ည ၁၀နာရီ ဖြစ်သည်။ မနက်ဖြန်အတွက် ဟင်းချက် သိမ်းဆည်း သန့်ရှင်းရေးလုပ် ရေချိုးခေါင်းလျှော်ပြီး ကုတင်ပေါ်တွင် ကွန်ပျူတာဖွင့်ကာ ခေါင်းအုံးကိုမှီပြီး စာရေးနေသော အနေအထား...
အိမ်နေရင်းအကျီဆိုတာ စုတ်ပြတ်ရတယ်တဲ့။ ဘယ်သူပြောလဲ မသိဘူး။ သေချာတာတော့ ခုကန်ဒီပြောလိုက်ပြီ (xP)။ အပေါက်လေးတွေပါရင် လေ၀င်လေထွက်ပိုကောင်းတယ် ဟဟဟ။ ဒီနေ့ညနေ ၄နာရီကြီး ထူးထူးခြားခြား အိပ်ပျော်သွားတယ်။ နှစ်နှစ်ခြိုက်ခြိုက်ပဲ။ ၆နာရီမှ ပြန်နိုးတယ်။ အိမ်မက်ထဲမှာ ယုန်လေးပါလာပြန်ပြီ။ ယုန်ကို တော်တော်စိတ်စွဲနေပုံရတယ် >.<
ဒီရက်ပိုင်း စိတ်တွေရှုပ်နေတယ်။ ဘာလို့လဲတော့ သေချာမပြောတတ်ဘူး။ အစက Aug 19-20 ကို မလေးသွားလည်မလို့ ရည်ရွယ်ထားတာ။ သူငယ်ချင်းတွေသွားမယ်ဆိုတာ သိသိချင်း ဗီဇာသွားလုပ်တာပဲ။ ကန်ဒီသွားလုပ်တဲ့နေ့က ၈ ရက်နေ့။ ၁၉၊ ၂၀ မှ သွားမှာဆိုတော့ စိတ်ထဲမှာ လုံးဝ မှီတယ်ပဲ တွက်ထားတာ။ ကန်ဒီသိသလောက်ကလည်း အလွန်ဆုံး ၁ပတ်ပဲ ကြာတာလေ။ အဲ့တော့ ဘယ်တော့ရမလဲ အရင်မေးမနေဘဲ ပိုက်ဆံတွေဘာတွေပေးပြီးမှ မေးကြည့်တော့ ၂၁ (သို့) ၂၄ မှ ရမယ်တဲ့ (>.<)။ သူပြောတာက 7 Working Days တဲ့။ Public Holiday နဲ့ Weekend တွေဖယ်လိုက်တော့ မမှီဘူးတဲ့။ လူက ငိုတောင် ငိုချင်သွားတယ်။ ကန်ဒီမလေးသွားချင်တယ်လို့ ခဏခဏရေးဖူးတယ်နော်။ ကျန်တဲ့သူတွေက ဗီဇာရှိပြီသားဆိုတော့ သူတို့က သွားမှာ။ ကန်ဒီပဲ ကျန်ခဲ့မှာ.. အဟင့် (=.=')။ ဒီစင်္ကာပူကျွန်း သေးသေးလေးမှာ နေရတာ မွန်းကျပ်လာပြီ။ ခရီးသွားချင်တယ် :(
ဒီ Weekend လည်း ဘာမှ ထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ အပြင်သွားလည်ချင်စိတ်မရှိဘူးဖြစ်နေတယ်။ ဘာလို့မှန်းမသိဘူး စိတ်တွေရှုပ်နေတယ်။ ထားလိုက်ပါတော့.. ကန်ဒီရေးတာဖတ်ပြီး အားလုံးစိတ်ရှုပ်ကုန်အုံးမယ်။
လက်ဖိတ်ရည်က ပေါ့တယ်.. (Funan မှာ)
Humm.. ဘာပျော်စရာများရှိလဲ?? သြော် အသိအစ်မတယောက်ရဲ့ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီတဲ့။ အရမ်းပျော်တာပဲ။ သူနဲ့မတွေ့ဖြစ်တာ ကြာပြီ။ သူ့အမျိုးသားနဲ့တနင်္ဂနွေနေ့က တွေ့တော့မှ သိတာ။ အဲ့လိုသတင်းမျိုးကြားရင် ကန်ဒီ အရမ်း အရမ်းပျော်တယ်။ ကန်ဒီ့စိတ်ထဲမှာ အဲ့ဒါ အရမ်းမင်္ဂလာရှိတဲ့သတင်းပဲ။ အားလုံးတော့ ဘယ်လိုတွေးတယ်မသိဘူး။ ကန်ဒီ့တွေးတာက ကလေးတယောက်ဖြစ်လာဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပထမဆုံးအချက်အနေနဲ့ မိဘနှစ်ပါးက ကလေးလိုချင်စိတ်ရှိရမယ်။ ကလေးမယူဘူးလို့ ဆုံးဖြတ်ထားရင် ကလေးဘယ်လိုမှ မရနိုင်ဘူးလေ။ ဒုတိယအချက်အနေနဲ့ မိဘနှစ်ပါးလုံးက ကျန်းမာရေးကောင်းရမယ်။ ကလေးရနိုင်ရမယ်။ ကန်ဒီ့ပတ်ဝန်းကျင်မှာ ကလေးမရလို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတဲ့သူတွေရှိတယ်။ ကန်ဒီ သူတို့ကို အရမ်းသနားတာပဲ။ ပိုက်ဆံတွေလည်း ကုန်တယ်။ ဆေးတွေသောက်ရလို့ လူလည်း ပင်ပန်းတယ်။ နောက်တချက်က မိန်းကလေးတွေ ကလေးမွေးရင် အရမ်း အရမ်းနာတာတဲ့။ အဲ့လို နာကျင်မှုတွေကို အံကျိတ်ခံပြီး မွေးပေးခဲ့တဲ့ အမေ့မေတ္တာက ဘယ်လောက်ကြီးမားလဲနော်။ ကန်ဒီလည်း နောင်တချိန် အဲ့လိုကြီးမားတဲ့ မေတ္တာပိုင်ရှင် မိခင်တယောက် ဖြစ်ချင်တယ်။ အဲ့ဒါကန်ဒီ့ အိမ်မက်တခုလို့ ပြောလို့ရတယ်။ အရမ်းနုသွားလား (>.<)။ ကန်ဒီ ငယ်ငယ်က ရုပ်ရှင်တွေထဲမှာ ကလေးမွေးတဲ့အခန်းရောက်ရင် အရမ်းကြောက်တာ။ အဲ့တုန်းက ကလေးအတွေးနဲ့ အမေ့ကို ပြောဖူးတယ်.. "သမီး ကလေးမယူချင်ဘူး"လို့။ ခုချိန်ထိလည်း ကြောက်သေးတယ်။ ဒါပေမယ့် ကန်ဒီ ခုနက ပြောသလိုပေါ့။ မေတ္တာအရမ်းကြီးမားတဲ့ မိခင်ဘ၀ရဖူးချင်တယ် ^_^
နောက်ပြီး အားလုံးတွေးကြည့်ဖူးလားတော့ မသိဘူး။ တကယ်လို့ ကလေးတယောက်ဟာ ကလေးမလိုချင်တဲ့ (သို့) ဖျက်ချမယ်ဆိုတဲ့ မကြင်နာတတ်တဲ့ မိဘတွေဆီမှာ သွားဖြစ်တည်ခဲ့မယ်ဆိုရင် လူကြီးတယောက်တောင် ဖြစ်ခွင့်ရလိုက်မှာ မဟုတ်ဘူး။ အဲ့ဒါကိုတွေးကြည့်ရင် ကိုယ့်မိဘနှစ်ပါးကို ဘယ်လောက်ကျေးဇူးတင်သင့်လဲ.. ဟုတ်တယ်ဟုတ်။ ပြောရင်းပြောရင်း ဘယ်တွေရောက်ကုန်မှန်းတောင် မသိဘူး ဟီးဟီး။ ဒီပိုစ့်က ကန်ဒီတက်တက်ကြွကြွမရှိတဲ့ပိုစ့်လို့ ပြောလို့ရတယ်။ ရေးပုံတွေက သိပ်သိသာနေတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော်..
Good Night^^
20 comments:
ပထမဆုံးဦးဦးဖျားဖတ်သွားပါတယ် အစ်မ
ကစားမှာလား နားမှာလား
ကလေးလား လိုတော့လိုချင်တယ် ။
ဟုတ်ကဲ့  ဒါပါပဲ။
မယ်ဒေါ်တစ်ယောက်တော့လျော့သွားပီ။
ကန်ဒီသာမေမေဖြစ်ခဲ့ရင်သားသားလေးမီးမီးလေးတွေအရမ်းချစ်ဖို့ ကောင်းမှာဘဲနော်။
အိုင်အိုရာ
candy လေးရေ.. အိမ်နေရင်းဆို အကျီင်္အဟောင်းက အေးတာလက်ခံတယ်..
ကလေးလေးတစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး...
“မ“ တို့လည်းမျှော်ရလွန်းလို့ ရူးတော့မယ်...
မလေးရှားဗီဇာကတချို့ဆိုင်တွေမှာ အမြန်ကြေးနဲ့လုပ်ပေးတယ်... တရက်နှစ်ရက်လောက်နဲ့ရတယ်..ဒီတခေါက်မမှီတော့လည်း နောက်တခေါက်ပေါ့.. စိတ်ညစ်မနေပါနဲ့.. စိတ်ညစ်နေရင် weekend “မ“ အိမ်လာလည်လေ...မုန့်လုပ်ကျွေးမယ်..
candy လေးရေ “မ“ blog နာမည်ပြောင်းထားတယ်နော်... babyangle လို့..
လက်ဖက်ရည်ကကောင်းလားအမကန်ဒီ...
လဖက်ရည်ကောင်းကောင်းမသောက်ရတာကြာပြီ...
ိပို့စ်လေးဖတ်သွားပါတယ်ခင်ဗျ..
ဘိုင်ဘိုင်..
ပြန်ပြီ...ဖလပ်..ဖလပ်..ဖလပ်(ဖိနပ်စီးပြီးထွက်သွားသည့်အသံ)
Go to Genting with your sister. If you go on Sun- Thur, $78 per person for 3d2n.
http://sg.fivestarsonline.com/index.php/free-easy/malaysia/2d-3d-first-world-hotel-promo
Ohhh!!! Cool! Thank you so much for your info! I have to ask my sister if she's free or not. She is a very very Very Busy Girl >.<
မမဘေဘီအိန်ဂျယ်ရေ.. မုန့်စားဖို့ခေါ်လို့ ကျေးဇူးနော် :D
လက်ဖိတ်ရည်က ပေါ့တယ် ကောင်းဘူး >.< (မင်းမုန်းတဲ့သူ)
ကန်ဒီရေဖတ်သွားပါတယ်
ပာုတ်တယ်မလေးရှားဗီဇာကလိုချင်တဲ့အချိန်အမြန်မရဘူးစိတ်ပျက်ဖို့ကောင်းတယ်
<3<3<3
သည်ယုန်ကလေး ကအိမ်မက်ထဲမှာ အမြဲပါနေတာနော်
^_^
အလည်လာရင်း စာတွေဖတ်ရင်းမောလို့ လက်ဖက်ရည်
နည်းနည်းသောက်သွားတယ်နော်
ဗိုက်ကြီးနေတဲ့သူတွေကြည့်ရတာ
ကြက်သရေပိုပြီးရှိနေသလိုပဲ
ဟုတ်တာပေါ့
မလိုချင်ရင်အစကတဲက ကာကွယ်သင့်တယ်
ဖျက်ချတယ်ဆိုတာ အားမပေးဘူး
မဂျီးလဲ လိုချင်နေတာ
ဆရာဝန်က ကိုယ်ဝန်မဆောင်ရဘူးပြောထားလို့
လက်ဖက်ရည်ပေါ့တာလေးကြိုက်တယ်
ကလေးမလိုချင်ရင်မွေးစားလိုက်
ဟီးဟီး
ကန်ဒီက သူငယ်ချင်းတွေနဲ့ အဖော်ရှိပါတယ်... အမြဲ ကောင်းမှုကုသိုလ် volunteer အလုပ်တွေလဲ လုပ်နေတာပဲ... ပျင်းသေးလား... နောက်တစ်ခါ မဗေဒါ ခရီးထွက်ရင် အကြောင်းကြားမယ်လေ... :D
စိတ်ဝင်စားဖွယ်စာလေးတွေ
လာဖတ်သွားတယ်နော်အမ
ကန်ဒီ့ဝမ်းထဲ ၀င်စားမယ့်ကလေးဟာ တော်တော့်ကို ကံကောင်းမယ့် ကလေးပဲ ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ ကန်ဒီက မိခင်စိတ်အပြည့်နဲ့ ပြုစုပျိုးထောင်ပေးမယ့် သူဆိုတော့လေ။
မျက်မှန်လေးနှင့်ချစ်စရာကောင်းတယ်။ ဒီတစ်ခေါက်မသွားရလဲ နောက်တစ်ခေါက်သွားရမှာပေါ့။
ကန်ဒီလေးရေ
မကြီးလွမ်း ခြေရာပျောက်နေတာကြာပေါ့။ လူမရောက်
နိုင်ပေမဲ့ စိတ်ကတော့ အမြဲရောက်ပါတယ်။ ကန်ဒီ ဘလော့လာရင် ဓါတ်ပုံလေးကြည့်ရလို့လေ။
ဒီနေ့တော့ အရောက်လာခဲ့တယ်။ အိမ်နေဝတ်နဲ့လည်း
အဝတ်သာ ဟောင်းပေမဲ့ ချစ်စရာအပြုံးလေးက မပြောင်းလဲဘဲ ချစ်စရာကောင်းနေဆဲပါ။
အားပေးသွားတယ်ညလေး။။။
အစစအရာရာ အောင်မြင် အဆင်ပြေပါစေ
ခင်တဲ့
မကြီးလွမ်း
နော်လည်း ခုတလော လေနေတယ်
အကြောင်းပြချက်မရှိ လေနေတာ
ခရီးလည်း ထွက်ချင်နေတယ်
Post a Comment