ဒါ Diary post ဆိုတာထက် ဒီနေ့ရတဲ့ အတွေးတခုလို့ ပြောရင်ပိုမှန်မယ်။ ကန်ဒီမေးမယ်နော်။ ဘ၀အတွက် Dream ဆိုတာ ဘာလဲ... ဘယ်လိုခံယူထားလဲ???
ဒီနေ့ Part Time နောက်တခုအတွက် အင်တာဗျူးသွားတယ်။ အားလုံးတော့ တွေးနေမှာပဲ.. "ခုလည်း Part Time တခုလုပ်နေတာ ဘာကိစ္စနောက်တစ်ခုလုပ်ချင်တာလဲ" လို့။ ဒီကောင်မလေး ပိုက်ဆံတော်တော်လိုနေလားပေါ့ (:D)။ ခုလုပ်နေတဲ့ Part Time က ကန်ဒီပြောဖူးသလို Data Entry ပဲလေ။ ဘာမှထူးထူးခြားခြား မဟုတ်ဘူး။ ဒီနေ့ အင်တာဗျူးသွားဖြေတဲ့ အလုပ်က Healthcare Consultant position.. ကန်ဒီ့ဘွဲ့နဲ့လည်းဆိုင်တော့ အဲ့ကနေ အတွေ့အကြုံရနိုင်တယ်လေ။ အဲ့ဒါကြောင့် လျှောက်လိုက်တာ။ အဲ့မှာလည်း မြန်မာတွေပဲ။ ကန်ဒီလည်း မြန်မာတွေနဲ့ ရေစက်ဆုံပုံရတယ်။ အခြေအနေက ဘယ်လိုဆက်ဖြစ်မယ် မသိဘူး။ စနေနေ့တော့ Seminar တစ်ခုသွားရမယ်။ ထားပါ.. အဓိကပြောချင်တာကို မရောက်တော့ဘူး (:P)။ အဲ့အင်တာဗျူး Form မှာ ကန်ဒီ့ကို Dream ၆ခု ရေးခိုင်းတယ်။
ခုနက ကန်ဒီမေးထားတဲ့မေးခွန်းကို စဉ်းစားပြီးပြီလား?? ဘ၀အတွက် Dream ဆိုတာဘာလဲ.. ဘယ်လိုခံယူထားလဲ?? ကန်ဒီ နားလည်ခံယူထားတာက... Dream ဆိုတာ "စိတ်ထဲရှိတဲ့စိတ်ကူးဆန္ဒတွေ"။ အဲ့ဒါတွေက အကောင်အထည်ပေါ်ချင်လည်း ပေါ်မယ်။ မပေါ်ချင်လည်း မပေါ်ဘူး။ ဥပမာ - ကန်ဒီငယ်ငယ်က စာသင်တဲ့ဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ အဲ့ဒါ ကန်ဒီ့ Dream.. ခုထိလည်း ဖြစ်ချင်နေသေးတယ်။ ဒါပေမယ့် ကန်ဒီဖြစ်နေတာ ဆရာမမဟုတ်ဘူး။ နောက် ကန်ဒီ Photographer တွေလို Professional ဆန်ဆန် ဓာတ်ပုံရိုက်တတ်ချင်တယ်။ နောက် ကန်ဒီ့စိတ်ကြိုက် Design ဆွဲထားတဲ့ အိမ်လေးတလုံး ပိုင်ချင်တယ်။ နောက် ကန်ဒီ Cosplayer ဖြစ်ချင်တယ်။ အဲ့လိုပေါ့.. ကန်ဒီ့ဖြစ်ချင်တဲ့ စိတ်ကူးတွေ အများကြီးရှိတယ်။ အဲ.. ဘ၀အတွက် အကောင်တထည်ဖော်ဖို့ ကြိုးစားနေတာမျိုးကျတော့ Target သတ်သတ်မှတ်မှတ်ရှိတဲ့ Goal ဖြစ်သွားပြီ။ ဒါဆို မေးစရာရှိတယ်။ လူတိုင်းက ကိုယ့်ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေအများကြီးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာလား?? အဲ့ဒီစိတ်ကူးတွေ အများကြီးနောက်ကိုလိုက်ပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ Goal တွေ သတ်မှတ်နေတာလား?
This is called "Cosplaying"
ကန်ဒီ့ကို အဲ့မေးခွန်းမျိုးမေးခဲ့ရင်တော့ အဖြေက NOOOO!!! ကန်ဒီ့အတွက် Dream ဆိုတာ ဖြစ်ချင်တဲ့စိတ်ကူးတွေ။ အခွင့်အရေး/အချိန်တွေရှိခဲ့မယ်ဆိုရင် ကန်ဒီလုပ်မယ်.. မရှိရင်မလုပ်ဘူး (ဥပမာ - ဟိုတနေ့ကပဲ သူငယ်ချင်းတယောက်ကမေးတယ်။ ဘုန်းကြီးကျောင်းမှာ ကလေးတွေကို မြန်မာစာသင်ပေးမလားတဲ့။ Volunteer သဘောမျိုးပဲပေါ့။ ကန်ဒီက လုပ်မယ်လို့။ သူဆီက အကြောင်းမပြန်သေးတော့ မသွားရသေးဘူး။ ဒါ အိမ်မက်တခု သူ့အလိုလို အကောင်အထည်ပေါ်လာတာပဲမလား??)။ အဲ့စိတ်ကူးတွေဖြစ်ဖို့ သူတို့နောက်ကို ကန်ဒီလိုက်မနေဘူး။ Dream ဆိုတာ ကန်ဒီ့အတွက် Goal မဟုတ်ဘူး။
ကန်ဒီအကောင်အထည်ဖော်မယ်လို့ ရည်ရွယ်ထားတဲ့ Goal တွေက သက်သက်ရှိတယ်။ စိတ်ကူးနဲ့ လုံးဝမဆိုင်ဘူး။ ကန်ဒီ့ဘ၀အတွက် ခုလောလောဆယ်ရှိနေတဲ့ Goal က... ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့။ နောက်ဆက်တွဲ Goal တွေက... ကန်ဒီ့မိဘကို ကန်ဒီအလုပ်လုပ်ပြီးရတဲ့ ပိုက်ဆံနဲ့ ကန်တော့နိုင်ဖို့၊ သူတို့နဲ့ တူတူနေပြီး ကိုယ်ထိလက်ရောက် ပြုစုနိုင်ဖို့၊ အရမ်းပျော်စရာကောင်းတဲ့မိသားစုဘ၀လေး ကိုယ်တိုင်ဖန်တီးဖို့၊ ကန်ဒီပိုက်ဆံရှိလာရင် အနာကြီးရောဂါသည်ဂေဟာတွေ.. မျက်မမြင်ကျောင်းတွေ.. မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ လှူဖို့၊ လိုအပ်နေတဲ့နေရာတွေမှာ ကလေးတွေကို အခမဲ့စာသင်ပေးဖို့။ ကန်ဒီ့အတွက် Goal ဆိုတာ ဖြစ်နိုင်ပြီး ကန်ဒီဖြစ်အောင်လုပ်ဖို့ကြိုးစားနေတဲ့ Target တွေပေါ့။ သိပ်ရိုးရှင်းတယ် :)
ကဲ.. အင်တာဗျူးအကြောင်း ပြန်ဆက်ရအောင်။ သူက Dream လို့ မေးထားတော့ ကန်ဒီအပေါ်မှာ ပြောခဲ့သလို ဖြေတာပေါ့ (Photographer တို့ ဘာတို့)။ အဲ့တော့သူကဆက်မေးတယ်။ ဒါဆို အဲ့ဒါတွေဖြစ်အောင်လုပ်ဖို့ အချိန်ဘယ်လောက်သတ်မှတ်ထားလဲတဲ့။ Ekk.. ကန်ဒီ့အတွက် Dream ဆိုတာ ကန်ဒီ ဖြစ်အောင်လုပ်နေတဲ့အရာ မဟုတ်ဘူး။ နောက်မှ သူဆိုလိုတဲ့ Dream ကို သိတယ်။ သူ့အတွက် Dream ဆိုတာက Goal တခု Set လုပ်ထားတာတဲ့။ အိမ်တလုံးပိုင်ချင်တယ်ဆိုပါစို့.. ဘယ်လောက်တန်အိမ်ကို ဘယ်နှစ်နှစ်အတွင်း ပိုင်ချင်တယ်ဆို ဘယ်လိုပိုက်ဆံစုရမယ် ဆိုတာမျိုး သူကဆက်တွက်ပြတယ်။
အဲ့မှာတင် ကန်ဒီအတွေးထဲအများကြီးရောက်သွားတယ်။ ပထမဆုံး သူသတ်မှတ်တဲ့ Dream ဆိုတာ ကန်ဒီ့ရဲ့ Goal ဖြစ်နေတယ်။ ဒုတိယအနေနဲ့ ကန်ဒီဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့ Goal မှာ သူပြောသလို တွက်လို့ရမယ့် အိမ်ပိုင်ချင်တာမျိုးတွေ... စသဖြင့် မပါဘူး။ နောက်ပြီး ဘယ်နှစ်နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတဲ့ ကြိုတင်တွက်ဆထားတာတွေလဲ မရှိဘူး။ ကန်ဒီ့ အတွေးတွေက အရမ်းရိုးနေလား? သေချာတာတစ်ခုက ကန်ဒီဘ၀ကို သူ့လိုတွက်ချက်ပြီး မဖြတ်သန်းချင်ဘူး။ ကန်ဒီ့အတွက် သူများတန်းတူ လောက်လောက်ငှငှသုံးနိုင်တယ်... မိဘကိုလည်း ပြန်ကြည့်နိုင်တယ်ဆို တော်ပြီ။ လုံလောက်ပြီလေ။ ကန်ဒီအဲ့လောက်ပဲ တွေးတယ်။
ကန်ဒီပြောတာတွေ/တွေးတာတွေ မှားကောင်း မှားနေနိုင်တယ်။ ဒါပေမယ့် ကန်ဒီသတိပေးချင်တာက တခုပဲ။ ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်တွေကြားမှာ အားလုံးကို မနစ်မျောနေစေချင်ဘူး။ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်။ ဒါမှ ပျော်ရွှင်မှုအစစ်ကို ပိုင်ဆိုင်မှာလေ ^_^
23 comments:
ကြွေနေတဲ့ ပန်းကလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝရတယ် ချစ်သမီးလေ.. ဒီလိုသာ အမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ..
လူဆိုတာ တက်မက်မှုနောက် လိုက်ပြီးရင် လိုက်ရင်းနဲ့ နစ်သထက်နစ်ကာ ရေမကူးတတ်ခင် ပင်ကိုယ်စိတ်ချမ်းမြေ့မှုတွေ မသိမသာ ပျောက်သွားမယ်..
ဆရာစိုင်းခမ်းလိတ်ရေးခဲ့တဲ့ သီချင်းလေးပါ.. အရမ်းကောင်းတယ်မဟုတ်လား.. (မကောင်းလည်း ဝန်ခံလိုက် :P)
ဟိုတစ်နေ့က သူဆုံးတဲ့ ၅ နှစ်ြ့ပည့်တဲ့ ထူးအိမ်သင်လည်း အဲဒီ သီချင်းလေးကို ဆရာစိုင်းခမ်းလိတ် သမီးလေးဆီ သူရေးထားတာကိုပဲ ပြန်ရေးပေးဖူးတယ်တဲ့..
သကြားလုံးလေး ဖြစ်နိုင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်လာတာတွေ ထပ်တူထပ်မျှဖြစ်ပါစေ..
နာ့ရဲ့ Dream ကတော့ အခုဆော့နေတဲ့ Sniper Game မှာ
ဟက်ရှော့ဘယ်လိုမှန်အောင် ပြစ်ရမလည်း ဆိုတာပဲ...စတာနော်
Dream ဆိုလို့ CANDY အိပ်မက်ထဲကနေ ရေးလိုက်တဲ့ စာလားလို့
လာကြည့်တာ...နိရဲ့ စိတ်ကူးလေးတွေ ကောင်းတယ်..နီမျှော်မှန်းထား သလို
ဖြစ်ပါစေ...လူတိုင်းဟာ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေတာပါ...
ကန်ဒီပြောတဲ့ "ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်တွေကြားမှာ အားလုံးကို မနစ်မျောနေစေချင်ဘူး။ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်။ ဒါမှ ပျော်ရွှင်မှုအစစ်ကို ပိုင်ဆိုင်မှာလေ ^_^"ဆိုတဲ့ စာပိုဒ်လေးကို အရမ်း၊ အရမ်းဆိုတာ တကယ်အရမ်းပဲ သဘောကျတယ်။
ကန်ဒီလေးရေ.
မကြီးရောက်ခဲ့တယ်နော်။
ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်။ ဒါမှ ပျော်ရွှင်မှုအစစ်ကို ပိုင်ဆိုင်မှာလေ ^_^ အဲဒီစာသားလေးက အမှန်ကန်ဆုံးဘဲ ညီမလေးရေ။
အပေါ်က သော်ဇင်စိုးရေးထားတဲ့ သီချင်းလေးကလည်း
အရမ်းအဓိပ္ပါယ်ပြည့်ဝပြီး အနှစ်သာရ ခွန်အားရှိစေတဲ့
သီချင်းလေးတစ်ပုဒ်ပါ။
ခင်တဲ့
မကြီးလွမ်း
ဖြစ်ချင်တဲ့ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ..
ကန်ဒီလေးရေ... ဘ၀မှာ ဖြစ်နေတာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်ချင်တာရယ်.. တထပ်တည်းကျပါစေလို့“မ“ ဆုတောင်းပေးပါတယ်... ပျော်ရွှင်ပါစေ...
ခံစားဖတ်ရှုသွားပါတယ် ညီမရေ...
ရည်မှန်းချက်တွေကြားမှာ မနစ်မျှောအောင်လည်း သတိထားပါမယ်ဗျာ....:-)
ရင်ရည်မှန်းချက် မျှော်လင့်ချက်တို့ဆိုတာ ရှိရမှာဖြစ်ပေမယ့် ဘဝဆိုတာ ဆန္ဒနဲ့ တစ်ထပ်တည်းကျဘို့ အင်မတန်မှ ခဲယဉ်းတယ် ချိုချဉ်လေးရေ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကြုံဆုံရသမျှအခက်အခဲအားလုံး ရင်ဆိုင်ဖြေရှင်းနိုင်ဘို့သာ အဓိကပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်မပြောသလို
ဖြစ်ကိုဖြစ်ကိုမယ်လို့ မရည်ရွယ်ထားဘဲ
ဖြစ်လာမယ့်အချိန်ကိုသာ
ကြိုးစားရင်းးးးးးးးးး
နွေလ
ဘယ်လိုဖြစ်ဖြစ် အလုပ်မြန်မြန်ရပါစေ လို့
Dream လေးတွေလှတယ်
စိတ်ကူးလေးတွေကောင်းတယ် စာဖတ်သူကို
စိတ်ဝင်စားမှုရှိအောင်ရေးတတ်တယ်
အစစ အရာရာအောင်မြင်ပါစေကန်ဒီရေ
လူအမျိုးမျိုးပေါ့လေ..တချို့ကတော့ target တစ်ခုထားတယ်.. အဲဒီကိုရောက်ဖို့..သူများမျက်ရည်ကို ခြေဆေးရလည်း ကိစ္စမရှိဘူး..မဖြစ်ဖြစ်အောင်ရောက်အောင်သွားတယ်.. တချို့တော့ ရိုးရိုးရှင်းရှင်းကြိုးစားတယ်.. ကံ၊ညဏ်၊၀ီရိယ စုပေါင်းလိုက်တော့ လိုချင်တဲ့ dream ကိုရောက်သွားတဲ့သူလည်း ရှိကောင်းရှိမယ်.. တစ်ချို့တော့ ကန်ဒီပြောသလို အများအတွက်လည်း စဉ်းစားရင်းရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းတယ်.. စသဖြင့်ပေါ့...။
လူအမျိုးမျိုးရှိတယ်
သူတို့ ဆီမှာအတွေးအမျိုးမျိုး ၊ အယူအဆမျိုးစုံတွေရှိကြတယ်
ခံယူချက်ခြင်း ၊ အတွေးအခေါ်တွေလည်းမတူကြဘူးပေါ့အစ်မရယ်..
လောဘ ဒေါသ မောဟ မာန် မာန တစ်နေ့ငါ ဘာဖြစ်ရမယ်ဟလို့ ကိုယ့်ကိုကိုယ်ဘောင်ခတ်ကြ အဲလိုလူတွေကိုတွေ့ပြီ ဆိုရင် အဝေးကြီးကကိုရှောင်တယ်။
အတွေးကို သဘောကျတယ်။
Candy...
Dream
Goal .. :)
dream ရယ် goal ရယ်
အိပ်မက်ရယ်၊ ရည်ရွယ်ချက်ရယ်၊ ရည်မှန်းချက်ရယ်
ရှုပ်နေတာပဲနော် :P
အနီးစပ်ဆုံး တူညီနိုင်တာကို ရှာပြီး လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့လေ
တော်လိုက်တာကွယ်...............း)
ဒါနဲ့  ဟိုဟာကဘယ်လိုလဲ ။
ပရိုလား ဖြစ်ချင်နေတာမဟုတ်လား တွေ့ သမျှသာနာနာရိုက်
း)
ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်တွေကြားမှာ အားလုံးကို မနစ်မျောနေစေချင်ဘူး။ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်။ ဒါမှ ပျော်ရွှင်မှုအစစ်ကို ပိုင်ဆိုင်မှာလေ ^_^
သည်စာပိုဒ်လေးကို အရမ်းကြိုက်တယ်
မမချိုချဉ် စီလာလည်ရတာ တစ်မျိုးမဟုတ်တစ်မျိုးတော့ပျော်မိသား ^_^
ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်တွေကြားမှာ အားလုံးကို မနစ်မျောနေစေချင်ဘူး။ ဘ၀ကို ရောင့်ရဲတင်းတိမ်ပြီးပဲ ပျော်ပျော်ကြီးဖြတ်သန်းစေချင်တယ်တဲ့
မှတ်သားသွားပါတယ်နော်အမ
ကန်ဒီလေးရေ
ဘ၀ကိုရောင်ရဲတင်းတိမ်ပြီး
ပျော်ရွှင်မှုအစစ်တွေနဲ့
ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပါစေကွယ်
ခင်တဲ့အန်တီလေးမေခင်
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ အန်တီလေးမေခင် :D
ချိုချဉ်ရေ ...ရောက်ခဲ့ဗျာ ... ဒီ post လေးကို နှစ်ခေါက်လောက်ကို ဖတ်ဖြစ်တယ် ... ။
ကျနော် ကလည်း အင်္ဂလိပ်စာတော်တော်ညံ့တယ်ရော ...
Dream တွေရော Goal တွေရော ဆိုတော့ သိမ့် မရှင်းဘူး ... နာလည်လိုက်တာတော့ ဖြစ်ချင်တာတွေ အများကြီး ရှိပင်မဲ့ ဖြစ်အောင်လုပ် တစ်ခုတော့ လုပ်ရမယ် ဆိုတာပဲ ...
အင်း .... ဒီ post လေးကောင်းပါတယ် .. ။
ဒီတစ်ခေါက် အစ်မရေးထားတာ ကြိုက်တယ်..ကျွန်တော့်ခံစားချက်နဲ့ လည်းကိုက်တယ်...ဘဝမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတာကြီးသိပ်မရှိဘူး.အဲဒါမလို့ ထိပ်ဆုံး မရောက်တာပဲလားတော့မသိဘူး..ဖြစ်ချင်တာတွေတော့ ရှိတယ်... ခုမလုပ်နိုင်ရင် မဖြစ်သေးလို့ လို့ ပဲယူဆထားတယ်... တစ်နေ့ နေ့ တော့ လုပ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အရာတွေပေါ့.. မဖြစ်လို့ ဆိုပြီး စိတ်ညီးညူမနေချင်ဘူး..လက်ရှိဘဝမှာ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ်...Anyway, I am wishing here" May your dreams come true soon." :)
Post a Comment