Tuesday, August 21, 2012

Nail Art Designs ++

Hello Girlsss^^^
မိန်းကလေးတွေကိုပဲ ရွေးနှုတ်ဆက်တယ်ဆိုကတည်းက ဘာပိုစ့်လဲဆိုတာ သိလောက်ပြီနော်...

♥ Pink Leopard



 
ပန်းရောင်အကွက်လေးတွေ ပုံဖော်တဲ့နေရာမှာ ညီဖို့မလိုဘူးနော်.. အဆင်ပြေသလိုပဲ လက်သည်းဆိုးဆေးက Brush နဲ့ဆွဲလိုက်ရင် ရတယ်။ ပြီးရင် အမည်းရောင်အကွပ်လေးတွေကို မဆက်အောင်ထည့်လိုက်ရင် ရပြီ။  အရမ်းကွက်လပ်ဖြစ်နေတဲ့နေရာမျိုးဆို အမည်းစက်လေးတစက် ထည့်လိုက်နော်။


Nail Art Pen လေးတွေက ဒီလိုမျိုး ဒီဇိုင်းလုပ်ရင် အရမ်းအသုံးဝင်တယ်။ ကန်ဒီဝယ်ထားတဲ့ဟာက ပုံမှာ ပြထားတဲ့အတိုင်း ထိပ်(၂)ခုပါတယ်။ Brush အနေနဲ့လည်း ရတယ်။ Pen အနေနဲ့လည်း ရတယ်။ Gmarket က ၀ယ်ထားတာ။ ဈေးအရမ်းမကြီးဘူး။ သုံးပျော်တယ် :)

♥ Fresh Juicy Nail 


ဒါလေးက Idea ပေးဖို့ပဲ ထည့်ထားတာ။ လုပ်နည်းက ကန်ဒီရေးပြီးသား... ဒီမှာရှိတယ်နော်။ လက်သူကြွယ်မှာ သစ်သီးပုံ 3D Clay Nail Accessory လေးတွေ ကပ်ထားတယ်။ အဲ့ဒါမျိုးကို Fimo လို့ခေါ်တယ်။ Clay နဲ့လုပ်ထားတာ။ ရိုးရိုး Nail Sticker မဟုတ်ဘူး။ Gmarket တို့ Ebay တို့မှာ ၀ယ်လို့ရတယ်။

♥ Simple and Elegant



ဒီ Design လေးက လုပ်ထားတာ တော်တော်ကြာပြီ။ ကြယ်ပုံလေးတွေကို အပေါ်အောက် တလှည့်စီထည့်သွားတာက လက်ချောင်းအားလုံးရဲ့ တနေရာတည်းမှာ ထည့်တာထက် ပိုဆန်းတယ်။ အမျိုးမျိုး Try ကြည့်ပေါ့ :D


ဒါလေးကတော့ French Tip ကို အရမ်းပျင်းစရာမကောင်းအောင် နည်းနည်း Touch လုပ်ထားတဲ့သဘောပဲ။ Quick Tip တခုပြောပြမယ်နော်... French Tip လုပ်တဲ့အခါ ကိုယ့်လက်မငြိမ်လို့ အရင်းတွေမညီရင် ဒီနည်းလေး သုံးလို့ရတယ်။ Nail Art Brush အသေးလေးနဲ့ အောက်ခြေကို ကိုယ်ကြိုက်တဲ့အရောင်နဲ့ ကွပ်လိုက်ရင် ပိုလည်းဆန်းတယ် သပ်သပ်ရပ်ရပ်လည်းဖြစ်သွားတယ်။ လက်သူကြွယ်က ကနုတ်လေးက ဘာမှမဟုတ်ဘူး.. Sticker ကပ်ထားတာ :)

**********************************************************************************

DreamGirl Online Fashion 
Online Shopping ၀ါသနာပါတဲ့ မြန်မာပြည်ကစာဖတ်သူတွေအတွက် Info လေးတစ်ခုပေးချင်လို့။ ကန်ဒီ့ဘလော့ကို လာလည်နေကျ ညီမလေးတယောက်က Online Fashion Page လေးတခု Facebook မှာလုပ်ထားတယ်။ သူ့ဆိုဒ်လေးနာမည်က "DreamGirl Online Fashion" တဲ့... စတာမကြာသေးဘူး။ အဲ့မှာ စင်္ကာပူ မလေးရှားက ယောက်ျားလေးဝတ်၊ မိန်းကလေးဝတ် အကျီတွေ ဘောင်းဘီတွေနဲ့ အိတ်တွေ ရောင်းတယ်။ Coach အိတ်တွေလည်း US ကနေ တိုက်ရိုက်မှာပေးတယ်လို့ ပြောတယ်။ ၀ယ်ပြီးရင်လည်း အိမ်တိုင်ရာရောက်ပို့ပေးနိုင်တယ်တဲ့။ ဒီ့ထက် အသေးစိတ်သိချင်ရင်တော့ သူ့ Page လေးကို သွားလည်ကြည့်နော်...  ဒီမှာ နှိပ်ပါ (:D)။ အရင်ကရော မြန်မာပြည်မှာ အဲ့လိုမျိုးရှိလား?? ကန်ဒီပဲ ပိန်းလို့လား မသိဘူး.. ရန်ကုန်မှာတုန်းက တခါမှ အဲ့လိုမ၀ယ်ဖူးဘူး။ Online Shopping ဆိုတာ စင်္ကာပူရောက်မှ လုပ်ဖူးတာ။ OK OK.. သူ့ Page က ကန်ဒီ စတိုင်လ်နဲ့ကိုက်တဲ့ အကျီတချို့ကို ပြမယ်နော်...

Sooo Cuteeee... ကိုယ်တိုင်က ဂါဝန်မ၀တ်ပေမယ့် 
အဲ့လိုလေးတွေ အရမ်းသဘောကျတယ်။ 

 အဲ့ဒီအကျီလေးက လုံးဝ ကန်ဒီ့စတိုင်လ် :D

ကန်ဒီ Info ပေးတယ်လို့ပဲ ပြောခဲ့တယ်နော်။ ဒါ Review မဟုတ်ဘူး။ ဆိုလိုတာက ကန်ဒီ့ Experience ကိုပြောတာမဟုတ်ဘူး။ ကန်ဒီကိုယ်တိုင် အဲ့ညီမလေးဆီက မ၀ယ်ဖူးတော့ ကန်ဒီ့အတွေ့အကြုံပြောပြလို့ မရဘူး။ Information ပေးတဲ့သဘောပါပဲ :D

ကြုံတုန်း Online Shopping နဲ့ပက်သက်ပြီး ပြောရမယ်ဆို Online ဆိုတော့ သိတဲ့အတိုင်း ဓာတ်ပုံပဲ မြင်ရတာလေ။ Size တွေ Color တွေကို ပြောပြထားပေမယ့် တကယ့်လက်တွေ့မှာ ကိုယ်ဓာတ်ပုံထဲမှာ မြင်ထားတာနဲ့ နည်းနည်းကွဲလွဲတတ်တယ်။ ဒါကိုတော့ Online Shopping လုပ်သူတိုင်း ကြိုပြင်ဆင်ထားသင့်တယ်နော်...

Have a Nice Day^^

19 comments:

BabyAngle said...

ကန်ဒီလေးရေ.. လက်သည်းပုံဖော်ထားတာလေးတွေ လှလိုက်တာ... ဟင်းချက်နေရတဲ့ အိမ်ရှင်မဖြစ်နေပြီဆိုတော့.. ဒီလိုအလှတွေမလုပ်နိုင်တော့ပါဘူး... Online information အတွက်ကျေးဇူးနော်...

ချစ်စံအိမ် said...

ကန်ဒီရေ လာရောက်ကြည့်ခဲ့ပါတယ်.. အမနဲ့တော့
တော်တော်လေးဝေးတယ် ကန်ဒီသာအနားမှာရှိရင်ကောင်းသာပဲ..:P
အမလက်သဲလေးတွေလှနေမှာပဲ.. :P
တစ်ခုပြောချင်တာ ကန်ဒီကရေသောက်နည်းတယ်ထင်တယ် လက်ချောင်းလေးတွေရေဓာတ်လိုနေပုံပဲ..
ဆရာကို ဆရာလုပ်သွားပါတယ်..:D

Anonymous said...

လက်သည်းလေးတွေလုပ်ထားတာလှတယ်ကန်ဒီလေးရေ။
မလုပ်ဖြစ်ပြန်ဘူး။ ဒါလေးတွေတွေ့ တော့လုပ်ချင်သွားပြန်ပြီ။
အိုင်အိုရာ

Qt said...

Online Fashion က ကောင်မလေးနှစ်ယောက်ကို ကန်ဒီလေး မှတ်နေထှာာာာာာာာ
တေချာကျီ့မှ ....ကန်ဒီလောက် မချောမှန်း တိဒယ် :D :D

လရိပ်အိမ် said...

လက်သည်းပုံဖော်လေးတွေကြည့်သွားတယ် ညီမလေး။ အမတော့ မဆိုးတတ်ဘူးးP

ကူးကူးလှိုင် said...

လက်သည်းဒီဇိုင်းလေးတွေ ကြည့်သွားတယ်နော် ကန်ဒီ...

Suzy said...

မမလက်သည်းနီတွေက ဈေးကြီးတယ် ဗြဲ တတ်နိုင်ဘူး :(

မိုးညချမ်း said...

Candy လေးရေ ... လက်သည်းလေးတွေ ပုံဖော်ထားတာ လှလိုက်တာ ... မမလည်း စမ်းသပ်ကြည့်အုံးမယ် ... အရင်ကတော့ မလှချင်ဘူး ... ခုတော့ ငါ့ညီမလေးရဲ့ ပုံလေးတွေကြည့်ပြီး အားကျလို့ လှချင်သွားပြီ ... :)

Anonymous said...

you လက်ကအရမ်းကြမ်းမယ့်ပုံပဲနော်။

တွတ်တွတ် said...

အရင်က..လေ့လာဖတ်ရှုခဲ့ဖူးတဲ့ ကိုင်ရိုရဲ့လက္ခဏာစာအုပ်အရတော့..ကန်ဒီရဲ့လက္ခဏာအရေးအကြောင်း၊ ရှည်ရှည်သွယ်သွယ်လက်ချောင်းပုံသဏ္ဍာန်အရဟောရမယ် ဆိုရင်တော့...ခုလိုလက္ခဏာပိုင်ရှင်များဟာ..စိတ်သဘောထားနူးညံ့တယ်.စိတ်ကူးယဉ်အရမ်းဆန်ပြီး..အနုပညာအလုပ်တွေ(ဥပမာ..ပန်းချီဆွဲ၊ စာရေး၊ သရုပ်ဆောင်)စသည်ဖြင့်အခြားသူတွေထက်..ပိုမိုထူးချွန်စွာလုပ်ဆောင်နိုင်ကြတယ်။ အချစ်ရေးနဲ့အိမ်ထောင်ရေးကို..ဆက်ဟောရမယ်..ဆိုရင်တော့.......

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိလေး။
လူပုံတွေတင်တာ များနေပြီဆိုတော့ ဒီတစ်ခါတော့ လက်အလှည့်ပေါ့။ ဟုတ်တယ်ဟုတ်။း))

မြတ်နိုးသူ said...

အမရေလက်သည်းပုံလေးတွေ
ကြည်ပီးသဘောကျသွားတယ်
ဒါပေမယ့်အဲလိုလေးတွေမလုပ်တတ်ဘူး
အကြည်ဆိုးထားတဲ့ပုံလေးပိုသဘောကျတယ်
အမအားပေးသွားပါတယ်

မိုးငွေ့........ said...

လက်သည်းပုံလေးတွေလှလိုက်တာ ခုတလော အမလဲ ခရေဇီဖြစ်နေတာ အဲဖက်ကို...း)

mabaydar said...

leopard ပုံ ဟိုနေ့ကဆိုးမလို့ပဲ... ခက်မယ်ထင်ထာနဲ့ မဆိုးဖြစ်တာ.... အဲဒါနဲ့ Musical nail ဖြစ်သွားတယ်... ဒါပေမဲ့ Musical nail ကလဲ ကိုယ့်မှာ nail pen with thin brush မရှိတော့ ဆွဲရတာ အတော်ခက်တယ်... လက်သည်းပုံလေးတွေအတွက် ကျေးဇူး...

အလွမ်းမြို့ said...

ကန်ဒီလေးရေ.
မကြီးကရောက်တိုင်း ကန့်ဒီ့ အပြုံးလေးကြည့်သွားနေကြ
လေ။ဒီနေ့တော့ လူပုံမမြင်ရတော့ လက်ပုံလေးဘဲ
ကြည့်သွားတယ်။ ကန်ဒီလုပ်ထားတာလေးလည်း လှတယ်
အားပေးသွားတယ်။ဒါပေမဲ့ မကြီးက အဲလိုအလှအပ
ဝါသနာမပါတော့ ခက်ဘိ။



ခင်တဲ့
မကြီးလွမ်း

အိမ်မက်ကောင်းကင် said...

မမချိုချဉ် လေးရေ အလည်လာရင်း လက်သည်းမှာပုံဖော်တာလေးတွေကိုအားပေးသွားတယ်နော်
ဗဟုသုတပေါ့ အိမ်ေ၇ာက်မှ ညီမလေးကိုပြန်သင်ပေးလိုက်မယ်လေ ဟဲ
ပျော်ရွှင်နိုင်ပါစေ မမချိုချဉ် ယုန်လေးတွေကိုလည်း အိမ်မက်မက်ပါစေနော် ^_^

8Yar said...

ဘယ်သူကိုသွားစမ်းရင်ကောင်းမလဲ ရှာလိုက်အုံးမယ် :P

san htun said...

လက်သည်းပန်းချီလေးတွေ လှတယ်..

Areal Thu said...

လက်သည်းပုံဖော်တာလေးတွေဆို..ကြည့်နေရင်းလဲအရမ်းကြိုက်တာပဲ။မလုပ်ရလဲဖြစ်တယ်..မြင်နေရရင်ကိုကျေနပ်နေတာ။ခုပျင်းလို့ကန်ဒီဆီကလက်သဲဆိုးတာတွေပြန်မွှေနေတာ။