ဟွင်း... အစက ဒီပိုစ့်ကို မရေးတော့ဘူး လုပ်နေတာ.. မြန်မာပြည်ပြန်သွားတဲ့ ကန်ဒီတို့အဖွဲ့ထဲက သူငယ်ချင်းက အဲ့နေ့က ဓာတ်ပုံတွေ မျှော်နေပါတယ် တင်ပါဆိုပြီး စီပုံးမှာ ပိကျိပိကျိ လာလုပ်နေတယ် (:P)။ အဲ့ဒါနဲ့ သူစိတ်ချမ်းသာအောင်(နားငြီးလည်း သက်သာအောင် :P) ဂလို ဂလို ရေးလိုက်ရပါတယ် ^_^
တနင်္ဂနွေနေ့က မင်္ဂလာဦးဆွမ်းကျွေးသွားတယ်။ အရုဏ်ဆွမ်းကျွေးတာ။ သူတို့နေတာ Yishun ဆိုတော့ ကန်ဒီနဲ့အရမ်းဝေးတယ်။ အဲ့ကိုရောက်တော့ အချိန်က ၁၀နာရီခွဲနေပြီ (သူတို့ကိုယ်တိုင်ကလည်း အဲ့အချိန်လောက်မှ လာလို့ ပြောလို့ပါ)။ အဲ့ဒါနဲ့ ဘုန်းဘုန်းလည်း မဖူးလိုက်ရဘူး။ နေ့လည်စာ ဟိုမှာစားပြီး သူတို့က Gardens by the Bay ကို သွားမယ်တဲ့။ အဲ့မှာ ဇာတ်လမ်းစတာပဲ...
Bayfront မှာဆင်းပြီး လမ်းလျှောက်သွားရင် ရောက်တယ်...
သူငယ်ချင်းအစ်ကိုက သူ့အလုပ်က ကားနဲ့ပို့ပေးမယ်တဲ့။ သူ့ကားက အမိုးမပါဘူး။ နေ့လည်ခင်းကြီးကို အမိုးမပါတဲ့ကားနဲ့ ဒီလောက်ပူတဲ့ရာသီမှာ စဉ်းစားသာကြည့်တော့ (=.=')။ ဘယ်လိုမှ မခံစားနိုင်တာနဲ့ MRT မှာချပေးပါလို့ ပြောရတယ်။ ကန်ဒီတို့က ရထားနဲ့ပဲ ဆက်သွားကြတယ်။ ကားနဲ့ဆက်လိုက်တဲ့ လူက လိုက်တယ်။ ဟိုရောက်တော့ ရထားနဲ့သွားတဲ့အဖွဲ့နဲ့ ကားနဲ့သွားတဲ့အဖွဲ့နဲ့ ကွဲသွားရော။ ကားနဲ့သွားတဲ့အဖွဲ့က Ticket ၀ယ်ပြီး ၀င်ရတဲ့အထဲရောက်သွားတယ်။ ကန်ဒီတို့အဖွဲ့က အပြင်မှာ သူတို့ဘယ်မှာလဲ ဖုန်းဆက်လိုက် မုန့်စားရင်းစောင့်လိုက်နဲ့တင် ဘယ်မှမရောက်လိုက်ဘူး။ သူတို့ဘယ်မှာဆိုတာလည်း သိရော လူတွေက ပြိုင်းနေကြပြီ။ အဲ့အထဲကိုလည်း မ၀င်လိုက်ရဘူး။ မ၀င်လိုက်ရဘူးဆိုတာထက် ပင်ပန်းလို့ မ၀င်နိုင်တော့တာ...
WARNING >> အဲ့ကို နေ့ခင်းကြောင်တောင်ကြီး ဘယ်တော့မှ မသွားနဲ့နော်။
ငါးခြောက်ဖြစ်သွားမယ် (>.<)။ မကျေမနပ် မတင်မကျနဲ့ အိမ်ပြန်ရောက်တော့
ခေါင်းတွေကိုက်လို့ ဆေးတောင်သောက်လိုက်ရတယ်။ ဒါလေးကို ဒီလောက်ဖြစ်လို့
မယ်နုလို့ ခေါ်ချင်နေတယ်မလား? ကိုယ့်ဟာကိုယ်လည်းသိပါတယ်
တော်တော်နုတာ(>.<)။ လုံးဝမကျေနပ်လို့ နောက်တခေါက်သွားဦးမယ်။
အဲ့အခါကျမှ ဓာတ်ပုံကောင်းကောင်း တင်ပေးမယ်နော်...
ဒါပဲရိုက်စရာရှိတော့ ဒါပဲ ရိုက်ရတယ် ဟဟဟဟ xD
တချို့တွေက ကန်ဒီတို့နှစ်ယောက်ကို တူတယ်တဲ့။
ကန်ဒီ့အမြင်မှာ လုံးဝမတူသလိုပဲ :P
တခြားအကြောင်း ပြောရအောင်။ ၁၁ ရက်နေ့ကျရင် အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ Gathering ရှိတယ်။ အဲ့ကို သွားဖို့ စိတ်ထဲမှာ ဒွိဟဖြစ်နေတယ်။ သွားသာသွားရမှာ.. ကန်ဒီနဲ့သိတဲ့လူ အရမ်းနည်းတယ်။ နည်းတယ်ဆိုတာ မရှိသလောက်ပဲ။ ကန်ဒီ ငယ်ငယ်က အရမ်းအေးတယ် (ခုလည်း အေးပါတယ် :P)။ စကားလည်း သိပ်မပြောဘူး။ အပေါင်းအသင်းနည်းတယ်။ Humm... ဘယ်လိုလုပ်ရင် ကောင်းမလဲ??? အားနာလို့ လာမယ်လို့တော့ ပြောထားတယ် >.<
လူတော်တော်များများက ကန်ဒီ့ကို အမြဲပြုံးပျော်နေတာပဲတဲ့။ ကန်ဒီ့မှာလည်း စိတ်ညစ်စရာတွေ ရှိတတ်ပါတယ်။ မျက်နှာမှာ မဖော်ပြတာပဲ ရှိတယ်။ မြိုသိပ်တတ်တာ အကျင့်တခုလို ဖြစ်နေပြီ။ ကန်ဒီ့ဆီက စိတ်ညစ်စရာတွေ ဘေးလူကိုမကူးစက်စေချင်ဘူး။ ကန်ဒီ့ကြောင့် ပျော်တယ်ဆိုတာပဲ ဖြစ်စေချင်တယ်။ ဘလော့မှာရေးတာတွေ တော်တော်များများက အပြင်မှာ ဘယ်သူ့ကိုမှ မပြောဖြစ်တာတွေပေါ့။
သူငယ်ချင်းထဲမှာ စာရေးဝါသနာပါလို့ ဘလော့စရေးချင်တဲ့ လူတချို့ရှိတယ်။ သူတို့က စာစရေးဖို့ကို အကြောင်းအမျိုးမျိုးကြောင့် တွန့်ဆုတ်နေကြတယ်။ တချို့ကလည်း စရေးပြီးမှ ဘလော့အတွက် အချိန်မပေးနိုင်မှာ စိုးလို့တဲ့။ တချို့ကလည်း သူများမေးတာ ဖြေနိုင်ဖို့ ဗဟုသုတမလုံလောက်သေးမှာ စိုးလို့တဲ့။ အဲ့လို အဲ့လိုတွေ စဉ်းစားနေတာနဲ့တင် တော်တော်ကြာနေပြီ။ ကန်ဒီပြောချင်တာက ဘာလို့အဲ့လောက် တွေးနေမှာလဲ။ Blogger ဆိုတာ Journalist တယောက်မဟုတ်ဘူး။ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရတာ မှန်ပေမယ့် အားလုံးက မျှဝေတဲ့သဘောတရားပါပဲ။ စာရေးတဲ့လူက အမြဲမှန်တယ်ဆိုတာ မရှိဘူး။ ဖတ်တဲ့သူအနေနဲ့လည်း မှားနေရင် အမှန်ကို ထောက်ပြသွားနိုင်တယ်.. ဆွေးနွေးနိုင်တယ်လေ။
အချိန်မပေးနိုင်မှာစိုးတယ် ဆိုပြီးလည်း မတွေးပါနဲ့။ အချိန်ပေးရအောင် ဘလော့ရေးတာ အလုပ်လုပ်နေတာမှ မဟုတ်တာ။ ကိုယ်အားတဲ့အချိန်မှာ စိတ်ကို ထွက်ပေါက်တခုဖွင့်ပေးရုံ ရေးတာလေ။ ဘယ်သူက တနေ့တပုဒ် ပိုစ့်အသစ်တင်ရမယ် ပြောနေလို့လဲ?? ကိုယ်တတ်နိုင်တဲ့ နှုန်းလေးနဲ့ ပိုစ့်တွေ ပုံမှန်တင်သွားရင်လည်း ဖြစ်တာပဲ။ အဲ့တော့ စာရေးချင်တယ်ဆို အဲ့လောက်ဦးနှောက်အခြောက်ခံပြီး တွေးမနေပါနဲ့။ စိတ်ထဲ ပေါ့ပေါ့ပါးပါးလေးထားပြီး စကြည့်ပါ။ ဖြစ်လာမှာပေါ့။ နောက်ဆို ဒီအသိုင်းအ၀ိုင်းလေးမှာ ပျော်တတ်လာမှာပါ ^_^
Have a Good Day ^_~
သူငယ်ချင်းထဲမှာ စာရေးဝါသနာပါလို့ ဘလော့စရေးချင်တဲ့ လူတချို့ရှိတယ်။ သူတို့က စာစရေးဖို့ကို အကြောင်းအမျိုးမျိုးကြောင့် တွန့်ဆုတ်နေကြတယ်။ တချို့ကလည်း စရေးပြီးမှ ဘလော့အတွက် အချိန်မပေးနိုင်မှာ စိုးလို့တဲ့။ တချို့ကလည်း သူများမေးတာ ဖြေနိုင်ဖို့ ဗဟုသုတမလုံလောက်သေးမှာ စိုးလို့တဲ့။ အဲ့လို အဲ့လိုတွေ စဉ်းစားနေတာနဲ့တင် တော်တော်ကြာနေပြီ။ ကန်ဒီပြောချင်တာက ဘာလို့အဲ့လောက် တွေးနေမှာလဲ။ Blogger ဆိုတာ Journalist တယောက်မဟုတ်ဘူး။ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရတာ မှန်ပေမယ့် အားလုံးက မျှဝေတဲ့သဘောတရားပါပဲ။ စာရေးတဲ့လူက အမြဲမှန်တယ်ဆိုတာ မရှိဘူး။ ဖတ်တဲ့သူအနေနဲ့လည်း မှားနေရင် အမှန်ကို ထောက်ပြသွားနိုင်တယ်.. ဆွေးနွေးနိုင်တယ်လေ။
အချိန်မပေးနိုင်မှာစိုးတယ် ဆိုပြီးလည်း မတွေးပါနဲ့။ အချိန်ပေးရအောင် ဘလော့ရေးတာ အလုပ်လုပ်နေတာမှ မဟုတ်တာ။ ကိုယ်အားတဲ့အချိန်မှာ စိတ်ကို ထွက်ပေါက်တခုဖွင့်ပေးရုံ ရေးတာလေ။ ဘယ်သူက တနေ့တပုဒ် ပိုစ့်အသစ်တင်ရမယ် ပြောနေလို့လဲ?? ကိုယ်တတ်နိုင်တဲ့ နှုန်းလေးနဲ့ ပိုစ့်တွေ ပုံမှန်တင်သွားရင်လည်း ဖြစ်တာပဲ။ အဲ့တော့ စာရေးချင်တယ်ဆို အဲ့လောက်ဦးနှောက်အခြောက်ခံပြီး တွေးမနေပါနဲ့။ စိတ်ထဲ ပေါ့ပေါ့ပါးပါးလေးထားပြီး စကြည့်ပါ။ ဖြစ်လာမှာပေါ့။ နောက်ဆို ဒီအသိုင်းအ၀ိုင်းလေးမှာ ပျော်တတ်လာမှာပါ ^_^
Have a Good Day ^_~
22 comments:
ဓါတ်ပုံလေးတွေ ကြည့်သွားတယ် ကန်ဒီ.. Blog ရေးရတာ ကြာလာတော့ ပျော်ဖို့ကောင်းလာတယ်..သူတို့လဲ ရေးဖူးလာရင် သိသွားကြမှာပါ..
Gardens by the Bay ကိုမရောက်ဖူးသေးဘူး ချိုချဉ်လေးတင်တဲ့ ပုံကြည့်ပြီးတောင် သွားလည်ချင်ပြီ။ စိတ်ချ နေ့လည်ကို ရှောင်ပြီးသွားမယ်း)
နှစ်ယောက်စလုံး ချစ်စရာလေးတွေ။ ဘလော့ဂ်ရေးမယ် ဆိုတဲ့ သူငယ်ချင်းတွေကို တိုက်တွန်းလိုက်ပါ။ တစ်ပုဒ် နှစ်ပုဒ်တင်ပြီးရင် အော်တိုမက်တစ် တင်ဖြစ်သွားလိမ့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမြဲတမ်းချစ်စရာကောင်းနေသော ကန်ဒီ။ ကန်ဒီ့လိုမျိုး စိတ်အနှောက်အယှက်ဖြစ်တာ မျက်နှာမှာ မပေါ်အောင် မြိုသိပ်တတ်ချင်လိုက်တာ
သိကြားလုံးလေးရေ စင်္ကာပူကို နှစ်ခေါက်သာ ရောက်ခဲ့ဖူးတယ်။ အဲဒီနေရာကို ဘာလို့ မရောက်ခဲ့ရတာတုန်းဗျာ။
နေ့ခင်းကြောင်တောင် လျှောက်မသွားနဲ့နော် ထမင်းခြောက် အဲဟုတ်ဖူး ငါးခြောက်ဖြစ်သွားမယ်။ သဘောကျလို့ ရယ်ပစ်လိုက်တယ်။ ဟိ ဟိဆိုပြီးလေ။
ဘလော့ရေးမှု၊ မရေးမှုနဲ့ပတ်သက်ပြီး သိကြားလုံးလေးပြောတာ အားလုံးသဘောကျတယ်။
ညလေးရေ
မကြီးလွမ်းကတော့ ညလေးဘလော့လာတိုင်း ပျော်တယ်. ဓါတ်ပုံတွေကြည့်
ရလို့. ပြီးတော့ ချစ်စရာညီမလေးမျက်နှာလေးမြင်ရလို့။
အစဉ်အားပေးလျှက်ပါ ညီမလေး
ချစ်တဲ့
မကြီးလွမ်း
အစ်မပုံလေးတွေကြည့်သွားတယ်နော်
တော်တော်ပျော်စရာကောင်းမယ့်ပုံပဲနော်
လာလည်သွားပါတယ်
အပိာ အပိာ အပိာ ... အဲလို သမီးအတွက်တကူးတကတင်ပေးတဲ့အတွက် မမကန်ဒီကို အများကြီးကျေးဇူးတင်ပါဧ။်.... :D
သူငယ်ချင်းတွေက ပိကျိပိကျိ လုပ်နေတယ်ဆိတော့.
angry bird ထဲက အကောင်လေးတွေသွားသတိရတယ်.။:D
စာရေးချင်တဲ့သူတွေ.ကိုတော့ welcome ပါဗျာ.။
ပုံလေးတွေလာရောက်ကြည့်ခဲ့တယ်ကန်ဒီလေးရေ
ပျော်ရွင်ခြင်းဝမ်းနည်းခြင်း ဆိုတာ လူတိုင်းကိုယ်ဆီမှာ ရှိကြတာပေါ့ သကြားလုံးရယ်...
သည်လိုဘဲ ပျော်ရွင်နေသလို နေကြရတာပေါ့။
အပြင်မှာ ဖေါက်ထုတ်ခွင့်မရတာတွေကို ဘလောဒ့်မှာ ရေးတာချင်းတူတယ်
စိတ်ကိုထွက်ပေါက်ပေးဖို့လိုအပ်တယ်လေ။
သယ်ရင်းတွေကိုပြောလိုက်ပါ ရေးသာရေးအားပေးတယ် လို့။
ဓာတ်ပုံတွေလာကြည့်သွားပါတယ်..
ညီမရေ ရေးနိုင်သလောက်ရေးတင်နိုင်သလောက်တင်
ဘူမှဂရုမစိုက်နဲ့ ..:P
ကျွန်တော်လည်းအပေါ်ကအမလမင်းလိုပဲပြောမယ်နော်..
ရေးသာရေးပါ...ဘူမှဂရုမစိုက်နဲ့...
ကန်ဒီဘလော့လာရင် ချစ်စရာကောင်းတဲ့ပုံလေးတွေ ကြည့်ရလို့ကို ခဏခဏလာလည်ဖြစ်တာ...
ပုံလေးတွေလာကြည့်သွားတယ် ညီမလေးရေ ။
ပုံလေးတွေက ကြည့်လို့အရမ်းကောင်းပါတယ် သည်မှာမှမရှိတာကိုး :P
နောက်ဆုံးပုံက ကောင်မလေးလည်း မမချိုချဉ်လေးနဲ့
တူပါတယ် ^_^
အလည်လာသွားတယ်နော်
photos လေးတွေရိုက်ထားတာတော်တော်လှပါတယ်။ ဘလော့ရေးတာထောက်ခံပါတယ်။
candy ရေပုံတွေကြည့်ရတာ
ကိုယ်ကိုတိုင်ရောက်သွားသလိုပဲ
ပျော်စရာကြီး ....
မျက်နှာလေးနဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေက လွဲရင် နှစ်ယောက်လုံး တူကြပါတယ်။ လှတာကို ပြောပါတယ်။း))
ဘလော့ရေးဖို့သူငယ်ချင်းတွေကိုအကြံပေးထားတာလေးကိုတော့ သဘောကျမိတယ်ညီမရေ။ ဟုတ်ပါ့။ ဘယ်သူကမှ ပြောတာမဟုတ်ဘူး။ ကိုယ်တင်နိုင်ရင်တင်ပေါ့။ မတင်နိုင်ရင်ရပ်ထားပေါ့။ ကောင်းပါ့။ စလုံးမှာပူတယ်ဆိုတာတော့ အစ်ကိုတို့လို ကျွန်းပေါ်မှာအလုပ်လုပ်နေသူတွေက ပိုအသိပေါ့ညီမရေ။ Main Land မှာပူတယ်ဆိုတာ အစ်ကိုတို့ ကျွန်းပေါ်ကလူတွေက ပျင်းတယ်လို့တောင်ပြောလို့ရတယ်။ မိုးပဲအမြဲမျှော်နေတာလေ။
နေပူဒဏ်တော့တကယ်မခံချင်ဘူးကန်ဒီရေ။ ခေါင်းတွေကိုကိုက်လာတာဘဲ။ ဒါတောင်အမြဲလိုနေပူထဲကွင်းဆင်းခဲ့ရတာနော်။
အို်င်အိုရာ
နင်.ညီမလေးကတော်တော်ချောတယ်နော် ဟဲ နင်.ထက်ပိုလှတယ်ဟ
စာရေးချင်တဲ့သူတွေကို ညီမ အကြံညဏ်ပေးတာ မှန်တယ်..ကန်ဒီညီမနဲ့  မျက်နှာကျဆင်တယ်..ဒါပေမယ့် သိပ်မတူဘူး..
Post a Comment