ဒီနေ့တော့ "မ"ကိုချစ်နေတဲ့ ကောင်လေးတွေအတွက် အထူးစပယ်ရှယ်သီချင်းလေးတွေ မျှဝေပါမယ်။ ကန်ဒီအကြိုက်ဆုံး "မ"သီချင်းတွေပေါ့ ^_^
► ချစ်တယ်နော်.. "မ"
တေးဆို - MC Paing Lay
ဒီသီချင်းလေးကို ကန်ဒီစနားထောင်မိတာက M*H*A ဆိုတဲ့ သီချင်းဆိုဒ်လေးကပါ။ ခု ဘယ်ရောက်သွားပြီလဲ မသိဘူး။ အရင်လင်ခ့်မှာ ရှာမတွေ့တော့ဘူး...
♫♪ အရမ်းကို ချစ်တယ်နော်.. အိုး ဟိုး ဟိုး
ဖက်လို့ထားမယ်နော်.. အိုး ဟိုး ဟိုး
"မ" တယောက်တည်းကိုကျွန်တော်.. ချစ်နေလို့
အနမ်းတွေ ပေးမယ်နော် ယူပါတော့ ချစ်သူသို့... ♫♪
► ကျွန်တော်နဲ့ "မ"
တေးဆို - လင်းရာ၊ ရသ၊ ရဲလေး
♫♪ကမ္ဘာမြေထက် မိုးသားထဲ ကြယ်စင်များ လင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအားအလင်းပေးသလိုပဲ
အကြင်ဆုံး"မ"ရဲ့အချစ်နဲ့ ရင်မှာအမြဲနွေးထွေးသွားခဲ့
အားလုံးကို ရင်ဆိုင်ခဲ့မိ အကြင်နာဆုံး "မ"ရှိရင်ကွယ်...♫♪
► "မ"
ဒီသီချင်းနှစ်ပုဒ်လုံးကို ဘယ်သူဆိုတာလည်း မသိဘူး။ နားထောင်လို့ ကောင်းတယ်။ စာသားတွေလည်း မိုက်တယ် :D
♫♪ "မ" က ကျွန်တော့်ရဲ့ မရှိမဖြစ်ပါ "မ"ရယ်
အချိန်ရှိတိုင်းပဲ "မ"ရဲ့ ဘေးနား ရှိချင်တယ်
ဖြူစင်လွန်းတဲ့ "မ"ရဲ့ အပြုံးလေးများထဲ ရင်ခုန်နေမိတယ်
"မ"ရယ် မထားခဲ့လိုက်ပါနဲ့
"မ"ရဲ့ ရှေ့ကအမြဲရှိနေပေးမယ်
ဘယ်သူတွေပြောပြော ဂရုမစိုက်ပဲ ဆက်ချစ်နေမယ်..
ဆံပင်ရှည်လေးနဲ့ လှတဲ့ "မ"အတွက် အမြဲတမ်း ဘာမဆိုစွန့်ရဲတယ်
"မ"ရယ်.. မရက်စက်လိုက်ပါနဲ့... ♫♪
♫♪ "မ" ဘယ်လိုလဲ နေလို့မှ ကောင်းရဲ့လား.. စားလို့ဝင်ရဲ့လား.. စာတွေကျက်ဖြစ်လား.. ရေး.....
ညနက်တိုင်းလည်း "မ"အကြောင်းအိမ်မက် အိမ်မက်များလည်း ၀ိုးတ၀ါးအဖြစ်နဲ့သာ
ကမ်းတဲ့ ကျွန်တော်ရဲ့လက်တို့ခိုင်မြဲ ယုံကြည်ပါ တသက်လုံး................ ♫♪
► "မ"
► "မ"
တေးဆို - ပူစူး
♫♪ "မ"ရဲ့နံဘေးမှာ ရှိနေချင်သေးတယ်... "မ"အသံလေးတွေ ကြားနေချင်သေးတယ်
အဝေးကိုရောက်နေလည်း ဒီရင်ထဲစိတ်တွေက တကယ်တမ်းနီးနီးလေးပါပဲ...♫♪
အဝေးကိုရောက်နေလည်း ဒီရင်ထဲစိတ်တွေက တကယ်တမ်းနီးနီးလေးပါပဲ...♫♪
သီချင်းလေးတွေ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော် :D
"မ"ကိုလိုက်နေတဲ့ ကောင်လေးတွေအတွက်လည်း အသုံးဝင်မယ် ထင်ပါတယ် Good Luck ♥
Top Secret - ဘာရေးရမှန်းမသိလို့ သီချင်းတွေတင်ပေးလိုက်တာ ဟိ xD
23 comments:
အရင်တုန်းက တော့ “ မ ” ဖူးတယ်.။ အခုတော့ မ “ မ” ဖြစ်တော့ဘူး.။ အရပ်ပုမှာ စိုးလို့.။
ပိစိ။
တစ်ခုခုတော့ တစ်ခုခုဘဲ။ နှစ်ခုမဟုတ်တာ သေချာတယ်။
candy လေးရေ.. တချိန်တုန်းကတော့
“မ“ သီချင်းတွေကို အရမ်းကြိုက်နှစ်သက်သူပါ..
အခုတော့ နားမထောင်ဖြစ်တာတောင် ကြာပြီ...
နားထောင်လိုက်အုံးမယ်...
အခုလို တင်ပေးတာ ကျေးဇူးပါနော် ...
တစ်ယောက်ယောက်ကိုသတိရသွားတယ် :P
သီချင်းလေးတွေနားထောင်သွားတယ်။ မ ကတော့ ဘယ်"မ"ကိုမှ ပေးစရာမရှိဘူးကွ။
တခါမှတော့ မ မ ဘူးပါဘူး...ဒါပေမယ့်မသီချင်းတွေ
နားထောင်သွားပါတယ်..အမကန်ဒီ
အမကန်ဒီ
ညီမလေးအလည်လာ၇င်းနဲ့
သီချင်းလေးတွေကိုနားဆင်သွားပါတယ်
ကျွန်တော်နဲ့မသီချင်းလေးကိုအ၇မ်းကြိုက်တယ်
မမချိုချဉ်လေးရေ
အလည်လာရင်း မ သီချင်းတွေကိုအားပေးသွားတယ်နော်
နောက်ကျရင် မောင် သီချင်းတွေကို တင်ပေးပါလား
ဟိဟိ
ပထမတစ်ပုဒ်ကိုတော့ဘယ်လိုမှနားထောင်လို့မရဘူးညီမရေ။ အသံကြောင့်ပါ။အစ်ကိုကယောကျာ်းလေးဆိုတာအဲဒီလောက်ပျော့ရင်နားထောင်လို့ကိုမရတာ။ရသတို့သီချင်းကဟိုးတုန်းကMP3တွေထွက်တော့ရှိတယ်။ရက်ပ်နည်းတယ်။တော်တော်ကြိုက်တာ။အခုဟာကနောက်Versionဖြစ်မယ်။တတိယတစ်ပုဒ်ကတော့အစ်ကို့ဆီမှာတောင်ရှိတယ်။နောက်ဆုံးသီချင်းကိုလည်းသိပ်မကြိုက်ဘူး။ဆိုတဲ့လူကအသံဝင်နေတယ်။ညီမကငယ်ဆူးရဲ့ မမရှိနေ့ရက်များ သီချင်းကျန်ခဲ့တယ်။အဲဒီသီချင်းလည်းကောင်းတယ်။ အစ်ကို့ဇနီးကအစ်ကို့ထက်ငယ်တယ်။မ သီချင်းတွေကတော့ခံစားရုံသက်သက်ပါ။ဒီအချိန်မှ ထ မ နေရင် မိန်းမရိုက်လိမ့်မယ်။
ဟီ....
အကိုကြီး ကိုဆူးသစ် အစ်မကို ကြောက်ရတယ်း)။
မ...
သီချင်းတွေကို ကြိုက်ပါတယ် သို့ပေသိ ဦးကြံသကာလည်း မ,မ ဘူးပြန်ဘူး
နောက်တစ်ခါ..
မောင့် မမပန်းနွယ် သီချင်းကို ရှာပေးပါ
မလေးကိုလာရင် မုန့်ဝယ်ကြွေးမယ်။
သတိရရဲ့လား မှတ်မိရဲ့လား
မရဲ့ဘေးနားရှိတဲ့ ကောင်လေး ကျွန်တော့်ကို
အဲဒီသီချင်းအကြိုက်ဆုံးပဲ
အော်
ခံစားချက်တွေ ခံစားချက်တွေ
ငါ့နားက ထွက်သွားကြစမ်းကွာ :D
ဒီသီချင်းတွေတော့ အကြိုက်ချင်းတူသွားပြီ.. ကြိုက်လို့ ခဏခဏနားထောင်ဖြစ်တဲ့သီချင်းလေးတွေ :D
ချိုချဉ်ရေ ....
မ သီချင်းတွေပြီးတော့
ညီမလေးသီချင်းတွေလုပ်ပါအုံးအဟီး
ကန်ဒီလေးရေ.
မကြီးလာသွားတယ်။ အင်း...ငါ့ညီမလည်း တစ်ခုခု
တော့ တစ်ခုခုဘဲနော်။ ၂ ခု မဟုတ်တာသေချာတယ်.
စိတ်ရှည်လက်ရှည် 'မ' သီချင်းတွေကို တစ်ပုဒ်ချင်း တင်သွားတာပါလား ချိုချဉ်လေးရေး) ရေးစရာမရှိလို့ စိတ်ရဲ့ဖြေရာ အစားထိုးလိုက်တာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စုပေးထားတာကျေးဇူးကန်ကန်ရေ
hi
Hi Hello How are you xD xD
hi
သီချင်းလင့်လေးတွေရှိရင်ပေးပါလားခင်ဗျ
Hi
လင့်လေးတွေပေးပါလားခင်ဗျ
Post a Comment