ဝါးးးးးးး (သမ်းသံ -.-)
မနက်စောစော ၉ နာရီလောက်တွင် ကန်ဒီတယောက် စာထိုင်ရေးနေခြင်းဖြစ်သည်။
ဒီနေ့မနက်အစောကြီးထပြီး ကန်ဒီ့သူငယ်ချင်းကို လေဆိပ်ပြန်လိုက်ပို့ရတယ်။ Check in က ၇ နာရီဆိုတော့ ၆ နာရီလောက်တည်းက အိမ်ကထွက်ရတယ်လေ။ အိပ်ရေးမ၀ဘူး။ ပြန်ရောက်တော့လည်း ပြန်မအိပ်ချင်တော့ဘူး။ အဲ့ဒါနဲ့ စာထိုင်ရေးနေတာ။ ဒီရက်ပိုင်း သူနဲ့လျှောက်လည်နေရတော့ အိမ်မကပ်နိုင်ဘူး။ ဘလော့လည်ပြီး စာလည်းမဖတ်နိုင်... Facebook လည်း မကြည့်နိုင်... အိမ်ပြန်ရောက်တယ်ဆိုတာနဲ့ သူ့ကိုကန်ဒီရိုက်ပေးထားတဲ့ ဓာတ်ပုံတွေပေး... ကန်ဒီ့ဘလော့ဆီ လာလည်တဲ့သူတွေကြည့်... Comment/Cbox Reply လုပ်ပြီး တန်းအိပ်တာ။ ခု သူပြန်သွားပြီဆိုတော့ ကန်ဒီ့ရဲ့ ပုံမှန် Routine လေးဆီ ပြန်ရောက်ပြီပေါ့။ အဲ... လောလောဆယ်တော့ အခန်းရှင်း အိမ်သန့်ရှင်းရေးလုပ်ရဦးမယ် (>.<)။ သူသွားချင်တဲ့နေရာကများများ အချိန်ကမရှိနဲ့ တတ်နိုင်သလောက်တော့ အကုန်နီးပါးရောက်အောင် ပို့ပေးလိုက်ပါတယ်။ အချိန်မရှိဆို သူက လည်ဖို့တခုတည်း လာတာလည်း မဟုတ်ဘူးလေ။ သူ့ကျောင်းကိစ္စကလည်း နည်းနည်းရှိသေးတော့ အဲ့ဒီအတွက်လည်း အချိန်ပေးရသေးတယ်။
သူဒီလာမယ်ဆိုတော့ အမေတို့ကို လူကြုံရှိတုန်းလှမ်းမှာရသေးတယ်။ မြန်မာအကျီက တထည်တည်းရှိတော့ တခါလာလည်း ဒါ.. နောက်တခါလာလည်း ဒါပဲ ၀တ်ဝတ်နေရတယ်လေ။ အဲ့ဒါနဲ့ ဘုန်းကြီးကျောင်းသွားဖို့ မြန်မာအကျီနဲ့ထမီလေး ၀ယ်ပေးလိုက်ပါ မှာရတယ်။ မျက်ကပ်မှန်အကြည်ကလည်း ပါဝါမကိုက်တော့လို့ တပ်မရဖြစ်နေတာနဲ့ အသစ်ထပ်မှာရတယ်။ အဲ့ဒါကြောင့် ကန်ဒီအခုတလော Color မျက်ကပ်မှန်ချည်းတပ်နေတာလေ (သတိထားမိလားတော့ မပြောတတ်ဘူး)။ ခုအဲ့ဒါတွေ ရပြီ :D :D :D
မြန်မာအကျီ နှစ်ထည်... ခုထိတော်မတော် မ၀တ်ကြည့်ရသေးဘူး :P
ရန်ကုန်က သူငယ်ချင်းနောက်တယောက်ပေးလိုက်တဲ့ လက်ဆောင် ^_^
ဒါက ဒူးရင်းသီးနားမှာ...
At Orchid Garden
ပုံမှန်ဆို Orchid Garden က ၀င်ကြေး S$ 5 ပေးရတယ်နော်။ ကျောင်းသားနှုန်းက S$ 1 ပဲ (ကန်ဒီ ၀င်နေကျ)။ ဒီတခေါက် ကန်ဒီတို့သွားတော့ ကျောင်းသားတွေဆို Free ၀င်ခွင့်ပေးထားတယ် (:D :D)။ International Student တွေလည်း Free ရတော့ သူလည်း မပေးရဘူး။ အဲ့ဒါက စက်တင်ဘာ ၁ ရက်ကနေ ၉ ရက်နေ့ထိပဲ။
ရန်ကုန်က ကန်ဒီ့ကြီးကြီးတို့အိမ်မှာ အဲ့ဒီ "Dancing Lady" ပန်းတွေရှိတယ်။ ငယ်ငယ်က အဲ့အိမ်မှာသွားသွားဆော့တတ်တော့ အဲ့ဒီပန်းတွေကို အမြဲတွေ့တယ်။ အမြဲတွေ့နေပြီး တခါမှ ဒီပန်းဟာ သစ်ခွပန်းတမျိုးပါလားလို့ တွေးမကြည့်ဖူးဘူး။ ကန်ဒီငယ်ငယ်လေးတည်းက အဲ့ဒီပန်းနာမည်လေးကို အရမ်းသဘောကျတာ။ "Dancing Lady" တဲ့။ သူ့ကိုကြည့်ကြည့်လေ... ဂါဝန်ကားကားလေးနဲ့ ကနေတဲ့ မိန်းမပျိုလေးနဲ့ မတူဘူးလား??? Orchid Garden အတွက် ပိုစ့်တပုဒ် သီးသန့်မတင်တော့ဘူးနော်။ အရင်က သွားတုန်းကလည်း တင်ထားဖူးတော့ ဒီတခေါက်ဓာတ်ပုံသိပ်မရိုက်ဖြစ်ခဲ့ဘူး။ သူ့ကိုပဲ အဓိက ရိုက်ပေးနေတာလည်း ပါတာပေါ့။
လာပါပြီ ပဟေဠိအစီအစဉ်။ ဒီနှစ်နေရာအတွက် ဓာတ်ပုံတွေကို ကန်ဒီပိုစ့်တပုဒ်စီနဲ့ တင်မယ်လို့ စဉ်းစားထားတယ်။ နှစ်နေရာလုံး ကန်ဒီခုမှ ရောက်ဖူးတာလေ။ ကန်ဒီ့ပုံတွေတော့ သိပ်မများပါဘူး။ သူက ဧည့်သည်ဆိုတော့ သူ့ကိုပဲ အဓိကထား ရိုက်ပေးတယ်။ အဲ့ဒါဘယ်နေရာတွေလဲ??? သိတော့ သိမှာပါ ဟီးးး ဒါက နောက်ပိုစ့်တွေအတွက် ကြိုတင်ကြော်ငြာဝင်ထားတဲ့သဘော :P :P
အပေါ်က နှစ်ပုံက တနေရာ
Candylicious ^_^ (ဒါက တနေရာ)
ကန်ဒီတို့ လျှောက်လည်ရင်း ဆက်ရက်တွေမြင်တော့ ငယ်ငယ်တုန်းကအကြောင်းတွေးပြီး ရီကြသေးတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်။ ကန်ဒီကြားဖူးတာက ဆက်ရက် "စုံ" ဂဏန်းကို တွေ့တဲ့လူက "မ" ဂဏန်းဆို လာဘ်ကောင်းတယ်တဲ့။ ဥပမာ-ဆက်ရက်တကောင်ဆို လူနှစ်ယောက်တွေ့ရင် လာဘ်ကောင်းတယ်။ ဆက်ရက်နှစ်ကောင်ဆို လူသုံးယောက်တွေ့ရင် လာဘ်ကောင်းတယ်။ အဲ့တော့ ကန်ဒီတို့က ဘယ်လိုလုပ်လဲဆိုတော့.. ကန်ဒီကဆက်ရက်တကောင်ကို တွေ့လိုက်တယ်ဆို ဘေးကသူငယ်ချင်းကို တို့ပြီး ပြလိုက်တယ်။ အဲ့တော့ နှစ်ယောက်တွေ့သွားပြီလေ... "ငါတို့ Lucky ကောင်းပြီပေါ့"။ အဲ့ဒီအချိန်မှာ ကန်ဒီက နောက်တကောင်ကို တွေ့လိုက်တယ် ဆိုပါတော့.. အဲ့အခါကျရင် နောက်တယောက်ကို မကြည့်နဲ့နဲ့နဲ့နဲ့နဲ့.... ဆိုပြီး တားတာ(xD) သူတွေ့ခဲ့ရင်လည်း "ငါမမြင်ဘူးနော်..." ဆိုပြီး သူ့ဟာသူ မသိချင်ယောင်ဆောင်လိုက်တယ်။ ဟိဟိ ပေါတောတောနဲ့ ခုထိလည်း အဲ့တိုင်းပဲ :P
ဗွီဒီယိုတွေလည်း ရိုက်ခဲ့သေးတယ်။ အဲ့ဒါတွေက Edit လုပ်ရမှာဆိုတော့ နည်းနည်းကြာမယ်။ ဘလော့ပိုစ့်တော့ အရင်တက်မယ် ထင်တယ်။ ဗွီဒီယိုလုပ်လို့ပြီးရင်လည်း ကြည့်ချင်ရင် တင်ပေးမယ်နော် ^_^
ခုလောလောဆယ်တော့ တာ့တာ
Have a Nice Day^^
22 comments:
မမချိုချဉ်တို့သွားလည် တာကိုကြည့်ရတာ ပျော်စရာကောင်းမဲ့ပုံပဲနော်
ရှုခင်းတွေကလည်း လှမှလှပဲနော်
မမချိုချဉ်ကိုတစ်ခုပြောရဦးမယ် ဆင်နားမှာသွားမရပ်နဲ့နော်
ဆင်ကဒေါကထွက်နေတယ် ခိခိ . .. . . ဆင်ကန်လိမ့်မယ်
အားပေးသွားတယ်နော် မမချိုချဉ်
နောက်တင်မဲ့ ဗီဒီယို ဖိုင်လေးကို လည်းစောင့်မျှော်အားပေးနေမယ်နော်
ဗီဒီယိုကို စောင့်မျှော်နေမယ်နော် "Dancing Lady အဲ ဟုတ်ဖူး ကန်ဒီ။
အပင်တွေလွှမ်းခြုံထားတဲ့ အဆောက်အဦးကို မရောက်ဖူးသေးဘူး...
မကြီးလွမ်းကတော့ ခေါင်းစဉ်နောက်လိုက်လာတာ။
လျှောက်လည်သည်ဆိုတော့ ပုံလေးမြင်ရမယ်ဆိုတာ
သေချာလို့ အပြေးလိုက်လာတာ။ သူငယ်ချင်းနဲ့ ပြန်
ဆုံရတော့ ပျော်စရာကြီးပေါ့ ကန်ဒီရေ။
မကြီးအားပေးသွားကြောင်း
Candylicious နေရာလေးသဘောအကျဆုံးဘဲ။ အဲဒါတွေက စားလို့ရလား.။
မြန်မာအကျီင်္နဲ့ မက်မှန်လေးကိုကြိုက်တယ်...
ရန်ကုန်က သူငယ်ချင်းပေးလိုက်တဲ့ လက်ဆောင်လေး
တွေချစ်ဖို့လဲကောင်းတယ် လှတယ်
ကန်ဒီလေးလျှောက်လည်တဲ.ပုံလေးတွေ
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
ဓါတ်ပုံရိုက်ထားတာအရမ်းလှတယ်နော်အမ
လူကလည်းလှပါတယ်လျှောက်လည်ထားတာ
ပျော်စရာကြီးနေမှာနော်အားပေးသွားပါတယ်
အမသူငယ်ချင်းကလဲလှတယ်နော်
ကန်ဒီရေ ဓါတ်ပုံလေးတွေကြည့်၇တာ
တော်တော်ပျော်နေတဲ့ပုံပဲ
ဓါတ်ပုံလေးနဲ့ တကွတင်ပေးလို့ 
ကန်ဒီနဲ့ ထပ်တူ ကြည်နူးပျော်ရွှင်မိပါတယ်
ပျော်ရွှင်မှုတွေနဲ့ ဆက်တိုက်ကြုံပါစေလို့ လဲ
ဆန္ဒပြုပေးပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဗွီဒီယို တွေကို စောင့်မျှော်နေပါတယ်။ မမကန်ဒီ ဗွီဒီယိုလေးတွေက ကြည့်ရတာ စိတ်ဝင်စားဖို့လဲ ကောင်းတယ် ပျော်ဖို့လဲကောင်းတယ်။
ကန်ဒီနဲ့ အတူတူသွားရသလို ပျော်ရွှင်မိတယ်....
ိမိုးနတ်လဲရောက်ဖူးချင်လိုက်တာ...ဆက်လက်ပြီး
ပျော်ရွှင်နိုင်ပါစေ. ကန်ဒီရေ......
ခင်မင်နေတဲ့...မိုးနတ်
ကန်ဒီရေ ပုံတွေလာကြည့်သွားပါတယ် အမလည်းဘလော့ဘက်သိပ်မရောက်ဖြစ်ဘူး:D
စိတ်ညှစ်စရာတွေကို ဟာသနှောပြီး အမြဲလိုလိုပျော်ပျော်နေတတ်တဲ့ ကန်ဒီရေ...။ လွတ်လပ်ပေါ့ပါးတဲ့ အရေးအသား တင်ဆက်မှုလေးတွေကို မကြာမကြာလာချောင်းကြည့်ဖြစ်တယ်..။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ပျော်စရာတွေ လာကြည့်သွားတယ်နော်. Dancing Lady ကိုလဲ ကြိုက်တယ် :)
ကန်ဒီတို့ကြည့်ပြီး ကိုယ်ပါလျှေက်လည်ရသလို ပျော်သွားတယ် ကန်ဒီရေ...
မနက်စောစောကိုးနာရီတဲ့လားညီမလေး။ :)။ အစ်ကိုတို့ဆိုSiteထဲမှာအဲဒီအချိန်ချွေးတောင်ပြန်နေပြီ။ ကျောင်းသားတွေ Orchid Garden မှာပိုက်ဆံမပေးရတော့တန်တာပေါ့။မိန်းကလေးတွေဆိုတော့ပိုကိုက်တယ်။ ဆက်ရက်ငှက်လို့ပေါင်းပါတယ် ညီမလေး။
ငါ့ဘော်ဒါရီးက အမြဲလန်းဆန်းနေပါလားဟ
အားကျသဟာာာာ
စာလုံးပေါင်းပြောပြတာ ကျေးဇူးပဲ အစ်ကိုဆူးသစ်.. ညီမ မှားနေတာတော့ သိတယ် ဟီးးး
ဪ ငယ်ချင်းဆိုတာလား အစကထင်နေတာ သို့လော သို့လော :P ပုံတွေအားပေးသွားတယ် ငယ်ချင်းရေ....
hello
Hello မင်္ဂလာပါ ^_^
သစ်ခွတွေလှတယ်
ဖီလင်နော့စစ်ရော အွန်ဆီးဒင်းရော အတော့သဘောကျတာ
Post a Comment