Saturday, September 22, 2012

အချစ် ♥

 
OK... LOVE ♥

ဒီနေ့ ကန်ဒီတို့အချစ်အကြောင်း ပြောရအောင်။ "ဟိုက်ရှား... မပြောစဖူး မရေးစဖူးတွေပါလား O_o"လို့ တွေးနေကြတယ်မလား(xD)။ အဲ အဲ တခုတော့ ကြိုပြောထားမယ်နော်... "အချစ်♥"ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်အောင်တော့ ဒီပိုစ့်က စွဲမက်စရာကောင်းမှာမဟုတ်ဘူး။ ဒါ ကန်ဒီ့အတွေးသက်သက်မို့ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ် ^_^

အချစ်♥ အချစ်♥ အချစ်♥ OMG!! ဒီစကားလုံးက နေရာတိုင်းလိုလိုတွေ့ရတတ်တယ်နော်။ စာရေးဆရာ၊ ကဗျာဆရာတွေကလည်း အဓိပ္ပာယ်အမျိုးမျိုးနဲ့ စကားလုံးလှလှလေးတွေသုံးပြီး ဖွဲ့နွဲ့လိုက်ကြတာ။ အင်း... အဲ့လိုဖွဲ့နွဲ့ရလောက်အောင်လည်း သူက နားလည်ရခက်ပြီး ဆန်းကြယ်တာကိုး။ Hmmm... ဒါပေမယ့် စာတွေ ကဗျာတွေထဲက အချစ်ဆိုတဲ့အရာနဲ့ တကယ့်လက်တွေ့ဘ၀က အချစ်ဆိုတာနဲ့ ကိုက်ညီရဲ့လားဆိုတာတော့ စဉ်းစားစရာပဲ....

ကြားဖူးမှာပေါ့...
► သူမရှိရင် ကျွန်တော်သေရပါလိမ့်မယ်~~
► သူ့အတွက်ဆို ကျွန်တော့်အသက်တောင် ပေးရဲတယ်~~
► သူလိုချင်ရင်လေ ဖြစ်နိုင်ရင် မိုးပေါ်ကကြယ်တွေတောင် ဆွတ်ပေးချင်တဲ့သူပါ~~

ဒါတွေက စာတွေထဲမှာတင် တွေ့ရတာတော့ မဟုတ်ဘူးနော်။ တကယ့်လက်တွေ့မှာလည်း ပြောတတ်ကြတယ်။ ကန်ဒီသိချင်တာက အဲ့စကားတွေက တကယ်အမှန်ပဲလား?? OK ကန်ဒီတို့ အရိုးသားဆုံး ၀န်ခံကြည့်ရအောင်။ တကယ်တော့ လူဆိုတာ အလွန့် အလွန် အတ္တကြီးတဲ့သတ္တ၀ါပါ။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်ကြတာ လူ့သဘာဝပဲ။ အဲ့တော့ အဲ့ဒီစကားတွေက အမှန်ဖြစ်နိုင်လား??? ကိုယ့်အသက်တောင် ပေးရဲတယ်တဲ့။ မိုးပေါ်ကကြယ်တောင် ဆွတ်ပေးဦးမယ် ဆိုပဲ။ အဲ့လိုနည်းနဲ့ချစ်နိုင်တဲ့သူ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် အရမ်း အရမ်းရှားပါတယ်။ သေချာတာတော့ ကန်ဒီမပါဘူး။ ၉၀ရာခိုင်နှုန်းလောက်က တကယ်မလုပ်နိုင်ဘဲ အာချောင်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကန်ဒီ့ကို အဲ့လိုအပြောမျိုးနဲ့ ချဉ်းကပ်ကြည့်ပါလား... လုံးဝလုံးဝ မှားသွားမယ်။ အကြောင်းက ကန်ဒီအဲ့လိုစကားတွေကို မယုံရေးချ မယုံတတ်တဲ့အပြင် အဲ့လိုလာပြောတဲ့လူတွေကို အထင်မကြီးတတ်ဘူး။ ဖြစ်နိုင်ရင် လက်တွေ့ပြပါ။ စကားနဲ့ဆိုရင်တော့.... Sorry Man xP

"သူ့ကိုပဲ သက်ဆုံးတိုင် မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ ချစ်သွားမှာပါ" ဆိုတဲ့စကားလည်း ကြားဖူးမှာပေါ့။ အချစ်က မပြောင်းလဲနိုင်ဘူးတဲ့လား?? ကန်ဒီတို့နေနေတဲ့ ဘာဆိုဘာမှမသေချာတဲ့ လောကကြီးမှာ ကတိတွေ လွယ်လွယ်မပေးမိစေနဲ့နော်။ Never say "Never"... ကန်ဒီတို့ ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့အရာ တော်တော်များများဟာ တချိန်ချိန်မှာ လုပ်ဖြစ်သွားတတ်တယ်။ အများကြီးမပြောင်းလဲတောင် နည်းနည်းလေးတော့ ပြောင်းလဲတယ်။ ဒါအမှန်တရားပဲ။ ချစ်သူနဲ့ ချစ်စခင်စက ရင်ခုန်ခြင်းနဲ့ လေး ငါးနှစ်လောက်အကြာမှာ ဖြစ်ပေါ်လာတဲ့ ရင်ခုန်ခြင်းတူသေးလား?? တူတယ်လို့ မပြောနဲ့နော်။ အဲ့ဒါညာတာ။ ဒါလည်း ပြောင်းလဲခြင်းပဲပေါ့။ အဲ့လိုပြောလို့ "သစ္စာတွေ ချစ်တာတွေက တကယ်မဟုတ်ဘူးလား"လို့ မေးစရာရှိလာတယ်။ အဖြေကို ကန်ဒီတကယ်မသိဘူး။ သေချာတာတခုကတော့ အချစ်ဆိုတာ သိပ်ဆန်းကြယ်ပြီး ရှုပ်ထွေးတဲ့အရာပဲ။ အဲ... သစ္စာကိုတော့ တခါတလေ ဦးနှောက်က ထိန်းချုပ်တတ်တယ်။

များသောအားဖြင့် ချစ်သူသက်တမ်း/အိမ်ထောင်သက်တမ်းကြာလာတဲ့အခါမှာ အချစ်ဆိုတာနဲ့အတူ သံယောဇဉ်ဆိုတာပါ တွဲပါလာတယ်လေ။ သံယောဇဉ်ဆိုတာ အချစ်ထက်မြဲတယ်။ အဲ့ဒါကို ယုံလား?? နောက်ပိုင်းမှာ အဲ့ဒီသံယောဇဉ်ဆိုတဲ့အရာကပဲ အဓိကဦးဆောင်သွားတတ်တာ။ စဉ်းစားကြည့်ပါလား... ရုတ်တရက် ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတယောက် ပေါ်လာတယ်ဆိုပါစို့။ ကိုယ့်မှာ ချစ်သူ(သို့)မိန်းမ/ယောက်ျားလည်းရှိနေတယ်။ အဲ့ဒီတစုံတယောက်ကလည်း ကိုယ့်အပေါ် အရမ်းဂရုစိုက်ပြီး နားလည်မှုပေးတယ်။  ဘယ်သူက မသာယာဘဲ နေမှာလဲ??? ခုနကပြောခဲ့သလို လူဆိုတာ အကောင်းကြိုက်ပြီး အတ္တကြီးတဲ့ သတ္တ၀ါမျိုးလေ။ အဲ့လိုအခြေအနေမျိုးတွေမှာ နောက်ဆုံးဦးနှောက်ဆိုတာကပဲ "သစ္စာ"နဲ့"သိက္ခာ"ဆိုတာကြီးကို အသက်သွင်းပြီး ကိုယ့်ကိုကိုယ် Remind လုပ်ကြရတာမလား?? Humm... ဒီလိုတွေတွေးမယ်ဆို ကန်ဒီတို့ပိုင်ဆိုင်တဲ့ အချစ်တွေက အများကြီးလား???

အဲ့ဒါကြောင့် ကန်ဒီပြောတာပေါ့။ အချစ်ဆိုတဲ့အရာက ရှုပ်ထွေးပါတယ်လို့... တခါတလေ အချစ်နဲ့ပက်သက်ပြီး ဖွဲ့နွဲ့ထားတဲ့စာလေးတွေဖတ်ရင်း စဉ်းစားမိတယ်။ ဒါ တကယ်ပဲ အပြင်မှာ ဖြစ်နိုင်လားဆိုတာမျိုးပေါ့။ ရုပ်ရှင်တွေကြည့်တဲ့အခါမှာလည်း အဲ့တိုင်းပဲ။ အရမ်းချစ်ပြနေတဲ့ဇာတ်လမ်းမျိုးထက် အပြင်မှာဖြစ်နိုင်ပြီး သဘာဝကျတဲ့ဇာတ်ကားမျိုးကို ပိုသဘောကျတယ်။ Eekkk... နိဂုံးမချုပ်တတ်တော့ဘူး >.< (The End)

လတ်တလောတွေးမိတာလေးပါ^^
I LoVe YoU All ♥

26 comments:

မောင်(စွယ်စုံကျမ်း) said...

အောင်မလေး Rappp ..yeah..oh.. ဟစ်ဟော့သီချင်းလားလို့ ..နောက်ဆုံးမှသိရတယ်..ဖွားလေးရယ်..အဘတို့ ကအသက်ကြီးပီကွဲ့ 

မေမြို့မိုး said...

တားပြောသားပဲ..
မောင်မရှိရင် ကျွန်မတော့ သေမှာပဲဆိုသူတို့. လမ်းခွဲပြီး တစ်လခန့်အကြာ ပိုမို၍ ကျန်းမာဝဖြိုးလာသောအခါ........ လို့..။ ဟိဟိ

Anonymous said...

ကန်ဒီပြောတာ..အမှန်ပါပဲ...ဘယ်လိုအကောင်းဆုံးနေထိုင်သွားရင်..ကောင်းမလဲဟင်..(သံသယတွေ..မများတော့ပဲ)..ကိုယ့်ကို.တကယ်ရောချစ်သေးရဲ့လား?...တခြားသူတွေအပေါ်သာယာနေလား...သစ္စာရှိပါ့မလား...စသည်ဖြင့်ပေါ့လေ.....:(

လွင်ပြင်လှိုင်းငယ် said...

အင်း အချစ် အချစ် နားလည်ရခက်ပါလားနော်

8Yar said...

အဟင့် :( ချာလုပ်ခံရပီ။ ဖတ်မိတာ နာ့အမှား... ဟီး :P စတာ... ခံယူချက်လေးကောင်းတယ်။ ဒီအတိုင်းဆက်သွား မကြာခင်ရောက်လိမ့်မယ်.....xxxx ပန်းတိုင်ကိုပြောပါတယ်။.. :D (မရောက်တာကြာလို့ လာနှောက်ရှက်သွားသည်။ :P)

မိုးငွေ့........ said...

ဟုတ်ပါ့ အန်တီကန်ဒီ...ကိုယ်ကိုယ်တိုင် အချစ်စိတ်ကူးယဉ်စာတွေရေးသူမို့ အသိဆုံး တကယ်တမ်းကျတော့ လူတစ်ယောက်မှာ အချစ်တစ်ခုထဲမှမဟုတ်ဘဲ...း)

လရိပ်အိမ် said...

ချစ်ဖူးတယ်။ (သီချင်းတော့ဟုတ်ဘူး)
အပြင်မှာတော့ ရည်းစားတစ်ယောက်မှမထားဖူးဘူး။
လှေနံ၂ဖက်နင်းတဲ့ ယောက်ကျားလေးနဲ့တော့ တွေ့ဖူးတယ်။ စိတ်နာတယ်။ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ သူနဲ့ကြိုက်တာ။ လောကမှာ ပိုက်ဆံအရေးကြီးဆုံး။ ကိုယ်က မချမ်းသာဘူး။ ကိုယ့်သူငယ်ချင်းက အရမ်းချမ်းသာတယ်။ ဒါပါဘဲ။း(
အွန်လိုင်းမှာတော့ ၁၀၀ဖက်လောက်နင်းတဲ့သူနဲ့ တွေ့ဖူးတယ်။

နေမကောင်းဘူး။ မလာဖြစ်ရင် ခွင့်လွှတ်။ ပြောတာပါဘဲ။ အွန်လိုင်းမတက်ရင် မနေနိုင်ဘူး။းP

အိမ်မက်ကောင်းကင် said...

တယ် မှန်တဲ့ စာသားလေးတွေပါလား
အချိန် နဲ့ အလိုက်တော့ အရာရာပြောင်းလဲသွားကြစမြဲပါ
အရေးအသားတွေကောင်းတယ်နော် မမချိုချဉ်
နောက်လည်းများများရေးနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

Anonymous said...

ချိုချဉ်လေးရေ ဟုတ်တယ်ဟ။ ကတိဆိုတာ လွယ်လွယ်နဲ့ပေးကောင်းတဲ့အရာတော့ မဟုတ်ဘူးလို့ ယူဆမိတယ်။ သိလား။

ကန်ဒီ့အမြင်၊ ကန်ဒီ့အယူအဆ၊ ကန်ဒီ့အတွေးအခေါ်လေးတွေနဲ့ ဖွင့်ဆိုသွားတဲ့ love ရဲ့အကြောင်းတွေကို သဘောကျတယ်။

ခင်မင်လျက်
ဘုန်းဘုန်းတောက်

မင်းဧရာ said...

ချစ်ဖူးတယ် အိုမလွယ်ဘူး ရူးနိုင်တယ်း)

အချစ်နဲ့ သံယောစဉ်က မတူးဘူးကွယ့် ကလေးတို့ရဲ့း)
သံယောစဉ်ကြောင့် ဖြစ်တဲ့အချစ်က သိပ်ကိုခိုင်မြဲတယ်
ပြောင်းလွဲမှု့လည်း မရှိသလောက်ဘဲ

အချစ်ကနေတော့ သံယောစဉ်ဖြစ်ခဲတယ်
အိမ်ထောင်ကျပြီး ကလေးတွေက မှ တဆင့်ရတဲ့ သံယောစဉ် လောက်ပဲ ( ကလေးတို့ အမေပါလား )ဆိုတဲ့အသိပေါ့........း) ။

ဘာမှမဟုတ်ဘူး ကြုံတုန်း ဆာလုပ်ကြည့်တာပါ
ဝင်ပြီး ဆွေးနွေးနိုင်တဲ့ အဆင့်ထဲမှာ မပါသူ

(ဦးကျန်သကာ)

မြတ်နိုးသူ(MUFL) said...

သေချာတာတခုကတော့ အချစ်ဆိုတာ သိပ်ဆန်းကြယ်ပြီး ရှုပ်ထွေးတဲ့အရာပဲ။ အဲ... သစ္စာကိုတော့ တခါတလေ ဦးနှောက်က ထိန်းချုပ်တတ်တယ်အဲဒါသိပ်မှန်တယ်အမ
အချစ်ဆိုတဲ့အရာက ရှုပ်ထွေးပါတယ်
ညီမလေးအထင်ပြောတာနော်

ချစ်စံအိမ် said...

ဒါအချစ်လားကွယ်.. အပျိုကြီး ညည်းသံ..:P

ညိမ်းနိုင် said...

အံမာ...နာ့တူမတောင် အတော်ရင်ကျပ်အဲ..ရင့်ကျက်နေပီ
ပဲ...ဟ...။ဟုတ်တယ်....၁၆နှစ်သားလောက်တုန်းကတော့
အချစ်သည်သာကိုးကွယ်ရာပဲ....၊၂၀ကျော်လည်းကျရော
ကိုးကွယ်ရာတွေများလာလိုက်တာ.....၊ဟော....၃၀ကျော်
တော့ ကိုယ့်ဘာသာအကြောင်းသိသွားပြီး တစ်ယောက်မှ
ကိုမကျန်တော့ဘူး....:)

Sweety Snow said...

ဟုတ်တယ် အချစ်က အဓိပ္ပာယ်ဖွင့်ဖို့လဲ ခက်တယ်.. ရှုပ်ထွေးတယ်.. နားလည်ရခက်တယ် :D

မိုးသူ(တောင်ကြီး) said...

အမလေး ချိုချဉ်မရယ် အချစ်အကြောင်းပြောသွားတာ

ကြောက်ခမန်းလိလိပါလားကွယ်

လန့် တောင်လန့် တယ်

အင်း အပျိုကြီးမဖြစ်ပါစေနဲ့ လို့ ဆုတောင်းပေးပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

myo thant said...

ကိုအဆုံးသတ်ပေးမယ် အချစ်နဲ့ စပြီး သံယောဇဉ်နဲ့ဆုံးရင်တော့ မြဲမှာပေါ့ အချစ်ပြီးတော့အချစ်ဆိုရင်တော့ မြကာကြာခံမှာမဟုတ်ဘူး ဟိဟိ နောက်တာနော် သကြားလုံးလေး

myo thant said...

ကိုအဆုံးသတ်ပေးမယ် အချစ်နဲ့ စပြီး သံယောဇဉ်နဲ့ဆုံးရင်တော့ မြဲမှာပေါ့ အချစ်ပြီးတော့အချစ်ဆိုရင်တော့ မြကာကြာခံမှာမဟုတ်ဘူး ဟိဟိ နောက်တာနော် သကြားလုံးလေး

Candy said...

Wow wowww... Perfect Ending :D
Thanks for your comment :D

ညီရဲ said...

ငါ့ညီမ အချစ်အကြောင်း ပြောသွားတာလေးက တယ်ဟုတ်ပါလား... အမှန်တွေကို သုံးသပ်ပြသွားတာဘဲ... ငါ့ညီမ တော်တယ်...

blackroze said...

အင်းးးအချစ်ဆိုတာကလည်း

မချစ်ရင်မနေနိုင်တာကလွဲလို့ ...

royalkittylay said...

အင်း ဒီလိုဆိုတော့လည်း အချစ်ဆိုတာကြီးကို တည့်တည့်ပဲတိုးရမလား ဝေးဝေးကရှောင်ရမလား

esko said...

ချစ်စရာတွေကအများကြီးပါ။ ချစ်ကြည့်ပေါ့ ဒါပေမဲ့ ပိတ်စလေးတွေရွေးသလို မကြိုက်ပဲနဲ့တော့ ကပ်ကျေးနဲ့ မညှက်မိကြစေနဲ့ပေါ့ ။အချစ်ဆိုတာနားလည်ရခတ်ပါတယ် ဒါပေမဲ့ eskoအမြင်ကတော့ ရိုးနေမလားပဲ။ အချစ်မှာ အပေးနဲ့အယူ နှစ်ခုပဲရှိတယ်။ကို့အချစ်တွေပေးလိုက်မလား ကို့အချစ်အတွက် ယူထားရမလား .............

Anonymous said...

အချစ်ဟာ တကယ်ရှိပါတယ်
မရှိတော့တဲ့အချိန် မတိုင်ခင်အထိပေါ့ဂျာ။

Anonymous said...

ဝူး မောတယ်ဂျာ။

Candy said...

သိပ်သေချာတာပေါ့ :D

Anonymous said...

အစ်မညီမဒီလိုတစ်ခါမှမတွေးကြည့်ဖူး။ဒီလိုဆိုတော့လည်းအချစ်ကရှုပ်ထွေး ပြီးရင်မောစရာတစ်ခုပဲ