Thursday, August 9, 2012

My Treasure (Tag) ++

Helloooooo^^^^
I Miss You ALL Sooooo Much!!!

ဘာလို့လဲဆိုတာ ပြီးမှပြောပြမယ်နော်။ လောလောဆယ်"နွေလ" တဂ်ထားတဲ့ပိုစ့်ထဲက မေးခွန်လေးတွေ အရင်ဖြေပေးလိုက်ဦးမယ်။ "နွေလ"ဆိုတာ Blogger တွေထဲမှာ အငယ်ဆုံးလို့ ပြောလို့ရတဲ့ ကောင်လေးတယောက်။ ကန်ဒီထင်တာတော့ ၁၇ နှစ်လောက်ပဲ ရှိဦးမယ်။ သူ့အရင်ဘလော့လေး ပျောက်သွားရာက အစပြုလို့ဖြစ်ပေါ်လာတဲ့ Tag လေး ဆိုပါတော့...


မေးခွန်းတချို့က ကန်ဒီအရင်ဖြေဖူးပြီးသားတွေပါ။ အဲ့တော့ သိပြီးသားဆိုလည်း သည်းခံဖတ်ပေးနော် ^_^

► သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ... ဘယ်လိုတည်ဆောက်ခဲ့ရသလဲ?
 မတ်လ ၂၀၁၀ က စခဲ့တာဆိုတော့ ခုဆို ၂နှစ်ကျော်ပြီပေါ့။ ၂နှစ်သာကျော်သွားတယ်.. သူများတွေလို ဘလော့မွေးနေ့လည်း တခါမှမလုပ်ဘူး ဟီးဟီး။ တကယ်တမ်းမွေးနေ့လုပ်ရမယ်ဆို မနှစ်က ဒီအချိန်ကိုပဲ မွေးနေ့အဖြစ် ပြန်သတ်မှတ်ချင်တယ်။ အဲ့အချိန်က ကန်ဒီစာပုံမှန် ပြန်ရေးတဲ့အချိန်လေ။ ၂၀၁၀ တနှစ်လုံး ကန်ဒီ ဒီဘလော့လေးအပေါ်တာဝန်မကျေခဲ့ဘူး။ ဘလော့စလုပ်ဖြစ်ပုံကို ပြောရရင် အဲ့အချိန်တုန်းက ကျောင်းပိတ်ထားလို့ အားနေတာနဲ့ အပျင်းပြေစာရေးမယ်ဆိုပြီး Blog လေးတခုလုပ်ဖြစ်သွားတာ။ ကန်ဒီ့ညီမကြောင့်လို့ ပြောရင်လည်းရတယ်။ သူကအဲ့အချိန်တုန်းက စာရေးတယ်လေ။ သူကိုယ်တိုင်ပဲ ကန်ဒီ့ကို Blogger အကောင့်ဖွင့်ပေးခဲ့တာ။ Background Template Design ဘယ်လိုယူရတယ်။ HTML code တွေ ဘယ်လိုဖတ်ပြီး ဘယ်လိုပြင်ရတယ်။ Cbox ဘယ်လိုယူရတယ်။ Cbox ထဲမှာ အကောင်လေးတွေ ဘယ်လိုထည့်ရတယ်။ အကုန်သူသင်ပေးခဲ့တာပေါ့။

သူလည်းစာရေးတယ်ဆိုတော့ သူ့ဘလော့ကို သိချင်နေကြလား??? သူစာမရေးတာ တော်တော်ကြာပြီ။ ဒီတလော ဘာစိတ်ကူးပေါက်တယ်မသိဘူး သူစာပြန်ရေးနေတယ်။ သူလည်း ၀တ္တု ဆောင်းပါးတွေ ရေးတာမဟုတ်ဘူး။ ကဗျာတော့ တခါတလေရေးတယ်။ ကန်ဒီ့လို Diary သဘောပဲ။ ဒါပေမယ့် မတူဘူး။ သူရေးတဲ့စတိုင်လ်က တမျိုး။ ဟိဟိ.. အားလုံးကို စိတ်ဝင်စားအောင် ပြောနေတယ်။ ကန်ဒီ့ Blog List ထဲမှာ သူရှိတယ်။ ဘယ်သူဆိုတာတော့ မပြောဘူး (Hint: ပန်းတမျိုး)။ ကန်ဒီ့ဘလော့မှာ သူ့ပုံတွေ အသားကုန်တင်ထားတယ်လေ။ သူက သူ့ဘလော့မှာ ဓာတ်ပုံမတင်ဘူး။ အဲ့တော့ သူက သူ့ကိုသိစေချင်လား မသိစေချင်ဘူးလား မသိဘူး(:P :P :P)။ ကန်ဒီပြောမှ အားလုံးရှုပ်ကုန်ပြီ ထင်တယ် xD

► ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ?
Eeeekkkk.... ဒီမေးခွန်းက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ မေးခွန်း။ ဘာရည်ရွယ်ချက် ကြီးကြီးမားမားမှ မရှိခဲ့ဘူး။ အမှန်အတိုင်းပြောရရင် ပျင်းလို့ ဟဟဟဟဟ (xD)။ ကန်ဒီ သိတာလေးတွေ ၀ါသနာပါတာလေးတွေ မျှဝေမယ်လို့တော့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းဖြစ်လာတာက ဘေးက Label မှာ မြင်တဲ့အတိုင်း Diary Post က ၇၀ ကျော်ရှိတယ်။ သူအများဆုံး :P :P

► သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိရည်မှန်းထားသလဲ... ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ?
ရည်မှန်းတယ်ဆိုတာ အောင်မြင်ဖို့.. နာမည်ကြီးဖို့.. လူသိများဖို့ကို ပြောတာလား??? အဲ့လိုဆိုရင်တော့ ဘာမှ မရည်မှန်းထားပါဘူး။ ကန်ဒီ့ဘလော့စတိုင်လ်ကိုကလည်း အဲ့လိုရည်မှန်းလို့ မရတဲ့ပုံစံလေ။ ကန်ဒီရေးနေတာ အများစုက ကန်ဒီ့အကြောင်းနဲ့ စိတ်ခံစားမှုတွေ... အဲ့ဒါတွေက ဖတ်တဲ့သူတွေကို တဒင်္ဂစိတ်အပန်းဖြေမှု ပေးရင်ပေးမယ်။ ဗဟုသုတနဲ့ အသိပညာတွေ မပေးတာတော့ သေချာတယ်။ အဲ့တော့ တနေ့ဘာဖြစ်ရမယ်ဆိုပြီး မျှော်လင့်ရည်မှန်းထားတာ မရှိဘူး။ ဒီအတိုင်းလေးပဲ သွားနေမယ်။ ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့ မပြောပြတတ်အောင်ပါပဲ။  ဒီဘလော့လေးတင်မဟုတ်ဘူး ကန်ဒီ့ကိုခင်တဲ့ စာဖတ်သူအားလုံးကို ကန်ဒီမြတ်နိုးတန်ဖိုးထားပါတယ်။ ဒီဘလော့လေးနဲ့သူတို့ရှိနေလို့ ကန်ဒီ ဒီမှာနေပျော်နေတယ်လို့ ပြောလို့ရတယ် ♥

► သင့်ဘလော့လေး ရုတ်တရက်ပျောက်ဆုံးသွားခဲ့ဖူးပါသလား?
မပျောက်ဖူးပါဘူး...

► ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင်ဘယ်လောက်ထိ ခံစားခဲ့ရဖူးသလဲ? မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ?
Eeekk... လွဲပါစေ ပယ်ပါစေ (ငယ်ငယ်တုန်းကလို ရင်ဘတ်ကို လက်နဲ့ရိုက်ပြီး ပြောသည်။ ဒီမေးခွန်းကို ဖတ်ပြီးပြီးချင်း ဘလော့ကို Back up လုပ်လိုက်သည်။ လုပ်သာလုပ်ရတာ.. တကယ်တမ်းပျောက်ပြီဟေ့ဆို အဲ့ကနေအရင်ပိုစ့်တွေ တကယ်ပြန်ပေါ်မှာလားလည်း မပြောတတ်ဘူး :P)။ ဒီဘလော့ ပျောက်သွားလို့ကတော့ ကန်ဒီသွားပြီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သိမှာမဟုတ်ဘူး။ ဒါနဲ့ ကြုံတုန်း ကြိုပြောထားလိုက်ဦးမယ် ဟိ။ ကန်ဒီ့ဆီက ၂ပတ် ၃ပတ်လောက်နေလို့ ဘာပိုစ့်မှ အသစ်မတက်ရင် စာပို့ပြီးမေးနော်။ အဲ့ဒါ တခုခုဖြစ်နေလို့ :P

***************************************************************************

အားလုံးကို ဘာလို့သတိရနေလဲဆိုတာ ပြောပြမယ်။ ခုကန်ဒီ Part Time စလုပ်နေတော့ အရင်လိုတချိန်လုံးဘလော့ဖွင့်ပြီး ဘယ်သူလာလည်တယ်ဆိုတာ ကြည့်မနေနိုင်ဘူး။ ယုံမယုံတော့ မသိဘူး။ ကန်ဒီကွန်ပျုတာဖွင့်ထားရင် ဘလော့အမြဲဖွင့်ထားပြီး ကန်ဒီ့ဆီလာလည်တဲ့သူတွေကို ကြုံရင် ကြုံသလို ကြည့်နေတတ်တယ်။ ဘယ်သူဆိုတာ အတိအကျမသိပေမယ့် ဘယ်ကလာတယ်ဆိုတာတော့ သိတယ်လေ။ အဲ့ဒါလည်း ကန်ဒီ့ကို တမျိုးပျော်စေတယ်။ ဒီတခေါက် Part Time က မပင်ပန်းပါဘူး။ ကွန်ပျူတာတလုံးနဲ့ Type နေရုံပဲ။ တခုပဲ... မျက်စိတော့ညောင်းတယ် >.<

 အဲ့လိုစောင့်ကြည့်နေသည် ^_^

သူကြီးမင်းက ပြီးခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲအတွက် Video Clip မျှော်နေမယ်တဲ့။ ကိုယ်တိုင်က ကူနေတော့ ဗွီဒီယိုမရိုက်လိုက်နိုင်ဘူး။ ဓာတ်ပုံတွေတော့ တင်ပေးလိုက်တယ်နော်။ ဒါနဲ့ ၀ါဆိုသင်္ကန်းကပ်နေတဲ့ပုံလည်း မပါဘူး ဟီးး xD

ပန်းနဲ့သင်္ကန်းတွေ ဒီမှာဝယ်နိုင်ပါတယ်...

စတုဒီသာ :D

ကန်ဒီတို့အဖွဲ့က ရေလှူသည်....

 သူတို့လက်မထောင်လို့ လိုက်ထောင်တာ :P

ဒီနေ့  National Day... မီးပန်းလည်း သွားမကြည့်ဖြစ်တော့ဘူး။ ပင်ပန်းလို့ အိမ်မှာပဲ နှပ်တော့မယ်။ တခြားပြောစရာတွေ ရှိသေးတယ်။ နောက်ပိုစ့်မှပဲ ပြောတော့မယ်။ ဒီပိုစ့်က တော်တော်ရှည်နေပြီ >.<

တာ့တာ..
Have a Nice Day!!!

26 comments:

တွတ်တွတ် said...

အူးဇိမ်းဂါးရီး.အရင်လာတယ်ဗျို့.... တို့တော့..tag တဲ့သူမရှိတော့.အေးဆေးပဲ..သူများရေးတာ.လိုက်ရှိုးနေရုံပဲ..ဟိ..... ရေအလှူလေးမြင်မိတော့အေးချမ်းလိုက်တာကွယ်...ရေအလှူနဲ့ပတ်သက်ပြီး..ဆောင်းပါးလေးတစ်ပုဒ်လောက်ရေးဖို့...ကြိုးစားလိုက်ပါဦးမယ်...

အိမ်မက်ကောင်းကင် said...

တစ်ခြားပြောစရာလည်းရှိသေးတယ် နောက်မှပြောတော့မယ်ဆိုတော့ ကိုးရီးယားကားလိုပါပဲလား ^_^
မမချိုချဉ်တို့ရေ လှူတာတွေကိုကြည့်ရင်း ပီတိဖြစ်မိပါတယ် ပြောစရာတွေကိုနောက် ပိုစ့်မှတင်တော့မယ် ဆိုတော့ နောက်မှပဲလာတော့မယ် ပြန်ပြီ ^_^

မိုးညချမ်း said...

တဂ်ပိုစ့်လေး လာဖတ်သွားပါ၏ ... :)

Nwai La said...

စကားမစပ် အစ်မရေ ...
ကျွန်တော့်ဘလော့လေး ပြန်ရပါပြီ

http://nwai-la.blogspot.com

စံပယ်ချို said...

ကန်ဒီလေးရေ
မဂျီးက အထီးကျန်လို့ ယောက်ကျာင်္းကလုပ်ပေးတာ
ဆိုပေမယ့် ပျင်းလို့လေ ။
ကန်ဒီပြန်မေးထားတာလေးကအတော်ကောင်းပဲ
အောင်မြင်ဖို့.. နာမည်ကြီးဖို့.. လူသိများဖို့ကို ပြောတာလား???
ဟုတ်တယ်ရည်ရွယ်ချက်ဘာမှ ကြီး၂မား၂ မရှိဘူး
အဓိက စိတ်ရဲ့ထွက်ပေါက်ရပြီး ကဗျာတွေရေးဖို့ပါပဲလေ
ဒီတခါ လာရတာမောထှာ ဓါတ်ပုံကလဲ လက်မထောင်ထားတဲ့ သေးသေးလေးပဲကြည့်ခဲ့ရတယ်
အိကု လာတုန်းကမဂျီးက ကန်ဒီကိုမေးတာပေါ့
ချစ်ဖို့ကောင်းတယ်လို့ တီတင့်ကပြောပါတယ် အပြင်မှာပိုပြီးချစ်ဖို့ကောင်းတယ်တဲ့
နောက်တခါတင်ဖို့ရိုက်ထားဦး

မြတ်နိုးသူ(MUFL) said...

အမစာရေးထားတာဖတ်လို့အရမ်းကောင်းတယ်
ဖတ်နေရင်းနဲ့နောက်ထပ်ဘာဖြစ်လာမလဲဆိုတာကို
စိတ်ဝင်စားလာတာအမစာထဲမှာပဲအာရုံတွေစုလာတဲ့
သဘောပေါ့နော်အမကစိတ်ဝင်စားအောင်ရေးတတ်တယ်
အားပေးသွားပါတယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

ဘလော့ဂါညီအမနှစ်ဖော်ပေါ့။ ကောင်းပါ့ ကောင်းပါ့။
ဘယ်သူလဲဆိုတာကိုတော့ သိအောင် မကြိုးစားတော့ပါဘူး။
သူများတွေပြောမှဘဲ အော်...သူကိုး လို့ လုပ်လိုက်တော့မယ်။း)))

ဒီတစ်ခါ ဗီဒီယိုကလစ်လေးတွေမပါပေမဲ့လဲ နောက်တစ်ခါပေါ့။ မပြောလဲ တင်မှာဘဲမဟုတ်လား။း))))

လွင်ပြင်လှိုင်းငယ် said...

ညီမရဲ့ ညီမကို သိချင်ပေမယ့် မသိချင်သလိုပဲနေလိုက်တော့မယ် ။သူဂျီမင်းပြောသလိုပဲစောင့်ကြည့်နေလိုက်တော့မယ် ဟိ ။

မင်းမုန်းတဲ့သူ said...

အမကန်ဒီလက်မထောင်နေတဲ့ပုံလည်းကြည့်သွားတယ်..
tag လည်းဖတ်သွားပါတယ်...

ဦးကြံသကာ said...

အလုပ်တွေလုပ်နေရသကိုးဗျ...
ကောင်းပါလေ့ဗျာ။

ဝါဆိုသင်္ကန်းကပ်ကြတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ်ဗျာ

ဦးကြံသကာ တို့လည်းသွားကြမယ် စနေနေ့ စိန်ဂျာရစ်ကို အထောင်ထားပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျန် ကွမ်းကျန်လေးတွေ သွားတီးကြမလို့း))

မောင်နွေလ ဘလောဒ့်ပျောက်သွားတဲ့အတွက် စိတ်မကောင်းပါဘူး
အပေါ်မှာ ပြန်ရပြီလို့တွေ့လိုက်ရတယ် ပျော်နေလောက်ပြီ..။

ဖြိုးဇာနည် said...

ဟယ့်ပြောရင်းဆိုရင်း တာတာလုပ်သွားတယ်
ဖတ်ကောင်းတုန်းရှိသေးတယ် :)

ဝိ၀ိ said...

တဂ်ပို့ စ်လေးအားပေးသွားတယ်

ချစ်စံအိမ် said...

ဖတ်ခဲ့ပါတယ် ညီမရေ..

ဘုန်းဘုန်းတောက် said...

ရေအကျိုးဆယ်ပါးတဲ့။ သိပြီးသားမို့ မပြောပြတော့ဘူးနော်...<....>

အလွမ်းမြို့ said...

ညလေးရေ..

ပိုစ့်လေးလာဖတ်သွားတယ်။
ဓါတ်ပုံတွေလည်း ကြည့်သွားတယ်။
ဒီအိမ်လာတိုင်း အိမ်ရှင်အပြုံး ဓါတ်ပုံလေး
မြင်ရတော့ စိတ်ချမ်းသာပြီး ပြန်တွားတယ်။


ခင်တဲ့
မကြီးလွမ်း

cool emerald said...

http://unwrittenwhiterose.blogspot.sg/ အဲဒါ မဟုတ်လား ဟင်... ဟီး... နှစ်ယောက်စလုံးရဲ့ ဘလော့ လေးတွေက လှတယ်။ ရေးလည်း ရေးတတ်လိုက်ကြတာ။ ချီးကျူး မိပါတယ်။

Sweety Snow said...

Tag post လေးဖတ်သွားတယ်နော် :D

ချမ်းမင်းကို(ပဥာက်) said...

လက်စလက်နကိုသိနေတော့..မချီးမွမ်းတော့ပါဘူး..တော်တယ်ဗျာ..

mstint said...

တဂ်ပို့စ်လေးနဲ့အတူ အလှူဒါနလေးတွေပါ တစ်ခါတည်းဖတ်ခွင့်ကြုံသွားတယ် ချိုချဉ်လေးရေ။
သာဓု သာဓု သာဓု။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

သကြားလုံးလေးရေ
အမလာဖတ်သွားတယ်နော်

Iora said...

ကန်ဒီ..
ညီမလေးကဘယ်သူပါလိမ့်နော်။းဝ
အိုင်အိုရာ

san htun said...

ဘလော့ဂါညီအစ်မတွေဆိုတော့ ပျော်စရာကြီးဟေ့..အလုပ်တဖက်နဲ့  ကုသိုလ်ကောင်းမှုတွေလည်း ပါဝင်တဲ့ ညီမကန်ဒီကို အားကျမိတယ်..

Anonymous said...

သိပြီ။
သူကအဖြူရောင်ပန်းလေးတစ်ပွင့်ဘဲ။ တိုက်တိုက်ဆိုင်ဆိုင်တန်းတွေ့ တယ်။ မရှာရဘဲနဲ့ ။ ကန်ဒီလိုဘဲချစ်စရာကောင်းတယ်။
အိုင်အိုရာ

paoglay said...

မရောက်ဖြစ်တာကြာသွားတယ် ချိုချဉ်လေးရေ ဒီဘလော့လေးလာဖတ်တိုင်း ကြည်နူးမိတဲ့ ရသလေး ခံစားမိတယ် (ပအိုဝ့်လေး)

paoglay said...

မရောက်ဖြစ်တာကြာသွားတယ် ချိုချဉ်လေးရေ ဒီဘလော့လေးလာဖတ်တိုင်း ကြည်နူးမိတဲ့ ရသလေး ခံစားမိတယ် (ပအိုဝ့်လေး)

paoglay said...

မရောက်ဖြစ်တာကြာသွားတယ် ချိုချဉ်လေးရေ ဒီဘလော့လေးလာဖတ်တိုင်း ကြည်နူးမိတဲ့ ရသလေး ခံစားမိတယ် (ပအိုဝ့်လေး)