်းပြထားတယ်နော်)
► ပြီးရင်တော့ ကိုယ့်ကြိုက်တဲ့ Accessories လေးတွေ တပ်ပေါ့။ ဆံပင်အကောက်က အလှဆင်လို့ အကောင်းဆုံးပဲ ^_^

ကန်ဒီပြောတာတွေ ဗွီဒီယိုလေး ကြည့်လိုက်ရင် နားလည်မယ် ထင်ပါတယ်နော်။ တခု တောင်းပန်ချင်သေးတယ်။ ကန်ဒီ ဒီဗွီဒီယိုကို သိပ်စိတ်တိုင်းမကျဘူး။ အားလုံးပြီးမှ ပြန်စစ်လိုက်တော့ စာလုံးပေါင်းတချို့လွဲနေတယ်။ နောက်ပြီး တခြား ပြင်ချင်တာလေးတွေလည်း ရှိသေးတယ်။ အဲ့ဒါနဲ့ Save ထားတဲ့ Project ကို Edit လုပ်ဖို့ ပြန်ဝင်တော့ တချို့ဖိုင်တွေက ပျောက်နေတယ်။ အဲ့ဒါနဲ့ ဒီတိုင်းလေးပဲ ဖြစ်သွားတယ်။ သည်းခံပြီး ကြည့်ပေးနော် ^_^


ဒါနဲ့ ကန်ဒီ့ဆိုဒ်က ကန်ဒီသိသလောက် အားလုံးကို ပြန်ရှယ်တဲ့သဘောပါ။ စာဖတ်တဲ့ အစ်မ/ညီမတွေကလည်း ကိုယ်သိထားတဲ့ နည်းလေးတွေ ကန်ဒီမှားနေတာလေးတွေကို ကွန်မန့်မှာရေးပြီး ထောက်ပြနိုင်ပါတယ်။ ကန်ဒီ စိတ်မဆိုးတတ်ပါဘူး ^_^

ကန်ဒီ့ဗွီဒီယိုတွေနဲ့ ကန်ဒီ့ဓာတ်ပုံတွေပါတဲ့ Beauty ပိုစ့်တွေကို ShweBeauty မှာ မတင်တာ အကြောင်းရှိပါတယ်။ အဲ့ဆိုဒ်က ကန်ဒီ့ကိုယ်ပိုင်ဆိုဒ်မဟုတ်တဲ့အပြင် သူက နည်းနည်း Professional ပိုဆန်တယ်လေ။ ကန်ဒီ့ဆိုဒ်ထက် Visitorလည်း ပိုများမယ် ထင်တယ်။ ကန်ဒီကိုယ်တိုင်က မော်ဒယ်လ်တယောက်မဟုတ်တော့ အဲ့လိုဆိုဒ်မျိုးမှာ ဒီလိုမျိုးတင်ဖို့ မရဲဘူး။ အဲ့ဒါကြောင့်ပါ။ ကန်ဒီ့ဆိုဒ်မှာကျ Beauty ပိုစ့်တွေတက်ပြီး ShweBeauty မှာကျ မတက်ဘူးဆိုပြီး တမျိုးမထင်ပါနဲ့နော် >.<

အားလုံးပြီးတော့ ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ အရင်ပုံလေးပဲ ကြည့်လိုက်တော့နော် ဟီး :D

OK OK... ကန်ဒီပြောတာတွေ အရမ်းများနေပြီ။ ဒါနောက်ဆုံးပဲနော်။ တခြားဘလော့ဂါတွေတော်တော်များများလည်း တင်ပြီးသလောက်ဖြစ်နေပြီဆိုတော့ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယမြောက်အလှူအကြောင်းပါ။ ဒီမှာ နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။ အားလုံးကိုလည်း သဒ္ဓါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူကြဖို့ တိုက်တွန်းပါရစေ ^_^

Have a Nice Day^^

17 comments:

စံပယ်ချို said...

candy သိတာလေးတွေဘလော့မိတ်ဆွေအားလုံးကိုပြန်
ရှယ်ပေးတယ်ဆိုပေမယ့် အတော်လေးတော့
ပညာပါတယ်ညလေးရေ
အရင်လုပ်ထားတဲ့ဆံပင်ပုံစံလေးကလဲလှတယ်
အမဆိုအဲတာတွေမတတ်ဘူး
လုပ်ပြတဲ့ပုံလေးကြည့်တာတောင် ပြန်လုပ်လို့မတတ်ဘူး
ဖြစ်နေတယ် မဂျက်(နဲနဲပိန်းပါ၏)

အိမ်မက်ကောင်းကင် said...

ဗီဒီယိုလေးကို ကြည့်သွားတယ်နော် ^_^

မိုးသူ(တောင်ကြီး) said...

အဟီးးးးးးးး မိန်းခလေးတွေရဲ့ အလှအပကိုသာ

သဘောကျတာ ...အဲလိုမျိုး အလုပ်ရှုပ်နေရမယ်ဆိုရင်

မိန်းမ ဘ၀ ဖြစ်ရတာ မနိုပ်ပါဘူးနော် ဟီးဟီး

မိုးငွေ့........ said...

ချိုချဉ်လေးကတော်လိုက်တာ...ရိုက်ပြထားတာလေးလဲကောင်းတယ်...။ အမကတော့ ဆံပင်ကနဂိုကောက်မို့ အထူးတလည်လုပ်စရာမလိုတော့ဘူး...။

အလွမ်းမြို့ said...

ညီမလေးရေ...စာတွေဖတ်သွားတယ်။
ရုပ်သံလေးလည်း ကြည့်သွားတယ်။
မကြီးလွမ်းက အလှအပ မကြိုက်ဘူး။
ဒါပေမဲ့ စာတွေသေချာဖတ် ရုပ်သံလေးသေချာကြည့်
သွားတယ်။ ဘာလို့လဲဆိုတော့ ရုပ်ပြနေတဲ့ ညီမလေးက
ချစ်စရာ ကောင်းပြီး ဆွဲဆောင်နေတာကိုး။
ညီမလေး ပျော်ရွှင်ပါစေ။



ခင်မင်တဲ့
မကြီးလွမ်း

နေမင်း said...

ယောက်ျားလေးဆိုရင် အောက်ဆုံးတစ်ပိုဒ် ဖတ်သွားပါဆိုလို့ ဖတ်သွားပါတယ်...
အဲဒါကြောင့် အလှူအကြောင်းလဲ သိခဲ့ပါတယ်ဗျာ....:-)))

ကိုကိုမောင်(ပန်းရနံ့) said...

ဗီဒီယိုဖိုင်လေးကို ကလစ်ပြီး (ဘလော့ ဖဘ အီးမေးလ် ယူကျု တွစ်တာပိုင်ရှင်) ကမ္ဘာကျော်ဓါတ်ရှင်မင်းသမီး ပိစိကို ကြည့်သွားပါကြောင်း၊ ဆံပင်ကို ဂလိုကောက်ရတာပါကလားဟူ၍ သဘောခွေ့သွားပါကြောင်း၊ ကောက်နေတဲ့ အရာကို ပြန်ဖြောင့်ပုံကိုလဲ ကြည့်ချင်သေးပါကြောင်း.. စသဖြင့်..စသဖြင့်...း)))))

မြတ်ကြည် said...

mite tel!! 2 thumbs up!

မဒမ်ကိုး said...

ခုတော့တိုသွားဘီ မလိုတော့ဘူးး))

မေမြို့မိုး said...

အစ်မဗွီဒီယိုကြည့်ရတာ မောသွားတာပဲ.။ ဟူး.. ။ ရှုပ်တယ်.။ ဟိုကလေးကို ကတုံးတုံးခိုင်းလိုက်မယ်.။

နွေတေးရှင် (မင်းဧရာ) said...

ဟုတ်ပါ့....
သူ့ပိုင်ဆိုင်မှု့တွေကလည်း အများသားကိုး
သကြီးမင်း ပြောမယ်ဆိုလည်း ပြောစရာ...။

သည်မှာ ဒေါ်မော်ဒန်ဂွမ်း နောက်တစ်ခါ
ကျုပ်တို့အတွက်ရေး ရင်ရေး မရေးလို့ကတော့ အကြောင်းသိမယ်း) ။

Nandar said...

ဗွီဒီယိုလေးလာကြည့်သွားပါတယ် ချစ်ဖို့အရမ်းကောင်းတာပဲ မ က...

အလင်းသစ် said...

ဆံပင်ဆိုမှ ခေါင်းမှာ ဗွေနှစ်လုံးကြောင့် ထိပ်ပြောင်မှာ ကြေက်နေလယ်.. ဘိုလုပ်ရမလဲ သိရင်ပြောပြပါဦး..:P

သစ်သစ် said...

ပိုချောလာတယ် ကန်ဒီလေး

Qt said...

ကျူတီ ...
အလှမပြင်တက်ဖူးကွယ် :(((
ကန်ဒီလေးက တော်လိုက်ထှာာာ
အဲလို အလှပြင်နေရင် ဘေးကနေ ကြည့်နေချင်တာ
ဗီဒီယိုလေးက ချစ်ရာလေး
လူကြည့်နေတာနဲ့ စာလုံးပေါင်းမှားတာတောင် မသိနိုင်ဖူး :D :D

ကူးကူးလှိုင် said...

ဟုတ်ပနော် လူက တအားလှနေတော့ စာလုံပေါင်းတွေလဲမဖတ်မိလိုက်လို့ မှားလား မှန်လားတောင် မသိတော့ဘူး ညီမလေးရေ...

Anonymous said...

မမက အဆိုတော် ရတနာဦးနဲ့တူလိုက်တာ..