Sunday, August 5, 2012

Breaking News :P

ကျန်းမာတော်မူပါစရှင်...
ယနေ့ သြဂုတ်လ ၅ ရက်နေ့အတွက် စင်္ကာပူတွင်းသတင်းစဉ်ကို ကျွန်မကန်ဒီမှ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်ရှင် :D :P

မြန်မာပြည်က သတင်းတွေမှာ အဲ့လိုပြောသေးလား?? ဟီး... Weekend ဆို အိမ်မကပ်တတ်တဲ့ ကန်ဒီဟာ ထုံးစံအတိုင်း မနေ့က(စနေနေ့) သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပါတယ်။ Gardens by the Bay မှာ ညဘက်မီးထွန်းတာကို ကြည့်ဖို့ ဦးတည်သွားကြတာလေ။ ကြည့်ခဲ့တယ်။ ဒါပေမယ့် ဘာမှလည်း မထူးခြားဘူး။ သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး။ အဲ.. တကယ်တမ်း ကန်ဒီတို့ကို ဆွဲဆောင်တာက လာမယ့် ၉ရက်နေ့ စင်္ကာပူ National Day အတွက် Rehearsal လုပ်နေတာတွေလေ။ သရုပ်ပြဖို့ လေယာဉ်တွေပျံနေတာတွေ.. မီးရှူးမီးပန်းလွှတ်နေတာတွေ.. စစ်သားတွေ ချီတက်နေတာတွေ.. အဲ့ဒါတွေက Garden by the Bay ထက် ပိုဆွဲဆောင်မှု ရှိနေတယ်။

အားလုံးကို သေချာမြင်ခဲ့လို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး(>.<)။ ကန်ဒီတို့က ဒီဘက်ခြမ်းရောက်နေတော့ လှေကြီးတင်ထားတဲ့ ဟိုအဆောက်အအုံ(၃)ခု ကွယ်နေတာနဲ့ မီးပန်းလွှတ်တာလည်း သေချာမမြင်ခဲ့ရဘူး။ မြင်ရလိုမြင်ရငြား အဲ့ဘက်ကို ဇွဲကောင်းကောင်းနဲ့ လမ်းလျှောက်ပြီး သွားကြည့်သေးတယ်။ ဒါပေမယ့် မမှီတော့ဘူး(>.<)။ လေယာဉ်ပျံကလည်း ၂စီးပဲ မြင်တယ်။ စစ်သားတွေချီတက်တာတော့ ကောင်းကောင်းမြင်လိုက်တယ်။ 

အဲ့ဒါကြီးက အဲ့လိုကွယ်နေတာ... မီးပန်းက ဟိုဘက်မှာ ဖောက်တာ =.='

 မီးပန်းရှိတဲ့ဘက်ကို သွားနေတာ... ဒါနဲ့ အဲ့ Shopping Mall အောက်မှာ Casino ရှိတယ်...

ဒါက အပြင်က View...

ကန်ဒီ့အကျင့်အတိုင်း မြင်သမျှ ကင်မရာနဲ့ရိုက်တယ်လေ။ မြင်သမျှရိုက်တော့ အားလုံးကြည့်ရတာပေါ့ ဟုတ်တယ်ဟုတ် (:D)။ ခက်တာက ကိုယ်တိုင်က ကောင်းကောင်းမမြင်ခဲ့တော့ ဗွီဒီယိုထဲမှာလည်း များများမပါဘူး ဟီးဟီး။ ဘာပဲဖြစ်ဖြစ် ပျင်းတယ်ဆို ကြည့်ပေါ့ (:P)။ Edit သိပ်မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ဒီပိုစ့်ကို မြန်မြန်တင်ချင်လို့။ သတင်းဆိုတော့ ကြာသွားရင် မကောင်းဘူးလေ ဟဲဟဲ xD


National Day ကျရင် မီးပန်းလွှတ်တာ သွားကြည့်ချင်တယ်။ သွားကြည့်ရင်ကောင်းမလား??? :P :P

တော်ပြီ တော်ပြီ.. အိပ်သင့်နေပြီ။ မနက်အစောကြီး ထရမှာ။ Sembawang ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲရှိတယ်။ စတုဒီသာလည်း ကျွေးမှာ။ အဲ့မှာ ရေလှူတာ သွားကူမလို့ :D

တာ့တာ
Good Night^^

21 comments:

frozenjelly said...

ရောက်ခဲ့ပါတယ်အမကန်ဒီ..ပုံလေးတွေလာကြည့်သွားပါတယ်..သတင်းလည်းဖတ်သွားပါတယ်

အလွမ်းမြို့ said...

ညီမလေးကန်ဒီရေ

မကြီးလွမ်းကတော့ ဘာလေးဘဲတင်တင် ပိုစ့်သစ်မြင်ရင်
ပြေးလာတာဘဲ။ကန်ဒီဘလော့လေးက စိတ်ချမ်းသာမှု့
ပေးတာကိုး။ ဓါတ်ပုံနဲ့ ရုပ်သံလေးကြည့်သွားတယ်ကွယ်။
ပျော်ရွှင်ပါစေ


ချစ်တဲ့
မကြီးလွမ်း

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

လာလည်သွားပါတယ်ခင်ဗျ...ပုံလေးတွေလည်းကြည့်သွားတယ်...သတင်းလည်းဖတ်သွားတယ်..

ကိုကိုမောင်(ပန်းရနံ့) said...

"Sembawang ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲရှိတယ်။ စတုဒီသာလည်း ကျွေးမှာ။ အဲ့မှာ ရေလှူတာ သွားကူမလို့"


အဲဒီပွဲမှာ ရိုက်လာမဲ့ (ရုပ်+သံ)ဖိုင်တွေကိုလဲ ကြိုတင် မျှော်နေပါတယ် ပိစိ။း)))

Sweety Snow said...

သတင်းကို စောစောစီးစီးလာဖတ်သွားတယ် :D

ချစ်စံအိမ် said...

အခုလိုသတင်းလေးတင်ပေးလို့ ကျေးဇူပါညီမရေ:)

ဝိ၀ိ said...

သတင်းဖတ်သွားတယ်..........အစ်မ......တကယ့်ပွဲအစစ်ကျရင်..လည်း...
ပုံတွေတင်ပါဦးလား..........အစ်မ....

စံပယ်ချို said...

ညလေးကန်ဒီရေအသစ်ဆိုတာနဲ့ပြေးလာတော့တာပဲ
ထူးဆန်းပြီးဘာလေးတွေပါမလဲပေါ့
ကန်ဒီကပုံတွေလဲရိုက်တင်ပေးတာကိုး
သတင်းလေးတွေပုံလေးတွေဖတ်ခဲ့ကြည့်ခဲ့ပြီနော်
နောက်သတင်းတွေလဲမျော်လျှက်

white angle said...

ကန်ဒီလေးရေ ပုံတွေလာကြည့်သွားတယ်နော်...
ကန်ဒီလေး အမြဲတမ်းပျော်ရွှင်နိုင်ပါစေ...

မေမြို့မိုး said...

ဟီးဟီး..ကင်မရာကြီးဖွင့်ပြီး သမ်းလိုက်တဲ့ အကွက် မိုက်သဗျာ.။ ဟီးဟီး.။

လရိပ်အိမ် said...

ပထမဆုံးတင်ထားတဲ့ပုံရဲ့တိုက်ကိုတော်တော်သဘောကျတယ်

ကူးကူးလှိုင် said...

သတင်းလေးလာဖတ်သွားတယ် ကန်ဒီရေ...

Anonymous said...

သတင်းများကိုနားထောင်လို့ ပြီးပါပြီရှင်။း)
အိုင်အိုရာ

မိုးသူ(တောင်ကြီး) said...

ချိုချဉ်ရေ ပုံတွေကြည့်ရလို့ ကျေးဇူးပါ

နောက်ထပ်တွေလဲတင်ပေးပါအုံးနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

သတင်းလည်း ကြေညာတာပဲလား အစ်မရေ
အစ်မတို့တော့ စုံတယ်နော်
ဝေဖန်ရေးသမား ဖြစ်လိုက်
သတင်းထောက် ဖြစ်လိုက်
သတင်းကြေညာသူ ဖြစ်လိုက်
ဘာပဲဖြစ်ဖြစ် ငါတို့အစ်မကို အားပေးပြီးသားပဲ
( ဝနေလောက်ပြီ ... အားဆေးတွေ စားရလွန်းလို့ )

နွေလ

mstint said...

စင်္ကာပူအလွမ်းပြေလေး ကြည့်ရင်း Breaking News ဖတ်သွားတယ် ချိုချဉ်လေးရေ :) တီတင့်ကို မချစ်တို့ ဇနီးမောင်နှံပို့ပေးခဲ့တဲ့ နေရာလေးပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

အခြေအနေမပေးတဲ့ကြားက ရအောင်ပြပေးသွားတာချီးကျူးပါတယ်ညီမရေ။ အစ်ကိုတို့လည်း ဘယ်တုန်းကမှ မသွားဘူး။ လူရှုပ်ရှုပ်ထဲ ကင်မရာတကိုင်ကိုင်ဆိုမလွယ်ဘူးထင်တယ်နော်။ ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်။ သူတို့ National Day အကြိုမြင်ကွင်းပေါ့။

နွေတေးရှင် (မင်းဧရာ) said...

အော်...
ဂလိုလည်းဖြစ် သကိုးဗျ...

ကျန်မာတော်မူပါစရှင်...
ကျန်မားတော်မူပါတယ်ဂျား)

စတုဒီသာ တွေများများစားပြီး
National Day အတွက်အားမွေးပါလေး) ။

အိမ်မက်ကောင်းကင် said...

ပုံလေးတွေကိုကြည့်ရင်း အဲမှာရောက်သွားသလိုပဲ ^_^
ဗီဒီယိုလေးကိုကော်ကြည့်သွားတယ်နော်
စတုဒီသာ သွားစားရင် နည်းနည်းထုပ်ခဲ့ဦးနော် :D

မြတ်နိုးသူ said...

အမပုံတင်ထားတာအရမ်းလှတယ်သိလား
လာလည်သွားပါတယ်နော်

ဖြိုးဇာနည် said...

ရောက်တယ်ဘော်လာရီးရေ
ဟိုနေ့ညက ငါ့သယ်ရင်းရဲ့ youtube မှာ
အချိန်အတော်ကုန်သွားတယ် ဟီးးးးး
ဟင်းတွေက သွားရည်ယိုချင်စရာပဲ
စတော်ဘယ်ရီ လုပ်ပုံလေးသဘောကျတယ်
အတုခိုးသွားတယ်