Thursday, September 27, 2012

ခံတွင်းအနံ့မထွက်အောင်


ခံတွင်းအနံ့ထွက်ခြင်းဟာ လူမှုဆက်ဆံရေးမှာ တော်တော်ဆိုးရွားတဲ့ ပြစ်ချက်တစ်ခုပါ။ အသိမိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါမှာဖြစ်ဖြစ် ချစ်သူနဲ့ **** (ကိုယ့်ဟာကိုယ်နားလည်လိုက်ပါ xD) တဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်ပါးစပ်က ဆိုးဆိုးရွားရွားအနံ့ထွက်နေရင် ဘယ်လောက်ရှက်စရာကောင်းလဲ?? အဲ့တော့ ခံတွင်းအနံ့မထွက်အောင် ကန်ဒီတို့ ကြိုတင်ကာကွယ်သင့်တာပေါ့နော် :)

♦ ဘာကြောင့် ခံတွင်းနံ့ထွက်တာလဲ?

ခံတွင်းအနံ့ထွက်ရခြင်းရဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းရေးအားနည်းလို့ပါ။ ကန်ဒီတို့ အစာစားပြီးလို့ သွားကြိုသွားကြားမှာ ကျန်နေတဲ့အစာတွေကို ပါးစပ်ထဲက ဘက်တီးရီးယားတွေက ချေဖျက်ပေးပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကြောင့်ပဲ ခံတွင်းအနံ့ဆိုး ထွက်ပေါ်ရတာပေါ့။

တံတွေးသိပ်မထွက်ဘဲ အာခြောက်ရင်လည်း ခံတွင်းအနံ့ထွက်တတ်ပါတယ်။ တခါတလေ ကိုယ်အသုံးပြုနေတဲ့ဆေးတွေကြောင့် အာခြောက်တတ်ပါသေးတယ် (ဥပမာ- စိတ်ကျပျောက်ဆေး Antidepressants များ)။ ကန်ဒီတို့ ပါးစပ်တွင်းကထွက်တဲ့ တံတွေးမှာ အားသာချက်တွေ အများကြီးရှိတယ်။ သူက ခံတွင်းကို စိုစွတ်နေစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးတယ်။ အဲ့တော့ သူတို့ လွယ်လွယ်ကူကူ မျိုးမပွားနိုင်ဘူးပေါ့။ အိပ်မောကျနေတဲ့အချိန်မှာ တံတွေးထွက်နှုန်းလျော့ကျသွားပြီး ခုနကပြောသလို ဘက်တီးရီးယားတွေက စားကြွင်းစားကျန်တွေကို ချေဖျက်ပေးပါတယ်။ အဲ့ဒါကြောင့် ကန်ဒီတို့ အိပ်ယာနိုးနိုးချင်းအချိန်ဆို ခံတွင်းအနံ့ထွက်တတ်တာပေါ့။ တကယ်တော့ ဒါဟာ သဘာဝပါ။ မနက်ပိုင်းထွက်တဲ့ ခံတွင်းနံ့က ပျောက်အောင်လုပ်ဖို့လွယ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တနေကုန် အနံ့ထွက်နေတာဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။

အနံ့ထွက်စေတဲ့ အစားအစာများစားခြင်း၊ သွားတိုက်တဲ့အခါ လျှာကိုတိုက်ဖို့ မေ့လျော့ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ခံတွင်းအနံ့ထွက်စေနိုင်သလို တချို့သော ရောဂါတွေကြောင့်လည်း ခံတွင်းနံ့ထွက်စေနိုင်ပါတယ်(ဥပမာ- ဆီးချို၊ နူမိုးနီးယား)။ ကန်ဒီဆို နေမကောင်းဖြစ်ရင် ခံတွင်းအနံ့ထွက်တတ်တယ်။ ဒါ ကိုယ့်ဟာကိုယ်သတိထားမိတာကို ပြောပြတာ။ (ကိုယ်သတိမထားမိတဲ့အချိန်တွေမှာရော ထွက်နေလား မပြောတတ် :P)

♦ ဘယ်လို ကာကွယ်မလဲ?

ဘာကြောင့်ဖြစ်လဲဆိုတာသိပြီဆိုမှတော့ ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိလောက်ပြီပေါ့နော်။ ခံတွင်းနံ့မထွက်အောင် ပူရှိန်းလေးတွေငုံတာထက် ခံတွင်းနံ့ထွက်စေတဲ့အဓိကအကြောင်းရင်းတွေကို ကာကွယ်ဖို့လိုပါတယ်။
 
(၁) သွားပုံမှန်တိုက်ပါ။ 
(၂) သွားကြားထဲမှာ ကျန်နေတဲ့အစာတွေကို ပိုးကြိုး(Floss)နဲ့ အနည်းဆုံး ၃ရက်ခြားတခါဆွဲပေးပါ။ 
(၃) အချွဲအကျိတွေပြောင်တဲ့အထိ လျှာကို သေချာတိုက်ပေးပါ။
(၄) ရေများများသောက်ပါ။

တကယ်တော့ ကန်ဒီရေးပြနေတာတွေကို အားလုံးသိလောက်ပါတယ် (>.<)။ ခံတွင်းသန့်ရှင်းဖို့နဲ့ ခံတွင်းအနံ့မထွက်အောင် ကိုယ့်ဟာကိုယ်ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြချင်ရုံသက်သက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ...

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ^^
Mwah* (သွားတိုက်ပြီးသားပါ :P)

Saturday, September 22, 2012

အချစ် ♥

 
OK... LOVE ♥

ဒီနေ့ ကန်ဒီတို့အချစ်အကြောင်း ပြောရအောင်။ "ဟိုက်ရှား... မပြောစဖူး မရေးစဖူးတွေပါလား O_o"လို့ တွေးနေကြတယ်မလား(xD)။ အဲ အဲ တခုတော့ ကြိုပြောထားမယ်နော်... "အချစ်♥"ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်အောင်တော့ ဒီပိုစ့်က စွဲမက်စရာကောင်းမှာမဟုတ်ဘူး။ ဒါ ကန်ဒီ့အတွေးသက်သက်မို့ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ် ^_^

အချစ်♥ အချစ်♥ အချစ်♥ OMG!! ဒီစကားလုံးက နေရာတိုင်းလိုလိုတွေ့ရတတ်တယ်နော်။ စာရေးဆရာ၊ ကဗျာဆရာတွေကလည်း အဓိပ္ပာယ်အမျိုးမျိုးနဲ့ စကားလုံးလှလှလေးတွေသုံးပြီး ဖွဲ့နွဲ့လိုက်ကြတာ။ အင်း... အဲ့လိုဖွဲ့နွဲ့ရလောက်အောင်လည်း သူက နားလည်ရခက်ပြီး ဆန်းကြယ်တာကိုး။ Hmmm... ဒါပေမယ့် စာတွေ ကဗျာတွေထဲက အချစ်ဆိုတဲ့အရာနဲ့ တကယ့်လက်တွေ့ဘ၀က အချစ်ဆိုတာနဲ့ ကိုက်ညီရဲ့လားဆိုတာတော့ စဉ်းစားစရာပဲ....

ကြားဖူးမှာပေါ့...
► သူမရှိရင် ကျွန်တော်သေရပါလိမ့်မယ်~~
► သူ့အတွက်ဆို ကျွန်တော့်အသက်တောင် ပေးရဲတယ်~~
► သူလိုချင်ရင်လေ ဖြစ်နိုင်ရင် မိုးပေါ်ကကြယ်တွေတောင် ဆွတ်ပေးချင်တဲ့သူပါ~~

ဒါတွေက စာတွေထဲမှာတင် တွေ့ရတာတော့ မဟုတ်ဘူးနော်။ တကယ့်လက်တွေ့မှာလည်း ပြောတတ်ကြတယ်။ ကန်ဒီသိချင်တာက အဲ့စကားတွေက တကယ်အမှန်ပဲလား?? OK ကန်ဒီတို့ အရိုးသားဆုံး ၀န်ခံကြည့်ရအောင်။ တကယ်တော့ လူဆိုတာ အလွန့် အလွန် အတ္တကြီးတဲ့သတ္တ၀ါပါ။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်ကြတာ လူ့သဘာဝပဲ။ အဲ့တော့ အဲ့ဒီစကားတွေက အမှန်ဖြစ်နိုင်လား??? ကိုယ့်အသက်တောင် ပေးရဲတယ်တဲ့။ မိုးပေါ်ကကြယ်တောင် ဆွတ်ပေးဦးမယ် ဆိုပဲ။ အဲ့လိုနည်းနဲ့ချစ်နိုင်တဲ့သူ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် အရမ်း အရမ်းရှားပါတယ်။ သေချာတာတော့ ကန်ဒီမပါဘူး။ ၉၀ရာခိုင်နှုန်းလောက်က တကယ်မလုပ်နိုင်ဘဲ အာချောင်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကန်ဒီ့ကို အဲ့လိုအပြောမျိုးနဲ့ ချဉ်းကပ်ကြည့်ပါလား... လုံးဝလုံးဝ မှားသွားမယ်။ အကြောင်းက ကန်ဒီအဲ့လိုစကားတွေကို မယုံရေးချ မယုံတတ်တဲ့အပြင် အဲ့လိုလာပြောတဲ့လူတွေကို အထင်မကြီးတတ်ဘူး။ ဖြစ်နိုင်ရင် လက်တွေ့ပြပါ။ စကားနဲ့ဆိုရင်တော့.... Sorry Man xP

"သူ့ကိုပဲ သက်ဆုံးတိုင် မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ ချစ်သွားမှာပါ" ဆိုတဲ့စကားလည်း ကြားဖူးမှာပေါ့။ အချစ်က မပြောင်းလဲနိုင်ဘူးတဲ့လား?? ကန်ဒီတို့နေနေတဲ့ ဘာဆိုဘာမှမသေချာတဲ့ လောကကြီးမှာ ကတိတွေ လွယ်လွယ်မပေးမိစေနဲ့နော်။ Never say "Never"... ကန်ဒီတို့ ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့အရာ တော်တော်များများဟာ တချိန်ချိန်မှာ လုပ်ဖြစ်သွားတတ်တယ်။ အများကြီးမပြောင်းလဲတောင် နည်းနည်းလေးတော့ ပြောင်းလဲတယ်။ ဒါအမှန်တရားပဲ။ ချစ်သူနဲ့ ချစ်စခင်စက ရင်ခုန်ခြင်းနဲ့ လေး ငါးနှစ်လောက်အကြာမှာ ဖြစ်ပေါ်လာတဲ့ ရင်ခုန်ခြင်းတူသေးလား?? တူတယ်လို့ မပြောနဲ့နော်။ အဲ့ဒါညာတာ။ ဒါလည်း ပြောင်းလဲခြင်းပဲပေါ့။ အဲ့လိုပြောလို့ "သစ္စာတွေ ချစ်တာတွေက တကယ်မဟုတ်ဘူးလား"လို့ မေးစရာရှိလာတယ်။ အဖြေကို ကန်ဒီတကယ်မသိဘူး။ သေချာတာတခုကတော့ အချစ်ဆိုတာ သိပ်ဆန်းကြယ်ပြီး ရှုပ်ထွေးတဲ့အရာပဲ။ အဲ... သစ္စာကိုတော့ တခါတလေ ဦးနှောက်က ထိန်းချုပ်တတ်တယ်။

များသောအားဖြင့် ချစ်သူသက်တမ်း/အိမ်ထောင်သက်တမ်းကြာလာတဲ့အခါမှာ အချစ်ဆိုတာနဲ့အတူ သံယောဇဉ်ဆိုတာပါ တွဲပါလာတယ်လေ။ သံယောဇဉ်ဆိုတာ အချစ်ထက်မြဲတယ်။ အဲ့ဒါကို ယုံလား?? နောက်ပိုင်းမှာ အဲ့ဒီသံယောဇဉ်ဆိုတဲ့အရာကပဲ အဓိကဦးဆောင်သွားတတ်တာ။ စဉ်းစားကြည့်ပါလား... ရုတ်တရက် ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတယောက် ပေါ်လာတယ်ဆိုပါစို့။ ကိုယ့်မှာ ချစ်သူ(သို့)မိန်းမ/ယောက်ျားလည်းရှိနေတယ်။ အဲ့ဒီတစုံတယောက်ကလည်း ကိုယ့်အပေါ် အရမ်းဂရုစိုက်ပြီး နားလည်မှုပေးတယ်။  ဘယ်သူက မသာယာဘဲ နေမှာလဲ??? ခုနကပြောခဲ့သလို လူဆိုတာ အကောင်းကြိုက်ပြီး အတ္တကြီးတဲ့ သတ္တ၀ါမျိုးလေ။ အဲ့လိုအခြေအနေမျိုးတွေမှာ နောက်ဆုံးဦးနှောက်ဆိုတာကပဲ "သစ္စာ"နဲ့"သိက္ခာ"ဆိုတာကြီးကို အသက်သွင်းပြီး ကိုယ့်ကိုကိုယ် Remind လုပ်ကြရတာမလား?? Humm... ဒီလိုတွေတွေးမယ်ဆို ကန်ဒီတို့ပိုင်ဆိုင်တဲ့ အချစ်တွေက အများကြီးလား???

အဲ့ဒါကြောင့် ကန်ဒီပြောတာပေါ့။ အချစ်ဆိုတဲ့အရာက ရှုပ်ထွေးပါတယ်လို့... တခါတလေ အချစ်နဲ့ပက်သက်ပြီး ဖွဲ့နွဲ့ထားတဲ့စာလေးတွေဖတ်ရင်း စဉ်းစားမိတယ်။ ဒါ တကယ်ပဲ အပြင်မှာ ဖြစ်နိုင်လားဆိုတာမျိုးပေါ့။ ရုပ်ရှင်တွေကြည့်တဲ့အခါမှာလည်း အဲ့တိုင်းပဲ။ အရမ်းချစ်ပြနေတဲ့ဇာတ်လမ်းမျိုးထက် အပြင်မှာဖြစ်နိုင်ပြီး သဘာဝကျတဲ့ဇာတ်ကားမျိုးကို ပိုသဘောကျတယ်။ Eekkk... နိဂုံးမချုပ်တတ်တော့ဘူး >.< (The End)

လတ်တလောတွေးမိတာလေးပါ^^
I LoVe YoU All ♥

Tuesday, September 18, 2012

တိမ်ပေါ်လမ်းလျှောက်ခြင်း

မျှော်ရလွန်းလို့ သစ်ကုလားအုပ်ဖြစ်နေပြီလား??? (မျှော်မျှော် မမျှော်မျှော် မျှော်တယ်လို့ ယူဆထားသည် :P) အဲ့နေ့က ကန်ဒီ့သူငယ်ချင်းနဲ့သွားခဲ့တဲ့နေရာက "Gardens by the Bay" ကန်ဒီဟိုတခေါက်ကသွားပြီး အထဲမ၀င်ခဲ့ရလို့ အခဲမကြေနဲ့ ပြန်လာခဲ့ရတဲ့နေရာပေါ့။ ဒီတခေါက်တော့ သူနဲ့အထဲထိရောက်ခဲ့တယ်။ လက်မှတ်က နှစ်နေရာ (Cloud Forest & Flower Dome) အတွက်ကို S$ 28... ကန်ဒီကတော့ တန်တယ်ထင်တာပဲ။ ကန်ဒီတို့ရောက်တော့ ညနေ ၃နာရီလောက်....


Cloud Forest ထဲဝင်လိုက်တယ်ဆိုရင်ပဲ ရေတံခွန်အမြင့်ကြီးကို ပထမဆုံးတွေ့လိုက်တော့ အရမ်းပျော်သွားတယ်။ အဲ့ရေတံခွန်ကြီးထဲမှာ အထပ်တွေအများကြီးရှိတယ်။ အပေါ်ဆုံးထပ်မှာက တိမ်တွေနဲ့ ပန်းဥယျာဉ်ကြီး... အရမ်းလှတာပဲ။ အိမ်မက်ကမ္ဘာတခုထဲ ရောက်သွားသလိုကို ခံစားရတာ....

 တိမ်မှုန်တိမ်စတွေနဲ့...

 ဥယျာဉ်ထဲက ရေကန်ကြီး....

 အရောင်တွေက စိုနေတာပဲ...

 အပြိုင်ပြူးသည် O_O

 ဒါက နောက်တထပ် Crystal Mountain မှာ...



 Secret Garden ထဲမှာ...



Cloud Forest ထဲက ထွက်ပြီး Flower Dome ထဲဝင်တော့  ၅နာရီကျော်ကျော်လောက်ရှိနေပြီ။ ကန်ဒီတို့ ဓာတ်ပုံရိုက်ကောင်းနေတုန်း Fire Alarm က မြည်ပါလေရော။ အဲ့လိုမြည်လို့ လန့်သွားတယ် ထင်ပါသလား?? လန့်ဖို့နေနေသာသာ နှစ်ယောက်သား ဓာတ်ပုံအသည်းအသန်ရိုက်နေတာ Fire Alarm မြည်သံကို Fire Alarm လို့ကို မထင်မိဘူး ဟဟဟ (xD)။ ဓာတ်ပုံရိုက်လို့ဝသွားမှ သူတို့ နောက်ဆက်တွဲ Announce လုပ်တဲ့ "May I have your Attention please.. May I have your Attention please..." ဆိုတဲ့အသံကို စသတိထားမိတယ်။ အဲ့အချိန်ကျမှ နှစ်ယောက်သားဘယ်ပြေးရင် ကောင်းမလဲပေါ့။ ကန်ဒီ့သူငယ်ချင်းက ဥာဏ်ကြီးရှင်။ Emergency Exit နားမှာ သွားရပ်မယ်ဆိုပြီး အဲ့နားသွားပါလေရော။ အဲ့နားရောက်တော့ သူက "တခုခုဆို ဒီနေရာက ဖွင့်ပေးမှာ"ဆိုပဲ။ ကန်ဒီတို့နှစ်ယောက် အဲ့နားမှာရပ်စောင့်နေကြတယ် (ပေါတောတော ကြောင်တောင်တောင်လုပ်ပုံပြောပါတယ်)။ တခြားသူတွေကို ကြည့်လိုက်တော့ အိနြေ္ဒတောင်မပျက်ဘူး။ သူတို့လည်း ကန်ဒီတို့လိုပဲနေမှာပေါ့... ပန်းတွေကြားမှာ ဓာတ်ပုံရိုက်ကောင်းနေတာနဲ့ ဟိုကကြေငြာတာကို မကြားကြဘူး ထင်ပါတယ်။ ဘယ်သူမှလည်း ရုတ်ရုတ် ရုတ်ရုတ် မဖြစ်ကြဘူး။ ကန်ဒီတို့ကလည်း ကန်ဒီတို့ပဲ... တကယ်တမ်းထွက်ချင်ရင် ရိုးရိုး Exit ကလည်း ထွက်လို့ရနေတာကို ဘာကိစ္စအဲ့နားသွားရပ်နေမှန်း မသိဘူး(=.=')။ တော်သေးတာပေါ့... အမှန်က ဘာမှမဖြစ်ဘူး။ တယောက်ယောက် လက်ဆော့တာနေမှာ။ နောက်ဆုံး ရိုးရိုး Exit ကပဲ ထွက်ပြီး ပြန်ခဲ့ကြတယ်လေ (:P xD)။ အရေးထဲ ကန်ဒီ့သူငယ်ချင်းဖုန်းက သူ့လက်ကလွတ်ကျပြီး နည်းနည်းကွဲသွားသေးတယ်။ သုံးလို့တော့ရသေးတယ်။ သိပ်မလှတော့ဘူးပေါ့ >.<



OK OK... ဗွီဒီယိုကြည့်လိုက်တော့နော်။ မမူးရင် ကြိုက်တာပြော ဟဟဟဟ... လမ်းလျှောက်ရင်းရိုက်တာဆိုတော့ လက်မငြိမ်တာလေး နည်းနည်းတော့ သည်းခံပေး (:P)။ အတတ်နိုင်ဆုံးတော့ အရမ်းလှုပ်နေတာတွေဖယ်ပြီး Edit လုပ်ပေးထားတယ်။ နောက်တချက်... ကန်ဒီ့ဘလော့ပဲ ဖတ်တဲ့သူတွေက ကန်ဒီစကားပြောပုံနဲ့ ကန်ဒီအပြင်မှာနေတဲ့ပုံစံ မြင်ဖူးမှာမဟုတ်ဘူးနော်။ မြင်ချင်လား?? မမြင်ချင်လည်း ဒီဗွီဒီယိုမှာ မြင်ရမယ်လို့ ကြိုတင်သတိပေးထားပါရစေ(:P)... အားလုံး စိတ်ပျက်မသွားစေဖို့ မျှော်လင့်ပါတယ် xD



ဘယ်လိုလဲ... ကင်မရာကြီးတကားကားနဲ့ ပေါက်တက်ကရပြောတတ်တဲ့ ကန်ဒီနဲ့လျှောက်လည်ဖို့ သတ္တိရှိလား?? ဟီးဟီး... ကန်ဒီ Comfortable ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့သွားမှသာ အဲ့လိုနေတာပါ။ မခင်သေးခင်ဆို ကန်ဒီက ရုပ်တည်ကြီးနဲ့ ကြောက်စရာကောင်းတယ်... တကယ်ပြောတာ :)

တော်တော်ရှည်သွားပြီ....
တာ့တာနော်^^

Saturday, September 15, 2012

စုံတယ်

Hello^^

ဒီညအတွက် ပြောစရာ Topic တွေ ရှိတယ်။ လောလောဆယ် ခုမှ အပြင်က ပြန်ရောက်ပြီး မောနေတယ်။ အချိန်က ၁၀ နာရီခွဲ။ စိတ်မပူပါနဲ့  ရေချိုးပြီးလို့ စာရေးနေတာပါ။ မနံပါဘူး မွှေးနေပါတယ်(:P)။ ဒီနေ့အစ်မတယောက်အိမ်သွားပြီး သူ့အလုပ်တွေ သွားကူပေးနေတာနဲ့ အိမ်ပြန်နောက်ကျသွားတယ်။ သောကြာဆို ကန်ဒီအလုပ်မရှိဘူးလေ။ အစကတော့ အိမ်မှာနားပြီး စာရေးမယ်ပေါ့။ နောက်တော့ သူ့ကိစ္စပေါ်လာတာနဲ့ အပြင်သွားလိုက်ရတယ်။ သွားမယ့်သွားတော့လည်း တနေကုန်ပဲ။ မနက်တည်းက စာထိုင်ရိုက်ပေးနေတာ... ခုမျက်လုံးတွေတောင် ညောင်းနေတယ်။ ပြန်ခါနီးတော့ အစ်မက မုန့်ဖိုးပေးလိုက်တယ် ဟီးဟီး $_$

ပထမတော့ ဒီနေ့လျှောက်လည်တဲ့ပိုစ့်ရဲ့အဆက်ကို တင်မလို့။ ဗွီဒီယို Edit လုပ်နေတာ မပြီးသေးတာနဲ့ မတင်ဖြစ်သေးတာ။ "လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်"တဲ့... ဟဲဟဲ ကန်ဒီ့ပိုစ့်ထဲမှာ ဗွီဒီယိုပါတခါတည်းထည့်ချင်လို့ အဲ့ပိုစ့်တွေကို နည်းနည်းနောက်ရွေ့ထားတယ်။

Facebookမှာ တက်ခ်(TAG)အလုပ်ခံရတဲ့ ဒုက္ခကလည်း မသေးဘူး။ တခါတလေ စိတ်အနှောင့်အယှက် တော်တော်ပေးတယ်။ ကိုယ့်ကို လူ ၄၀၊ ၅၀ လောက်နဲ့ ပူးတွဲတက်ခ်ထားမှတော့ သွားပြီပေါ့။ တက်လိုက်တဲ့ Notification တွေ။ ကြည့်လိုက်တော့လည်း ကိုယ်သိတဲ့လူတွေ မဟုတ်ဘူး။ သူတို့ Like လုပ်တိုင်း Comment ပေးတိုင်း ကိုယ့်ဆီ Notification လာတက်နေတယ်။ နောက်ပြီး တက်ခ်လုပ်တဲ့သူက တခါတည်း တက်ခ်တာလားဆိုတော့လည်း မဟုတ်ဘူး။ တနေ့သုံးလေးပုံကို နေ့တိုင်း လူ၄၀ကျော်လောက်နဲ့ တက်ခ်နေတယ်။ စဉ်းစားကြည့်ပါ။ ကန်ဒီပြောတာလွန်လား သူလုပ်တာလွန်လားဆိုတာ။ ခင်လို့ တက်ခ်တာမျိုးဆို ထားပါ။ ခုဟာက ခင်လို့တက်ခ်တာမျိုးနဲ့ မတူတော့ဘူး။ ကန်ဒီ့အသိတယောက်ဆို ကန်ဒီ့ဆီ Private Message တောင် ဒီလိုပို့လာတယ်...


အဆိုးဆုံးက အဲ့လိုအတက်ခ်ခံရရင် တချို့က ကန်ဒီအတက်ခ်ခံရမှန်းသိတယ်။ တချို့က မသိတော့ ကန်ဒီတင်တယ်ထင်ရော။ အဲ့တော့ မေးတာ မြန်းတာတွေကို ကန်ဒီ့မှာ လိုက်ရှင်းရသေးတယ်။ သြော်.. ဘွ ဘွ (ဘ၀ဟု ဖတ်ပါ)။ ခင်လို့ တက်ခ်တာမျိုးဆို လူ၁၀၀နဲ့ တက်ခ်လည်း လက်ခံတယ်။ ဥပမာ - တခါတလေ ဟင်းကောင်းကောင်းလေးချက်တော့ သူငယ်ချင်းတွေကို ကျွေးချင်လို့ တက်ခ်တာမျိုးပေါ့။ ခုဟာက ခုနက ကန်ဒီ့အသိပြောသလို Popularity အတွက်လား စဉ်းစားစရာဖြစ်လာတယ်။ ကန်ဒီ့အမြင်ကတော့ ကိုယ်တင်တဲ့ပိုစ့်ကို ကိုယ်ပြန်ရှယ်လို့ သူများ Like တာ ပျော်စရာမဟုတ်ဘူး။ ကိုယ့်ပိုစ့်ကို သူများရှယ်လို့ ကိုယ့်ဘလော့ဆီရောက်လာတာကမှ တကယ့်အောင်မြင်မှုခေါ်တယ်။ ဘလော့ဂါတယောက်နဲ့တယောက်အမြင်တွေကတော့ ကိုယ့်ဘလော့အပေါ်ထားတဲ့ ရည်မှန်းချက်နဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားကြမယ်ထင်တာပဲ။ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့မရပါဘူး(=.=')။ နောက်ဆုံး ကန်ဒီဘာလုပ်လိုက်ရလဲဆိုတော့ TAG တွေကို Review လုပ်ပြီးမှ Approve လုပ်ပါမယ်ဆိုပြီး Setting ပြောင်းလိုက်ရတယ် >.<

နောက်ဆုံး Status...

ဟိုတနေ့က Vivo City က အပြန် Bus ပေါ်မှာ စလုံးသားအမိနှစ်ယောက်တွေ့တယ်။ ကလေးလေးက  အလွန်ဆုံးရှိ ၄နှစ် ၅နှစ်ပေါ့။ ကြည့်ရတာ အမေက ကလေးကျောင်းကြိုပြီး ပြန်လာပုံရတယ်။ ကျောပိုးအိတ်ရော စာအုပ်တွေအပြည့်ထည့်ထားတဲ့ လက်ကိုင်အိတ်ကလေးရောကို ကလေးလေးက သူ့ဟာသူသယ်လာတယ်။ အမေလုပ်သူကို ကြည့်လိုက်တော့ သူလွတ်ထားတဲ့ ပိုက်ဆံအိတ်အပြင် တခြားဘာမှမရှိဘူး။ လက်ထဲက ဖုန်းကို ကလိနေတယ်။ ကလေးလေးဆွဲလာတဲ့ လက်ဆွဲအိတ်လေးက တော်တော်လေးမယ်။ သူ့မှာ မနိုင်မနင်းဖြစ်နေရှာတာ။ ကန်ဒီ့မျက်လုံးထဲမှာ တမျိုးကြီးဖြစ်နေတာပေါ့။ ဘာလို့ သူလက်အားနေရဲ့သားနဲ့ မဆွဲပေးလဲပေါ့။ ဘေးမှာထိုင်နေတဲ့ ကန်ဒီ့သူငယ်ချင်းနဲ့ ပြောမိတော့ သူက "ကလေးကို Train လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"တဲ့။ အဲ့လို တဖက်ကတွေးလိုက်တော့လည်း ဟုတ်သလိုလို။ ဒီက ကလေးတွေက အရွယ်နဲ့မလိုက်အောင် အရမ်း Independent ဖြစ်တယ်။ ကလေးလေးကိုကြည့်ရတာလည်း သူ့ဟာသူသာ မနိုင်မနင်းဖြစ်နေတာ အမေကို တချက်ဆွဲပေးပါ မပြောဘူး။ 

အဲ့ဒါလေးမြင်တော့ ကန်ဒီတို့ မြန်မာပြည်က ကလေးတွေကို သတိရတယ်။ ကန်ဒီတို့ သူငယ်တန်းလောက်ကပေါ့... မှတ်မိသေးတယ်။ ကလေးမိဘတွေက ကျောင်းဝအထိ သူတို့ကလေးတွေရဲ့ လွယ်အိတ်၊ ခြင်းတောင်းတွေ ကိုင်ပေးပြီး ပို့တယ်။ အဲ့ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။ ကန်ဒီတို့ကျောင်းမှာ အိတ်တွေခြင်းတွေဆွဲပေးတဲ့ စလိုဂျာကြီးရှိတယ်။ သူ့ကို ဘာလို့ အဲ့လိုခေါ်လဲတော့ ကန်ဒီလည်း မသိဘူး။ သူက ကုလားမကြီးဆိုတော့ သူ့နာမည်နေမှာပေါ့။ မိဘတွေက ကျောင်းဝရောက်ရင် ကလေးရဲ့ အိတ်တွေခြင်းတွေကို စလိုဂျာကြီးဆီပေးလိုက်တယ်။ အဲ့ကနေ စလိုဂျာကြီးက ကျောင်းခန်းထဲထိလိုက်ပို့ပေးတာ။ အပြန်ဆိုလည်း အဲ့လိုပဲ။ ကဲ... မြန်မာပြည်က မိဘတွေ ဘယ်လောက်ပိုလဲဆို အဲ့ဒါသာကြည့်။ ကန်ဒီငယ်ငယ်ကတော့ ကိုယ့်အိတ်ကိုယ်သယ်တာပါနော်။ တခါ ကျောင်းဆင်းတော့ ကျောင်းခန်းထဲမှာတောင် လွယ်အိတ်ကျန်ခဲ့သေးတယ် ဟဟဟ (:P)။ အတန်းပိုင်ဆရာမက ကန်ဒီ့အိတ်ကို သယ်လာပေးရတယ် :D :P

ကန်ဒီနားလည်ပေးလို့မရတဲ့ အချက်ထဲမှာ ကတိမတည်တာလည်း ပါတယ်။ "မင်းမှာ သစ္စာ၊ လူမှာ ကတိ" တဲ့။ ကန်ဒီဘယ်သူ့ကိုမှ ကတိလွယ်လွယ်မပေးဘူး။ ဘယ်သူဆီကမှလည်း ကတိမတောင်းဖူးဘူး။ ဒါပေမယ့်ကန်ဒီ့ကိုတော့ ကတိတွေ လာလာပေးကြတယ်။ ပြီးရင် မလုပ်ဘူး။ အဲ့ဒါ ဘာသဘောလဲ?? ကန်ဒီ့စိတ်ကို လာဆွတာလား?? ကန်ဒီလည်း အတင်းအကျပ်မတောင်းဘဲ ဘာကိစ္စကတိလာပေးတာလဲ။ သူတို့က ကတိပေးတယ်ဆိုမှတော့ အဲ့ကိစ္စအပေါ် ယုံကြည်ပြီပေါ့ စိတ်ချပြီပေါ့ မျှော်လင့်ပြီပေါ့။ ပြီးတော့ သူတို့က Follow မလုပ်ဘူး။ အဲ့လိုဖြစ်တာလောက် ဒေါပွတာ မရှိဘူး ဟွင်းးးး (>.<)။ ကိုယ့်ဘက်က မသေချာရင်လည်း ကတိမပေးနဲ့ပေါ့။ လွယ်လွယ်လေးကို =.='

Good Night...
Zzzzzz -.-

Monday, September 10, 2012

လျှောက်လည်သည်

ဝါးးးးးးး (သမ်းသံ -.-)

မနက်စောစော ၉ နာရီလောက်တွင် ကန်ဒီတယောက် စာထိုင်ရေးနေခြင်းဖြစ်သည်။ 

ဒီနေ့မနက်အစောကြီးထပြီး ကန်ဒီ့သူငယ်ချင်းကို လေဆိပ်ပြန်လိုက်ပို့ရတယ်။ Check in က ၇ နာရီဆိုတော့ ၆ နာရီလောက်တည်းက အိမ်ကထွက်ရတယ်လေ။ အိပ်ရေးမ၀ဘူး။ ပြန်ရောက်တော့လည်း ပြန်မအိပ်ချင်တော့ဘူး။ အဲ့ဒါနဲ့ စာထိုင်ရေးနေတာ။ ဒီရက်ပိုင်း သူနဲ့လျှောက်လည်နေရတော့ အိမ်မကပ်နိုင်ဘူး။ ဘလော့လည်ပြီး စာလည်းမဖတ်နိုင်... Facebook လည်း မကြည့်နိုင်... အိမ်ပြန်ရောက်တယ်ဆိုတာနဲ့ သူ့ကိုကန်ဒီရိုက်ပေးထားတဲ့ ဓာတ်ပုံတွေပေး... ကန်ဒီ့ဘလော့ဆီ လာလည်တဲ့သူတွေကြည့်... Comment/Cbox Reply လုပ်ပြီး တန်းအိပ်တာ။ ခု သူပြန်သွားပြီဆိုတော့ ကန်ဒီ့ရဲ့ ပုံမှန် Routine လေးဆီ ပြန်ရောက်ပြီပေါ့။ အဲ... လောလောဆယ်တော့ အခန်းရှင်း အိမ်သန့်ရှင်းရေးလုပ်ရဦးမယ် (>.<)။ သူသွားချင်တဲ့နေရာကများများ အချိန်ကမရှိနဲ့ တတ်နိုင်သလောက်တော့ အကုန်နီးပါးရောက်အောင် ပို့ပေးလိုက်ပါတယ်။ အချိန်မရှိဆို သူက လည်ဖို့တခုတည်း လာတာလည်း မဟုတ်ဘူးလေ။ သူ့ကျောင်းကိစ္စကလည်း နည်းနည်းရှိသေးတော့ အဲ့ဒီအတွက်လည်း အချိန်ပေးရသေးတယ်။ 

သူဒီလာမယ်ဆိုတော့ အမေတို့ကို လူကြုံရှိတုန်းလှမ်းမှာရသေးတယ်။ မြန်မာအကျီက တထည်တည်းရှိတော့ တခါလာလည်း ဒါ.. နောက်တခါလာလည်း ဒါပဲ ၀တ်ဝတ်နေရတယ်လေ။ အဲ့ဒါနဲ့ ဘုန်းကြီးကျောင်းသွားဖို့ မြန်မာအကျီနဲ့ထမီလေး ၀ယ်ပေးလိုက်ပါ မှာရတယ်။ မျက်ကပ်မှန်အကြည်ကလည်း ပါဝါမကိုက်တော့လို့ တပ်မရဖြစ်နေတာနဲ့ အသစ်ထပ်မှာရတယ်။ အဲ့ဒါကြောင့် ကန်ဒီအခုတလော Color မျက်ကပ်မှန်ချည်းတပ်နေတာလေ (သတိထားမိလားတော့ မပြောတတ်ဘူး)။ ခုအဲ့ဒါတွေ ရပြီ :D :D :D

မြန်မာအကျီ နှစ်ထည်... ခုထိတော်မတော် မ၀တ်ကြည့်ရသေးဘူး :P

 ရန်ကုန်က သူငယ်ချင်းနောက်တယောက်ပေးလိုက်တဲ့ လက်ဆောင် ^_^

စင်္ကာပူရောက်မှတော့ Merlion နဲ့ ဓာတ်ပုံရိုက်မှပေါ့နော် :D

 
 ဒါက ဒူးရင်းသီးနားမှာ...

 At Orchid Garden

ပုံမှန်ဆို Orchid Garden က ၀င်ကြေး S$ 5 ပေးရတယ်နော်။ ကျောင်းသားနှုန်းက S$ 1 ပဲ (ကန်ဒီ ၀င်နေကျ)။ ဒီတခေါက် ကန်ဒီတို့သွားတော့ ကျောင်းသားတွေဆို Free ၀င်ခွင့်ပေးထားတယ် (:D :D)။ International Student တွေလည်း Free ရတော့ သူလည်း မပေးရဘူး။ အဲ့ဒါက စက်တင်ဘာ ၁ ရက်ကနေ ၉ ရက်နေ့ထိပဲ။



ရန်ကုန်က ကန်ဒီ့ကြီးကြီးတို့အိမ်မှာ အဲ့ဒီ "Dancing Lady" ပန်းတွေရှိတယ်။ ငယ်ငယ်က အဲ့အိမ်မှာသွားသွားဆော့တတ်တော့ အဲ့ဒီပန်းတွေကို အမြဲတွေ့တယ်။ အမြဲတွေ့နေပြီး တခါမှ ဒီပန်းဟာ သစ်ခွပန်းတမျိုးပါလားလို့ တွေးမကြည့်ဖူးဘူး။ ကန်ဒီငယ်ငယ်လေးတည်းက အဲ့ဒီပန်းနာမည်လေးကို အရမ်းသဘောကျတာ။ "Dancing Lady" တဲ့။ သူ့ကိုကြည့်ကြည့်လေ... ဂါဝန်ကားကားလေးနဲ့ ကနေတဲ့ မိန်းမပျိုလေးနဲ့ မတူဘူးလား??? Orchid Garden အတွက် ပိုစ့်တပုဒ် သီးသန့်မတင်တော့ဘူးနော်။ အရင်က သွားတုန်းကလည်း တင်ထားဖူးတော့ ဒီတခေါက်ဓာတ်ပုံသိပ်မရိုက်ဖြစ်ခဲ့ဘူး။ သူ့ကိုပဲ အဓိက ရိုက်ပေးနေတာလည်း ပါတာပေါ့။

လာပါပြီ ပဟေဠိအစီအစဉ်။ ဒီနှစ်နေရာအတွက် ဓာတ်ပုံတွေကို ကန်ဒီပိုစ့်တပုဒ်စီနဲ့ တင်မယ်လို့ စဉ်းစားထားတယ်။ နှစ်နေရာလုံး ကန်ဒီခုမှ ရောက်ဖူးတာလေ။ ကန်ဒီ့ပုံတွေတော့ သိပ်မများပါဘူး။ သူက ဧည့်သည်ဆိုတော့ သူ့ကိုပဲ အဓိကထား ရိုက်ပေးတယ်။ အဲ့ဒါဘယ်နေရာတွေလဲ??? သိတော့ သိမှာပါ ဟီးးး ဒါက နောက်ပိုစ့်တွေအတွက် ကြိုတင်ကြော်ငြာဝင်ထားတဲ့သဘော :P :P


အပေါ်က နှစ်ပုံက တနေရာ

 Candylicious ^_^ (ဒါက တနေရာ)

ကန်ဒီတို့ လျှောက်လည်ရင်း ဆက်ရက်တွေမြင်တော့ ငယ်ငယ်တုန်းကအကြောင်းတွေးပြီး ရီကြသေးတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်။ ကန်ဒီကြားဖူးတာက ဆက်ရက် "စုံ" ဂဏန်းကို တွေ့တဲ့လူက "မ" ဂဏန်းဆို လာဘ်ကောင်းတယ်တဲ့။ ဥပမာ-ဆက်ရက်တကောင်ဆို လူနှစ်ယောက်တွေ့ရင် လာဘ်ကောင်းတယ်။ ဆက်ရက်နှစ်ကောင်ဆို လူသုံးယောက်တွေ့ရင် လာဘ်ကောင်းတယ်။ အဲ့တော့ ကန်ဒီတို့က ဘယ်လိုလုပ်လဲဆိုတော့.. ကန်ဒီကဆက်ရက်တကောင်ကို တွေ့လိုက်တယ်ဆို ဘေးကသူငယ်ချင်းကို တို့ပြီး ပြလိုက်တယ်။ အဲ့တော့ နှစ်ယောက်တွေ့သွားပြီလေ... "ငါတို့ Lucky ကောင်းပြီပေါ့"။ အဲ့ဒီအချိန်မှာ ကန်ဒီက နောက်တကောင်ကို တွေ့လိုက်တယ် ဆိုပါတော့.. အဲ့အခါကျရင် နောက်တယောက်ကို မကြည့်နဲ့နဲ့နဲ့နဲ့နဲ့.... ဆိုပြီး တားတာ(xD)  သူတွေ့ခဲ့ရင်လည်း "ငါမမြင်ဘူးနော်..." ဆိုပြီး သူ့ဟာသူ မသိချင်ယောင်ဆောင်လိုက်တယ်။ ဟိဟိ ပေါတောတောနဲ့ ခုထိလည်း အဲ့တိုင်းပဲ :P

ဗွီဒီယိုတွေလည်း ရိုက်ခဲ့သေးတယ်။ အဲ့ဒါတွေက Edit လုပ်ရမှာဆိုတော့ နည်းနည်းကြာမယ်။ ဘလော့ပိုစ့်တော့ အရင်တက်မယ် ထင်တယ်။ ဗွီဒီယိုလုပ်လို့ပြီးရင်လည်း ကြည့်ချင်ရင် တင်ပေးမယ်နော် ^_^

ခုလောလောဆယ်တော့ တာ့တာ
Have a Nice Day^^

Thursday, September 6, 2012

All about Concealers


Concealer ဆိုတာ ကန်ဒီ့အတွက် မရှိမဖြစ် Make up Item တစ်ခုပါ။ ဘာလို့လဲဆိုတော့ နံပါတ်တစ်... ကန်ဒီ့အသားအရည်က ၀က်ခြံပေါက်လွယ်တော့ မျက်နှာမှာ အဖုတခုမဟုတ်တခုကတော့ အမြဲရှိတယ်။ ၀က်ခြံပေါက်ပြီးရင် အမာရွတ်က ကျန်ပြန်ရော။ နံပါတ်နှစ်... ညညဆို ကောင်းကောင်းမအိပ်တော့ ကန်ဒီ့မျက်ကွင်းတွေက ပန်ဒါလိုဖြစ်နေတတ်တယ်။ အဲ့ဒါတွေကြောင့် Concealer မရှိလို့ မဖြစ်ဘူးပြောတာပေါ့။ ကန်ဒီပြောတာတွေကို မှန်းကြည့်တာနဲ့တင် Concealer ကို ဘာအတွက်သုံးတယ်ဆိုတာ သိလောက်ပြီနော်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က မျက်နှာပေါ်မှာရှိတဲ့ အစက်အပြောက်တွေ မျက်ကွင်းညိုတာတွေကို ဖုံးဖို့ပါ။

► How to Choose Shades

ကန်ဒီကတော့ ဖြစ်နိုင်ရင် ကိုယ့်အသားအရောင်နဲ့ (သို့) ကိုယ်သုံးတဲ့ Foundation အရောင်နဲ့တူတာကို ရွေးဝယ်တယ်။ လုံးဝတူတာမရှိဘူးဆို အရောင်နုတဲ့ဘက်ကို ရွေးတယ်။ ဒါကန်ဒီဝယ်တဲ့ပုံစံပေါ့။ အားလုံး ဒီလိုလိုက်ဝယ်စရာမလိုဘူးနော်။ ပြောချင်တာက ထားပါတော့... ကိုယ့်အသားအရည်က ၀က်ခြံမထွက်တတ်ဘူး။ မျက်ကွင်းညိုတာ ဖုံးချင်ရုံသက်သက်ဆိုရင် ကိုယ့်အသားအရောင်ထက် ၁ဆင့်လောက်နုတဲ့အရောင်ကို ပိုရွေးချယ်သင့်တယ်။ တကယ်လို့ ကိုယ့်အသားအရည်က ၀က်ခြံထွက်တတ်တယ် ၀က်ခြံကိုဖုံးဖို့က အဓိကဆိုရင်တော့ ကိုယ့်အသားအရောင်နဲ့တူတာကို ပိုရွေးဝယ်သင့်တယ်။ ဘာလို့လဲဆိုတော့ စဉ်းစားကြည့်လေ... ၀က်ခြံအမာရွတ် (သို့) အဖုပေါ်ကို ကိုယ့်အသားရောင်ထက်နုတဲ့ Concealer တင်လိုက်တော့ အဲ့နေရာကြီးက ဖွေးပြီး ပိုမသိသာသွားဘူးလား?? မျက်လုံးအောက်နားအတွက်ကျတော့ ကိုယ့်အသားအရောင်ထက်နုတဲ့ Concealer သုံးခြင်းအားဖြင့် အဲ့နေရာကို ပိုလင်းသွားစေတယ်။ Highlight လုပ်သလိုဖြစ်သွားတော့ လူကပိုနိုးနိုးကြားကြား ဖြစ်သွားသလို ထင်ရတယ်လေ။

► Types of Concealers

Concealer အမျိုးအစားသုံးမျိုးကတော့ အရည်၊ အခဲနဲ့ ပေါင်ဒါပါ။ အားလုံးထဲမှာ အရည်အမျိုးအစားက လိမ်းရလွယ်ကူပြီး အသင့်တော်ဆုံးလို့ ကန်ဒီထင်တယ်။ အခဲက Coverage ပိုကောင်းပေမယ့် လိမ်းရနည်းနည်းခက်တယ်။  ပေါင်ဒါကျပြန်တော့ ပေါင်ဒါဆိုတဲ့အတိုင်း Coverage သိပ်မကောင်းဘူးလေ။

► How to Apply
ကန်ဒီကတော့ Brush ထက် လက်နဲ့ လိမ်းတာကို ပိုသဘောကျတယ်။ Concealer လိမ်းတဲ့အခါ Foundation လိမ်းသလို ဆွဲမလိမ်းသင့်ဘူး။ ကိုယ်ဖုံးချင်တဲ့နေရာကိုတို့တို့ပြီး ဘေးကအသားရောင်နဲ့ညီအောင် ညှိပေးရတယ်။ နောက် Foundation လိမ်းပြီးမှ Concealer လိမ်းသင့်တယ်။ Foundation လိမ်းတဲ့အခါ ဆွဲလိမ်းရတော့ Concealer အရင်လိမ်းထားမိရင် ကိုယ်ဖုံးထားတဲ့ အဖုတွေ အမာရွတ်တွေက ပြန်ပေါ်လာမှာပဲ။ Concealer လိမ်းပြီး ပေါင်ဒါနဲ့ပြန် Set လုပ်တာဟာ မိတ်ကပ်ကိုပိုကြာကြာခံစေတယ်။

► Concealers I've Tried
ကန်ဒီသုံးဖူးတဲ့ Concealer လေးခုရှိတယ်...
(1) Maybelline Perfect Concealer
(2) Revlon PhotoReady Concealer
(3) Maybelline Pure Mineral Concealer
(4) Loreal TrueMatch Concealer

ကန်ဒီလိမ္မာတယ်နော်... တခုကုန်ခါနီးမှ တခုဝယ်တယ် :D

ကန်ဒီအကြိုက်ဆုံးက နံပါတ် ၃ Maybelline Pure Mineral Concealer... သူနဲ့ နံပါတ် ၁ နဲ့က ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် နံပါတ် ၁ က သုံးတာနည်းနည်းကြာလာတော့ ပိုပျစ်လာတယ်။ လိမ်းလို့ သိပ်မကောင်းတော့ဘူး။ Pure Mineral က ကန်ဒီခုသုံးနေတဲ့အချိန်အထိတော့ ဘာမှမပြောင်းလဲသေးဘူး။ ၀ယ်တုန်းကအတိုင်းပဲ။ နှစ်ခုလုံး မျက်ကွင်းညိုတာရော ၀က်ခြံအမာရွတ်တွေကိုရော အသင့်အတင့် Coverလုပ်နိုင်တယ်။ Revlon PhotoReady Concealer ကတော့ လုံးဝမကြိုက်လို့ တစ်ခါ နှစ်ခါပဲ သုံးပြီး မသုံးဖြစ်တော့ဘူး။ သူက အခဲဆိုတော့ လိမ်းရခက်တယ်။ Coverage ကတော့ အားလုံးထဲမှာ အကောင်းဆုံးပဲ။ တနေရာထဲကို ဖုံးဖို့ဆို တော်တော်ကောင်းတယ်။ ဒါပေမယ့် အများကြီးလိမ်းမိရင် မျက်နှာက သဘာဝမကျတော့ဘူး။ ထူထူကြီးဖြစ်နေရော။ Loreal True Match က နာမည်ကြီး Top 10 Concealers ထဲမှာ တခုအပါအ၀င်လေ။ ကန်ဒီကိုယ်တိုင်လည်း ကြိုက်တယ်။ လိမ်းထားရင် အရမ်းသဘာဝကျတယ်။ ဒါပေမယ့် Coverage မကောင်းဘူး။ ၀က်ခြံတွေအမာရွတ်တွေဆို အဲ့လောက် မဖုံးနိုင်ဘူး။ မျက်ကွင်းညိုတာဖုံးဖို့ဆိုရင်တော့ တော်တော်ကောင်းတယ်။



ကန်ဒီ့အသားရောင်နဲ့ လုံးဝကိုက်တဲ့ Concealer ရှာရခက်တယ်။ ပိုနုရင်နု မနုရင် ရင့်နေတတ်တယ်။ Loreal (နံပါတ် ၄)က ကန်ဒီ့အသားရောင်နဲ့ လုံးဝမကိုက်ဘူး။ ကန်ဒီ့မှာရှိတာတွေက ဖြူနေလို့ တမင် ညိုတဲ့ဘက်ရွေးဝယ်လိုက်တာ... သူ့ကို တခြား Concealer တွေနဲ့ ကိုယ်လိုချင်တဲ့အရောင်ရအောင် ရောလိမ်းလို့ရတယ်လေ :)

► Other Tips
Concealerကို တခြားနေရာတွေမှာလည်း သုံးလို့ရပါသေးတယ်။ မျက်လုံးပေါ်မှာ လိမ်းရင် Eye Makeup ကို ကြာကြာခံစေတယ်။ နှုတ်ခမ်းပေါ်မှာလိမ်းရင် သူကနဂိုနှုတ်ခမ်းအရောင်ကို ဖုံးပေးတဲ့အတွက် ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီအရောင် ပိုပေါ်လွင်စေတယ်လေ။ မျက်ခုံးမွှေးဆွဲပြီး Concealer ကို မျက်ခုံးရဲ့ အပေါ်နဲ့အောက်မှာ လိမ်းပေးရင် မျက်ခုံးလေး ပိုပေါ်လွင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်စေတယ်။ နှုတ်ခမ်းပတ်လည်မှာလိမ်းပေးရင်လည်း သပ်သပ်ရပ်ရပ်နှုတ်ခမ်းလေး ရတာပေါ့ ^_^

ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်တယ်နော်...
ပျော်ရွှင်ပါစေ^^

Saturday, September 1, 2012

Candy is soo soo Happy^^

ကန်ဒီ့အတွက် ပျော်စရာသတင်း နှစ်ခုရှိတယ်။ ပထမတစ်ခုအရင်ပြောမယ်နော်။ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ ကန်ဒီ့အချစ်ဆုံးသူငယ်ချင်း စင်္ကာပူကို လာလည်မယ်(:D :D :D)။ ကန်ဒီသူ့အကြောင်းပြောဖူးပါတယ်။ UK မှာ ကျောင်းတက်နေတယ်ဆိုတဲ့ တယောက်လေ။ သူကအခုလောလောဆယ်ရန်ကုန်မှာ... အဲ့ကနေ UK အပြန်မှာ စင်္ကာပူကို Transit နဲ့ ခဏ၀င်မှာ... ကန်ဒီနဲ့ ၅ ရက်လောက်နေမယ်(:D)။ သူနဲ့မတွေ့ရတာ ၂ နှစ်ကျော်ပြီ။ ခုပြန်တွေ့ရမယ်ဆိုတော့ အရမ်းပျော်တယ် (^_^)။ သူ့ကိုလိုက်ပို့ပေးမယ်ဆိုတာထက် သူနဲ့အတူ ကိုယ်ပါလိုက်လည်မှာ ဟိ(:P)။ ပျော်သာပျော်နေတာ ဘယ်သွားရင်ကောင်းမလဲတောင် ခုထိမစဉ်းစားရသေးဘူး။ အဲ့ရက်တွေ အလုပ်မသွားချင်လို့ ဒီရက်ပိုင်းအလုပ် ကြိုလုပ်ထားတယ်။ အဲ့လောက်ကို တက်ကြွနေတာ xD

နောက်ပျော်စရာတစ်ခုက ကန်ဒီ့ချစ်သူအတွက်ပါ။ ကန်ဒီသူ့အကြောင်းပြောခဲတယ်နော်။ သူက သီချင်းဆိုတာ ဂီတာတီးတာ အရမ်းဝါသနာပါတယ်။ သူ့အိမ်မက်က အဆိုတော်တယောက်ဖြစ်ဖို့။ ကန်ဒီက သူ့ကိုအပျော်တမ်းပဲ ဖြစ်စေချင်တယ်။ အဲ့ဘက်ကို သိပ်အာရုံမထားစေချင်ဘူး။ အဲ့ထက်ပိုအရေးကြီးတာတွေ ရှိသေးတယ်လေ။ သူလည်း အဲ့ဒါသိတော့ အဲ့လောက်ကြီးမလုပ်ဘူး။ ဖြစ်ချင်တော့ သူရေးထားတဲ့သီချင်းတပုဒ်ကို သူ့အသိတယောက်ကိုတီးပြမိတော့ ကြိုက်လို့ဆိုပြီး သူတို့လုပ်မယ့် LiveShow Album မှာ ဆိုပါလားပြောလာတယ်။ အဲ့ဒါနဲ့ သူဆိုဖြစ်သွားတယ်တဲ့။ ပျော်လိုက်တာ (:D :D :D)။ အဲ့ဒီ Album တကယ်ထွက်တာမထွက်တာ အသာထား သူဆိုလိုက်ရတယ် ဆိုတာနဲ့တင် ကန်ဒီကျေနပ်တယ်။ သူဘယ်လောက်ဝါသနာပါတယ်ဆိုတာ ကန်ဒီအသိဆုံးလေ။ ကန်ဒီ့ YouTube Channel မှာလည်း သူရေးတဲ့သီချင်းတွေ သူ့ကိုအတင်းဆိုခိုင်းပြီး တင်ထားတယ်(:P)။ အခု LiveShow မှာ ဆိုဖြစ်သွားတဲ့သီချင်းကလည်း အဲ့ထဲက တပုဒ်ပဲ.. သီချင်းနာမည်က "အချစ်တစ်ခု"။ ဆိုပုံလေးနည်းနည်းပြောင်းထားတယ်။ စာသားကတော့ ဒါနဲ့တူတူပဲ...



အဲ့သီချင်း LiveShow ကို ကန်ဒီကြည့်ချင်နေပြီ။ Mp3 တော့ သူပို့ပေးလို့ နားထောင်ပြီးပြီ။ ဗွီဒီယိုက Edit လုပ်နေတုန်းမို့မရသေးဘူးတဲ့။ သူနဲ့ပက်သက်ပြီး သိပ်မပြောလို့ ကန်ဒီ့ကို အေးစက်စက်နိုင်တယ် ထင်မှာပဲနော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေပေမယ့် တဖွဖွပြောမနေတတ်တာ ကန်ဒီ့အကျင့်။ နှစ်တွေလည်း ကြာလာပြီဆိုတော့ သူ့ကို ချစ်သူဆိုတာထက် မိသားစုဝင်တယောက်လိုမြင်တယ်။ 

လွန်ခဲ့တဲ့ ၄နှစ်လောက်ကပုံ... နှစ်ယောက်လုံး ကလေးရုပ်လေးတွေ xD

OK OK ပျော်တာတွေ ခဏထား.. တခြားဟာ ပြောမယ်။ "မ"သီချင်းများပိုစ့်ရဲ့ ကွန်မန့်တွေဖတ်တော့ တော်တော်များများက "တခုခုတော့ တခုခုပဲ"တဲ့။ ဟဟဟဟဟဟ... ဘာကိုဆိုလိုချင်ကြတာလဲဟင်(:P :P)။ No No No ဘာတခုမှ မဟုတ်ဘူး။ ကန်ဒီသည် ကိုယ့်ထက်ငယ်သောသူများကို စိတ်မ၀င်စားတတ်ပါ (xD)။ အဲ.. ဆိုရိုးတခုရှိတယ်နော် (မှားရင် ပြင်ပေးပါ).. "ထမင်းကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့"တဲ့ ** ပါးစပ်ပြန်ပိတ်လိုက်သည် =/ **

 

လကုန်ရက်မို့ ထမင်းလိုက်ကျွေးချင်လို့ပါတဲ့။ တခြားလူတွေကျမကျွေးဘဲ ကန်ဒီ့တယောက်ထဲ ကျွေးတယ်ဆိုတော့ ဘာသဘောလဲ?? ဟွင်းဟွင်း ဒင်းမရိုးသားဘူး။ မစားဘူးပြောတာလည်း မရဘူး။ ပိကျိပိကျိလုပ်နေတယ်။ အဲ့လိုလုပ်တာလောက် အမြင်ကတ်တာမရှိဘူး။ နားအေးရင် ပြီးရော လိုက်စားတယ်။ အမြင်ကတ်လာတော့ ကန်ဒီ့ခေါင်းမှာ ဂျိုထွက်လာတယ်(:P)။ သူထမင်းလိုက်ကျွေးတယ်ဆိုတဲ့အကြောင်းတခြားလူတွေသိအောင် ဖေ့ဘွတ်မှာ ကြေငြာမောင်းခတ်လိုက်ရင်ကောင်းမလား တွေးသေးတယ် ဟိ(:P)။ တကယ်မလုပ်ပါဘူး... တွေးကြည့်ရုံပါ။ နောက်တခါဆိုရင်တော့ အာမမခံဘူး xP

ညီမလေး ဆူဇီက ကန်ဒီဝယ်ဖူးတဲ့ Online Shopping Website တွေအကြောင်း ပိုစ့်တပုဒ်ရေးပေးပါတဲ့။ ကန်ဒီလည်း တခါတလေမှ ၀ယ်ဖြစ်တာဆိုတော့ ပိုစ့်တပုဒ်ရေးနိုင်လောက်အောင် စာမများဘူး။ ကန်ဒီဝယ်ဖူးတဲ့ Website တွေက...

(1) Tara-shop.com
(2) Vividoll.com
(3) Gmarket.com

Tara-shop က အရမ်းမစုံပေမယ့် Delivery မြန်တယ်။ နောက် Delivery Charge မယူဘူး။ စင်္ကာပူမှာ ရှာရခက်တဲ့ မိတ်ကပ် Brand တွေရှိတတ်တယ်။ ဈေးပေါတာကအစ ဈေးကြီးတာအဆုံးပေါ့။ အဲ့ဆိုဒ်က Dress ဒီဇိုင်းလေးတွေ တော်တော်လှတယ်။ ကန်ဒီက Dress မ၀တ်တတ်လို့သာ မ၀ယ်ဖြစ်တာ။ Vividoll ကတော့ အ၀တ်အစားအဓိကရောင်းတဲ့ ဆိုဒ်ပါ။ Delivery နည်းနည်းကြာတယ်။ Gmarket ကတော့ အားလုံးသိပြီးသားနေမှာပေါ့။ အဲ့ဆိုဒ်တွေက ၀င်ပြီးရင် ပြန်မထွက်ချင်ဘူး။ အဲ့ဒါကြောင့် သိပ်မ၀င်ချင်ဘူး ဟီး xD


အားလုံးသတိထားမိလားတော့ မသိဘူး။ ကန်ဒီ့Blogမှာ "Reactions" feature ထည့်ထားတယ်။ အဲ့ဒါမသိမှာစိုးလို့ ပြောပြတာ။ Connection မကောင်းလို့ ကွန်မန့်ပေးရခက်နေတဲ့လူတွေအတွက် အဆင်ပြေအောင်ပေါ့ (:D)။ အဟဲ "Dislike" Option တော့ မပါဘူး... မုန်းတဲ့လူတွေ အလွယ်တကူမုန်းလို့ရအောင် လုပ်ပေးစရာလားကွ (အဟတ် xD)။ ဘာ Option ထပ်ထည့်ရင် ကောင်းမလဲ မသိဘူး။ လောလောဆယ်တော့ လေးခုထည့်ထားတယ် ^_^

Have a Nice Weekend..
Good Night^^