Wednesday, July 25, 2012

Sulfate-free Shampoo


Sulfate-free Shampoo ဆိုတာ ဘာလဲ၊ သူ့ကို သုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ ဆိုတာတွေကို ဒီပိုစ့်လေးနဲ့ ပြောပြသွားမယ်နော်။ ကန်ဒီတို့ နေ့စဉ်အသုံးပြုနေတဲ့ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေထဲမှာ Sulfate ကို Sodium Lauryl Sulfate (SLS) အနေနဲ့ တွေ့ရတတ်ပါတယ်။ မယုံရင် ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည် (သို့) ကိုယ်တိုက်ဆပ်ပြာရည်တွေရဲ့ ပါဝင်ပစ္စည်း List မှာ ဖတ်ကြည့်ပါ။

Sodium Lauryl Sulfate (SLS) ဆိုတာ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေကို အမြှပ်ထစေတဲ့ အဓိက ပါဝင်ပစ္စည်း(Chemical)တမျိုးပေါ့။ နောက်တနည်းပြောရမယ်ဆို သူက Surfactant (Surface Active Agent) တမျိုးပါ။ Surfactant ဆိုတာ ပါဝင်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ရေနဲ့ဆီကို တွဲနေအောင် လုပ်ပေးပြီး တသားတည်း ဖြစ်စေတဲ့ အမယ်ပစ္စည်းတမျိုးပေါ့။ လိုရင်းပြောရမယ်ဆို SLS ဆိုတာ အဓိက သန့်စင်ပေးတဲ့ ပစ္စည်းမဟုတ်ပါဘူး။

Sulfate ဆိုးကျိုးများ
► Sulfate molecule တွေဟာ အရမ်းသေးငယ်တဲ့အတွက် အသားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဦးခေါင်းနဲ့ အသားအရေ ယားယံတာတွေ ဖြစ်စေနိုင်တယ်။ 
► ဆံပင်မှာ ရှိနေတဲ့ အစိုဓာတ်ကို ခမ်းခြောက်စေလို့ ဆံပင်နဲ့ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့တဲ့ ဦးရေပြားဟာ ဗောက်ထလွယ်ပါတယ်။ 
► အရောင်ဆိုးထားတဲ့ဆံပင်တွေကို အရောင်မြန်မြန်ကျစေပါတယ်။
► ဆံပင်ကျွတ်ခြင်းကို အားပေးပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ Sulfate ဟာ အသက် (၃၅)နှစ်နောက်ပိုင်း ဆံပင်ပိုကျွတ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းပါတဲ့။

အဲ့လို Sulfate ပါဝင်မှုရဲ့ မကောင်းတဲ့အချက်တွေကြောင့် ဒီနောက်ပိုင်းမှာ Sulfate-free Shampoo ဆိုပြီး ပေါ်လာကြတယ်လေ။ Sulfate-free Shampoo တွေက ခုနကပြောတဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးတဲ့အပြင် ဆံပင်ဖြူခြင်းကိုလည်း နှေးကွေးစေပါတယ်တဲ့။ Sulfate-free Shampoo တွေဟာ ရိုးရိုး Shampoo တွေလောက် အမြှပ်ထွက်အား မကောင်းတတ်ဘူး။ တချို့ဆို အမြှပ်တောင် သိပ်မထွက်တတ်ဘူး။

ဈေးကွက်မှာ ရနိုင်တဲ့ Sulfate-free Shampoo များ
(1) TIGI Bed Head Superstar Sulfate-free Shampoo
(2) DermOrganic Sulfate-free Shampoo
(3) Pureology Anti-fade Complex Sulfate-free Shampoo
(4) L'oreal Sulfate-free Shampoo

သူတို့က ပုံမှန် Shampoo တွေထက်တော့ နည်းနည်းဈေးကြီးကြတယ်။ ကန်ဒီအကြံပေးချင်တာက L'oreal Sulfate-free Shampoo ပါ။ သူက တခြား Sulfate-free Shampoo တွေလောက် ဈေးမကြီးတဲ့အပြင် ကိုယ့်ဆံပင်အမျိုးအစားအလိုက်လည်း ရွေးဝယ်လို့ရတယ်။ L'oreal EverSleek Smoothing system, L'oreal EverCreme Moisture system အဲ့နှစ်ခုကို ကန်ဒီသုံးဖူးတယ်။ ခုလည်း သုံးနေတယ်ဆိုပါတော့။ EverSleek ကို ပိုသဘောကျတယ်။ အနံ့လေး သင်းသင်းလေးနဲ့ Fresh ဖြစ်တယ်။ EverCreme လည်း ကောင်းပါတယ်။ သူ့အနံ့က Shea Butter အနံ့။ ဆံပင်အရမ်းခြောက်တဲ့လူတွေအတွက် တော်တော်ကောင်းမယ်။ သူပြောထားတဲ့အတိုင်း Moisture တော်တော် ထိန်းနိုင်တယ်။ ကန်ဒီ ပုံမှန်ဆို တတ်နိုင်ရင် ၂ရက်ခြားမှ တခါ ခေါင်းလျှော်တယ်။ EverCreme နဲ့က မရဘူး။ ၁ရက်ခြားတာနဲ့ လျှော်မှရတယ်။ အဲ့ဒါကြောင့် EverSleek ကို ပိုသဘောကျတာ။ ခုသုံးနေတာ တဗူးကုန်သွားတော့ ထူးခြားမှုတွေ့လာသလိုပဲ။ ကန်ဒီ ဆံပင်ညှပ်လိုက်တာလည်း ပါမှာပေါ့။ Step တွေ ညှပ်ပစ်လိုက်တော့ ဆံပင်က ပိုထူပြီး ကျန်းမာလာသလို ထင်ရတယ်။ 


ဘယ်ဘက်ကပုံက လွန်ခဲ့တဲ့ ၃လလောက်ကပုံ... ညာဘက်ကပုံက ခုပုံ... 
ဘယ်လိုလဲ.. သိသာတယ်မလား :D


L'oreal Sulfate-free Shampoo က ရိုးရိုး Shampoo တွေလိုပဲ အမြှပ်ထွက်တယ်။ အဲ့တော့ စပ်စုချင်တဲ့ ကန်ဒီက "အမြှပ်ထွက်စေတဲ့ SLS မပါဘဲ ဘယ်လိုအမြှပ်ထွက်လဲ" ဆိုပြီး စဉ်းစားတော့တာပေါ့။ သူ့ Ingredient List ကို ဖတ်လိုက်တော့ Sodium Lauryl Sulfate နေရာမှာ Sodium Lauryl Sulfoacetate ထည့်ထားတာ တွေ့တယ်။ အဲ့ဒါနဲ့ ဘယ်ရမလဲ အဲ့ဒီနာမည်ရိုက်ပြီး Google တာပေါ့။ Google လိုက်တာ ဘာတွေ့လဲဆိုတော့ Sodium Lauryl Sulfoacetate ဆိုတာ Coconut တို့ Palm oil တို့ကရတဲ့ သဘာဝ Surfactant တမျိုးပါတဲ့။ သူလည်း အမြှပ်ထစေတယ်လေ။ ဒါပေမယ့် SLS လို Chemical မဟုတ်တော့ Safe ဖြစ်တယ်။ နောက်ပြီး Sulfate-free Shampoo တွေမှာ Glucoside တွေ Glycerin တွေလည်း ပါတတ်ပါတယ်တဲ့။ နှစ်မျိုးလုံးက အပင်တွေကရတဲ့ သဘာဝပစ္စည်းတွေပါ။ နိဂုံးချုပ်ရမယ်ဆို Sulfate-free Shampoo တွေက Chemical တွေအစား သဘာဝကရတဲ့ ပစ္စည်းတွေကို အဓိကသုံးထားတော့ နူးညံ့တယ်။ Sensitive ဖြစ်တဲ့သူတွေအတွက် အထူးသင့်လျှော်တယ်။ ဆံပင်အရမ်းပျက်စီးနေတဲ့သူတွေကို စမ်းသုံးကြည့်ဖို့ ကန်ဒီတိုက်တွန်းချင်ပါတယ် :D

ဆံကေသာ အလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေရှင်^^

20 comments:

စံပယ်ချို said...

ကန်ဒီလေးရေ
မကြီးက ဆေးတွေသောက်ရတော့ ဆံပင်အရမ်းကို
ကျွတ်တယ်....အသက်နဲ့လဲဆိုင်တယ်လေ
အဲတာကြောင့်မို့ ကန်ဒီပြောတာလေးကို
စမ်းကြည့်မယ် အားတဲ့နေ့ကိုသွားဝယ်မယ်လို့
စိတ်ကူးထားလိုက်ပြီ
ကျေးကျေး

Qt said...

မြန်မာပြည်မှာ ဆံပင်အရမ်းမကျွတ်ပဲ
ဒီရောက်မှ ကျွှတ်လိုက်တာ ကွကိုယ်တောင် မယုံနိုင်ဖူး
ကျေးဇူးပဲ ကန်ဒီလေးရေ
စမ်းကြည့်ဦးမယ် :))

Areal Thu said...

အသူဆံပင်တွေက အရှည်နှေးသလိုပဲ။အုံပဲထူလာတာ။အခုတော့ Ushido' သုံးနေတာတလလောက်တော့ရှိပြီ။ဆံပင်လဲတခါမှဖြောင့်တာတို.
ကောက်တာတို.၊ဆေးဆိုးတာတို.တော့မလုပ်ဖူးဘူး။
ဆံပင်ရှည်ချင်ရင်ဘယ်လိုလုပ်ရမလဲဟင်။ပြောပြပေးအုန်းနော်။
Areal Thu

ညီရဲ said...

အင်း... အစ်ကိုလဲ L'oreal Sulfate-free Shampoo ကို သုံးကြည့်ဦးမယ်... ဆံပင်တွေ အရမ်းကျွတ်လွန်းလို့ ...

mstint said...

ဖတ်ပြီး မှတ်သွားတယ် L'oreal ကိုတော့တီတင့် စွဲသုံးတယ် ချိုချဉ်လေးရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ညီမလေးအမကို ၀ယ်ပေးပြီး စမ်းသုံးခိုင်းရမယ် ။

ညိမ်းနိုင် said...

အိမ်း.....အူးလေးတော့ စန်းစန်းတင့်မဖြစ်လို့ ကြုံရာ
ကိုယ်တိုက်ဆပ်ပြာရည်နဲ့ပဲလျှော်တယ်ကွယ်.....:)))

အလွမ်းမြို့ said...

ညီမလေး ကန်ဒီလေးရေ။
ခုလို ပြောပြတာ ကျေးကျေး။ မကြီးလွမ်းတို့က တုံးထှာ.ဘာမှ တိဝူ။ ကန်ဒီပြောပြလို့ ဝယ်သုံးဦးမယ်။
..လွင်ပြင်က ဝယ်ပေးမယ်တဲ့ သူ့...ဟိုဟာကိုလေး..(ဘုစု)ကို. မကြီးက အသူ့ကို ဝယ်ခိုင်းရမှာလဲနော်။
စာလာဖတ်တိုင်း ကန်ဒီဓါတ်ပုံလေးတွေကြောင့်
ရင်ကိုအေးမြစေပါ၏


ချစ်တဲ့
မကြီးလွမ်း

မေမြို့မိုး said...

တားကတော့ အစ်မ ပုံနှစ်ပုံ ကိုကြည့်တာ တူတူပဲဗျ.။ ညက်စိမှုန်လို့ပဲလားမသိဘူး.။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကန်ဒီညွှန်းတာလေး သုံးကြည့်ဦးမယ်။ မြတ်ကတော့ နေ့တိုင်းကို ခေါင်းလျှော်ရလေ့ရှိတယ်။

Evy said...

ပို့စ်လေးအတွက် ကျေးဇူးကန်ဒီရေ။ ဒီနေ့ပဲသွားဝယ်လိုက်မယ်။ အစ်မလဲ ဆံသားတစ်အားခြောက်တာ။

မြတ်ကြည် said...

Thanks :)

ကူးကူးလှိုင် said...

နောက်တစ်ခါ သေချာကြည့်ပြီး အဲလို ရှန်ပူမျိုးရွေးဝယ်ရမယ်နော်...

မိုးငွေ့........ said...

ကျေးဇူးပဲ ချိုချဉ်ရေ...အမက ဆံပင်ခြောက်တယ် ကျွတ်လဲကျွတ်တယ် သုံးကြည့်ဦးမှပါ..။

လရိပ်အိမ် said...

အရင်ပုံနဲ့ခုပုံမတူတော့ဘူးနော်။ ခုက ဆံပင်ပိုများလာတယ်

Z@! said...

ကျေးဇူးပါပဲဗျာ..
ကျွန်တော်လဲ ဘာခေါင်းလျှော်ရည်သုံးရမှန်းကို မသိဘူး။ ဆံပင်တွေ ကျွတ်နေတာ မနက်အိပ်ရာထချိန်ဆို ခေါင်းအုံးမှာ ဆံပင်တွေ.. အသက်သုံးဆယ်မပြည့်ခင် ထိပ်ပြောင်မှာတောင် ကြောက်ရ.. အခုသုံးနေတာလေး ကုန်သွားရင်တော့ ကန်ဒီပြောတဲ့ခေါင်းလျှော်ရည်လေး သွားဝယ်ကြည့်မှပဲ.. စိုင်းစိုင်း

Anonymous said...

အမ, ဘယ်မှာဝယ်လို့ရလဲဟင်?
Guardian မှာရှိတတ်လားဟင်
Tnanks naw

Candy said...

Guardian တို့ Watson တို့မှာ ရှိတယ် ညီမ.. Shampoo တွေရောင်းတဲ့ Section မှာ ကြည့်ကြည့်.. တဗူးကို S$14-15 လောက်ရှိတယ်.. :D :D

evergreen said...

Start using after reading your blog. It is good. Thanks a lot!

san htun said...

စမ်းသုံးကြည့်ဦးမယ်..