Sunday, July 29, 2012

Nothing^^

Humm... ဘာစပြောရင်ကောင်းမလဲ?? သိပြီ... ကန်ဒီ လုံးဝ လုံးဝ (လုံးဝ) မကြိုက်တဲ့ စကားပြောနည်းကို ပြောပြမယ်။ ဥပမာအနေနဲ့ ဒီ Conversation ကိုကြည့်ကြည့်...

Pinky: ကန်ဒီ.. ဒီအပတ်စနေနေ့ Shopping ထွက်မလို့ ငါနဲ့အဖော်လိုက်ခဲ့ပါလား??
Candy: ငါမအားဘူးဟ.. သွားစရာရှိတယ်
Pinky: သိပါတယ်ဟာ.. နင်ငါ့ကို မခင်ဘူးဆိုတာ သိပါတယ်.. နင့်မှာ ခင်စရာသူငယ်ချင်းတွေများတော့လည်း ငါ့လိုလူကို ဘယ်ခင်မလဲနော်.. ငါနားလည်လိုက်ပါပြီ
Candy: အဲ့လိုမဟုတ်ပါဘူးဟာ... (စိတ်ထဲတွင် >>> ဒေါသအလိပ်လိုက်ထွက်ပြီး သူ့ကိုအမှုန့်ကျိတ်ချင်နေသည်)

အဲ့ဒါ ကန်ဒီအမြင်အကတ်ဆုံး စကားပြောနည်းပဲ။ အနုနည်းနဲ့ လူကိုစိတ်မကောင်းဖြစ်အောင်လုပ်နေတာ။ ဘာလို့ တဖက်လူရဲ့ လွတ်လပ်ခွင့်နဲ့ အကျိုးအကြောင်းကိစ္စကို နားလည်မပေးနိုင်ရတာလဲ?? တကယ် တကယ် အဲ့လိုပုံစံမျိုးလာပြောရင် ကန်ဒီ တော်တော်အမြင်ကတ်တာ.. (ဘေးမှာချထားတဲ့ပဲနို့ တငုံမော့လိုက်သည်။)


ကန်ဒီမခံစားနိုင်တဲ့ နောက်တမျိုးကကျတော့ အနားကနေ စကားတောက်လျှောက်ပြောပြီး ပိကျိ ပိကျိ လုပ်နေတာမျိုး။ ပိကျိ ပိကျိ ဆိုတာ ဘာလဲဆိုတော့ အရေမရ မဖတ်မရတွေကို Repeat လုပ်နေတာကို ပြောတာ (ကိုယ့်ဟာကိုယ် Define လုပ်သည်.. From Candy's Myanmar Dictionary :P)။ ကိုယ်တိုင်က စကားနည်းတဲ့သူမို့လည်း ပါမှာပေါ့လေ။ မပြောပြတတ်ဘူး။ တချို့က စကားများတယ်။ ဒါပေမယ့် သူတို့ပြောတဲ့စကားက အကျိုးရှိတယ်။ အသိတခုခု ပေးတယ်။ ပျော်ရွှင်မှု တခုခုပေးတယ်။ ကန်ဒီပြောတာ နားလည်လားမသိဘူး(@_@)။ အဲ့ဒါမျိုးဆို ရတယ်။ တချို့ကကျတော့ တောက်လျှောက်ပြောနေသမျှစကားတွေက အရေမရ အဖတ်မရတွေ။ အရေမရ အဖတ်မရဆိုတာ သူများအကြောင်း အတင်းတုတ်တာတို့.. ပြောပြီးသား သိပြီးသားကိစ္စကို ထပ်ကာတလဲလဲ ကျော့နေတာတို့.. အဲ့ဒါမျိုးကို ပြောတာ။ အဲ့တော့ နားငြီးတာပဲ အဖတ်တင်တယ် >.<

ဒီရက်ပိုင်း ဖြုန်းဖြစ်တာ.. အဲ သုံးဖြစ်တာတွေ တော်တော်များတယ်။ ကန်ဒီက Decorate လုပ်ရတာ ၀ါသနာပါတယ်။ အဲ့လို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားတဲ့နေရာမှာနေရတာ လူကို ပိုလန်းဆန်းစေတယ်လို့ထင်တယ်။ ကန်ဒီ ကြုံရင်ကြုံသလို တိုလီမုတ်စလေးတွေ ၀ယ်တတ်တယ်။ တကယ်တော့ လုပ်ချင်တာက အများကြီး.. အဲ့ဒါကို ဘယ်နားသွားပြင်ရမလဲ မသိတာ(:P)။ အခန်းက ကိုယ့်ပစ္စည်းနဲ့တင် ပြည့်နေတာလေ ဟီး။ နောက် ကိုယ့်အိမ်လည်း မဟုတ်တော့ နည်းနည်းပါးပါးပဲ လုပ်ဖြစ်တယ်။ ပိုက်ဆံရှိမှ ကန်ဒီ့စိတ်ကြိုက် Design ဆွဲပြီး အိမ်ဆောက်မယ်။ အထဲက Decoration ကို ကန်ဒီ့စိတ်ကြိုက် Theme တခုနဲ့ ပြင်မယ်။ Woww... စိတ်ကူးထဲမှာတောင် ပျော်စရာတော်တော်ကောင်းနေပြီ ဟီးဟီး :D

 အရင်ကထက်စာရင်တော့ နည်းနည်းပိုသပ်ရပ်သွားတယ် ထင်တာပဲ xD


အဟတ် တော်တော်လန့်သွားကြလား?? ဒါ ကန်ဒီပထမဆုံး လိမ္မော်ရောင် ဆိုးဖူးတာပဲ။ ဟိုတနေ့က Plaza Singapura ရောက်သွားတော့ Essie တွေ ဈေးချနေတာတွေ့တာနဲ့ တခါမှမ၀ယ်ဖူးတဲ့အရောင်တွေ ၀ယ်လာတာ။ တခါတလေ ပျင်းစရာကောင်းတဲ့ အရောင်တွေကနေ ကွဲထွက်ကြည့်ချင်တယ်။ အခု Neon colour တွေ အရမ်းခေတ်စားနေတယ်။ ကုလားအရောင်လို့ လာပြောတဲ့သူကို အမှုန့်ကျိတ်ချင်တယ် ဟွင်း.......

 လတ်တလော ကြည့်နေတဲ့ကား "Fortune Arterial"

ယုန်ကို ဘယ်လောက်တောင် စိတ်စွဲနေလဲ မသိဘူး.. အိမ်မက်ထဲမှာတောင် ထည့်မက်တယ်။ မနက်နိုးလို့ မေးလ်စစ်လိုက်တော့ ယုန်လေးတကောင်(ဓာတ်ပုံ) မေးလ်ထဲရောက်နေတယ်။ တိုက်ဆိုင်လိုက်တာ။ အရမ်း အရမ်းပျော်သွားတယ် (:D)။ ဟိုနေ့က YouTube မှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း "Being Happy" ဆိုတဲ့ ဗွီဒီယိုလေးတခုတွေ့လို့ ကြည့်မိတယ်။ သူပြောတဲ့ထဲက တချက်ကို အရမ်းသဘောကျတယ်။ "ကြုံတွေ့လာတဲ့ကိစ္စ (အသေးအဖွဲလေးဖြစ်နေပါစေ) ပျော်တတ်တဲ့အကျင့်လုပ်ပါ"တဲ့။ သိပ်ကြီးမားတဲ့ အောင်မြင်မှုရမှ ပျော်ရမယ် မဟုတ်ပါဘူး။ လူတယောက်ဟာ နေ့စဉ်ကြုံတွေ့နေတဲ့ အရာလေးတွေကို တွေးပြီးပျော်တတ်တာနဲ့တင် အဲ့လူဟာနုပျိုနေမှာပဲ။ ဆိုလိုတာက ထီပေါက်မှ ပျော်စရာကောင်းတာ မဟုတ်ဘူး။ Pizza စားချင်နေတာ စားလိုက်ရတယ်ဆို ဒါလည်း ပျော်စရာပဲ မဟုတ်လား ^_^ 

♫♪ ဒီလို မချစ်ဘူး မပြောပါနဲ့... မင်းလုပ်သမျှအားလုံးကို ကျေနပ်တယ်..
ယုံပါ.. ဒီအချစ်များ မငြင်းပါနဲ့....♫♪
OMG!! အောက်ထပ်က(ကစားကွင်းထဲကလား မသိဘူး) ဂစ်တာတီးပြီး အဲ့သီချင်းဆိုနေတဲ့အသံ ကြားနေရတယ်။ မိုက်တယ်။ မြန်မာပြည် ပြန်ရောက်နေသလို ခံစားရတယ်။ အဲ့ဒါသာကြည့် စင်္ကာပူမှာ မြန်မာတွေ ဘယ်လောက်ပေါလဲဆိုတာ :D :D

ဂလု ဂလု... ပဲနို့လည်း ကုန်ပြီ :P
မှတ်ချက် - ပဲနို့သည် ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဟု ကြားဖူးသည် :D

တော်သင့်ပြီ...
Good Night^^

20 comments:

အလွမ်းမြို့ said...

အဟဲ...ကန်ဒီဘလော့ကဆို ဘယ်လိုစာလေးတွေဘဲ
ရေးရေး ဖတ်လို့ပျော်ပြီးသား။ လာလည်ရတာကိုး
ပျော်နေတာ။ ဓါတ်ပုံလေးတွေကြည့် စိတ်ချမ်းသာလို့။


ချစ်တဲ့
မကြီးလွမ်း

ဖြိုးမောင်မောင်(CTM) said...

ပိကျိ ပိကျိ ဆိုတာ ဘာလဲဆိုတော့ အရေမရ မဖတ်မရတွေကို Repeat လုပ်နေတာကို ပြောတာ (ကိုယ့်ဟာကိုယ် Define လုပ်သည်.. From Candy's Myanmar Dictionary :P)

ပိကျိ ပိကျိ
ပိကျိ ပိကျိ
ပိကျိ ပိကျိ
ပိကျိ ပိကျိ
ပိကျိ ပိကျိ

LOL...................

ချမ်းမင်းကို(ပဥာက်) said...

အမ်း..ဒုက္ခ..ဒုက္ခ..အွန်လိုင်းဒုက္ခ

Nwai La said...

ပိကျိ ပိကျိ ကို Define လုပ်သွားတာ မိုက်တယ်
ငါလည်း လေကြော မရှည်အောင် ပြင်ရဦးမယ်
တော်ကြာ အစ်မကို ငါ့ကို
အမှုန်ကျိတ်ချင်နေမှ အခက်

ဘုန်းဘုန်းတောက် said...

ကန်ဒီရေ အမှုန့်ကြိတ်ချင်ရင် ကြိတ်သာပစ်လိုက်ဟေ့။ အောင့်မထားနဲ့။ ဟုတ်တယ် ကန်ဒီရေ။ ထီပေါက်မှ မဟုတ်ပါဘူး။ ခရီးသွားတာတို့၊ စားချင်တာ စားလိုက်ရတာတွေလည်း အထူးပျော်ရွှင်ဖွယ်တွေပဲ။

စံပယ်ချို said...

ဒီလို မချစ်ဘူး မပြောပါနဲ့... မင်းလုပ်သမျှအားလုံးကို ကျေနပ်တယ်..
ယုံပါ.. ဒီအချစ်များ မငြင်းပါနဲ့..,.....ဒိုးလုံး
ဆိုတဲ့သီချင်းတွေထဲမှာ အဲဒီသီချင်းကိုအကြိုက်ဆုံးပဲ
ပိကျိ-ပိကျိ လုပ်ပြီးပြန်ပါပြီကန်ဒီလေးရေ

မိုးသူ(တောင်ကြီး) said...

လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့

ဒီလိုပါပဲ လောကကြီးက

(ဘေးမှာချထားသော နို့ ခွက် တငုံသောက်သွားသည်)

ပိကျိ ပိကျိ ပိကျိ လုပ်သွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

နွေတေးရှင် said...

အင်....
ပိကျိပိကျိ ဆိုတာအဲသလိုလားး)
ကာလ စကားကိုလည်းမှတ်သွားသကွဲ့။

လူဆိုတာကလည်း အခက်သားကလား
ကိုယ့်စိတ်ခံစားမှု့နဲ့သာ အသက်ရှင်ပါလေ။

ညိမ်းနိုင် said...

အေးကွယ်....ထီပေါက်မှမဟုတ်ပါဘူးနော့....ဘီဘီချရင်
လည်းပျော်၊ကလပ်တက်ရင်လည်းပျော်၊လျှောက်သွားနေ
ရရင်လည်းပျော်၊စားသောက်နေရရင်လည်းပျော်.....
ကဲပျော်စရာတွေဘယ်လောက်များသတုန်းနော့....:P

မြတ်ကြည် said...

ကုလားရောင်ပြောရင် စိတ်ဆိုးမှာစိုးလို့ နနွင်းရောင်လို့ပဲ ပြောတော့မယ်။ :P

KhaingSuMon said...

mama...သမီး မမကန်ဒီ မကြိုက်တာ မလုပ်ခဲ့မိလောက်ပါဘူးနော်... သမီးကလည်း စကားပေါတယ်ဆိုတော့ ဟီး :P

Thameesan said...

အင်း..
အဲ့ဒီ့ပိကျိပိကျိကြောင့်ထင်တယ်
ဂျီးတော်ပေါ်မှာကောဖေ့ဘုတ်ပေါ်မှာပါ
စိတ်မကောင်းစွာနဲ့ဘလော့လိုက်ရတယ်လေ..
ပိကျိပိကျိက
တကယ်မကောင်းပါဘူး ကန်ဒီရယ်..း))

မိုးငွေ့........ said...

ပိကျိပိကျိဆိုတာ ငှက်ကလေးတွေအော်သံ:P

လွင်ပြင်လှိုင်းငယ် said...

ပိကျိ ပိကျိ တွေကတော်တော်ဆိုးတာပဲ ညီမလေးရေ

ကူးကူးလှိုင် said...

ကန်ဒီစာတွေဖတ်ရတာ ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ပျော်စရာကောင်းတယ်...

pigpig said...

white board လေးက လှလိုက်တာ

အိမ်မက်ကောင်းကင် said...

မမချိုချဉ်လေးရေ အလည်ရောက်ခဲ့တယ်နော်
သည်ဆိုဒ်ကိုလာလည်ရင်ဘာကြောင့်လဲတော့မသိဘူး ပျော်စရာကောင်းတယ်
မမချိုချဉ်ရေးထားတာလေးတွေက ဆွဲဆောင်မှု
တွေအပြည့်ပဲ ........
သည်ညမှာလည်း ယုန်ကလေးကိုအိမ်မက်ထဲထည့်မက်လိုက်ဦးနော် ^_^

လရိပ်အိမ် said...

လက်သည်းဆိုးဆေးဆိုးထားတာတော်တော်လှတယ်

ဖြိုးဇာနည် said...

ပိကျိပိကျိလာလုပ်မလို့တတ်လာတာ ဟီးးးးး
post လေးဖတ်ပြီးပိကျိပိကျိလေးကိုပြန်မျိုချသွားတယ် ဂလု :P

ရင်ဆူး said...

အစ်ကိုတို့ကတော့ ပွစိ ပွစိလုပ်တယ်ပြောတယ်.....ပိကျိ ပိကျိကတော့ ပိုနားထောင်လို့ကောင်းမယ်ထင်တယ်.....ဘာတဲ့ ပဲနို့သည် ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဆိုတော့ ပဲနို့သည် ဘယ်မှာဝယ်ရမလဲ ကန်ဒီရေ.....ဟီးဟီးးးးးး ငါ့ညီမ ဘလော့လည်း မရောက်တာကြာပြီကွယ်.....အစ်ကိုလည်း ညစ်နေတာနဲ့ ရောက်လာတယ်......ကျေးဇူး သကြားလုံးရာ....နည်းနည်းပေါ့သွားတယ်.....ပျော်ရွှင်ပါစေညီမလေး.......ပိကျိ ပိကျိ ဖြစ်သွားရင် ဆောရီးပါ ကန်ဒီရေ.... ::::::::::::PPPPPPP