Saturday, September 1, 2012

Candy is soo soo Happy^^

ကန်ဒီ့အတွက် ပျော်စရာသတင်း နှစ်ခုရှိတယ်။ ပထမတစ်ခုအရင်ပြောမယ်နော်။ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ ကန်ဒီ့အချစ်ဆုံးသူငယ်ချင်း စင်္ကာပူကို လာလည်မယ်(:D :D :D)။ ကန်ဒီသူ့အကြောင်းပြောဖူးပါတယ်။ UK မှာ ကျောင်းတက်နေတယ်ဆိုတဲ့ တယောက်လေ။ သူကအခုလောလောဆယ်ရန်ကုန်မှာ... အဲ့ကနေ UK အပြန်မှာ စင်္ကာပူကို Transit နဲ့ ခဏ၀င်မှာ... ကန်ဒီနဲ့ ၅ ရက်လောက်နေမယ်(:D)။ သူနဲ့မတွေ့ရတာ ၂ နှစ်ကျော်ပြီ။ ခုပြန်တွေ့ရမယ်ဆိုတော့ အရမ်းပျော်တယ် (^_^)။ သူ့ကိုလိုက်ပို့ပေးမယ်ဆိုတာထက် သူနဲ့အတူ ကိုယ်ပါလိုက်လည်မှာ ဟိ(:P)။ ပျော်သာပျော်နေတာ ဘယ်သွားရင်ကောင်းမလဲတောင် ခုထိမစဉ်းစားရသေးဘူး။ အဲ့ရက်တွေ အလုပ်မသွားချင်လို့ ဒီရက်ပိုင်းအလုပ် ကြိုလုပ်ထားတယ်။ အဲ့လောက်ကို တက်ကြွနေတာ xD

နောက်ပျော်စရာတစ်ခုက ကန်ဒီ့ချစ်သူအတွက်ပါ။ ကန်ဒီသူ့အကြောင်းပြောခဲတယ်နော်။ သူက သီချင်းဆိုတာ ဂီတာတီးတာ အရမ်းဝါသနာပါတယ်။ သူ့အိမ်မက်က အဆိုတော်တယောက်ဖြစ်ဖို့။ ကန်ဒီက သူ့ကိုအပျော်တမ်းပဲ ဖြစ်စေချင်တယ်။ အဲ့ဘက်ကို သိပ်အာရုံမထားစေချင်ဘူး။ အဲ့ထက်ပိုအရေးကြီးတာတွေ ရှိသေးတယ်လေ။ သူလည်း အဲ့ဒါသိတော့ အဲ့လောက်ကြီးမလုပ်ဘူး။ ဖြစ်ချင်တော့ သူရေးထားတဲ့သီချင်းတပုဒ်ကို သူ့အသိတယောက်ကိုတီးပြမိတော့ ကြိုက်လို့ဆိုပြီး သူတို့လုပ်မယ့် LiveShow Album မှာ ဆိုပါလားပြောလာတယ်။ အဲ့ဒါနဲ့ သူဆိုဖြစ်သွားတယ်တဲ့။ ပျော်လိုက်တာ (:D :D :D)။ အဲ့ဒီ Album တကယ်ထွက်တာမထွက်တာ အသာထား သူဆိုလိုက်ရတယ် ဆိုတာနဲ့တင် ကန်ဒီကျေနပ်တယ်။ သူဘယ်လောက်ဝါသနာပါတယ်ဆိုတာ ကန်ဒီအသိဆုံးလေ။ ကန်ဒီ့ YouTube Channel မှာလည်း သူရေးတဲ့သီချင်းတွေ သူ့ကိုအတင်းဆိုခိုင်းပြီး တင်ထားတယ်(:P)။ အခု LiveShow မှာ ဆိုဖြစ်သွားတဲ့သီချင်းကလည်း အဲ့ထဲက တပုဒ်ပဲ.. သီချင်းနာမည်က "အချစ်တစ်ခု"။ ဆိုပုံလေးနည်းနည်းပြောင်းထားတယ်။ စာသားကတော့ ဒါနဲ့တူတူပဲ...



အဲ့သီချင်း LiveShow ကို ကန်ဒီကြည့်ချင်နေပြီ။ Mp3 တော့ သူပို့ပေးလို့ နားထောင်ပြီးပြီ။ ဗွီဒီယိုက Edit လုပ်နေတုန်းမို့မရသေးဘူးတဲ့။ သူနဲ့ပက်သက်ပြီး သိပ်မပြောလို့ ကန်ဒီ့ကို အေးစက်စက်နိုင်တယ် ထင်မှာပဲနော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေပေမယ့် တဖွဖွပြောမနေတတ်တာ ကန်ဒီ့အကျင့်။ နှစ်တွေလည်း ကြာလာပြီဆိုတော့ သူ့ကို ချစ်သူဆိုတာထက် မိသားစုဝင်တယောက်လိုမြင်တယ်။ 

လွန်ခဲ့တဲ့ ၄နှစ်လောက်ကပုံ... နှစ်ယောက်လုံး ကလေးရုပ်လေးတွေ xD

OK OK ပျော်တာတွေ ခဏထား.. တခြားဟာ ပြောမယ်။ "မ"သီချင်းများပိုစ့်ရဲ့ ကွန်မန့်တွေဖတ်တော့ တော်တော်များများက "တခုခုတော့ တခုခုပဲ"တဲ့။ ဟဟဟဟဟဟ... ဘာကိုဆိုလိုချင်ကြတာလဲဟင်(:P :P)။ No No No ဘာတခုမှ မဟုတ်ဘူး။ ကန်ဒီသည် ကိုယ့်ထက်ငယ်သောသူများကို စိတ်မ၀င်စားတတ်ပါ (xD)။ အဲ.. ဆိုရိုးတခုရှိတယ်နော် (မှားရင် ပြင်ပေးပါ).. "ထမင်းကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့"တဲ့ ** ပါးစပ်ပြန်ပိတ်လိုက်သည် =/ **

 

လကုန်ရက်မို့ ထမင်းလိုက်ကျွေးချင်လို့ပါတဲ့။ တခြားလူတွေကျမကျွေးဘဲ ကန်ဒီ့တယောက်ထဲ ကျွေးတယ်ဆိုတော့ ဘာသဘောလဲ?? ဟွင်းဟွင်း ဒင်းမရိုးသားဘူး။ မစားဘူးပြောတာလည်း မရဘူး။ ပိကျိပိကျိလုပ်နေတယ်။ အဲ့လိုလုပ်တာလောက် အမြင်ကတ်တာမရှိဘူး။ နားအေးရင် ပြီးရော လိုက်စားတယ်။ အမြင်ကတ်လာတော့ ကန်ဒီ့ခေါင်းမှာ ဂျိုထွက်လာတယ်(:P)။ သူထမင်းလိုက်ကျွေးတယ်ဆိုတဲ့အကြောင်းတခြားလူတွေသိအောင် ဖေ့ဘွတ်မှာ ကြေငြာမောင်းခတ်လိုက်ရင်ကောင်းမလား တွေးသေးတယ် ဟိ(:P)။ တကယ်မလုပ်ပါဘူး... တွေးကြည့်ရုံပါ။ နောက်တခါဆိုရင်တော့ အာမမခံဘူး xP

ညီမလေး ဆူဇီက ကန်ဒီဝယ်ဖူးတဲ့ Online Shopping Website တွေအကြောင်း ပိုစ့်တပုဒ်ရေးပေးပါတဲ့။ ကန်ဒီလည်း တခါတလေမှ ၀ယ်ဖြစ်တာဆိုတော့ ပိုစ့်တပုဒ်ရေးနိုင်လောက်အောင် စာမများဘူး။ ကန်ဒီဝယ်ဖူးတဲ့ Website တွေက...

(1) Tara-shop.com
(2) Vividoll.com
(3) Gmarket.com

Tara-shop က အရမ်းမစုံပေမယ့် Delivery မြန်တယ်။ နောက် Delivery Charge မယူဘူး။ စင်္ကာပူမှာ ရှာရခက်တဲ့ မိတ်ကပ် Brand တွေရှိတတ်တယ်။ ဈေးပေါတာကအစ ဈေးကြီးတာအဆုံးပေါ့။ အဲ့ဆိုဒ်က Dress ဒီဇိုင်းလေးတွေ တော်တော်လှတယ်။ ကန်ဒီက Dress မ၀တ်တတ်လို့သာ မ၀ယ်ဖြစ်တာ။ Vividoll ကတော့ အ၀တ်အစားအဓိကရောင်းတဲ့ ဆိုဒ်ပါ။ Delivery နည်းနည်းကြာတယ်။ Gmarket ကတော့ အားလုံးသိပြီးသားနေမှာပေါ့။ အဲ့ဆိုဒ်တွေက ၀င်ပြီးရင် ပြန်မထွက်ချင်ဘူး။ အဲ့ဒါကြောင့် သိပ်မ၀င်ချင်ဘူး ဟီး xD


အားလုံးသတိထားမိလားတော့ မသိဘူး။ ကန်ဒီ့Blogမှာ "Reactions" feature ထည့်ထားတယ်။ အဲ့ဒါမသိမှာစိုးလို့ ပြောပြတာ။ Connection မကောင်းလို့ ကွန်မန့်ပေးရခက်နေတဲ့လူတွေအတွက် အဆင်ပြေအောင်ပေါ့ (:D)။ အဟဲ "Dislike" Option တော့ မပါဘူး... မုန်းတဲ့လူတွေ အလွယ်တကူမုန်းလို့ရအောင် လုပ်ပေးစရာလားကွ (အဟတ် xD)။ ဘာ Option ထပ်ထည့်ရင် ကောင်းမလဲ မသိဘူး။ လောလောဆယ်တော့ လေးခုထည့်ထားတယ် ^_^

Have a Nice Weekend..
Good Night^^

26 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိခေါင်းက ဂျိုက အခုမှ ပေါက်လာတာ မဟုတ်လောက်ပါဘူး။ နဂိုကထဲက မြင်မိသလားလို့။း)))

December Mgmg said...

ဘာပဲဖြစ်ဖြစ် နံပါတ်နှစ်ချိတ်ပြီး မန့်သွားပါအိ :D

ဆူးသစ် said...

သီချင်းလေးကောင်းတယ်ညီမလေး။ အောင်မြင်ပါစေလို့ ညီမလေးချစ်သူကိုဆုတောင်းပေးပါတယ်။

အလွမ်းမြို့ said...

ညီမလေးကန်ဒီရေ။။

မကြီးတော့ ခါတိုင်းလာရင် တစ်ယောက်ပုံဘဲ ကြည့်ရတာ
ခုကတော့ ၂ယောက်ပုံလေးမြင်ရတော့ ပျော်သွားတယ်။
၂ယောက်လုံးက ချစ်စရာလေးတွေပါ။ ကန်ဒီချစ်သူလည်း
သူဝါသနာပါရာလမ်းကြောင်းမှာ အောင်မြင်မှု့တွေ ရရှိ
နိုင်ပါစေ။ သူငယ်ချင်းနဲ့လည်း ပျော်ရွှင်သောနေ့ကို ဖြတ်
သန်းပိုင်ဆိုင်နိုင်ပါစေ။

ခင်တဲ့
မကြီးလွမ်း

မေမြို့မိုး said...

အဲ့အခွေထွက်ရင် အားပေးဦးမယ်.။ ကိုဖြိုးမောင်ကြီးအသံတော်တော်ကောင်းတာပဲ.။ ဒါနားထောင်တော့.. အရင်က ဖလက်ရှ်ဆောင်းတစ်ခုမှာနားထောင်ဖူးတဲ့..
“ ဘ၀ါး ရဲ့ အတိတ်ဆိုးတွေက...x++xxx+x+ ” ဆိုတဲ့ ကလေးသံလေးကို သွားသတိရတယ်.။ ဟိဟိ.။

Evy said...

ပျော်စရာကြီးCandy ရေ။ Congratulations ပါနော်

mstint said...

ချိုချဉ်လေး စိတ်ညစ်တဲ့အကြောင်းတွေ ဖတ်ခဲ့စဉ်က စိတ်မကောင်းဖြစ်ခဲ့သလို အခုလို ပျော်နေတဲ့ အကြောင်းလေး ဖတ်ရပြန်တော့ စိတ်ကြည်နူးမိပါတယ်။
ချိုချဉ်လေးရဲ့အရိပ်လေး မျှော်မှန်းထားတဲ့ ရည်မှန်းချက်လေးအောင်မြင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

နောက်တစ်ခါ ထမင်းလိုက်ကျွေးသူရှိရင် ကန်ဒီ့ကိုထမင်း
ကျွေးချင်ရင် ကန်ဒီ့ဦးလေးတွေ၊အကို၊အမတွေကိုပါလိုက်
ကျွေးရမယ်ဆိုပြီး ပြောလိုက်ဟာ...၊ပြီးငါတို့ကို ဖုံးဆက်
ခေါ်လိုက်နော်....အားပေး ပေးမယ်...:P
ကဲ...ခုတော့ သီချင်းနားထောင်ကြည့်လိုက်ဦးမယ်...
အသံကောင်းရင် ဇီးသီးထုတ်ပေမယ်ပြောလိုက်ဟာ...:P

မင်းမုန်းတဲ့သူ said...

သီချင်းလေးကောင်းတယ်အမကန်ဒီ...
အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်..
ူlive show ထွက်လို့အဆင်ပြေမယ်ဆိုရင်လည်း တင်ပေးပါဦးဗျာ...

လွင်ပြင်လှိုင်းငယ် said...

သီချင်းရော အသံရောကောင်းတယ် အောင်မြင်မှာပါ ။

ကူးကူးလှိုင် said...

အပျော်တွေ ကူးစက်ခံစားသွားရပါတယ် ကန်ဒီရေ...

Anonymous said...

ငါ့အစ်မတို့တော့
တော်တော်ပျော်နေတယ်တယ်
so တောင်မှ soo ဖြစ်နေပုံထောက်ရင်
ဒါတောင် တစ်လုံးတည်း မဟုတ်ဘူး
soo soo ဆိုပြီး နှစ်လုံးတောင်ဗျ
ပျော်ရွှင်နေတာ တွေ့ရလို့
ပျော်ရွှင်မိပါတယ်
( အပျော်တွေ ကူးစက်လာတယ်ထင်ပါ့ )

နွေလ

လရိပ်အိမ် said...

ပျော်ရွှင်နေတယ်ဆိုလို့ ဝမ်းသာပါတယ်။
သီချင်းလဲ အားရပါးရနားထောင်သွားတယ်။
အသံအရမ်းကောင်းတယ်။
အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

Suzy said...

မမ site လေးတွေပြောပြတာကျေးဇူးပါ UK မှာ ဓာတ်ပုံလှလှလေးတွေ များကြီးရိုက်ခဲ့ပြီးပြနော် :))

Anonymous said...

သီချင်းလေးပေးနားထောင်လို့ ကျေးဇူးကန်ဒီရေ။
ကန်ဒီရောကန်ဒီ့ချစ်သူရောအောင်မြင်သူများဖြစ်ကြပါစေလို့ ဆုတောင်းသွားတယ်နော်။း)
အိုင်အိုရာ

မိုးသူ(တောင်ကြီး) said...

ပိကျိပိကျိ လုပ်တာမကြိုက်တဲ့သူကို

ပိကျိပိကျိ သွားလုပ်တာကို ဟားဟားဟား

အိမ်မက်ကောင်းကင် said...

မမချိုချဉ် ပျော်တယ်ဆိုလို့ ကျွန်တော်လည်း ပျော်ရွှင်မိပါတယ်
နှစ်ယောက်လုံး ကလည်း အသားဖြူဖြူလေးနဲ့ လိုက်ဖက်လှပါတယ် သီချင်းလေးကိုလည်းကြိုက်လို့ ဒေါင်းသွားပြီနော် နောက်လည်းသည်ထက်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်
ခင်တဲ့ (အိမ်မက်ကောင်းကင်)

့မြတ်နိုးသူ(MUFL) said...

နှစ်ယောက်သားလိုက်တယ်နော်
နေနဲ့လရွှေနဲ့မြပဲအမရေ
ခွေထွက်ရင်လည်းအားပေးမယ်နော်

မိုးဇက် said...

ဟုတ်ကဲ့ ကျွန်တော် အမြဲလာဖတ်ပေမယ့် မမန့်ဖြစ်တာ ခွင့်လွတ်တော်မူပါ မဘုရားတော် အခု မောင်တော် အသေအချာလာဖတ်ပီး မန့်သွားပါတယ် ၊ အမဘုရားရဲ့ ရွှေလက်တွဲဖော်က ခန့်လိုက်တာဗျာ ..... အားကျပါဘိကောင်း

ပုံ

မိုးဇက်

Sweety Snow said...

ချစ်သူက အသံလည်းကောင်းတယ် နှစ်ယောက်လုံး ချစ်စရာလေးတွေ လိုက်ဖက်တယ် <3

myo thant said...

ဝိုးးးးးးးးးးးးညီမလေးရဲ့ကောင်လေးကတကယ့်အဆိုကျော်ပါလား အစ်ကိုတောင်သီချင်းမဆိုရဲတော့ဘူး ပအို ဝ့်လေး

myo thant said...

ဝိုးးးးးးးးးးးးညီမလေးရဲ့ကောင်လေးကတကယ့်အဆိုကျော်ပါလား အစ်ကိုတောင်သီချင်းမဆိုရဲတော့ဘူး ပအို ဝ့်လေး

Candy said...

ဟဟဟဟဟ ပိုပြီ... အစ်ကို့လောက်တော့ မကောင်းပါဘူးနော် :D

စံပယ်ချို said...

ကန်ဒီလေးရဲ့ ပျော်စရာအကြောင်းလေးတွေ
ကူးစက်ခံစားလိုက်တယ်
ဒီနေ့မှ ဘလော့တွေလည်ဖြစ်လို့နော်
နောက်ဆိုရင်မျက်စိနောက်တော့မယ်လို့

စံပယ်ချို said...

ကန်ဒီလေးရဲ့ ပျော်စရာအကြောင်းလေးတွေ
ကူးစက်ခံစားလိုက်တယ်
ဒီနေ့မှ ဘလော့တွေလည်ဖြစ်လို့နော်
နောက်ဆိုရင်မျက်စိနောက်တော့မယ်လို့

san htun said...

ဂျိုပေါက်နေတော ဓာတ်ပုံလေးမှာ တွေ့ လိုက်တယ်..အသံလေးနဲ့ သီချင်းလေး နားထောင်ကောင်းတယ်...