Concealer ဆိုတာ ကန်ဒီ့အတွက် မရှိမဖြစ် Make up Item တစ်ခုပါ။ ဘာလို့လဲဆိုတော့ နံပါတ်တစ်... ကန်ဒီ့အသားအရည်က ၀က်ခြံပေါက်လွယ်တော့ မျက်နှာမှာ အဖုတခုမဟုတ်တခုကတော့ အမြဲရှိတယ်။ ၀က်ခြံပေါက်ပြီးရင် အမာရွတ်က ကျန်ပြန်ရော။ နံပါတ်နှစ်... ညညဆို ကောင်းကောင်းမအိပ်တော့ ကန်ဒီ့မျက်ကွင်းတွေက ပန်ဒါလိုဖြစ်နေတတ်တယ်။ အဲ့ဒါတွေကြောင့် Concealer မရှိလို့ မဖြစ်ဘူးပြောတာပေါ့။ ကန်ဒီပြောတာတွေကို မှန်းကြည့်တာနဲ့တင် Concealer ကို ဘာအတွက်သုံးတယ်ဆိုတာ သိလောက်ပြီနော်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က မျက်နှာပေါ်မှာရှိတဲ့ အစက်အပြောက်တွေ မျက်ကွင်းညိုတာတွေကို ဖုံးဖို့ပါ။
ကန်ဒီကတော့ ဖြစ်နိုင်ရင် ကိုယ့်အသားအရောင်နဲ့ (သို့) ကိုယ်သုံးတဲ့ Foundation အရောင်နဲ့တူတာကို ရွေးဝယ်တယ်။ လုံးဝတူတာမရှိဘူးဆို အရောင်နုတဲ့ဘက်ကို ရွေးတယ်။ ဒါကန်ဒီဝယ်တဲ့ပုံစံပေါ့။ အားလုံး ဒီလိုလိုက်ဝယ်စရာမလိုဘူးနော်။ ပြောချင်တာက ထားပါတော့... ကိုယ့်အသားအရည်က ၀က်ခြံမထွက်တတ်ဘူး။ မျက်ကွင်းညိုတာ ဖုံးချင်ရုံသက်သက်ဆိုရင် ကိုယ့်အသားအရောင်ထက် ၁ဆင့်လောက်နုတဲ့အရောင်ကို ပိုရွေးချယ်သင့်တယ်။ တကယ်လို့ ကိုယ့်အသားအရည်က ၀က်ခြံထွက်တတ်တယ် ၀က်ခြံကိုဖုံးဖို့က အဓိကဆိုရင်တော့ ကိုယ့်အသားအရောင်နဲ့တူတာကို ပိုရွေးဝယ်သင့်တယ်။ ဘာလို့လဲဆိုတော့ စဉ်းစားကြည့်လေ... ၀က်ခြံအမာရွတ် (သို့) အဖုပေါ်ကို ကိုယ့်အသားရောင်ထက်နုတဲ့ Concealer တင်လိုက်တော့ အဲ့နေရာကြီးက ဖွေးပြီး ပိုမသိသာသွားဘူးလား?? မျက်လုံးအောက်နားအတွက်ကျတော့ ကိုယ့်အသားအရောင်ထက်နုတဲ့ Concealer သုံးခြင်းအားဖြင့် အဲ့နေရာကို ပိုလင်းသွားစေတယ်။ Highlight လုပ်သလိုဖြစ်သွားတော့ လူကပိုနိုးနိုးကြားကြား ဖြစ်သွားသလို ထင်ရတယ်လေ။
► Types of Concealers
Concealer အမျိုးအစားသုံးမျိုးကတော့ အရည်၊ အခဲနဲ့ ပေါင်ဒါပါ။ အားလုံးထဲမှာ အရည်အမျိုးအစားက လိမ်းရလွယ်ကူပြီး အသင့်တော်ဆုံးလို့ ကန်ဒီထင်တယ်။ အခဲက Coverage ပိုကောင်းပေမယ့် လိမ်းရနည်းနည်းခက်တယ်။ ပေါင်ဒါကျပြန်တော့ ပေါင်ဒါဆိုတဲ့အတိုင်း Coverage သိပ်မကောင်းဘူးလေ။

► How to Apply
ကန်ဒီကတော့ Brush ထက် လက်နဲ့ လိမ်းတာကို ပိုသဘောကျတယ်။ Concealer လိမ်းတဲ့အခါ Foundation လိမ်းသလို ဆွဲမလိမ်းသင့်ဘူး။ ကိုယ်ဖုံးချင်တဲ့နေရာကိုတို့တို့ပြီး ဘေးကအသားရောင်နဲ့ညီအောင် ညှိပေးရတယ်။ နောက် Foundation လိမ်းပြီးမှ Concealer လိမ်းသင့်တယ်။ Foundation လိမ်းတဲ့အခါ ဆွဲလိမ်းရတော့ Concealer အရင်လိမ်းထားမိရင် ကိုယ်ဖုံးထားတဲ့ အဖုတွေ အမာရွတ်တွေက ပြန်ပေါ်လာမှာပဲ။ Concealer လိမ်းပြီး ပေါင်ဒါနဲ့ပြန် Set လုပ်တာဟာ မိတ်ကပ်ကိုပိုကြာကြာခံစေတယ်။
► Concealers I've Tried
ကန်ဒီသုံးဖူးတဲ့ Concealer လေးခုရှိတယ်...
(1) Maybelline Perfect Concealer
(2) Revlon PhotoReady Concealer
(3) Maybelline Pure Mineral Concealer
(4) Loreal TrueMatch Concealer
ကန်ဒီအကြိုက်ဆုံးက နံပါတ် ၃ Maybelline Pure Mineral Concealer... သူနဲ့ နံပါတ် ၁ နဲ့က ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် နံပါတ် ၁ က သုံးတာနည်းနည်းကြာလာတော့ ပိုပျစ်လာတယ်။ လိမ်းလို့ သိပ်မကောင်းတော့ဘူး။ Pure Mineral က ကန်ဒီခုသုံးနေတဲ့အချိန်အထိတော့ ဘာမှမပြောင်းလဲသေးဘူး။ ၀ယ်တုန်းကအတိုင်းပဲ။ နှစ်ခုလုံး မျက်ကွင်းညိုတာရော ၀က်ခြံအမာရွတ်တွေကိုရော အသင့်အတင့် Coverလုပ်နိုင်တယ်။ Revlon PhotoReady Concealer ကတော့ လုံးဝမကြိုက်လို့ တစ်ခါ နှစ်ခါပဲ သုံးပြီး မသုံးဖြစ်တော့ဘူး။ သူက အခဲဆိုတော့ လိမ်းရခက်တယ်။ Coverage ကတော့ အားလုံးထဲမှာ အကောင်းဆုံးပဲ။ တနေရာထဲကို ဖုံးဖို့ဆို တော်တော်ကောင်းတယ်။ ဒါပေမယ့် အများကြီးလိမ်းမိရင် မျက်နှာက သဘာဝမကျတော့ဘူး။ ထူထူကြီးဖြစ်နေရော။ Loreal True Match က နာမည်ကြီး Top 10 Concealers ထဲမှာ တခုအပါအ၀င်လေ။ ကန်ဒီကိုယ်တိုင်လည်း ကြိုက်တယ်။ လိမ်းထားရင် အရမ်းသဘာဝကျတယ်။ ဒါပေမယ့် Coverage မကောင်းဘူး။ ၀က်ခြံတွေအမာရွတ်တွေဆို အဲ့လောက် မဖုံးနိုင်ဘူး။ မျက်ကွင်းညိုတာဖုံးဖို့ဆိုရင်တော့ တော်တော်ကောင်းတယ်။
► Concealers I've Tried
ကန်ဒီသုံးဖူးတဲ့ Concealer လေးခုရှိတယ်...
(1) Maybelline Perfect Concealer
(2) Revlon PhotoReady Concealer
(4) Loreal TrueMatch Concealer
ကန်ဒီလိမ္မာတယ်နော်... တခုကုန်ခါနီးမှ တခုဝယ်တယ် :D
ကန်ဒီအကြိုက်ဆုံးက နံပါတ် ၃ Maybelline Pure Mineral Concealer... သူနဲ့ နံပါတ် ၁ နဲ့က ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် နံပါတ် ၁ က သုံးတာနည်းနည်းကြာလာတော့ ပိုပျစ်လာတယ်။ လိမ်းလို့ သိပ်မကောင်းတော့ဘူး။ Pure Mineral က ကန်ဒီခုသုံးနေတဲ့အချိန်အထိတော့ ဘာမှမပြောင်းလဲသေးဘူး။ ၀ယ်တုန်းကအတိုင်းပဲ။ နှစ်ခုလုံး မျက်ကွင်းညိုတာရော ၀က်ခြံအမာရွတ်တွေကိုရော အသင့်အတင့် Coverလုပ်နိုင်တယ်။ Revlon PhotoReady Concealer ကတော့ လုံးဝမကြိုက်လို့ တစ်ခါ နှစ်ခါပဲ သုံးပြီး မသုံးဖြစ်တော့ဘူး။ သူက အခဲဆိုတော့ လိမ်းရခက်တယ်။ Coverage ကတော့ အားလုံးထဲမှာ အကောင်းဆုံးပဲ။ တနေရာထဲကို ဖုံးဖို့ဆို တော်တော်ကောင်းတယ်။ ဒါပေမယ့် အများကြီးလိမ်းမိရင် မျက်နှာက သဘာဝမကျတော့ဘူး။ ထူထူကြီးဖြစ်နေရော။ Loreal True Match က နာမည်ကြီး Top 10 Concealers ထဲမှာ တခုအပါအ၀င်လေ။ ကန်ဒီကိုယ်တိုင်လည်း ကြိုက်တယ်။ လိမ်းထားရင် အရမ်းသဘာဝကျတယ်။ ဒါပေမယ့် Coverage မကောင်းဘူး။ ၀က်ခြံတွေအမာရွတ်တွေဆို အဲ့လောက် မဖုံးနိုင်ဘူး။ မျက်ကွင်းညိုတာဖုံးဖို့ဆိုရင်တော့ တော်တော်ကောင်းတယ်။
ကန်ဒီ့အသားရောင်နဲ့ လုံးဝကိုက်တဲ့ Concealer ရှာရခက်တယ်။ ပိုနုရင်နု မနုရင် ရင့်နေတတ်တယ်။ Loreal (နံပါတ် ၄)က ကန်ဒီ့အသားရောင်နဲ့ လုံးဝမကိုက်ဘူး။ ကန်ဒီ့မှာရှိတာတွေက ဖြူနေလို့ တမင် ညိုတဲ့ဘက်ရွေးဝယ်လိုက်တာ... သူ့ကို တခြား Concealer တွေနဲ့ ကိုယ်လိုချင်တဲ့အရောင်ရအောင် ရောလိမ်းလို့ရတယ်လေ :)
► Other Tips
Concealerကို တခြားနေရာတွေမှာလည်း သုံးလို့ရပါသေးတယ်။ မျက်လုံးပေါ်မှာ လိမ်းရင် Eye Makeup ကို ကြာကြာခံစေတယ်။ နှုတ်ခမ်းပေါ်မှာလိမ်းရင် သူကနဂိုနှုတ်ခမ်းအရောင်ကို ဖုံးပေးတဲ့အတွက် ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီအရောင် ပိုပေါ်လွင်စေတယ်လေ။ မျက်ခုံးမွှေးဆွဲပြီး Concealer ကို မျက်ခုံးရဲ့ အပေါ်နဲ့အောက်မှာ လိမ်းပေးရင် မျက်ခုံးလေး ပိုပေါ်လွင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်စေတယ်။ နှုတ်ခမ်းပတ်လည်မှာလိမ်းပေးရင်လည်း သပ်သပ်ရပ်ရပ်နှုတ်ခမ်းလေး ရတာပေါ့ ^_^
ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်တယ်နော်...
ပျော်ရွှင်ပါစေ^^

14 comments:
မမကန်ဒီရေ စာလာဖတ်သွားပါတယ်။ ညီမကတော့ မိတ်ကပ်ဆို foundation လိမ်းပြီး ပေါင်ဒါ ပုတ်လိုက်တာပဲ မျက်နှာမှာ ၀က်ခြံပေါက်ပြီး အမာရွတ်တွေရှိတယ် အဲ့ဒါ ကောင်းတဲ့ Concealer လိုချင်နေတာ အခုလို ပို့စ်လေးတင်ပေးလို့ ကျေးဇူးပါပဲ။ မိတ်ကပ်လိမ်းတဲ့ ဗွီဒီယိုလေး တင်ပါဦး။
Concealer ရဲ့အသုံးဝင်ပုံလေးတွေ ဗဟုသုတအဖြစ် ယူသွားတယ် ချိုချဉ်လေးရေ။ အိမ်က တူမလေးတွေ လက်ဆင့်ကမ်းလိုက်ပြီနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘာဆိုဘာမှမလိမ်းလို့ ဘာမှမသိဘူးကွယ်။ :)
Wow!!!
Concealerရဲ. အသုံးဝင်ပုံနဲ.အသုံးပြုပုံလေးတွေကို ရှင်းပြသွားတာမိုက်တယ်။
Areal
Wow!!!
Concealerရဲ. အသုံးဝင်ပုံနဲ.အသုံးပြုပုံလေးတွေကို ရှင်းပြသွားတာမိုက်တယ်။
Areal
ဟုတ်တယ်နော်။ Concealer ကြောင့်ဟောလီးဝုဒ်မင်းသမီးတွေနဲ့ မော်ဒယ်တွေလှသထက်ထက်ပိုလှနေကြတာပေါ့။
အို်င်အိုရာ
concealer ကိုတခါမှမသုံးဖူးသေးဘူး...။ ကန်ဒီပြောပြထားတာလေးကို ဖတ်မှတ်သွားပါတယ်...။
နာလဲမျက်စိနဲ့နောက်စိနဲ့ကပ်နေပြီ
ဝယ်ရင်ကောင်းမလားတိဝူး
concealer တခါမှ မသုံးဖူးဘူး..ကန်ဒီရှင်းပြမှ သုံးကြည့်ဦးမယ်..
Thanks a lot Candy lay.
with love
KKH
Concealer ဆိုတော့ဘာကြီးလဲဆိုပြီးလာဖတ်တာဗဟုသုတတော့ရပါတယ်ညီမရေ။ မိန်းကလေးတွေနဲ့ဆိုင်တဲ့ပို့စ်ကိုး။ အစ်ကို့မိန်းမတော့ဘာတွေလိမ်းနေလဲကိုမသိတာ။နောက်မှမေးကြည့်ရဦးမယ်။အမှတ်လေးဘာလေးရလိုရငြား။
တောက် ၃ချက်ခေါပ်ပြီး ဖနောက် ၂ချက်ပေါက် ချက်ဘောက်မတွေ့ သောကြောင့် အိပ်နေသောဖွားလေးအား နရင်းနချက် အုပ်သွားသည် ပုံ ဖိုးမောင်
အစ်မကျေးဇူးပါပဲ အစ်မစာတွေကိုအမြဲဖတ်တော့မယ်
ကျေးဇူးတင်ပါတယ် ညီမလေး :D
Post a Comment