Tuesday, September 18, 2012

တိမ်ပေါ်လမ်းလျှောက်ခြင်း

မျှော်ရလွန်းလို့ သစ်ကုလားအုပ်ဖြစ်နေပြီလား??? (မျှော်မျှော် မမျှော်မျှော် မျှော်တယ်လို့ ယူဆထားသည် :P) အဲ့နေ့က ကန်ဒီ့သူငယ်ချင်းနဲ့သွားခဲ့တဲ့နေရာက "Gardens by the Bay" ကန်ဒီဟိုတခေါက်ကသွားပြီး အထဲမ၀င်ခဲ့ရလို့ အခဲမကြေနဲ့ ပြန်လာခဲ့ရတဲ့နေရာပေါ့။ ဒီတခေါက်တော့ သူနဲ့အထဲထိရောက်ခဲ့တယ်။ လက်မှတ်က နှစ်နေရာ (Cloud Forest & Flower Dome) အတွက်ကို S$ 28... ကန်ဒီကတော့ တန်တယ်ထင်တာပဲ။ ကန်ဒီတို့ရောက်တော့ ညနေ ၃နာရီလောက်....


Cloud Forest ထဲဝင်လိုက်တယ်ဆိုရင်ပဲ ရေတံခွန်အမြင့်ကြီးကို ပထမဆုံးတွေ့လိုက်တော့ အရမ်းပျော်သွားတယ်။ အဲ့ရေတံခွန်ကြီးထဲမှာ အထပ်တွေအများကြီးရှိတယ်။ အပေါ်ဆုံးထပ်မှာက တိမ်တွေနဲ့ ပန်းဥယျာဉ်ကြီး... အရမ်းလှတာပဲ။ အိမ်မက်ကမ္ဘာတခုထဲ ရောက်သွားသလိုကို ခံစားရတာ....

 တိမ်မှုန်တိမ်စတွေနဲ့...

 ဥယျာဉ်ထဲက ရေကန်ကြီး....

 အရောင်တွေက စိုနေတာပဲ...

 အပြိုင်ပြူးသည် O_O

 ဒါက နောက်တထပ် Crystal Mountain မှာ...



 Secret Garden ထဲမှာ...



Cloud Forest ထဲက ထွက်ပြီး Flower Dome ထဲဝင်တော့  ၅နာရီကျော်ကျော်လောက်ရှိနေပြီ။ ကန်ဒီတို့ ဓာတ်ပုံရိုက်ကောင်းနေတုန်း Fire Alarm က မြည်ပါလေရော။ အဲ့လိုမြည်လို့ လန့်သွားတယ် ထင်ပါသလား?? လန့်ဖို့နေနေသာသာ နှစ်ယောက်သား ဓာတ်ပုံအသည်းအသန်ရိုက်နေတာ Fire Alarm မြည်သံကို Fire Alarm လို့ကို မထင်မိဘူး ဟဟဟ (xD)။ ဓာတ်ပုံရိုက်လို့ဝသွားမှ သူတို့ နောက်ဆက်တွဲ Announce လုပ်တဲ့ "May I have your Attention please.. May I have your Attention please..." ဆိုတဲ့အသံကို စသတိထားမိတယ်။ အဲ့အချိန်ကျမှ နှစ်ယောက်သားဘယ်ပြေးရင် ကောင်းမလဲပေါ့။ ကန်ဒီ့သူငယ်ချင်းက ဥာဏ်ကြီးရှင်။ Emergency Exit နားမှာ သွားရပ်မယ်ဆိုပြီး အဲ့နားသွားပါလေရော။ အဲ့နားရောက်တော့ သူက "တခုခုဆို ဒီနေရာက ဖွင့်ပေးမှာ"ဆိုပဲ။ ကန်ဒီတို့နှစ်ယောက် အဲ့နားမှာရပ်စောင့်နေကြတယ် (ပေါတောတော ကြောင်တောင်တောင်လုပ်ပုံပြောပါတယ်)။ တခြားသူတွေကို ကြည့်လိုက်တော့ အိနြေ္ဒတောင်မပျက်ဘူး။ သူတို့လည်း ကန်ဒီတို့လိုပဲနေမှာပေါ့... ပန်းတွေကြားမှာ ဓာတ်ပုံရိုက်ကောင်းနေတာနဲ့ ဟိုကကြေငြာတာကို မကြားကြဘူး ထင်ပါတယ်။ ဘယ်သူမှလည်း ရုတ်ရုတ် ရုတ်ရုတ် မဖြစ်ကြဘူး။ ကန်ဒီတို့ကလည်း ကန်ဒီတို့ပဲ... တကယ်တမ်းထွက်ချင်ရင် ရိုးရိုး Exit ကလည်း ထွက်လို့ရနေတာကို ဘာကိစ္စအဲ့နားသွားရပ်နေမှန်း မသိဘူး(=.=')။ တော်သေးတာပေါ့... အမှန်က ဘာမှမဖြစ်ဘူး။ တယောက်ယောက် လက်ဆော့တာနေမှာ။ နောက်ဆုံး ရိုးရိုး Exit ကပဲ ထွက်ပြီး ပြန်ခဲ့ကြတယ်လေ (:P xD)။ အရေးထဲ ကန်ဒီ့သူငယ်ချင်းဖုန်းက သူ့လက်ကလွတ်ကျပြီး နည်းနည်းကွဲသွားသေးတယ်။ သုံးလို့တော့ရသေးတယ်။ သိပ်မလှတော့ဘူးပေါ့ >.<



OK OK... ဗွီဒီယိုကြည့်လိုက်တော့နော်။ မမူးရင် ကြိုက်တာပြော ဟဟဟဟ... လမ်းလျှောက်ရင်းရိုက်တာဆိုတော့ လက်မငြိမ်တာလေး နည်းနည်းတော့ သည်းခံပေး (:P)။ အတတ်နိုင်ဆုံးတော့ အရမ်းလှုပ်နေတာတွေဖယ်ပြီး Edit လုပ်ပေးထားတယ်။ နောက်တချက်... ကန်ဒီ့ဘလော့ပဲ ဖတ်တဲ့သူတွေက ကန်ဒီစကားပြောပုံနဲ့ ကန်ဒီအပြင်မှာနေတဲ့ပုံစံ မြင်ဖူးမှာမဟုတ်ဘူးနော်။ မြင်ချင်လား?? မမြင်ချင်လည်း ဒီဗွီဒီယိုမှာ မြင်ရမယ်လို့ ကြိုတင်သတိပေးထားပါရစေ(:P)... အားလုံး စိတ်ပျက်မသွားစေဖို့ မျှော်လင့်ပါတယ် xD



ဘယ်လိုလဲ... ကင်မရာကြီးတကားကားနဲ့ ပေါက်တက်ကရပြောတတ်တဲ့ ကန်ဒီနဲ့လျှောက်လည်ဖို့ သတ္တိရှိလား?? ဟီးဟီး... ကန်ဒီ Comfortable ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့သွားမှသာ အဲ့လိုနေတာပါ။ မခင်သေးခင်ဆို ကန်ဒီက ရုပ်တည်ကြီးနဲ့ ကြောက်စရာကောင်းတယ်... တကယ်ပြောတာ :)

တော်တော်ရှည်သွားပြီ....
တာ့တာနော်^^

18 comments:

အလွမ်းမြို့ said...

ကန်ဒီလေးရေ။
မကြီးလွမ်းကတော့ ကန်ဒီလေးကိုချစ်တော့ ဓါတ်ပုံတင်
လည်းလာချောင်းခုလို ရုပ်သံလေးပါတော့ ပိုလို့တောင်
အပြေးလေးလာခဲ့ပါတယ်။ ကန်ဒီလေးက စကားပြော
တော့ပိုလို့တောင်ချစ်ဖို့ကောင်းသေး။ စလုံးရောက်ရင်
တော့ ကန်ဒီကိုလိုက်ပို့ခိုင်းရမယ်ခုလိုနေရာမျိုးတွေ။
သူငယ်ချင်းနဲ့ပျော်ရွှင်နေတာမြင်ရတော့ဝမ်းသာမိတယ်။

ခင်တဲ့
မကြီးလွမ်း

ဘုန်း၂တောက် said...

ကန်ဒီရေ ၀တ်မှုန်ရွှေရည်နဲ့ ခင်လေးနွယ်တို့ စင်္ကာပူခရီးစဉ်ဗွီဒီယိုဖိုင်ကို ကြည့်နေရသလိုပါပဲ။ အဲဒီနေရာလေးကို ရောက်ဖူးချင်လိုက်တာ။

BabyAngle said...

လူတွေကလည်းချစ်စရာလေး... ပုံလေးတွေကလည်း ချစ်စရာလေ.. မြင်ရတာ အားလုံးစိတ်ချမ်းသာစရာလေးတွေပဲ..
ပုံတွေကော၊ စာတွေကော၊ video ကော တ၀ကြီးကြည့်သွား၊ ဖတ်သွားပါတယ်နော်...

မြတ်ကြည် said...

Cute.. both of you :)

ချစ်စံအိမ် said...

ပန်းရောလူရောလှတယ်ကွယ်..
အမလည်းတိမ်ပေါ်လမ်းလျှောက်ချင်တယ်..:)

ညီရဲ said...

အေးပါ ပျော်နေ ပျော်နေ... ဟုတ်လား...း)

လရိပ်အိမ် said...

ပန်းတွေနဲ့အပြိုင် ကန်ဒီကတော်တော်လှတယ်။
ရှုခင်းလဲလှတယ်။ ဗီဒီယိုဖိုင်လဲ အတော်ကြည့်လို့ကောင်းတယ်။

Anonymous said...

လှတယ်

အိမ်မက်ကောင်းကင် said...

အလည်လာရင်း ပုံတွေကို ငေးမောသွားပါတယ်
လှလိုက်တဲ့ရှုခင်းလေးတွေပါလား ဗီဒီယိုလေးက လိုင်းမကောင်းတော့ ကြည့်လိုက်ရဘူး အခုလို ပုံလှလှလေးတွေ မြင်တွေ့ခွင့်ရတဲ့ အတွက်ကျေးဇူးနော်
မမချိုချဉ်လေး ^_^

Arëãl Thû said...

♫♪တိမ်တွေနေတဲ့အရပ်ဆီကို နင်နဲ.ငါ၊လေတွေတိုက်တုန်းသွားမယ်ကွာ။ဖက်ထားပါ။♫:D
Singaporeကိုလာလည်ချင်လိုက်တာ။

ညိမ်းနိုင် said...

လာမယ့်တင်းဂွေ ဂယ်သွားမယ်.....

မြတ်နိုးသူ said...

အမရိုက်ထားတဲ့ပုံတွေအရမ်းမိုက်တယ်သိလား
ရှုခင်းတွေရောလူရောပဲဟဲဟဲပုံတွေလျောက်ကြည့်
သွားတယ်အမခင်တဲ့

နွေတေးရှင် (မင်းဧရာ) said...

အာပေတူး....

အဲသည့်နေရာကို ဦး၎ ကိုလမ်းညွှန်ထားပါ
နောက်ကြရင် လိုက်ပို့ခိုင်းမယ်။

မောင်(စွယ်စုံကျမ်း) said...

အမီးတက်နင်းမယ်နော်ဖွားလေး ခိခိ ဖလမ်းဖလမ်းလုပ်နေနဲ့ 

Anonymous said...

I want to change my Blogger/Blogspot background into a picture I want instead of the ugly plain ones that provide you with.. . I tried looking up on google how to change it but it only came up with how to change the background with the old Blogger. . . HELP!.

မိုးသူ(တောင်ကြီး) said...

ချိုချဉ်ရေ ပုံတွေအရမ်းမိုက်စ်တယ်ဗျာ

အဲလိုမျိုးလာလည်ချင်လိုက်တာ

Candy said...

@Anonymous ကိုယ်လိုချင်တဲ့ Background code ကိုရှာ.. ပြီးရင် Layout မှာ Add a Gadget လုပ်ပြီး HTML/Java Script ကိုရွေး... ပြီးရင် ကိုယ့် Background Code ကို Copy ထည့်လိုက်ရုံပဲ... အဲ့ဒါဆို ရပြီ :)

နောက်တနည်းက.. Template ကိုသွား ပြီးရင် Customize နှိပ်.. ပြီးရင် Background ဆိုတာကိုရွေး.. အဲ့မှာ ကိုယ်လိုချင်တဲ့ Background ကို upload လုပ်လိုက်နော်..

Good Luck :D
မရှင်းတာရှိ ပြန်မေးနော် :D

မေမြို့မိုး said...

အစ်မသူငယ်ချင်း အစ်မကို ရင်းရင်းနှီးနှီးမြင်ဖူးသလိုပဲ.။