Saturday, August 25, 2012

ဂတ်ပုံ (Aug + ဓာတ်ပုံ)

ဂတ်ပုံ.. အဲ ဓာတ်ပုံကြည့်ချင်သူများ မင်္ဂလာပါ...

ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း ဓာတ်ပုံများမည်။ Humm... ဘယ်နားက စရင်ကောင်းမလဲ??? ဟိုတလောက Part Time အတွက် အင်တာဗျူးသွားတယ်လို့ ပြောဖူးတယ်နော်။ အဲ့အလုပ်က ရတယ်။ Seminarတခုတောင် သွားလိုက်သေးတယ်။ ဒါပေမယ့် ကန်ဒီမလုပ်ဘူး ငြင်းလိုက်တယ် (>.<)။ သူက Healthcare Consultant ဆိုပေမယ့် Sale သဘောမျိုးပဲ။ Company တခုမှာ Health Supplement Product တွေရှိတယ်။ အဲ့ဒါတွေကို Customer ရဲ့ ကျန်းမာရေးလိုအပ်ချက်အလိုက် သင့်တော်ရာကို Recommend ပေးပြီးရောင်းရတဲ့သဘောပေါ့။ ကန်ဒီငြင်းလိုက်တာ အဲ့ဒါကြောင့်မဟုတ်ဘူး။ အဖြစ်က ဒီလို.... သူတို့က(မြန်မာတွေပဲ) Facebook တွေ.. Twitter တွေ.. Gtalk တွေကနေပါ Status တွေတင်ပြီး ကြော်ငြာသလိုမျိုး လုပ်ခိုင်းနေတယ်။ ကန်ဒီ့မှာ Blog ရှိမှန်းသိရင် ဒီ Blog မှာပါ ကြော်ငြာခိုင်းဦးမလား မသိဘူး။ သဘောက အဲ့လိုလုပ်ပြီး Customer ရမှ အလုပ်ဖြစ်မှာ။ ကန်ဒီက အလုပ်က အလုပ်.. Personal Life က Personal Life.. သီးသန့်ပဲ ဖြစ်ချင်တယ်။ Facebook.. Twitter.. Gtalk.. Blog ဆိုတာ ကန်ဒီ့ စိတ်အပန်းဖြေရာ ကိုယ်ပိုင်နေရာတွေလေ။ ဥပမာပေးရမယ်ဆို.. လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပန်းဖြေခရီးသွားတဲ့အချိန်မျိုးမှာ အလုပ်အကြောင်းပြောတာ မကြိုက်သလိုပေါ့။ ကန်ဒီလည်း သက်သက်စီ ထားချင်တယ်။ အဓိကက အဲ့ဒါကြောင့် ငြင်းလိုက်တာ။ ကန်ဒီ့ကို အပြစ်တင်လည်း ခံလိုက်မယ် အဟင့် :(

တို့ဖူးနွေး... ကော်ရည်ခေါက်ဆွဲ :)

Seminar သွားတာ အဲ့နေရာပေါ့။ အဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဈေးရောင်းပွဲတော်လည်း ရှိနေတော့ တော်တော်စည်တယ်။  ဒီရက်ပိုင်း အစားတွေအရမ်းစုံနေတယ်။ ကန်ဒီ ဒံပေါက်စားချင်နေတာ တော်တော်ကြာပြီ။ City Hall ကို ကန်ဒီသွားတဲ့နေ့ဆို ဘယ်တော့မှ ဒံပေါက်မရဘူး(>.<)။ ကြုံတုန်းပြောပြဦးမယ်။ ဟိုနေ့က City Hall က ဆိုင်တဆိုင်မှာ ငါးခူဆီပြန်ဟင်းရယ်၊ ငါးပိချက်ရယ် နှစ်မျိုးပဲ ၀ယ်တာ S$10.40 ပေးလိုက်ရတယ်။ လူက ကိုယ့်နားတောင် ကိုယ်မယုံချင် ဖြစ်သွားတယ်။ ဈေးတွေ တက်ကုန်တာလား?????? ဟွင်းးးးးး... အဲ့နေ့က ရေလည်ပေါက်ကွဲသွားတယ်။ အောက်ထပ်မှာစားရင် ပိုဒေါပွလာမှာစိုးလို့ အပေါ်ထပ်က လွိုင်နိုင်းမှာ တို့ဖူးနွေးစားတယ်။ အရမ်း အရမ်းစားလို့ကောင်းတယ်။ အဲ့ဆိုင်က တို့ဖူးနွေး အရမ်းကြိုက်တယ် ^_^

ကန်ဒီ့ညီမကကော်ရည်ခေါက်ဆွဲစားချင်တယ်ဆိုလို့သူငယ်ချင်းကအိမ်မှာလာလုပ်ကျွေးသွားတယ်။ ကော်ရည်ခေါက်ဆွဲကြိုက်တတ်တဲ့သူတွေ တော်တော်ကြိုက်ကြမှာ။ ကန်ဒီလား?? ကန်ဒီမကြိုက်ဆုံး အစားအစာက ကော်ရည်ခေါက်ဆွဲပဲ။ သူချက်တာ မကောင်းလို့ မဟုတ်ဘူးနော်။ ကန်ဒီကိုယ်တိုင်က အဲ့ဟာကို မကြိုက်တာ။ အဲ့ဒီကော်လိုလိုအရသာကြီး ပါးစပ်ထဲဝင်နေတဲ့ Feeling ကို ခံစားလို့မရတာ (=.=')။ ဒါပေမယ့် တပွဲကုန်အောင်တော့ ဖြစ်ညှစ်စားလိုက်တယ်။ တကူးတကလာချက်ကျွေးတဲ့သူကို အားနာလို့... ကန်ဒီချစ်ဖို့ကောင်းတယ်မလား? :D :P

ဘယ်လိုဖြစ်လို့ ဇွန်းနဲ့ခရင်းက ပြောင်းပြန်ကြီး ဖြစ်နေတာတုန်း >.<

နောက်ဆုံး မကျေနပ်လို့ ဒံပေါက်ရမယ့်နေ့ကိုမေးပြီး အဲ့နေ့သွားစားတာ... တကယ်စားရပြန်တော့လည်း သိပ်မကောင်းသလိုပဲ။ မြန်မာပြည်က ဒံပေါက်ကို လွမ်းတယ်။ စကားမစပ် ကြုံရင် ကန်ဒီသောက်တဲ့ အအေးကိုသောက်ကြည့်နော်။ Gas မပါဘူး။ ကျန်းမာရေးအတွက် ပိုသင့်တော်တယ် ^_^

  အင်း.. ဆံပင်ထပ်ဆိုးလိုက်ပြီ.. အရောင်က Chiffon Beige.. အိမ်ထဲမှာဆို အဲ့လောက်မသိသာဘူး :)


နှစ်ချောင်းထိုး ထိုးနေရင်း အဲ့ဒီအထုံးလေးမြင်တော့ အမေ့ကို သတိရတယ်။ ငယ်ငယ်က သူကန်ဒီတို့ကို သင်ပေးနေရင်း အဲ့လိုအထုံးလေးတွေ ချည်ထဲကထွက်လာရင် ရှင်းပေးရတယ်။ သူသင်ပေးတာတော့ ညီအစ်မသုံးယောက်လုံးကိုပဲ။ တကယ်ဝါသနာပါပြီး ထိုးတတ်တာက ကန်ဒီတယောက်တည်း (ကြုံတုန်းကြွားတာ :P)။ တကယ်တော့ ဘယ်ဘက်ကနှစ်ပုံက ကြာပြီ။ ကန်ဒီ့အမေမွေးနေ့(April)တုန်းက သူ့အတွက်လက်ဆောင် ထိုးပေးခဲ့တာလေ။ နှစ်ခြမ်းထိုးတော့ အလယ်မှာဆက်ရတယ်။ ဆက်တဲ့နေရာက ပုံမကျတော့ သိပ်မလှဘူး ဖြစ်သွားတယ် :(

ကန်ဒီယုန်နှစ်ကောင် လက်ဆောင်ရထားတယ်။ အဲ့ဒါကြောင့် ဒီတလော ယုန်အိမ်မက်တွေ မက်နေတာဖြစ်မယ်(:P)။ ဒါနဲ့ အဲ့နေ့က အသိအစ်မတယောက်က ကန်ဒီ့ခေါင်းကို မော့ကြည့်ပြီးမေးတယ်... "အဲ့ဒါ ဘာကြီးတင်ထားတာလဲဟင်... "တဲ့။ မေးပုံကို ကြည့်... ဘယ်လောက် အသည်းယားဖို့ကောင်းလဲ ဆိုတာ =.="

With my favorite Holland Lop Bunny ^_^


ဒီနေ့ အုန်းစိမ်းဂျယ်လီလုပ်မယ်ဆိုပြီး လိုအပ်တာတွေ မနေ့ကတည်းက ၀ယ်ထားတာ.. မလုပ်လိုက်ရဘူး။ ဘာလို့လဲပြောပြရင် အားလုံးရီအုံးမယ် ဟိ။ အကြောင်းက အုန်းသီးမခွဲတတ်လို့ (:P)။ ဂျယ်လီအတွက် ရေတောင်ဆူနေပြီးမှ မလုပ်လိုက်ရဘူး။ ဒါနဲ့ အဲ့ဆူနေတဲ့ရေကို ဘာလုပ်လိုက်တယ် ထင်လဲ??? ရေချိုးလိုက်တယ် ဟိဟိဟိ xD xD

အုန်းသီး ဘယ်သူခွဲပေးမလဲ???

ဒီရက်ပိုင်း ကန်ဒီအပူတွေကန်နေတယ် ထင်တယ်။ မျက်နှာတခုလုံးလည်း အဖုတွေချည်းပဲ။ ဘယ်ဘက်မျက်လုံးလည်း အပူကန်ပြီး ရောင်နေတာ ဒီနေ့မှနည်းနည်းသက်သာသွားတယ်။ ဟိုနေ့ကဆို မျက်လုံးတောင် မပွင့်ချင်ဘူး :(

မျက်လုံးကသာ နာနေတာ လူကပြောင်ချော်ချော်လုပ်တုန်း =.='
ခုထိ မျက်လုံးနှစ်ဖက်က မညီချင်သေးဘူး...

သရဲရဲရဲရဲရဲရဲ.......

အဖုတွေများ သက်သာလို သက်သာငြား Mask လေးအုပ်ကြည့်တာ။ ကန်ဒီက သူများကိုသာ လုပ်ဖို့ပြောတာ.. ကိုယ်တိုင်ကျ လုပ်ရမှာပျင်းတယ်။ တပတ်တခါလုပ်ဖို့ဆို ဝေးလာဝေး :P :P

မျက်နှာရော မျက်လုံးရော မြန်မြန်သက်သာပါစေ ^_^
ကိုယ့်ဟာကိုယ် ဆုတောင်းပေးတာ :P
Good Night^^

19 comments:

မေမြို့မိုး said...

တိုဟူးနွေးစားချင်တယ်.။ ဒါနဲ့ အစ်မ နှစ်ချောင်းထိုးထိုးတတ်တယ်လား.။ မေမေက ကျွန်တော်ငယ်ငယ်တုန်းက မွေးနေ့တစ်ခါရောက်တိုင်းတစ်ထည်ထိုးပေးတယ်.။ နောက်တော့ မထိုးဖြစ်တော့ဘူး..သူထိုးတဲ့အပ်တွေလည်း
ကျွန်တော်ငယ်ငယ်က သိုင်းချတမ်းကစားပစ်တာ အကုန်ကုန်တာပဲ..။

BabyAngle said...

ကန်ဒီလေးရေ.. အပူကန်ရင် မန်ကျည်းသီးကွမ်းသီးလုံးလောက်ကို ထန်းထညက်ခဲ သုံးလုံးလောက်၊ ဆားနည်းနည်းနဲ့မနက်ကတည်းက ရေခွက်နဲ့စိမ်ပြီ ညနေအိပ်ခါနီးသောက်... လေးရက်လောက်ဆက်တိုက်သောက်ရင် သက်သာတယ်ညီမလေး....
တော်လိုက်တာ နှစ်ချောင်းထိုးလည်းထိုးတတ်တယ်...

လရိပ်အိမ် said...

အုန်းစိမ်းဂျယ်လီ အတွက် အားရပါးရ ရယ်သွားတယ်။း)
ဒါနဲ့အဖြူရောင်ယုန်လေးကအစစ်လား?

မိုးသူ(တောင်ကြီး) said...

အစားအသောက် အဲဒီမှာလဲ အကုန်နီးနီးလုပ်စားလို့ ရတာပဲနော်

အလွမ်းမြို့ said...

ညီမလေးရေ ဒီနေ့တော့ ကန်ဒီအပြုံးလေးမြင်ရပြီမို့
လာလည်ရတာ ပြုံးပျော် ကခုန်ပြီး ပြန်သွားတယ်။
ချစ်စရာမျက်နှာလေး မြန်မြန်သက်သာ အဖုကင်းဝေး
ပါစေကွယ်။ စားစရာတွေလဲ စိတ်ကူးထဲက တဝ စားခဲ့
တယ်။


ခင်တဲ့
မကြီးလွမ်း

Anonymous said...

အယ် ...
အုန်းနဲ့ ပတ်သက်တဲ့ ရယ်ဒီမိတ်တွေ
အများကြီးပဲလေ ..
အုန်းသီးကမှ ရှာရမှာ
ရှားနေအုံးမယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးငွေ့........ said...

ဟုတ်တယ် ညီမလေး မကျည်းရည်သောက်ပေး ရေခဲရေရှောင်နော်...။

Suzy said...

ခေါင်းပေါ်က ဘီးကုတ်လေးကို ဘာကြီးတင်ထားတာလဲ မေးတဲ့သူ တော်တော် အလှအပ မခံစားတတ်တဲ့လူပဲနေမှာ
ဒီလောက်လှတာ ကို =.=

sulay said...

ကန်ဒီရေ.. နေကောင်းတယ်နော်...
အားလုံးအဆင်ပြေပါစေ.. City Hall ရဲရင့်မှာ ဒန်ပေါက်ကောင်းတယ်လေ...(D)

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ...

Anonymous said...

အကြိုက်တူသလိုမကြိုက်တာလည်းတူတယ်ကွာ။း)
ကော်ရည်ခေါက်ဆွဲသူများကျွေးရင်ခေါက်ဆွဲကိုပါတယ်ဆိုရုံနဲ့ ပဲပင်ပေါက်တွေ အရွက်တွေ အီကြာကွေးတွေများများထဲ့ပြီး ငပိထောင်းချဉ်နဲ့ စားတယ်။
ပစ်ချွဲတာမျိုးကိုသိပ်မကြိုက်တတ်ဘူးကန်ဒီ့လိုဘဲ။း)
အိုင်အိုရာ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အလည်ရောက်ခဲ့ပါတယ်အစ်မ..ဓါတ်ပုံတွေကြည့်သွားတယ်..စာတွေလည်းအကုန်ထိုင်ဖတ်သွားပါတယ်..

ကူးကူးလှိုင် said...

ကန်ဒီရေ ရေများများသောက်ပေး အပူကန်သက်သာတယ် အဖုတွေမြန်မြန်ပျေက်ပါစေနော်...

အိမ်မက်ကောင်းကင် said...

မမချိုချဉ် ဆီ အလည်လာရင်း
မျက်စိက အရင်ဆုံး တိုဖူးပန်းကန် ဆီရောက်သွားတယ်ဟဲ
ကြည့်ရင်း ကြည့်ရင်း အသံတစ်သံတိုးတိုး လေးထွက်လာတယ် သိလား
မမချိုချဉ် အဲသည်အသံလေး ကတော့ (ဂလု) တဲ့ ဟဲ
ယုန်ကလေးကိုလည်း အိမ်မက်မက်နိုင်ပါစေဦးနော်

မြတ်နိုးသူ(MUFL) said...

တိုဖူးနွေးကိုညီမလေးလဲအ၇မ်းကြိုက်တယ်
အမစားချင်စဖွယ်လေးပဲနော်ယုန်အရုပ်လေးလဲ
သဘောကျတယ်အပူတွေများလို့အဖုထွက်နေတာဆို
အမရှာရှည်လိုက်အုံးမယ်နော်သနားခါးအမြစ်လေးက
ပိုသက်သာမယ်ထင်တယ်အားပေးသွားပါတယ်

မင်းအရိပ် said...

ဂတ်ပုံတွေ လာကြည့်သွားတယ်
စာဖတ်ရမှာပျင်းလို့ စာတော့ ဖတ်ခဲ့ဘူး ဟီးးး

Sweety Snow said...

ကော်ရည်ခေါက်ဆွဲအရမ်းကြိုက်တယ်. ပုံမြင်တော့ ပိုစားချင်သွားတယ် ;'(

ဆူးသစ် said...

အရင်ဦးဆုံးပြောချင်တာကခေါင်းစဉ်ညီမလေးရေ။အတွေးကောင်းတယ်။အစ်ကိုတောင်ပထမဖတ်နေရင်းဘာလဲဟလို့စဉ်းစားနေတာ။ဩဂုတ်လအတွင်းကဓာတ်ပုံတွေကိုပြောတာကိုး။အရုပ်ကြိုက်၊ဒန်ပေါက်ကြိုက်တဲ့ကောင်မလေးပေါ့။

Anonymous said...

I ate rice with pork sour bamboo, horse shoe salad & fried fish sauce (Ngan Pyar Yay c Chat) cost me S$7 at Shwe War Myae. Burmese food are quite expensive now. For your dish, I think fish is $6+ fish paste curry is $4, container is 0.20 for one piece. Meat for parcel in Win Myanmar is $6.

Candy said...

ဟုတ်ပ.. နောက်တခါ Parcel ထုပ်ရမှာတောင် ကြောက်သွားတယ် >.<