Saturday, September 15, 2012

စုံတယ်

Hello^^

ဒီညအတွက် ပြောစရာ Topic တွေ ရှိတယ်။ လောလောဆယ် ခုမှ အပြင်က ပြန်ရောက်ပြီး မောနေတယ်။ အချိန်က ၁၀ နာရီခွဲ။ စိတ်မပူပါနဲ့  ရေချိုးပြီးလို့ စာရေးနေတာပါ။ မနံပါဘူး မွှေးနေပါတယ်(:P)။ ဒီနေ့အစ်မတယောက်အိမ်သွားပြီး သူ့အလုပ်တွေ သွားကူပေးနေတာနဲ့ အိမ်ပြန်နောက်ကျသွားတယ်။ သောကြာဆို ကန်ဒီအလုပ်မရှိဘူးလေ။ အစကတော့ အိမ်မှာနားပြီး စာရေးမယ်ပေါ့။ နောက်တော့ သူ့ကိစ္စပေါ်လာတာနဲ့ အပြင်သွားလိုက်ရတယ်။ သွားမယ့်သွားတော့လည်း တနေကုန်ပဲ။ မနက်တည်းက စာထိုင်ရိုက်ပေးနေတာ... ခုမျက်လုံးတွေတောင် ညောင်းနေတယ်။ ပြန်ခါနီးတော့ အစ်မက မုန့်ဖိုးပေးလိုက်တယ် ဟီးဟီး $_$

ပထမတော့ ဒီနေ့လျှောက်လည်တဲ့ပိုစ့်ရဲ့အဆက်ကို တင်မလို့။ ဗွီဒီယို Edit လုပ်နေတာ မပြီးသေးတာနဲ့ မတင်ဖြစ်သေးတာ။ "လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်"တဲ့... ဟဲဟဲ ကန်ဒီ့ပိုစ့်ထဲမှာ ဗွီဒီယိုပါတခါတည်းထည့်ချင်လို့ အဲ့ပိုစ့်တွေကို နည်းနည်းနောက်ရွေ့ထားတယ်။

Facebookမှာ တက်ခ်(TAG)အလုပ်ခံရတဲ့ ဒုက္ခကလည်း မသေးဘူး။ တခါတလေ စိတ်အနှောင့်အယှက် တော်တော်ပေးတယ်။ ကိုယ့်ကို လူ ၄၀၊ ၅၀ လောက်နဲ့ ပူးတွဲတက်ခ်ထားမှတော့ သွားပြီပေါ့။ တက်လိုက်တဲ့ Notification တွေ။ ကြည့်လိုက်တော့လည်း ကိုယ်သိတဲ့လူတွေ မဟုတ်ဘူး။ သူတို့ Like လုပ်တိုင်း Comment ပေးတိုင်း ကိုယ့်ဆီ Notification လာတက်နေတယ်။ နောက်ပြီး တက်ခ်လုပ်တဲ့သူက တခါတည်း တက်ခ်တာလားဆိုတော့လည်း မဟုတ်ဘူး။ တနေ့သုံးလေးပုံကို နေ့တိုင်း လူ၄၀ကျော်လောက်နဲ့ တက်ခ်နေတယ်။ စဉ်းစားကြည့်ပါ။ ကန်ဒီပြောတာလွန်လား သူလုပ်တာလွန်လားဆိုတာ။ ခင်လို့ တက်ခ်တာမျိုးဆို ထားပါ။ ခုဟာက ခင်လို့တက်ခ်တာမျိုးနဲ့ မတူတော့ဘူး။ ကန်ဒီ့အသိတယောက်ဆို ကန်ဒီ့ဆီ Private Message တောင် ဒီလိုပို့လာတယ်...


အဆိုးဆုံးက အဲ့လိုအတက်ခ်ခံရရင် တချို့က ကန်ဒီအတက်ခ်ခံရမှန်းသိတယ်။ တချို့က မသိတော့ ကန်ဒီတင်တယ်ထင်ရော။ အဲ့တော့ မေးတာ မြန်းတာတွေကို ကန်ဒီ့မှာ လိုက်ရှင်းရသေးတယ်။ သြော်.. ဘွ ဘွ (ဘ၀ဟု ဖတ်ပါ)။ ခင်လို့ တက်ခ်တာမျိုးဆို လူ၁၀၀နဲ့ တက်ခ်လည်း လက်ခံတယ်။ ဥပမာ - တခါတလေ ဟင်းကောင်းကောင်းလေးချက်တော့ သူငယ်ချင်းတွေကို ကျွေးချင်လို့ တက်ခ်တာမျိုးပေါ့။ ခုဟာက ခုနက ကန်ဒီ့အသိပြောသလို Popularity အတွက်လား စဉ်းစားစရာဖြစ်လာတယ်။ ကန်ဒီ့အမြင်ကတော့ ကိုယ်တင်တဲ့ပိုစ့်ကို ကိုယ်ပြန်ရှယ်လို့ သူများ Like တာ ပျော်စရာမဟုတ်ဘူး။ ကိုယ့်ပိုစ့်ကို သူများရှယ်လို့ ကိုယ့်ဘလော့ဆီရောက်လာတာကမှ တကယ့်အောင်မြင်မှုခေါ်တယ်။ ဘလော့ဂါတယောက်နဲ့တယောက်အမြင်တွေကတော့ ကိုယ့်ဘလော့အပေါ်ထားတဲ့ ရည်မှန်းချက်နဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားကြမယ်ထင်တာပဲ။ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့မရပါဘူး(=.=')။ နောက်ဆုံး ကန်ဒီဘာလုပ်လိုက်ရလဲဆိုတော့ TAG တွေကို Review လုပ်ပြီးမှ Approve လုပ်ပါမယ်ဆိုပြီး Setting ပြောင်းလိုက်ရတယ် >.<

နောက်ဆုံး Status...

ဟိုတနေ့က Vivo City က အပြန် Bus ပေါ်မှာ စလုံးသားအမိနှစ်ယောက်တွေ့တယ်။ ကလေးလေးက  အလွန်ဆုံးရှိ ၄နှစ် ၅နှစ်ပေါ့။ ကြည့်ရတာ အမေက ကလေးကျောင်းကြိုပြီး ပြန်လာပုံရတယ်။ ကျောပိုးအိတ်ရော စာအုပ်တွေအပြည့်ထည့်ထားတဲ့ လက်ကိုင်အိတ်ကလေးရောကို ကလေးလေးက သူ့ဟာသူသယ်လာတယ်။ အမေလုပ်သူကို ကြည့်လိုက်တော့ သူလွတ်ထားတဲ့ ပိုက်ဆံအိတ်အပြင် တခြားဘာမှမရှိဘူး။ လက်ထဲက ဖုန်းကို ကလိနေတယ်။ ကလေးလေးဆွဲလာတဲ့ လက်ဆွဲအိတ်လေးက တော်တော်လေးမယ်။ သူ့မှာ မနိုင်မနင်းဖြစ်နေရှာတာ။ ကန်ဒီ့မျက်လုံးထဲမှာ တမျိုးကြီးဖြစ်နေတာပေါ့။ ဘာလို့ သူလက်အားနေရဲ့သားနဲ့ မဆွဲပေးလဲပေါ့။ ဘေးမှာထိုင်နေတဲ့ ကန်ဒီ့သူငယ်ချင်းနဲ့ ပြောမိတော့ သူက "ကလေးကို Train လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"တဲ့။ အဲ့လို တဖက်ကတွေးလိုက်တော့လည်း ဟုတ်သလိုလို။ ဒီက ကလေးတွေက အရွယ်နဲ့မလိုက်အောင် အရမ်း Independent ဖြစ်တယ်။ ကလေးလေးကိုကြည့်ရတာလည်း သူ့ဟာသူသာ မနိုင်မနင်းဖြစ်နေတာ အမေကို တချက်ဆွဲပေးပါ မပြောဘူး။ 

အဲ့ဒါလေးမြင်တော့ ကန်ဒီတို့ မြန်မာပြည်က ကလေးတွေကို သတိရတယ်။ ကန်ဒီတို့ သူငယ်တန်းလောက်ကပေါ့... မှတ်မိသေးတယ်။ ကလေးမိဘတွေက ကျောင်းဝအထိ သူတို့ကလေးတွေရဲ့ လွယ်အိတ်၊ ခြင်းတောင်းတွေ ကိုင်ပေးပြီး ပို့တယ်။ အဲ့ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။ ကန်ဒီတို့ကျောင်းမှာ အိတ်တွေခြင်းတွေဆွဲပေးတဲ့ စလိုဂျာကြီးရှိတယ်။ သူ့ကို ဘာလို့ အဲ့လိုခေါ်လဲတော့ ကန်ဒီလည်း မသိဘူး။ သူက ကုလားမကြီးဆိုတော့ သူ့နာမည်နေမှာပေါ့။ မိဘတွေက ကျောင်းဝရောက်ရင် ကလေးရဲ့ အိတ်တွေခြင်းတွေကို စလိုဂျာကြီးဆီပေးလိုက်တယ်။ အဲ့ကနေ စလိုဂျာကြီးက ကျောင်းခန်းထဲထိလိုက်ပို့ပေးတာ။ အပြန်ဆိုလည်း အဲ့လိုပဲ။ ကဲ... မြန်မာပြည်က မိဘတွေ ဘယ်လောက်ပိုလဲဆို အဲ့ဒါသာကြည့်။ ကန်ဒီငယ်ငယ်ကတော့ ကိုယ့်အိတ်ကိုယ်သယ်တာပါနော်။ တခါ ကျောင်းဆင်းတော့ ကျောင်းခန်းထဲမှာတောင် လွယ်အိတ်ကျန်ခဲ့သေးတယ် ဟဟဟ (:P)။ အတန်းပိုင်ဆရာမက ကန်ဒီ့အိတ်ကို သယ်လာပေးရတယ် :D :P

ကန်ဒီနားလည်ပေးလို့မရတဲ့ အချက်ထဲမှာ ကတိမတည်တာလည်း ပါတယ်။ "မင်းမှာ သစ္စာ၊ လူမှာ ကတိ" တဲ့။ ကန်ဒီဘယ်သူ့ကိုမှ ကတိလွယ်လွယ်မပေးဘူး။ ဘယ်သူဆီကမှလည်း ကတိမတောင်းဖူးဘူး။ ဒါပေမယ့်ကန်ဒီ့ကိုတော့ ကတိတွေ လာလာပေးကြတယ်။ ပြီးရင် မလုပ်ဘူး။ အဲ့ဒါ ဘာသဘောလဲ?? ကန်ဒီ့စိတ်ကို လာဆွတာလား?? ကန်ဒီလည်း အတင်းအကျပ်မတောင်းဘဲ ဘာကိစ္စကတိလာပေးတာလဲ။ သူတို့က ကတိပေးတယ်ဆိုမှတော့ အဲ့ကိစ္စအပေါ် ယုံကြည်ပြီပေါ့ စိတ်ချပြီပေါ့ မျှော်လင့်ပြီပေါ့။ ပြီးတော့ သူတို့က Follow မလုပ်ဘူး။ အဲ့လိုဖြစ်တာလောက် ဒေါပွတာ မရှိဘူး ဟွင်းးးး (>.<)။ ကိုယ့်ဘက်က မသေချာရင်လည်း ကတိမပေးနဲ့ပေါ့။ လွယ်လွယ်လေးကို =.='

Good Night...
Zzzzzz -.-

18 comments:

ချမ်းမင်းကို(ပဥာက်) said...

အေး..အဒီဒုက္ခ အကိုလည်းလူးလိမ့်ခံနေရပါတယ်..ဒီညတော့ အကိုပါ မထူးဘူးဆိုပြီး..သူတို့တင်တာအကုန် လိုပေါတ်ကရပြောပစ်တယ်....ပြောလို့လည်းမရဘူး..အော် ဒုက္ခ

မေမြို့မိုး said...

အိ.။ ပစ္စည်းမေ့တာကတော့ ခနခနပဲဗျာ.။

မြတ်ကြည် said...

ငါ့သူငယ်ချင်း ပေါက်ကွဲနေသည်။ :P :P

မောင်(စွယ်စုံကျမ်း) said...

အဟက်..အဟက်.....ဖွားလေးက စိတ်ပေါက်မှ လိပ်လောက်ပြေးတာ...ဘူမှကြောက်မှာဟုတ်ဘူး..ခွိခွိ

8Yar said...

ဒူရဲတွ Candy ကို ကလိထိုးတာ အဲ... ကတိပေးတာ.... :P Candy အတင်းအကျပ်မတောင်းလဲ တို့ကပေးရမှာပဲ အကြွေးပြောပါတယ်။ ဟီး... :P အမြင်လေးတွေကောင်းတယ် Candy ရေ.....

khin oo may said...

15 Sep 12, 09:14 AM
kom: tag ကတော့ အစ်မလဲများရင်သိတ်မကြိုက်ဘူး အထူးသဖြင့်မခင်တဲ့သူတွေ ပေါ့ ကန်ဒီလို ဘဲ သူတို့အတွက် ကိုယ့်ကထ
15 Sep 12, 09:15 AM
kom: ဘလော့လိုေါ့ သိတ်တက် ချင်ရင် ကိုယ့်ဘာသာ ကိုယ်ရေးပေါ့နော် လာဖတ်မှာပေါ့ ကိုယ်ချစ်တဲိ့ကိုယခင်တဲ့သူကို အ
15 Sep 12, 09:15 AM
kom: မအားရင်မအားသလို။ အခုကတော့အတင်းကြီးဖတ်ကြပါဗျို့ ဆိုသလိုဘဲ ကိုယ်ဘဲ မဖတ်အားတာ ရှိတယ် မဖတ်ဘဲ Like တော့လ
15 Sep 12, 09:15 AM
kom: ဒီမှာခေါင်းစားနေရတဲ့အထဲ Like မလုပ်ရင်စိတ်ဆိုးမယ်ဆိုတော့ကေင်းလားမကောငုးလား ပြော.
15 Sep 12, 09:16 AM
kom: ရံဖန့ှ်ုရံခါကေောတှု့ပျော်စရာကောင်းပါတယ်။
15 Sep 12, 09:16 AM
kom: ကန်ဒီ tag လို့ကတော့ ဂုဏ်တောင်ယူနေဦးမှာ အဟဟိဟိ
15 Sep 12, 09:17 AM
kom: အစ်မက ဖုံးနဲ့သုံးတာဆိုတော့ပလဲ စပိုစိတ်ဆိုးတယ်။

Anonymous said...

tag တွေကို approve လုပ်ဘို့ မလုပ်ဘို့ setting မှာဘယ်လိုသွားပြောင်းရသလဲဟင် အမလည်း လုပ်ချင်တာ setting ရှာမတက်လို့ :P :P :P

khin oo may said...

နောက်လူ့သဘာဝအရ ကိုယ်က ထိပ်ဆုံးမှာ နေချင်တဲ့အငုံ့စိတ်ကလေးကရှိနေနယ် ကိုယ်ရေးထားတ သိတ်ကောင်းတယ်ထင်နေတယ် ကိုယ့်ရေးထားတကို ကိုယ့်ဘာသာကိုယ်ကြည့်ပြိးပီတိဖြစ်နေတယ်။ အဲဒီမှာ သူများ ရေးထားတာက လာပြီးတက်လိုက်ရင် ကိုယ်ရေးထားတာက ဆင်းသွာေးရော။ အဲသည်မှာ မကြိုက်သလိုဖြစ်တတတ်တယ် အစ်မ သဘောတရာေးပြာပြတာပါ။ ကန်ဒီက အရေးနဲတယ်ဆိုတော့ မြင်ချင်မှ မြင်မယ်။ အဲသလာက်တောင်စောက်မြင်ကပ်ကပ်ရင်လဲ မတက်ကြတော့ဘူးအေ ဆိုတော့လဲပျင်းတယ်။ လောကမှနဲနဲ မျှမျှ တတ နေထိုင်ကြရင် မဆိုးပါဘူး။ ဘလော့တစခုကိုနစ်ယောက်ရေးကြသလိုဘဲ ကိုယ်ကကိုယ်ရေးတာ ကိုယ်ကြည့်ပြီး ပီတိဖြစ်နေတုံသူက လာတွန်းချသွားရော သူရေးထားတာကိုလည်း ကိုယ်က သွားတွန်းချသလိုဖြစ်တယ် အဲသလို ဖြစ်တာမျိုးရှိတယ် လူပျိုကောင်လေးကို သွားတက် မိလို့စန်းစန်းတင့်ကမမ်းကတန်း သူ့ရည်းစားနာမည်ကို တလိုက်တဲ့အခါ အစ်မက ဘာဖြစ်သွားမလဲ သူ့ကိုဘဲ အတင်းကြံစည်နေသလို စိတ်ညစ်သွားတယ် အရှက်ရတာပေါ့။ ကိုယ်ကလဲသူ့ကို တစ်ယောက်ထဲtag မိတယ်လေ။ အဲဒိတော့သူနဲဘဲ ကိုယ်နဲ့ဘဲ ဘာလိုလိုလို့သူ့ရည်းစား ကိုထင်သွားမှာဘဲ ဆိုးသလာ အစ်မလို အိုကြီးအိုမ က များသသူ့ကို လာတက်ရသလားလို့အရှက်ရသလား အစ်မ တော့သူများကို အရမ်း tag ခဲတယ် အဲဒီ reason တွောပေါ့ သိတ် စီးရီးယပ် serious မဖြစ်ပါနဲ့လို့လူတွေ ကပျော်ရတယ် အင်းအင်းဆိုပေမဲ့လဲ ကိုယ်တွေ က စီးရီယ့ပ်ဖြစ်တာ့ရှက်တယ်။d

Candy said...

Privacy Setting ထဲက Timeline and Tagging မှာ ပြောင်းရတာ အမ... Edit Setting လုပ်ပြီး

(1)Review posts friends tag you in before they appear on your time
(2)Review tags friends add to your own posts on facebook

အဲ့နှစ်ခုကို On ထားလိုက်ရင် ရပြီအမ :D :D

ဆူဇီ said...

Title နဲ့တကယ်လိုက်
တကယ်စုံသည် :)

အိမ်မက်ကောင်းကင် said...

တစ်နေ့ကုန်စာရိုက်လို့ လက်ညောင်းသွားတယ်ဆိုတော့ စိတ်မကောင်းပါ မုန့်ဖိုးရတယ်ဆိုတော့ မုန့်ဝယ်ကျွေးတော့မည် ထင် ၍ ပျော်မိဧ။် :P

Nandar said...

အဲ့ အခုမှ သတိထားမိတယ် ဘယ်သူမှလဲ နန္ဒာ့ကို မတဂ်ကျဖူးဘူး။ တစ်ယောက်မှမသိလို့နေမှာပေါ့ အဟင့်...

အလွမ်းမြို့ said...

ကန်ဒီလေးရေ.
မကြီးလွမ်းရောက်ခဲ့ပါတယ်။ အားပေးသွားတယ်။
အစုံ..အားလုံးကိုပေါ့။။
မကြီးလည်း သီချင်းဘလော့ ပျက်နေလို့
အလုပ်တွေရှုပ် နေပါ၏
ကန်ဒီလေး နေကောင်းကျန်းမာပါစေ
ရုပ်သံဖိုင်လေးကိုမျှော်နေပါမည်


ခင်တဲ့
မကြီးလွမ်း

ညိမ်းနိုင် said...

တစ်နေ့က ၇နှစ်သာသာကလေးလေးတစ်ယောက်တည်း
မီးပွိုင့်ကနေ လမ်းဖြတ်ကူးတယ်...၊မီးစိမ်းမှ လက်ကလေး
ထောင်ပီး သုတ်သုတ်သုတ်သုတ်နဲ့ကူးသွားတာ...၊ချစ်
စရာလေး...ဝတုတ်လေး....၊ကိုယ်က သူ့ကြည့်ပြီးစိတ်
တွေပူလို့....၊ပြောချင်တာက ကလေးတွေကို ဒီမှာက
သေချာသင်ပေးပြီး လွှတ်လိုက်တာပဲ....၊ဒီမှာက စနစ်
ကျတယ်၊ဆေ့ဖြစ်တယ်၊မြန်မာပြည်နဲ့တော့ နှိုင်းလို့က
မဖြစ်သေးဘူးဟ...၊မြန်မာပြည်မှာဆို ကလေးကို လမ်း
ဖြတ်ကူးတတ်အောင်ဘယ်လိုသင်မလဲ...၊လူကူးမျဉ်းကျား
က ကူးဖို့သင်ပေးရင်လည်း ဘယ်မလဲမျဉ်ကျား၊မျဉ်းကျား
ရှိသည့်တိုင် ဘယ်ကားက ရပ်ပေးလို့လဲ...၊ဘယ်မလဲလူကူး
မီးပွိုင့်....။ဟူးးးးးလွယ်သေးပါဘူးဟာ....

Khin said...

ဟုတ်တယ် ကန်ဒီရေ။ အနောက်နိုင်ငံတွေမှာလဲ ကလေး တနှစ်ခွဲ ၂ နှစ်လောက်ဆို ခရီးသွားရင် ကိုယ့်အထုပ် ကိုယ်ဆွဲနေကျပြီ။ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် သင်ပေးနေပြီလေ။ အနောက်နိုင်ငံတွေမှာ (၁၀)နှစ်ကျော်နေလာပြီး ဘန်ကောက်စရောက်ရောက်ချင်း နေတောင်မနေတတ်ဘူး။ အထုပ်အပိုးတောင် အခန်းထဲလိုက်ထည့်ပေးတာတို့။ ဖိနပ်ရွေးရင် ကိုယ်တိုင်စွပ်စရာမလိုအောင် လာဝတ်ပေးတာတို့။ လူတောင်အကျင့်ပျက်သွားတယ်။ ဒီဘက်ပြန်ရောက်တော့လဲ ထုံးစံအတိုင်း ကိုယ့်ဘာကိုယ်ပြန်လုပ်နေရပြန်ပြီ။

မြတ်နိုးသူ said...

"မင်းမှာ သစ္စာ၊ လူမှာ ကတိ"
ကတိပေးပီးရင်တာဝန်တော့ကျေသင့်တာပေါ့နော
အားပေးသွားပါတယ်အမ

လရိပ်အိမ် said...

အဲဒါ တက်ခ်(TAG) နေတာဟုတ်ဘူး။ သတ်နေတာ။
ရီချင်တယ်။ ကျောင်းပြန်တာ လွယ်အိတ်ကျန်ခဲ့တယ်ဆိုလို့။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဒီကလေးမပို့စ်အသစ်တက်တာ နာ့ဘလော့မှာမပြပါလား လင့်ပြန်ချိတ်အုံးမှ
ကနေ့ရောက်လာတော့ ဖဘမှာစက်တင်ချိန်နည်းလေးသိပြီ ကျေးဇူးဗျာ ကျေးဇူး

အနောက်ဘက်ကကလေး ကိုယ့်ရှေ့လဲကျတာ ပြေးထူမိတယ်ကွယ် အဖေနဲ့အမေက ထိုင်ခုံလေးပေါ်ထိုင်ပြီး နိုးနိုး တဲ့ အဲအခါ မောင်ဘကြိုင်ရှက်သွားတယ် ဒါပေမယ့် မမှတ်သေးဖူးဗျာ့ အာရပ်မိသားစုထဲက ဘုစုခရုလေး လဲကျတာကို သွားထူမိပြန်ရော မှတ်ကလား အာရပ်ဘိုးကြီးက အွမ့်အွမ်းအအားအား အော်မှလန့်ထှာ နောက်ဘူ့ကလေးမှ ထူဝူးး အလေ့ကျင့်ထရိန်းတာပေါ့နော်
ဂျပန်ကျောင်းသားလေးတွေ တကယ့်ငယ်ငယ်လေး ကျောပိုးအိတ်ကိုယ်စီ ရေဗူးကိုယ်စီနဲ့ မြေပုံလေးတွေကိုင်ပြီး လေးယောက်တွဲ လေးယောက်တွဲစီ ပန်းခြံကြီးထဲ သူတို့ဆရာရှာခိုင်းတဲ့ အမှတ်သားတွေရှာကြတာ မြင်ပြီး သူတို့ရဲ့ ထရိန်းချက်တွေကို အားကျထှာာာာာ



ချင်းတွင်းမောင်ဘကြိုင်