Hello^^
** ည ၁၀နာရီ ကျော်ကျော်... အအေးတခွက်နဲ့ ကန်ဒီတယောက်စာရေးဖို့ ဟန်ပြင်နေလေသည်။ **
ခုလေးတင် ကျန်းမာရေးနဲ့လည်းညီညွှတ် အရသာလည်းရှိပြီး လတ်ဆတ်တဲ့ Fruit Smoothie လေး ဖျော်ထားတယ် (ကြော်ငြာတာနဲ့ တူနေပြီ :D)။ စာရေးရင်း ဇိမ်ခံသောက်မယ်ဆိုပါတော့... (တနည်းအားဖြင့် စာနဲ့စကားစများတော့မယ်ပေါ့ :P)
အရှုပ်တော်ပုံ နောက်ခံနဲ့...
Smoothie လုပ်တာလွယ်ပါတယ်.. ကိုယ်ထည့်ချင်တဲ့ လိုက်မယ်ထင်တဲ့အသီးတွေ Blender ထဲ ထည့်လိုက်ရုံပဲ ဟီးဟီး :D ကန်ဒီက စတော်ဘယ်ရီနဲ့ ငှက်ပျောသီး ထည့်မွှေထားတယ်။ Yogurt လည်းပါတာပေါ့... စတော်ဘယ်ရီက ချဉ်သေးတယ်ထင်ရင် နို့ဆီလေးနည်းနည်းထည့်... တကယ်တော့ နို့ဆီမထည့်ရင်တောင် သောက်လို့ကောင်းနေပြီ (ပြောရင်းဆိုရင်း တငုံသောက်လိုက်သည်)။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်လေ *ဂလု* :D
အလုပ်မှာ...
သောကြာနေ့ Public Holiday နဲ့ပေါင်းရင် သုံးရက်တောင် ပိတ်တယ်ဆိုတော့ ဘာတွေများလုပ်နေကြလဲ??? လျှောက်လည်နေကြလား?? တချို့တွေလည်း ခရီးထွက်ကြတယ်။ ကန်ဒီကတော့ ဒီနေ့ စနေနေ့ အိမ်မှာအနားယူနေတယ်။ မနေ့ကတော့ Joo Koon မှာလုပ်တဲ့ ပါချုပ်ဆရာတော်ရဲ့ တရားပွဲသွားတယ်။ လူတွေမှ အများကြီးပဲ။ သီတင်းကျွတ်လပြည့်နေ့ အဂါင်္နေ့ကျရင် အိမ်ကအန်တီက အဲ့ဒီဆရာတော်ကိုပဲ အရုဏ်ဆွမ်းသွားကပ်မယ်ပြောတယ်။ အလုပ်တော့ ရှိတယ်။ ဒါပေမယ့် အရုဏ်ဆွမ်းဆိုတော့ ကိစ္စမရှိပါဘူး... ကူပြီးမှ သွားလို့ရတယ်။
သီတင်းကျွတ်တောင် ရောက်ပြီနော်... သီတင်းကျွတ်အမှတ်တရလေးတွေ ပြောရင်ကောင်းမလား?? Humm.. တကယ်တမ်း စဉ်းစားကြည့်တော့ ကန်ဒီ့မှာ အမှတ်တရ သိပ်မရှိဘူး။ အမှတ်တရဆိုလို့... ဟိုးးးး ငယ်ငယ်လေးတုန်းက သီတင်းကျွတ်ဆို တစ်လမ်းဝင် တစ်လမ်းထွက် လှည့်ရောင်းတတ်တဲ့ အရုပ်လေးတွေအထဲမှာ ဖယောင်းတိုင်ထည့်ပြီး တွန်းရတဲ့ မီးပုံးလေးတွေ အရမ်းလိုချင်ခဲ့ဖူးတယ်။ ဒါပေမယ့် ပြောဖို့ကြောက်နေတာနဲ့ မရခဲ့ဘူး။ ကန်ဒီက ကိုယ်တခုခုလိုချင်တယ်ဆိုရင်တောင် "လိုချင်တယ်"လို့ ပူဆာဖို့ အရမ်းဝန်လေးတတ်တဲ့ ကလေးလေ။ အဲ့ဒါရောင်းတဲ့သူလာတိုင်း ၀ရံတာပြေးထွက်ပြီး သူ့ကိုလိုက်ကြည့်ရတာ အမော...
နောက်အမှတ်တရကတော့ သီတင်းကျွတ်ရောက်တိုင်း အိမ်ရှေ့ဝရံတာမှာ မီးပုံးလေးတွေ ချိတ်တာပေါ့။ ဒါက လူတိုင်းလုပ်တဲ့အရာပဲနော်... အမှတ်တရလို့ ပြောလို့မှမရတာ(>.<)။ နောက်မီးပုံးပျံလေးတွေ မီးရှူးမီးပန်းတွေ ကောင်းကင်မှာ မြင်ရင်ပျော်တယ်(^_^)။ ကိုယ်တိုင်တော့ သိပ်မလုပ်ဖြစ်ဘူး။ ကန်ဒီအရမ်းသဘောကျပြီး ဆော့လေ့ရှိတာက ကိုင်ထားရတဲ့ မီးပန်းလေးတွေ... အဲ့ဒါကို ဘယ်လိုခေါ်တယ် မသိဘူး။ အသံလည်း မမြည်ဘူး.. ကောင်းကင်ပေါ်တက်သွားတာလည်း မဟုတ်ဘူးလေ။ မီးညှိပြီး ကိုင်ထားရုံပဲ.. ထိပ်မှာ မီးပန်းလေးက သူ့အတံလေးကုန်တဲ့အထိ လင်းနေတာ... ခဏပဲ ခံတယ်။ အဲ့ဒါလေးက ကန်ဒီငယ်ငယ်က အကြိုက်ဆုံး သီတင်းကျွတ်ကစားစရာပေါ့... (တကယ်တော့ ခုလည်းကြိုက်သေးတယ် :P)။ ဆွေမျိုးတွေအိမ် လိုက်ကန်တော့တာတော့ နှစ်တိုင်းလုပ်တဲ့ ထုံးစံ။ ခုဒီမှာဆိုတော့ အဲ့လိုလည်း လိုက်ကန်တော့လို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာကနေတော့ အဖေနဲ့ အမေကို ကန်တော့လိုက်ပါတယ်(^_^)။ အမေက ကန်ဒီ့ဘလော့ခ်ကို ကြိုက်တယ်တဲ့။ ကန်ဒီလည်း မပြောမိဘူး.. သူဘယ်လိုသိလဲ ခုထိမသိသေးဘူး >.<
ဒီရက်ပိုင်း ကန်ဒီ့ညီမ ဘာစိတ်ကူးတွေပေါက်နေတယ် မသိဘူး။ ထူးထူးခြားခြား ဟင်းတွေလှိမ့်ချက်နေတယ်။ သူချက်တော့ ကန်ဒီဇိမ်နဲ့စားရတာပေါ့ နော့(:P)။ တခါမှ အဲ့လို စိတ်ပါလက်ပါချက်တာ မတွေ့ဖူးဘူး။ သူက အပြင်စာ ပိုကြိုက်တဲ့လူမျိုးလေ။ ဒါက သူကိုယ်တိုင်ကြော်ပေးတဲ့ ခေါက်ဆွဲကြော်။ ခေါက်ဆွဲက Carrot Noodle မို့ အရောင်က လိမ္မော်ရောင်ဖြစ်နေတာ။ သူက ရိုးရိုးခေါက်ဆွဲတွေထက် Calorie ပိုနည်းတယ်တဲ့... ကန်ဒီ့ညီမပြောတာပဲ :)
နောက်အပတ် စနေ၊တနင်္ဂနွေကို Bintan သွားမလို့ စီစဉ်ထားတယ်။ ကန်ဒီ့ညီမအလုပ်က လူတွေနဲ့ပေါ့။ Group လိုက်ဆို Promotion ရလို့ ဆိုလားပဲ။ ဈေးက တော်တော်သက်သာသွားတယ်။ သူက လိုက်ခဲ့ဆိုလို့သာ ပါသွားရမယ်... စိတ်က သိပ်မပါချင်ဘူး။ ဘာလို့လဲဆိုတော့ သွားမယ့်လူတွေနဲ့ ကန်ဒီတယောက်မှ မသိဘူး(>.<) စလုံးတွေလည်း ပါမယ်။ ကန်ဒီ စိတ်ကျဉ်းကျပ်နေမှာ မြင်ယောင်သေးတယ်။ သူက Book လုပ်ပြီးပြီဆိုတော့ ပြင်လို့လည်း မရတော့ဘူး။ နောက်ပြီး အဲ့အပတ်ထဲမှာပဲ Yeo's Building မှာ ကထိန်ရှိတယ်။ စိတ်က အဲ့ကို သွားချင်နေတာ(=.=')။ Anyway.... သွားဖြစ်မှတော့ ဓာတ်ပုံတော့ ပါလာမှာ သေချာတာပေါ့နော် :P
ကန်ဒီပြောတာတွေ များနေပြီ။ OK OK... ဒါနောက်ဆုံးပဲ။ နောက်ဆုံးပိတ် နားဒုက္ခပေးခြင်းဆိုပါတော့ ဟီးး(xD)။ ဟိုနေ့က ဆိုထားတဲ့ ရှင်ဖုန်းရဲ့"ရင်ခုန်မိသူ"သီချင်းလေးနဲ့ အားလုံးကို ဖျော်ဖြေပါရစေ.... (ကန်ဒီသီချင်းဆိုနေကျပုံစံအတိုင်း အစကတော့ဟုတ်မလိုလိုနဲ့ နောက်ဆုံးကျ မဆိုနိုင်လို့ ဗရုတ်သုတ်ခတွေ ဖြစ်တာပေါ့နော် :P)။ ဖိုးမောင်(မောင် စွယ်စုံကျမ်း) အပင်ပန်းခံပြီး လုပ်ပေးထားတဲ့ Flash Song Version လေး ကြည့်ချင်ရင် ဒီမှာ နှိပ်နော် ^_^ (Flash Song ဆိုတဲ့အတိုင်း ဖွင့်လိုက်ရင် Mouse Pointer လေးက ဖလပ်ဖလပ် ဖြစ်တတ်တယ် xD)။ ဒါကတော့ ဆိုထားတဲ့ဆိုဒ်ကနေ ပြန်ရှယ်တာ...
Happy Holiday^^
Good Night...