Wednesday, August 29, 2012

"မ" သီချင်းများ ♫♪

ဒီနေ့တော့ "မ"ကိုချစ်နေတဲ့ ကောင်လေးတွေအတွက် အထူးစပယ်ရှယ်သီချင်းလေးတွေ မျှဝေပါမယ်။ ကန်ဒီအကြိုက်ဆုံး "မ"သီချင်းတွေပေါ့ ^_^

► ချစ်တယ်နော်.. "မ"
တေးဆို - MC Paing Lay
ဒီသီချင်းလေးကို ကန်ဒီစနားထောင်မိတာက M*H*A ဆိုတဲ့ သီချင်းဆိုဒ်လေးကပါ။ ခု ဘယ်ရောက်သွားပြီလဲ မသိဘူး။ အရင်လင်ခ့်မှာ ရှာမတွေ့တော့ဘူး...


♫♪ အရမ်းကို ချစ်တယ်နော်.. အိုး ဟိုး ဟိုး
ဖက်လို့ထားမယ်နော်.. အိုး ဟိုး ဟိုး
"မ" တယောက်တည်းကိုကျွန်တော်.. ချစ်နေလို့
အနမ်းတွေ ပေးမယ်နော် ယူပါတော့ ချစ်သူသို့... ♫♪

► ကျွန်တော်နဲ့ "မ"
တေးဆို - လင်းရာ၊ ရသ၊ ရဲလေး

 

♫♪ကမ္ဘာမြေထက် မိုးသားထဲ ကြယ်စင်များ လင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအားအလင်းပေးသလိုပဲ
အကြင်ဆုံး"မ"ရဲ့အချစ်နဲ့ ရင်မှာအမြဲနွေးထွေးသွားခဲ့
အားလုံးကို ရင်ဆိုင်ခဲ့မိ အကြင်နာဆုံး "မ"ရှိရင်ကွယ်...♫♪

► "မ"
ဒီသီချင်းနှစ်ပုဒ်လုံးကို ဘယ်သူဆိုတာလည်း မသိဘူး။ နားထောင်လို့ ကောင်းတယ်။ စာသားတွေလည်း မိုက်တယ် :D


♫♪ "မ" က ကျွန်တော့်ရဲ့ မရှိမဖြစ်ပါ "မ"ရယ်
အချိန်ရှိတိုင်းပဲ "မ"ရဲ့ ဘေးနား ရှိချင်တယ်
ဖြူစင်လွန်းတဲ့ "မ"ရဲ့ အပြုံးလေးများထဲ ရင်ခုန်နေမိတယ်
"မ"ရယ် မထားခဲ့လိုက်ပါနဲ့

"မ"ရဲ့ ရှေ့ကအမြဲရှိနေပေးမယ်
ဘယ်သူတွေပြောပြော ဂရုမစိုက်ပဲ ဆက်ချစ်နေမယ်..
ဆံပင်ရှည်လေးနဲ့ လှတဲ့ "မ"အတွက် အမြဲတမ်း ဘာမဆိုစွန့်ရဲတယ်
"မ"ရယ်.. မရက်စက်လိုက်ပါနဲ့... ♫♪


♫♪ "မ" ဘယ်လိုလဲ နေလို့မှ ကောင်းရဲ့လား.. စားလို့ဝင်ရဲ့လား.. စာတွေကျက်ဖြစ်လား.. ရေး.....
ညနက်တိုင်းလည်း "မ"အကြောင်းအိမ်မက် အိမ်မက်များလည်း ၀ိုးတ၀ါးအဖြစ်နဲ့သာ
ကမ်းတဲ့ ကျွန်တော်ရဲ့လက်တို့ခိုင်မြဲ ယုံကြည်ပါ တသက်လုံး................ ♫♪  

► "မ"
တေးဆို - ပူစူး


♫♪ "မ"ရဲ့နံဘေးမှာ ရှိနေချင်သေးတယ်... "မ"အသံလေးတွေ ကြားနေချင်သေးတယ်
အဝေးကိုရောက်နေလည်း ဒီရင်ထဲစိတ်တွေက တကယ်တမ်းနီးနီးလေးပါပဲ...♫♪

သီချင်းလေးတွေ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော် :D
"မ"ကိုလိုက်နေတဲ့ ကောင်လေးတွေအတွက်လည်း အသုံးဝင်မယ် ထင်ပါတယ် Good Luck ♥

Top Secret - ဘာရေးရမှန်းမသိလို့ သီချင်းတွေတင်ပေးလိုက်တာ ဟိ xD

Saturday, August 25, 2012

ဂတ်ပုံ (Aug + ဓာတ်ပုံ)

ဂတ်ပုံ.. အဲ ဓာတ်ပုံကြည့်ချင်သူများ မင်္ဂလာပါ...

ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း ဓာတ်ပုံများမည်။ Humm... ဘယ်နားက စရင်ကောင်းမလဲ??? ဟိုတလောက Part Time အတွက် အင်တာဗျူးသွားတယ်လို့ ပြောဖူးတယ်နော်။ အဲ့အလုပ်က ရတယ်။ Seminarတခုတောင် သွားလိုက်သေးတယ်။ ဒါပေမယ့် ကန်ဒီမလုပ်ဘူး ငြင်းလိုက်တယ် (>.<)။ သူက Healthcare Consultant ဆိုပေမယ့် Sale သဘောမျိုးပဲ။ Company တခုမှာ Health Supplement Product တွေရှိတယ်။ အဲ့ဒါတွေကို Customer ရဲ့ ကျန်းမာရေးလိုအပ်ချက်အလိုက် သင့်တော်ရာကို Recommend ပေးပြီးရောင်းရတဲ့သဘောပေါ့။ ကန်ဒီငြင်းလိုက်တာ အဲ့ဒါကြောင့်မဟုတ်ဘူး။ အဖြစ်က ဒီလို.... သူတို့က(မြန်မာတွေပဲ) Facebook တွေ.. Twitter တွေ.. Gtalk တွေကနေပါ Status တွေတင်ပြီး ကြော်ငြာသလိုမျိုး လုပ်ခိုင်းနေတယ်။ ကန်ဒီ့မှာ Blog ရှိမှန်းသိရင် ဒီ Blog မှာပါ ကြော်ငြာခိုင်းဦးမလား မသိဘူး။ သဘောက အဲ့လိုလုပ်ပြီး Customer ရမှ အလုပ်ဖြစ်မှာ။ ကန်ဒီက အလုပ်က အလုပ်.. Personal Life က Personal Life.. သီးသန့်ပဲ ဖြစ်ချင်တယ်။ Facebook.. Twitter.. Gtalk.. Blog ဆိုတာ ကန်ဒီ့ စိတ်အပန်းဖြေရာ ကိုယ်ပိုင်နေရာတွေလေ။ ဥပမာပေးရမယ်ဆို.. လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပန်းဖြေခရီးသွားတဲ့အချိန်မျိုးမှာ အလုပ်အကြောင်းပြောတာ မကြိုက်သလိုပေါ့။ ကန်ဒီလည်း သက်သက်စီ ထားချင်တယ်။ အဓိကက အဲ့ဒါကြောင့် ငြင်းလိုက်တာ။ ကန်ဒီ့ကို အပြစ်တင်လည်း ခံလိုက်မယ် အဟင့် :(

တို့ဖူးနွေး... ကော်ရည်ခေါက်ဆွဲ :)

Seminar သွားတာ အဲ့နေရာပေါ့။ အဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဈေးရောင်းပွဲတော်လည်း ရှိနေတော့ တော်တော်စည်တယ်။  ဒီရက်ပိုင်း အစားတွေအရမ်းစုံနေတယ်။ ကန်ဒီ ဒံပေါက်စားချင်နေတာ တော်တော်ကြာပြီ။ City Hall ကို ကန်ဒီသွားတဲ့နေ့ဆို ဘယ်တော့မှ ဒံပေါက်မရဘူး(>.<)။ ကြုံတုန်းပြောပြဦးမယ်။ ဟိုနေ့က City Hall က ဆိုင်တဆိုင်မှာ ငါးခူဆီပြန်ဟင်းရယ်၊ ငါးပိချက်ရယ် နှစ်မျိုးပဲ ၀ယ်တာ S$10.40 ပေးလိုက်ရတယ်။ လူက ကိုယ့်နားတောင် ကိုယ်မယုံချင် ဖြစ်သွားတယ်။ ဈေးတွေ တက်ကုန်တာလား?????? ဟွင်းးးးးး... အဲ့နေ့က ရေလည်ပေါက်ကွဲသွားတယ်။ အောက်ထပ်မှာစားရင် ပိုဒေါပွလာမှာစိုးလို့ အပေါ်ထပ်က လွိုင်နိုင်းမှာ တို့ဖူးနွေးစားတယ်။ အရမ်း အရမ်းစားလို့ကောင်းတယ်။ အဲ့ဆိုင်က တို့ဖူးနွေး အရမ်းကြိုက်တယ် ^_^

ကန်ဒီ့ညီမကကော်ရည်ခေါက်ဆွဲစားချင်တယ်ဆိုလို့သူငယ်ချင်းကအိမ်မှာလာလုပ်ကျွေးသွားတယ်။ ကော်ရည်ခေါက်ဆွဲကြိုက်တတ်တဲ့သူတွေ တော်တော်ကြိုက်ကြမှာ။ ကန်ဒီလား?? ကန်ဒီမကြိုက်ဆုံး အစားအစာက ကော်ရည်ခေါက်ဆွဲပဲ။ သူချက်တာ မကောင်းလို့ မဟုတ်ဘူးနော်။ ကန်ဒီကိုယ်တိုင်က အဲ့ဟာကို မကြိုက်တာ။ အဲ့ဒီကော်လိုလိုအရသာကြီး ပါးစပ်ထဲဝင်နေတဲ့ Feeling ကို ခံစားလို့မရတာ (=.=')။ ဒါပေမယ့် တပွဲကုန်အောင်တော့ ဖြစ်ညှစ်စားလိုက်တယ်။ တကူးတကလာချက်ကျွေးတဲ့သူကို အားနာလို့... ကန်ဒီချစ်ဖို့ကောင်းတယ်မလား? :D :P

ဘယ်လိုဖြစ်လို့ ဇွန်းနဲ့ခရင်းက ပြောင်းပြန်ကြီး ဖြစ်နေတာတုန်း >.<

နောက်ဆုံး မကျေနပ်လို့ ဒံပေါက်ရမယ့်နေ့ကိုမေးပြီး အဲ့နေ့သွားစားတာ... တကယ်စားရပြန်တော့လည်း သိပ်မကောင်းသလိုပဲ။ မြန်မာပြည်က ဒံပေါက်ကို လွမ်းတယ်။ စကားမစပ် ကြုံရင် ကန်ဒီသောက်တဲ့ အအေးကိုသောက်ကြည့်နော်။ Gas မပါဘူး။ ကျန်းမာရေးအတွက် ပိုသင့်တော်တယ် ^_^

  အင်း.. ဆံပင်ထပ်ဆိုးလိုက်ပြီ.. အရောင်က Chiffon Beige.. အိမ်ထဲမှာဆို အဲ့လောက်မသိသာဘူး :)


နှစ်ချောင်းထိုး ထိုးနေရင်း အဲ့ဒီအထုံးလေးမြင်တော့ အမေ့ကို သတိရတယ်။ ငယ်ငယ်က သူကန်ဒီတို့ကို သင်ပေးနေရင်း အဲ့လိုအထုံးလေးတွေ ချည်ထဲကထွက်လာရင် ရှင်းပေးရတယ်။ သူသင်ပေးတာတော့ ညီအစ်မသုံးယောက်လုံးကိုပဲ။ တကယ်ဝါသနာပါပြီး ထိုးတတ်တာက ကန်ဒီတယောက်တည်း (ကြုံတုန်းကြွားတာ :P)။ တကယ်တော့ ဘယ်ဘက်ကနှစ်ပုံက ကြာပြီ။ ကန်ဒီ့အမေမွေးနေ့(April)တုန်းက သူ့အတွက်လက်ဆောင် ထိုးပေးခဲ့တာလေ။ နှစ်ခြမ်းထိုးတော့ အလယ်မှာဆက်ရတယ်။ ဆက်တဲ့နေရာက ပုံမကျတော့ သိပ်မလှဘူး ဖြစ်သွားတယ် :(

ကန်ဒီယုန်နှစ်ကောင် လက်ဆောင်ရထားတယ်။ အဲ့ဒါကြောင့် ဒီတလော ယုန်အိမ်မက်တွေ မက်နေတာဖြစ်မယ်(:P)။ ဒါနဲ့ အဲ့နေ့က အသိအစ်မတယောက်က ကန်ဒီ့ခေါင်းကို မော့ကြည့်ပြီးမေးတယ်... "အဲ့ဒါ ဘာကြီးတင်ထားတာလဲဟင်... "တဲ့။ မေးပုံကို ကြည့်... ဘယ်လောက် အသည်းယားဖို့ကောင်းလဲ ဆိုတာ =.="

With my favorite Holland Lop Bunny ^_^


ဒီနေ့ အုန်းစိမ်းဂျယ်လီလုပ်မယ်ဆိုပြီး လိုအပ်တာတွေ မနေ့ကတည်းက ၀ယ်ထားတာ.. မလုပ်လိုက်ရဘူး။ ဘာလို့လဲပြောပြရင် အားလုံးရီအုံးမယ် ဟိ။ အကြောင်းက အုန်းသီးမခွဲတတ်လို့ (:P)။ ဂျယ်လီအတွက် ရေတောင်ဆူနေပြီးမှ မလုပ်လိုက်ရဘူး။ ဒါနဲ့ အဲ့ဆူနေတဲ့ရေကို ဘာလုပ်လိုက်တယ် ထင်လဲ??? ရေချိုးလိုက်တယ် ဟိဟိဟိ xD xD

အုန်းသီး ဘယ်သူခွဲပေးမလဲ???

ဒီရက်ပိုင်း ကန်ဒီအပူတွေကန်နေတယ် ထင်တယ်။ မျက်နှာတခုလုံးလည်း အဖုတွေချည်းပဲ။ ဘယ်ဘက်မျက်လုံးလည်း အပူကန်ပြီး ရောင်နေတာ ဒီနေ့မှနည်းနည်းသက်သာသွားတယ်။ ဟိုနေ့ကဆို မျက်လုံးတောင် မပွင့်ချင်ဘူး :(

မျက်လုံးကသာ နာနေတာ လူကပြောင်ချော်ချော်လုပ်တုန်း =.='
ခုထိ မျက်လုံးနှစ်ဖက်က မညီချင်သေးဘူး...

သရဲရဲရဲရဲရဲရဲ.......

အဖုတွေများ သက်သာလို သက်သာငြား Mask လေးအုပ်ကြည့်တာ။ ကန်ဒီက သူများကိုသာ လုပ်ဖို့ပြောတာ.. ကိုယ်တိုင်ကျ လုပ်ရမှာပျင်းတယ်။ တပတ်တခါလုပ်ဖို့ဆို ဝေးလာဝေး :P :P

မျက်နှာရော မျက်လုံးရော မြန်မြန်သက်သာပါစေ ^_^
ကိုယ့်ဟာကိုယ် ဆုတောင်းပေးတာ :P
Good Night^^

Tuesday, August 21, 2012

Nail Art Designs ++

Hello Girlsss^^^
မိန်းကလေးတွေကိုပဲ ရွေးနှုတ်ဆက်တယ်ဆိုကတည်းက ဘာပိုစ့်လဲဆိုတာ သိလောက်ပြီနော်...

♥ Pink Leopard



 
ပန်းရောင်အကွက်လေးတွေ ပုံဖော်တဲ့နေရာမှာ ညီဖို့မလိုဘူးနော်.. အဆင်ပြေသလိုပဲ လက်သည်းဆိုးဆေးက Brush နဲ့ဆွဲလိုက်ရင် ရတယ်။ ပြီးရင် အမည်းရောင်အကွပ်လေးတွေကို မဆက်အောင်ထည့်လိုက်ရင် ရပြီ။  အရမ်းကွက်လပ်ဖြစ်နေတဲ့နေရာမျိုးဆို အမည်းစက်လေးတစက် ထည့်လိုက်နော်။


Nail Art Pen လေးတွေက ဒီလိုမျိုး ဒီဇိုင်းလုပ်ရင် အရမ်းအသုံးဝင်တယ်။ ကန်ဒီဝယ်ထားတဲ့ဟာက ပုံမှာ ပြထားတဲ့အတိုင်း ထိပ်(၂)ခုပါတယ်။ Brush အနေနဲ့လည်း ရတယ်။ Pen အနေနဲ့လည်း ရတယ်။ Gmarket က ၀ယ်ထားတာ။ ဈေးအရမ်းမကြီးဘူး။ သုံးပျော်တယ် :)

♥ Fresh Juicy Nail 


ဒါလေးက Idea ပေးဖို့ပဲ ထည့်ထားတာ။ လုပ်နည်းက ကန်ဒီရေးပြီးသား... ဒီမှာရှိတယ်နော်။ လက်သူကြွယ်မှာ သစ်သီးပုံ 3D Clay Nail Accessory လေးတွေ ကပ်ထားတယ်။ အဲ့ဒါမျိုးကို Fimo လို့ခေါ်တယ်။ Clay နဲ့လုပ်ထားတာ။ ရိုးရိုး Nail Sticker မဟုတ်ဘူး။ Gmarket တို့ Ebay တို့မှာ ၀ယ်လို့ရတယ်။

♥ Simple and Elegant



ဒီ Design လေးက လုပ်ထားတာ တော်တော်ကြာပြီ။ ကြယ်ပုံလေးတွေကို အပေါ်အောက် တလှည့်စီထည့်သွားတာက လက်ချောင်းအားလုံးရဲ့ တနေရာတည်းမှာ ထည့်တာထက် ပိုဆန်းတယ်။ အမျိုးမျိုး Try ကြည့်ပေါ့ :D


ဒါလေးကတော့ French Tip ကို အရမ်းပျင်းစရာမကောင်းအောင် နည်းနည်း Touch လုပ်ထားတဲ့သဘောပဲ။ Quick Tip တခုပြောပြမယ်နော်... French Tip လုပ်တဲ့အခါ ကိုယ့်လက်မငြိမ်လို့ အရင်းတွေမညီရင် ဒီနည်းလေး သုံးလို့ရတယ်။ Nail Art Brush အသေးလေးနဲ့ အောက်ခြေကို ကိုယ်ကြိုက်တဲ့အရောင်နဲ့ ကွပ်လိုက်ရင် ပိုလည်းဆန်းတယ် သပ်သပ်ရပ်ရပ်လည်းဖြစ်သွားတယ်။ လက်သူကြွယ်က ကနုတ်လေးက ဘာမှမဟုတ်ဘူး.. Sticker ကပ်ထားတာ :)

**********************************************************************************

DreamGirl Online Fashion 
Online Shopping ၀ါသနာပါတဲ့ မြန်မာပြည်ကစာဖတ်သူတွေအတွက် Info လေးတစ်ခုပေးချင်လို့။ ကန်ဒီ့ဘလော့ကို လာလည်နေကျ ညီမလေးတယောက်က Online Fashion Page လေးတခု Facebook မှာလုပ်ထားတယ်။ သူ့ဆိုဒ်လေးနာမည်က "DreamGirl Online Fashion" တဲ့... စတာမကြာသေးဘူး။ အဲ့မှာ စင်္ကာပူ မလေးရှားက ယောက်ျားလေးဝတ်၊ မိန်းကလေးဝတ် အကျီတွေ ဘောင်းဘီတွေနဲ့ အိတ်တွေ ရောင်းတယ်။ Coach အိတ်တွေလည်း US ကနေ တိုက်ရိုက်မှာပေးတယ်လို့ ပြောတယ်။ ၀ယ်ပြီးရင်လည်း အိမ်တိုင်ရာရောက်ပို့ပေးနိုင်တယ်တဲ့။ ဒီ့ထက် အသေးစိတ်သိချင်ရင်တော့ သူ့ Page လေးကို သွားလည်ကြည့်နော်...  ဒီမှာ နှိပ်ပါ (:D)။ အရင်ကရော မြန်မာပြည်မှာ အဲ့လိုမျိုးရှိလား?? ကန်ဒီပဲ ပိန်းလို့လား မသိဘူး.. ရန်ကုန်မှာတုန်းက တခါမှ အဲ့လိုမ၀ယ်ဖူးဘူး။ Online Shopping ဆိုတာ စင်္ကာပူရောက်မှ လုပ်ဖူးတာ။ OK OK.. သူ့ Page က ကန်ဒီ စတိုင်လ်နဲ့ကိုက်တဲ့ အကျီတချို့ကို ပြမယ်နော်...

Sooo Cuteeee... ကိုယ်တိုင်က ဂါဝန်မ၀တ်ပေမယ့် 
အဲ့လိုလေးတွေ အရမ်းသဘောကျတယ်။ 

 အဲ့ဒီအကျီလေးက လုံးဝ ကန်ဒီ့စတိုင်လ် :D

ကန်ဒီ Info ပေးတယ်လို့ပဲ ပြောခဲ့တယ်နော်။ ဒါ Review မဟုတ်ဘူး။ ဆိုလိုတာက ကန်ဒီ့ Experience ကိုပြောတာမဟုတ်ဘူး။ ကန်ဒီကိုယ်တိုင် အဲ့ညီမလေးဆီက မ၀ယ်ဖူးတော့ ကန်ဒီ့အတွေ့အကြုံပြောပြလို့ မရဘူး။ Information ပေးတဲ့သဘောပါပဲ :D

ကြုံတုန်း Online Shopping နဲ့ပက်သက်ပြီး ပြောရမယ်ဆို Online ဆိုတော့ သိတဲ့အတိုင်း ဓာတ်ပုံပဲ မြင်ရတာလေ။ Size တွေ Color တွေကို ပြောပြထားပေမယ့် တကယ့်လက်တွေ့မှာ ကိုယ်ဓာတ်ပုံထဲမှာ မြင်ထားတာနဲ့ နည်းနည်းကွဲလွဲတတ်တယ်။ ဒါကိုတော့ Online Shopping လုပ်သူတိုင်း ကြိုပြင်ဆင်ထားသင့်တယ်နော်...

Have a Nice Day^^

Friday, August 17, 2012

My Dream??

 

ဒါ Diary post ဆိုတာထက် ဒီနေ့ရတဲ့ အတွေးတခုလို့ ပြောရင်ပိုမှန်မယ်။ ကန်ဒီမေးမယ်နော်။ ဘ၀အတွက် Dream ဆိုတာ ဘာလဲ... ဘယ်လိုခံယူထားလဲ???

ဒီနေ့ Part Time နောက်တခုအတွက် အင်တာဗျူးသွားတယ်။ အားလုံးတော့ တွေးနေမှာပဲ.. "ခုလည်း Part Time တခုလုပ်နေတာ ဘာကိစ္စနောက်တစ်ခုလုပ်ချင်တာလဲ" လို့။ ဒီကောင်မလေး ပိုက်ဆံတော်တော်လိုနေလားပေါ့ (:D)။ ခုလုပ်နေတဲ့ Part Time က ကန်ဒီပြောဖူးသလို Data Entry ပဲလေ။ ဘာမှထူးထူးခြားခြား မဟုတ်ဘူး။ ဒီနေ့ အင်တာဗျူးသွားဖြေတဲ့ အလုပ်က Healthcare Consultant position.. ကန်ဒီ့ဘွဲ့နဲ့လည်းဆိုင်တော့ အဲ့ကနေ အတွေ့အကြုံရနိုင်တယ်လေ။ အဲ့ဒါကြောင့် လျှောက်လိုက်တာ။ အဲ့မှာလည်း မြန်မာတွေပဲ။ ကန်ဒီလည်း မြန်မာတွေနဲ့ ရေစက်ဆုံပုံရတယ်။ အခြေအနေက ဘယ်လိုဆက်ဖြစ်မယ် မသိဘူး။ စနေနေ့တော့ Seminar တစ်ခုသွားရမယ်။ ထားပါ.. အဓိကပြောချင်တာကို မရောက်တော့ဘူး (:P)။ အဲ့အင်တာဗျူး Form မှာ ကန်ဒီ့ကို Dream ၆ခု ရေးခိုင်းတယ်။

ခုနက ကန်ဒီမေးထားတဲ့မေးခွန်းကို စဉ်းစားပြီးပြီလား?? ဘ၀အတွက် Dream ဆိုတာဘာလဲ.. ဘယ်လိုခံယူထားလဲ?? ကန်ဒီ နားလည်ခံယူထားတာက... Dream ဆိုတာ "စိတ်ထဲရှိတဲ့စိတ်ကူးဆန္ဒတွေ"။ အဲ့ဒါတွေက အကောင်အထည်ပေါ်ချင်လည်း ပေါ်မယ်။ မပေါ်ချင်လည်း မပေါ်ဘူး။ ဥပမာ - ကန်ဒီငယ်ငယ်က စာသင်တဲ့ဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ အဲ့ဒါ ကန်ဒီ့ Dream.. ခုထိလည်း ဖြစ်ချင်နေသေးတယ်။ ဒါပေမယ့် ကန်ဒီဖြစ်နေတာ ဆရာမမဟုတ်ဘူး။ နောက် ကန်ဒီ Photographer တွေလို Professional ဆန်ဆန် ဓာတ်ပုံရိုက်တတ်ချင်တယ်။ နောက် ကန်ဒီ့စိတ်ကြိုက် Design ဆွဲထားတဲ့ အိမ်လေးတလုံး ပိုင်ချင်တယ်။ နောက် ကန်ဒီ Cosplayer ဖြစ်ချင်တယ်။ အဲ့လိုပေါ့.. ကန်ဒီ့ဖြစ်ချင်တဲ့ စိတ်ကူးတွေ အများကြီးရှိတယ်။ အဲ.. ဘ၀အတွက် အကောင်တထည်ဖော်ဖို့ ကြိုးစားနေတာမျိုးကျတော့ Target သတ်သတ်မှတ်မှတ်ရှိတဲ့ Goal ဖြစ်သွားပြီ။ ဒါဆို မေးစရာရှိတယ်။ လူတိုင်းက ကိုယ့်ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေအများကြီးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာလား?? အဲ့ဒီစိတ်ကူးတွေ အများကြီးနောက်ကိုလိုက်ပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ Goal တွေ သတ်မှတ်နေတာလား?

 This is called "Cosplaying"

ကန်ဒီ့ကို အဲ့မေးခွန်းမျိုးမေးခဲ့ရင်တော့ အဖြေက NOOOO!!! ကန်ဒီ့အတွက် Dream ဆိုတာ ဖြစ်ချင်တဲ့စိတ်ကူးတွေ။ အခွင့်အရေး/အချိန်တွေရှိခဲ့မယ်ဆိုရင် ကန်ဒီလုပ်မယ်.. မရှိရင်မလုပ်ဘူး (ဥပမာ - ဟိုတနေ့ကပဲ သူငယ်ချင်းတယောက်ကမေးတယ်။ ဘုန်းကြီးကျောင်းမှာ ကလေးတွေကို မြန်မာစာသင်ပေးမလားတဲ့။ Volunteer သဘောမျိုးပဲပေါ့။ ကန်ဒီက လုပ်မယ်လို့။ သူဆီက အကြောင်းမပြန်သေးတော့ မသွားရသေးဘူး။ ဒါ အိမ်မက်တခု သူ့အလိုလို အကောင်အထည်ပေါ်လာတာပဲမလား??)။ အဲ့စိတ်ကူးတွေဖြစ်ဖို့ သူတို့နောက်ကို ကန်ဒီလိုက်မနေဘူး။ Dream ဆိုတာ ကန်ဒီ့အတွက် Goal မဟုတ်ဘူး။ 

ကန်ဒီအကောင်အထည်ဖော်မယ်လို့ ရည်ရွယ်ထားတဲ့ Goal တွေက သက်သက်ရှိတယ်။ စိတ်ကူးနဲ့ လုံးဝမဆိုင်ဘူး။ ကန်ဒီ့ဘ၀အတွက် ခုလောလောဆယ်ရှိနေတဲ့ Goal က... ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့။ နောက်ဆက်တွဲ Goal တွေက... ကန်ဒီ့မိဘကို ကန်ဒီအလုပ်လုပ်ပြီးရတဲ့ ပိုက်ဆံနဲ့ ကန်တော့နိုင်ဖို့၊ သူတို့နဲ့ တူတူနေပြီး ကိုယ်ထိလက်ရောက် ပြုစုနိုင်ဖို့၊ အရမ်းပျော်စရာကောင်းတဲ့မိသားစုဘ၀လေး ကိုယ်တိုင်ဖန်တီးဖို့၊ ကန်ဒီပိုက်ဆံရှိလာရင် အနာကြီးရောဂါသည်ဂေဟာတွေ.. မျက်မမြင်ကျောင်းတွေ.. မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ လှူဖို့၊ လိုအပ်နေတဲ့နေရာတွေမှာ ကလေးတွေကို အခမဲ့စာသင်ပေးဖို့။ ကန်ဒီ့အတွက် Goal ဆိုတာ ဖြစ်နိုင်ပြီး ကန်ဒီဖြစ်အောင်လုပ်ဖို့ကြိုးစားနေတဲ့ Target တွေပေါ့။ သိပ်ရိုးရှင်းတယ် :)

ကဲ.. အင်တာဗျူးအကြောင်း ပြန်ဆက်ရအောင်။ သူက Dream လို့ မေးထားတော့ ကန်ဒီအပေါ်မှာ ပြောခဲ့သလို ဖြေတာပေါ့ (Photographer တို့ ဘာတို့)။ အဲ့တော့သူကဆက်မေးတယ်။ ဒါဆို အဲ့ဒါတွေဖြစ်အောင်လုပ်ဖို့ အချိန်ဘယ်လောက်သတ်မှတ်ထားလဲတဲ့။ Ekk.. ကန်ဒီ့အတွက် Dream ဆိုတာ ကန်ဒီ ဖြစ်အောင်လုပ်နေတဲ့အရာ မဟုတ်ဘူး။ နောက်မှ သူဆိုလိုတဲ့ Dream ကို သိတယ်။ သူ့အတွက် Dream ဆိုတာက Goal တခု Set လုပ်ထားတာတဲ့။ အိမ်တလုံးပိုင်ချင်တယ်ဆိုပါစို့.. ဘယ်လောက်တန်အိမ်ကို ဘယ်နှစ်နှစ်အတွင်း ပိုင်ချင်တယ်ဆို ဘယ်လိုပိုက်ဆံစုရမယ် ဆိုတာမျိုး သူကဆက်တွက်ပြတယ်။

အဲ့မှာတင် ကန်ဒီအတွေးထဲအများကြီးရောက်သွားတယ်။ ပထမဆုံး သူသတ်မှတ်တဲ့ Dream ဆိုတာ ကန်ဒီ့ရဲ့ Goal ဖြစ်နေတယ်။ ဒုတိယအနေနဲ့ ကန်ဒီဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့ Goal မှာ သူပြောသလို တွက်လို့ရမယ့် အိမ်ပိုင်ချင်တာမျိုးတွေ... စသဖြင့် မပါဘူး။ နောက်ပြီး ဘယ်နှစ်နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတဲ့ ကြိုတင်တွက်ဆထားတာတွေလဲ မရှိဘူး။ ကန်ဒီ့ အတွေးတွေက အရမ်းရိုးနေလား? သေချာတာတစ်ခုက ကန်ဒီဘ၀ကို သူ့လိုတွက်ချက်ပြီး မဖြတ်သန်းချင်ဘူး။ ကန်ဒီ့အတွက် သူများတန်းတူ လောက်လောက်ငှငှသုံးနိုင်တယ်... မိဘကိုလည်း ပြန်ကြည့်နိုင်တယ်ဆို တော်ပြီ။ လုံလောက်ပြီလေ။ ကန်ဒီအဲ့လောက်ပဲ တွေးတယ်။ 

ကန်ဒီပြောတာတွေ/တွေးတာတွေ မှားကောင်း မှားနေနိုင်တယ်။ ဒါပေမယ့် ကန်ဒီသတိပေးချင်တာက တခုပဲ။ ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်တွေကြားမှာ အားလုံးကို မနစ်မျောနေစေချင်ဘူး။ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်။ ဒါမှ ပျော်ရွှင်မှုအစစ်ကို ပိုင်ဆိုင်မှာလေ ^_^

Tuesday, August 14, 2012

ဂတ်တလော (Aug + လတ်တလော)

ည ၁၀နာရီ ဖြစ်သည်။ မနက်ဖြန်အတွက် ဟင်းချက် သိမ်းဆည်း သန့်ရှင်းရေးလုပ် ရေချိုးခေါင်းလျှော်ပြီး ကုတင်ပေါ်တွင် ကွန်ပျူတာဖွင့်ကာ ခေါင်းအုံးကိုမှီပြီး စာရေးနေသော အနေအထား...


အိမ်နေရင်းအကျီဆိုတာ စုတ်ပြတ်ရတယ်တဲ့။ ဘယ်သူပြောလဲ မသိဘူး။ သေချာတာတော့ ခုကန်ဒီပြောလိုက်ပြီ (xP)။ အပေါက်လေးတွေပါရင် လေ၀င်လေထွက်ပိုကောင်းတယ် ဟဟဟ။ ဒီနေ့ညနေ ၄နာရီကြီး ထူးထူးခြားခြား အိပ်ပျော်သွားတယ်။ နှစ်နှစ်ခြိုက်ခြိုက်ပဲ။ ၆နာရီမှ ပြန်နိုးတယ်။ အိမ်မက်ထဲမှာ ယုန်လေးပါလာပြန်ပြီ။ ယုန်ကို တော်တော်စိတ်စွဲနေပုံရတယ် >.<

ဒီရက်ပိုင်း စိတ်တွေရှုပ်နေတယ်။ ဘာလို့လဲတော့ သေချာမပြောတတ်ဘူး။ အစက Aug 19-20 ကို မလေးသွားလည်မလို့ ရည်ရွယ်ထားတာ။ သူငယ်ချင်းတွေသွားမယ်ဆိုတာ သိသိချင်း ဗီဇာသွားလုပ်တာပဲ။ ကန်ဒီသွားလုပ်တဲ့နေ့က ၈ ရက်နေ့။  ၁၉၊ ၂၀ မှ သွားမှာဆိုတော့ စိတ်ထဲမှာ လုံးဝ မှီတယ်ပဲ တွက်ထားတာ။ ကန်ဒီသိသလောက်ကလည်း အလွန်ဆုံး ၁ပတ်ပဲ ကြာတာလေ။ အဲ့တော့ ဘယ်တော့ရမလဲ အရင်မေးမနေဘဲ ပိုက်ဆံတွေဘာတွေပေးပြီးမှ မေးကြည့်တော့ ၂၁ (သို့) ၂၄ မှ ရမယ်တဲ့ (>.<)။  သူပြောတာက 7 Working Days တဲ့။ Public Holiday နဲ့ Weekend တွေဖယ်လိုက်တော့ မမှီဘူးတဲ့။ လူက ငိုတောင် ငိုချင်သွားတယ်။ ကန်ဒီမလေးသွားချင်တယ်လို့ ခဏခဏရေးဖူးတယ်နော်။ ကျန်တဲ့သူတွေက ဗီဇာရှိပြီသားဆိုတော့ သူတို့က သွားမှာ။ ကန်ဒီပဲ ကျန်ခဲ့မှာ.. အဟင့် (=.=')။ ဒီစင်္ကာပူကျွန်း သေးသေးလေးမှာ နေရတာ မွန်းကျပ်လာပြီ။ ခရီးသွားချင်တယ် :(

ဒီ Weekend လည်း ဘာမှ ထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ အပြင်သွားလည်ချင်စိတ်မရှိဘူးဖြစ်နေတယ်။ ဘာလို့မှန်းမသိဘူး စိတ်တွေရှုပ်နေတယ်။ ထားလိုက်ပါတော့.. ကန်ဒီရေးတာဖတ်ပြီး အားလုံးစိတ်ရှုပ်ကုန်အုံးမယ်။ 

လက်ဖိတ်ရည်က ပေါ့တယ်.. (Funan မှာ)

Humm.. ဘာပျော်စရာများရှိလဲ?? သြော် အသိအစ်မတယောက်ရဲ့ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီတဲ့။ အရမ်းပျော်တာပဲ။ သူနဲ့မတွေ့ဖြစ်တာ ကြာပြီ။ သူ့အမျိုးသားနဲ့တနင်္ဂနွေနေ့က တွေ့တော့မှ သိတာ။ အဲ့လိုသတင်းမျိုးကြားရင် ကန်ဒီ အရမ်း အရမ်းပျော်တယ်။ ကန်ဒီ့စိတ်ထဲမှာ အဲ့ဒါ အရမ်းမင်္ဂလာရှိတဲ့သတင်းပဲ။ အားလုံးတော့ ဘယ်လိုတွေးတယ်မသိဘူး။ ကန်ဒီ့တွေးတာက ကလေးတယောက်ဖြစ်လာဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပထမဆုံးအချက်အနေနဲ့ မိဘနှစ်ပါးက ကလေးလိုချင်စိတ်ရှိရမယ်။ ကလေးမယူဘူးလို့ ဆုံးဖြတ်ထားရင် ကလေးဘယ်လိုမှ မရနိုင်ဘူးလေ။ ဒုတိယအချက်အနေနဲ့ မိဘနှစ်ပါးလုံးက ကျန်းမာရေးကောင်းရမယ်။ ကလေးရနိုင်ရမယ်။ ကန်ဒီ့ပတ်ဝန်းကျင်မှာ ကလေးမရလို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတဲ့သူတွေရှိတယ်။ ကန်ဒီ သူတို့ကို အရမ်းသနားတာပဲ။ ပိုက်ဆံတွေလည်း ကုန်တယ်။ ဆေးတွေသောက်ရလို့ လူလည်း ပင်ပန်းတယ်။ နောက်တချက်က မိန်းကလေးတွေ ကလေးမွေးရင် အရမ်း အရမ်းနာတာတဲ့။ အဲ့လို နာကျင်မှုတွေကို အံကျိတ်ခံပြီး မွေးပေးခဲ့တဲ့ အမေ့မေတ္တာက ဘယ်လောက်ကြီးမားလဲနော်။ ကန်ဒီလည်း နောင်တချိန် အဲ့လိုကြီးမားတဲ့ မေတ္တာပိုင်ရှင် မိခင်တယောက် ဖြစ်ချင်တယ်။ အဲ့ဒါကန်ဒီ့ အိမ်မက်တခုလို့ ပြောလို့ရတယ်။ အရမ်းနုသွားလား (>.<)။ ကန်ဒီ ငယ်ငယ်က ရုပ်ရှင်တွေထဲမှာ ကလေးမွေးတဲ့အခန်းရောက်ရင် အရမ်းကြောက်တာ။ အဲ့တုန်းက ကလေးအတွေးနဲ့ အမေ့ကို ပြောဖူးတယ်.. "သမီး ကလေးမယူချင်ဘူး"လို့။ ခုချိန်ထိလည်း ကြောက်သေးတယ်။ ဒါပေမယ့် ကန်ဒီ ခုနက ပြောသလိုပေါ့။ မေတ္တာအရမ်းကြီးမားတဲ့ မိခင်ဘ၀ရဖူးချင်တယ် ^_^


နောက်ပြီး အားလုံးတွေးကြည့်ဖူးလားတော့ မသိဘူး။ တကယ်လို့ ကလေးတယောက်ဟာ ကလေးမလိုချင်တဲ့ (သို့) ဖျက်ချမယ်ဆိုတဲ့ မကြင်နာတတ်တဲ့ မိဘတွေဆီမှာ သွားဖြစ်တည်ခဲ့မယ်ဆိုရင် လူကြီးတယောက်တောင် ဖြစ်ခွင့်ရလိုက်မှာ မဟုတ်ဘူး။ အဲ့ဒါကိုတွေးကြည့်ရင် ကိုယ့်မိဘနှစ်ပါးကို ဘယ်လောက်ကျေးဇူးတင်သင့်လဲ.. ဟုတ်တယ်ဟုတ်။ ပြောရင်းပြောရင်း ဘယ်တွေရောက်ကုန်မှန်းတောင် မသိဘူး ဟီးဟီး။ ဒီပိုစ့်က ကန်ဒီတက်တက်ကြွကြွမရှိတဲ့ပိုစ့်လို့ ပြောလို့ရတယ်။ ရေးပုံတွေက သိပ်သိသာနေတယ်။

ဒီနေ့တော့ ဒီလောက်ပဲနော်..
Good Night^^

Thursday, August 9, 2012

My Treasure (Tag) ++

Helloooooo^^^^
I Miss You ALL Sooooo Much!!!

ဘာလို့လဲဆိုတာ ပြီးမှပြောပြမယ်နော်။ လောလောဆယ်"နွေလ" တဂ်ထားတဲ့ပိုစ့်ထဲက မေးခွန်လေးတွေ အရင်ဖြေပေးလိုက်ဦးမယ်။ "နွေလ"ဆိုတာ Blogger တွေထဲမှာ အငယ်ဆုံးလို့ ပြောလို့ရတဲ့ ကောင်လေးတယောက်။ ကန်ဒီထင်တာတော့ ၁၇ နှစ်လောက်ပဲ ရှိဦးမယ်။ သူ့အရင်ဘလော့လေး ပျောက်သွားရာက အစပြုလို့ဖြစ်ပေါ်လာတဲ့ Tag လေး ဆိုပါတော့...


မေးခွန်းတချို့က ကန်ဒီအရင်ဖြေဖူးပြီးသားတွေပါ။ အဲ့တော့ သိပြီးသားဆိုလည်း သည်းခံဖတ်ပေးနော် ^_^

► သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ... ဘယ်လိုတည်ဆောက်ခဲ့ရသလဲ?
 မတ်လ ၂၀၁၀ က စခဲ့တာဆိုတော့ ခုဆို ၂နှစ်ကျော်ပြီပေါ့။ ၂နှစ်သာကျော်သွားတယ်.. သူများတွေလို ဘလော့မွေးနေ့လည်း တခါမှမလုပ်ဘူး ဟီးဟီး။ တကယ်တမ်းမွေးနေ့လုပ်ရမယ်ဆို မနှစ်က ဒီအချိန်ကိုပဲ မွေးနေ့အဖြစ် ပြန်သတ်မှတ်ချင်တယ်။ အဲ့အချိန်က ကန်ဒီစာပုံမှန် ပြန်ရေးတဲ့အချိန်လေ။ ၂၀၁၀ တနှစ်လုံး ကန်ဒီ ဒီဘလော့လေးအပေါ်တာဝန်မကျေခဲ့ဘူး။ ဘလော့စလုပ်ဖြစ်ပုံကို ပြောရရင် အဲ့အချိန်တုန်းက ကျောင်းပိတ်ထားလို့ အားနေတာနဲ့ အပျင်းပြေစာရေးမယ်ဆိုပြီး Blog လေးတခုလုပ်ဖြစ်သွားတာ။ ကန်ဒီ့ညီမကြောင့်လို့ ပြောရင်လည်းရတယ်။ သူကအဲ့အချိန်တုန်းက စာရေးတယ်လေ။ သူကိုယ်တိုင်ပဲ ကန်ဒီ့ကို Blogger အကောင့်ဖွင့်ပေးခဲ့တာ။ Background Template Design ဘယ်လိုယူရတယ်။ HTML code တွေ ဘယ်လိုဖတ်ပြီး ဘယ်လိုပြင်ရတယ်။ Cbox ဘယ်လိုယူရတယ်။ Cbox ထဲမှာ အကောင်လေးတွေ ဘယ်လိုထည့်ရတယ်။ အကုန်သူသင်ပေးခဲ့တာပေါ့။

သူလည်းစာရေးတယ်ဆိုတော့ သူ့ဘလော့ကို သိချင်နေကြလား??? သူစာမရေးတာ တော်တော်ကြာပြီ။ ဒီတလော ဘာစိတ်ကူးပေါက်တယ်မသိဘူး သူစာပြန်ရေးနေတယ်။ သူလည်း ၀တ္တု ဆောင်းပါးတွေ ရေးတာမဟုတ်ဘူး။ ကဗျာတော့ တခါတလေရေးတယ်။ ကန်ဒီ့လို Diary သဘောပဲ။ ဒါပေမယ့် မတူဘူး။ သူရေးတဲ့စတိုင်လ်က တမျိုး။ ဟိဟိ.. အားလုံးကို စိတ်ဝင်စားအောင် ပြောနေတယ်။ ကန်ဒီ့ Blog List ထဲမှာ သူရှိတယ်။ ဘယ်သူဆိုတာတော့ မပြောဘူး (Hint: ပန်းတမျိုး)။ ကန်ဒီ့ဘလော့မှာ သူ့ပုံတွေ အသားကုန်တင်ထားတယ်လေ။ သူက သူ့ဘလော့မှာ ဓာတ်ပုံမတင်ဘူး။ အဲ့တော့ သူက သူ့ကိုသိစေချင်လား မသိစေချင်ဘူးလား မသိဘူး(:P :P :P)။ ကန်ဒီပြောမှ အားလုံးရှုပ်ကုန်ပြီ ထင်တယ် xD

► ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ?
Eeeekkkk.... ဒီမေးခွန်းက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ မေးခွန်း။ ဘာရည်ရွယ်ချက် ကြီးကြီးမားမားမှ မရှိခဲ့ဘူး။ အမှန်အတိုင်းပြောရရင် ပျင်းလို့ ဟဟဟဟဟ (xD)။ ကန်ဒီ သိတာလေးတွေ ၀ါသနာပါတာလေးတွေ မျှဝေမယ်လို့တော့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းဖြစ်လာတာက ဘေးက Label မှာ မြင်တဲ့အတိုင်း Diary Post က ၇၀ ကျော်ရှိတယ်။ သူအများဆုံး :P :P

► သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိရည်မှန်းထားသလဲ... ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ?
ရည်မှန်းတယ်ဆိုတာ အောင်မြင်ဖို့.. နာမည်ကြီးဖို့.. လူသိများဖို့ကို ပြောတာလား??? အဲ့လိုဆိုရင်တော့ ဘာမှ မရည်မှန်းထားပါဘူး။ ကန်ဒီ့ဘလော့စတိုင်လ်ကိုကလည်း အဲ့လိုရည်မှန်းလို့ မရတဲ့ပုံစံလေ။ ကန်ဒီရေးနေတာ အများစုက ကန်ဒီ့အကြောင်းနဲ့ စိတ်ခံစားမှုတွေ... အဲ့ဒါတွေက ဖတ်တဲ့သူတွေကို တဒင်္ဂစိတ်အပန်းဖြေမှု ပေးရင်ပေးမယ်။ ဗဟုသုတနဲ့ အသိပညာတွေ မပေးတာတော့ သေချာတယ်။ အဲ့တော့ တနေ့ဘာဖြစ်ရမယ်ဆိုပြီး မျှော်လင့်ရည်မှန်းထားတာ မရှိဘူး။ ဒီအတိုင်းလေးပဲ သွားနေမယ်။ ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့ မပြောပြတတ်အောင်ပါပဲ။  ဒီဘလော့လေးတင်မဟုတ်ဘူး ကန်ဒီ့ကိုခင်တဲ့ စာဖတ်သူအားလုံးကို ကန်ဒီမြတ်နိုးတန်ဖိုးထားပါတယ်။ ဒီဘလော့လေးနဲ့သူတို့ရှိနေလို့ ကန်ဒီ ဒီမှာနေပျော်နေတယ်လို့ ပြောလို့ရတယ် ♥

► သင့်ဘလော့လေး ရုတ်တရက်ပျောက်ဆုံးသွားခဲ့ဖူးပါသလား?
မပျောက်ဖူးပါဘူး...

► ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင်ဘယ်လောက်ထိ ခံစားခဲ့ရဖူးသလဲ? မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ?
Eeekk... လွဲပါစေ ပယ်ပါစေ (ငယ်ငယ်တုန်းကလို ရင်ဘတ်ကို လက်နဲ့ရိုက်ပြီး ပြောသည်။ ဒီမေးခွန်းကို ဖတ်ပြီးပြီးချင်း ဘလော့ကို Back up လုပ်လိုက်သည်။ လုပ်သာလုပ်ရတာ.. တကယ်တမ်းပျောက်ပြီဟေ့ဆို အဲ့ကနေအရင်ပိုစ့်တွေ တကယ်ပြန်ပေါ်မှာလားလည်း မပြောတတ်ဘူး :P)။ ဒီဘလော့ ပျောက်သွားလို့ကတော့ ကန်ဒီသွားပြီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သိမှာမဟုတ်ဘူး။ ဒါနဲ့ ကြုံတုန်း ကြိုပြောထားလိုက်ဦးမယ် ဟိ။ ကန်ဒီ့ဆီက ၂ပတ် ၃ပတ်လောက်နေလို့ ဘာပိုစ့်မှ အသစ်မတက်ရင် စာပို့ပြီးမေးနော်။ အဲ့ဒါ တခုခုဖြစ်နေလို့ :P

***************************************************************************

အားလုံးကို ဘာလို့သတိရနေလဲဆိုတာ ပြောပြမယ်။ ခုကန်ဒီ Part Time စလုပ်နေတော့ အရင်လိုတချိန်လုံးဘလော့ဖွင့်ပြီး ဘယ်သူလာလည်တယ်ဆိုတာ ကြည့်မနေနိုင်ဘူး။ ယုံမယုံတော့ မသိဘူး။ ကန်ဒီကွန်ပျုတာဖွင့်ထားရင် ဘလော့အမြဲဖွင့်ထားပြီး ကန်ဒီ့ဆီလာလည်တဲ့သူတွေကို ကြုံရင် ကြုံသလို ကြည့်နေတတ်တယ်။ ဘယ်သူဆိုတာ အတိအကျမသိပေမယ့် ဘယ်ကလာတယ်ဆိုတာတော့ သိတယ်လေ။ အဲ့ဒါလည်း ကန်ဒီ့ကို တမျိုးပျော်စေတယ်။ ဒီတခေါက် Part Time က မပင်ပန်းပါဘူး။ ကွန်ပျူတာတလုံးနဲ့ Type နေရုံပဲ။ တခုပဲ... မျက်စိတော့ညောင်းတယ် >.<

 အဲ့လိုစောင့်ကြည့်နေသည် ^_^

သူကြီးမင်းက ပြီးခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲအတွက် Video Clip မျှော်နေမယ်တဲ့။ ကိုယ်တိုင်က ကူနေတော့ ဗွီဒီယိုမရိုက်လိုက်နိုင်ဘူး။ ဓာတ်ပုံတွေတော့ တင်ပေးလိုက်တယ်နော်။ ဒါနဲ့ ၀ါဆိုသင်္ကန်းကပ်နေတဲ့ပုံလည်း မပါဘူး ဟီးး xD

ပန်းနဲ့သင်္ကန်းတွေ ဒီမှာဝယ်နိုင်ပါတယ်...

စတုဒီသာ :D

ကန်ဒီတို့အဖွဲ့က ရေလှူသည်....

 သူတို့လက်မထောင်လို့ လိုက်ထောင်တာ :P

ဒီနေ့  National Day... မီးပန်းလည်း သွားမကြည့်ဖြစ်တော့ဘူး။ ပင်ပန်းလို့ အိမ်မှာပဲ နှပ်တော့မယ်။ တခြားပြောစရာတွေ ရှိသေးတယ်။ နောက်ပိုစ့်မှပဲ ပြောတော့မယ်။ ဒီပိုစ့်က တော်တော်ရှည်နေပြီ >.<

တာ့တာ..
Have a Nice Day!!!

Sunday, August 5, 2012

Breaking News :P

ကျန်းမာတော်မူပါစရှင်...
ယနေ့ သြဂုတ်လ ၅ ရက်နေ့အတွက် စင်္ကာပူတွင်းသတင်းစဉ်ကို ကျွန်မကန်ဒီမှ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်ရှင် :D :P

မြန်မာပြည်က သတင်းတွေမှာ အဲ့လိုပြောသေးလား?? ဟီး... Weekend ဆို အိမ်မကပ်တတ်တဲ့ ကန်ဒီဟာ ထုံးစံအတိုင်း မနေ့က(စနေနေ့) သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပါတယ်။ Gardens by the Bay မှာ ညဘက်မီးထွန်းတာကို ကြည့်ဖို့ ဦးတည်သွားကြတာလေ။ ကြည့်ခဲ့တယ်။ ဒါပေမယ့် ဘာမှလည်း မထူးခြားဘူး။ သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး။ အဲ.. တကယ်တမ်း ကန်ဒီတို့ကို ဆွဲဆောင်တာက လာမယ့် ၉ရက်နေ့ စင်္ကာပူ National Day အတွက် Rehearsal လုပ်နေတာတွေလေ။ သရုပ်ပြဖို့ လေယာဉ်တွေပျံနေတာတွေ.. မီးရှူးမီးပန်းလွှတ်နေတာတွေ.. စစ်သားတွေ ချီတက်နေတာတွေ.. အဲ့ဒါတွေက Garden by the Bay ထက် ပိုဆွဲဆောင်မှု ရှိနေတယ်။

အားလုံးကို သေချာမြင်ခဲ့လို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး(>.<)။ ကန်ဒီတို့က ဒီဘက်ခြမ်းရောက်နေတော့ လှေကြီးတင်ထားတဲ့ ဟိုအဆောက်အအုံ(၃)ခု ကွယ်နေတာနဲ့ မီးပန်းလွှတ်တာလည်း သေချာမမြင်ခဲ့ရဘူး။ မြင်ရလိုမြင်ရငြား အဲ့ဘက်ကို ဇွဲကောင်းကောင်းနဲ့ လမ်းလျှောက်ပြီး သွားကြည့်သေးတယ်။ ဒါပေမယ့် မမှီတော့ဘူး(>.<)။ လေယာဉ်ပျံကလည်း ၂စီးပဲ မြင်တယ်။ စစ်သားတွေချီတက်တာတော့ ကောင်းကောင်းမြင်လိုက်တယ်။ 

အဲ့ဒါကြီးက အဲ့လိုကွယ်နေတာ... မီးပန်းက ဟိုဘက်မှာ ဖောက်တာ =.='

 မီးပန်းရှိတဲ့ဘက်ကို သွားနေတာ... ဒါနဲ့ အဲ့ Shopping Mall အောက်မှာ Casino ရှိတယ်...

ဒါက အပြင်က View...

ကန်ဒီ့အကျင့်အတိုင်း မြင်သမျှ ကင်မရာနဲ့ရိုက်တယ်လေ။ မြင်သမျှရိုက်တော့ အားလုံးကြည့်ရတာပေါ့ ဟုတ်တယ်ဟုတ် (:D)။ ခက်တာက ကိုယ်တိုင်က ကောင်းကောင်းမမြင်ခဲ့တော့ ဗွီဒီယိုထဲမှာလည်း များများမပါဘူး ဟီးဟီး။ ဘာပဲဖြစ်ဖြစ် ပျင်းတယ်ဆို ကြည့်ပေါ့ (:P)။ Edit သိပ်မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ဒီပိုစ့်ကို မြန်မြန်တင်ချင်လို့။ သတင်းဆိုတော့ ကြာသွားရင် မကောင်းဘူးလေ ဟဲဟဲ xD


National Day ကျရင် မီးပန်းလွှတ်တာ သွားကြည့်ချင်တယ်။ သွားကြည့်ရင်ကောင်းမလား??? :P :P

တော်ပြီ တော်ပြီ.. အိပ်သင့်နေပြီ။ မနက်အစောကြီး ထရမှာ။ Sembawang ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲရှိတယ်။ စတုဒီသာလည်း ကျွေးမှာ။ အဲ့မှာ ရေလှူတာ သွားကူမလို့ :D

တာ့တာ
Good Night^^

Thursday, August 2, 2012

My Crappy Weekend++

ဟွင်း... အစက ဒီပိုစ့်ကို မရေးတော့ဘူး လုပ်နေတာ.. မြန်မာပြည်ပြန်သွားတဲ့ ကန်ဒီတို့အဖွဲ့ထဲက သူငယ်ချင်းက အဲ့နေ့က ဓာတ်ပုံတွေ မျှော်နေပါတယ် တင်ပါဆိုပြီး စီပုံးမှာ ပိကျိပိကျိ လာလုပ်နေတယ် (:P)။ အဲ့ဒါနဲ့ သူစိတ်ချမ်းသာအောင်(နားငြီးလည်း သက်သာအောင် :P) ဂလို ဂလို ရေးလိုက်ရပါတယ် ^_^


တနင်္ဂနွေနေ့က မင်္ဂလာဦးဆွမ်းကျွေးသွားတယ်။ အရုဏ်ဆွမ်းကျွေးတာ။ သူတို့နေတာ Yishun ဆိုတော့ ကန်ဒီနဲ့အရမ်းဝေးတယ်။ အဲ့ကိုရောက်တော့ အချိန်က ၁၀နာရီခွဲနေပြီ (သူတို့ကိုယ်တိုင်ကလည်း အဲ့အချိန်လောက်မှ လာလို့ ပြောလို့ပါ)။ အဲ့ဒါနဲ့ ဘုန်းဘုန်းလည်း မဖူးလိုက်ရဘူး။ နေ့လည်စာ ဟိုမှာစားပြီး သူတို့က Gardens by the Bay ကို သွားမယ်တဲ့။ အဲ့မှာ ဇာတ်လမ်းစတာပဲ...

Bayfront မှာဆင်းပြီး လမ်းလျှောက်သွားရင် ရောက်တယ်...


သူငယ်ချင်းအစ်ကိုက သူ့အလုပ်က ကားနဲ့ပို့ပေးမယ်တဲ့။ သူ့ကားက အမိုးမပါဘူး။ နေ့လည်ခင်းကြီးကို အမိုးမပါတဲ့ကားနဲ့ ဒီလောက်ပူတဲ့ရာသီမှာ စဉ်းစားသာကြည့်တော့ (=.=')။ ဘယ်လိုမှ မခံစားနိုင်တာနဲ့ MRT မှာချပေးပါလို့ ပြောရတယ်။ ကန်ဒီတို့က ရထားနဲ့ပဲ ဆက်သွားကြတယ်။ ကားနဲ့ဆက်လိုက်တဲ့ လူက လိုက်တယ်။ ဟိုရောက်တော့ ရထားနဲ့သွားတဲ့အဖွဲ့နဲ့ ကားနဲ့သွားတဲ့အဖွဲ့နဲ့ ကွဲသွားရော။ ကားနဲ့သွားတဲ့အဖွဲ့က Ticket ၀ယ်ပြီး ၀င်ရတဲ့အထဲရောက်သွားတယ်။ ကန်ဒီတို့အဖွဲ့က အပြင်မှာ သူတို့ဘယ်မှာလဲ ဖုန်းဆက်လိုက် မုန့်စားရင်းစောင့်လိုက်နဲ့တင် ဘယ်မှမရောက်လိုက်ဘူး။ သူတို့ဘယ်မှာဆိုတာလည်း သိရော လူတွေက ပြိုင်းနေကြပြီ။ အဲ့အထဲကိုလည်း မ၀င်လိုက်ရဘူး။ မ၀င်လိုက်ရဘူးဆိုတာထက် ပင်ပန်းလို့ မ၀င်နိုင်တော့တာ...


WARNING >> အဲ့ကို နေ့ခင်းကြောင်တောင်ကြီး ဘယ်တော့မှ မသွားနဲ့နော်။ ငါးခြောက်ဖြစ်သွားမယ် (>.<)။ မကျေမနပ် မတင်မကျနဲ့ အိမ်ပြန်ရောက်တော့ ခေါင်းတွေကိုက်လို့ ဆေးတောင်သောက်လိုက်ရတယ်။ ဒါလေးကို ဒီလောက်ဖြစ်လို့ မယ်နုလို့ ခေါ်ချင်နေတယ်မလား? ကိုယ့်ဟာကိုယ်လည်းသိပါတယ် တော်တော်နုတာ(>.<)။ လုံးဝမကျေနပ်လို့ နောက်တခေါက်သွားဦးမယ်။ အဲ့အခါကျမှ ဓာတ်ပုံကောင်းကောင်း တင်ပေးမယ်နော်...

ဒါပဲရိုက်စရာရှိတော့ ဒါပဲ ရိုက်ရတယ် ဟဟဟဟ xD

တချို့တွေက ကန်ဒီတို့နှစ်ယောက်ကို တူတယ်တဲ့။
ကန်ဒီ့အမြင်မှာ လုံးဝမတူသလိုပဲ :P

တခြားအကြောင်း ပြောရအောင်။ ၁၁ ရက်နေ့ကျရင် အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ Gathering ရှိတယ်။ အဲ့ကို သွားဖို့ စိတ်ထဲမှာ ဒွိဟဖြစ်နေတယ်။ သွားသာသွားရမှာ.. ကန်ဒီနဲ့သိတဲ့လူ အရမ်းနည်းတယ်။ နည်းတယ်ဆိုတာ မရှိသလောက်ပဲ။ ကန်ဒီ ငယ်ငယ်က အရမ်းအေးတယ် (ခုလည်း အေးပါတယ် :P)။ စကားလည်း သိပ်မပြောဘူး။ အပေါင်းအသင်းနည်းတယ်။ Humm... ဘယ်လိုလုပ်ရင် ကောင်းမလဲ??? အားနာလို့ လာမယ်လို့တော့ ပြောထားတယ် >.<

လူတော်တော်များများက ကန်ဒီ့ကို အမြဲပြုံးပျော်နေတာပဲတဲ့။ ကန်ဒီ့မှာလည်း စိတ်ညစ်စရာတွေ ရှိတတ်ပါတယ်။ မျက်နှာမှာ မဖော်ပြတာပဲ ရှိတယ်။ မြိုသိပ်တတ်တာ အကျင့်တခုလို ဖြစ်နေပြီ။ ကန်ဒီ့ဆီက စိတ်ညစ်စရာတွေ ဘေးလူကိုမကူးစက်စေချင်ဘူး။ ကန်ဒီ့ကြောင့် ပျော်တယ်ဆိုတာပဲ ဖြစ်စေချင်တယ်။ ဘလော့မှာရေးတာတွေ တော်တော်များများက အပြင်မှာ ဘယ်သူ့ကိုမှ မပြောဖြစ်တာတွေပေါ့။

သူငယ်ချင်းထဲမှာ စာရေးဝါသနာပါလို့ ဘလော့စရေးချင်တဲ့ လူတချို့ရှိတယ်။ သူတို့က စာစရေးဖို့ကို အကြောင်းအမျိုးမျိုးကြောင့် တွန့်ဆုတ်နေကြတယ်။ တချို့ကလည်း စရေးပြီးမှ ဘလော့အတွက် အချိန်မပေးနိုင်မှာ စိုးလို့တဲ့။ တချို့ကလည်း သူများမေးတာ ဖြေနိုင်ဖို့ ဗဟုသုတမလုံလောက်သေးမှာ စိုးလို့တဲ့။ အဲ့လို အဲ့လိုတွေ စဉ်းစားနေတာနဲ့တင် တော်တော်ကြာနေပြီ။ ကန်ဒီပြောချင်တာက ဘာလို့အဲ့လောက် တွေးနေမှာလဲ။ Blogger ဆိုတာ Journalist တယောက်မဟုတ်ဘူး။ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရတာ မှန်ပေမယ့် အားလုံးက မျှဝေတဲ့သဘောတရားပါပဲ။ စာရေးတဲ့လူက အမြဲမှန်တယ်ဆိုတာ မရှိဘူး။ ဖတ်တဲ့သူအနေနဲ့လည်း မှားနေရင် အမှန်ကို ထောက်ပြသွားနိုင်တယ်.. ဆွေးနွေးနိုင်တယ်လေ။

အချိန်မပေးနိုင်မှာစိုးတယ် ဆိုပြီးလည်း မတွေးပါနဲ့။ အချိန်ပေးရအောင် ဘလော့ရေးတာ အလုပ်လုပ်နေတာမှ မဟုတ်တာ။ ကိုယ်အားတဲ့အချိန်မှာ စိတ်ကို ထွက်ပေါက်တခုဖွင့်ပေးရုံ ရေးတာလေ။ ဘယ်သူက တနေ့တပုဒ် ပိုစ့်အသစ်တင်ရမယ် ပြောနေလို့လဲ?? ကိုယ်တတ်နိုင်တဲ့ နှုန်းလေးနဲ့ ပိုစ့်တွေ ပုံမှန်တင်သွားရင်လည်း ဖြစ်တာပဲ။ အဲ့တော့ စာရေးချင်တယ်ဆို အဲ့လောက်ဦးနှောက်အခြောက်ခံပြီး တွေးမနေပါနဲ့။ စိတ်ထဲ ပေါ့ပေါ့ပါးပါးလေးထားပြီး စကြည့်ပါ။ ဖြစ်လာမှာပေါ့။ နောက်ဆို ဒီအသိုင်းအ၀ိုင်းလေးမှာ ပျော်တတ်လာမှာပါ ^_^

Have a Good Day ^_~