အခု ဗိုက်ထဲမှာ တ၀ီဝီမြည်ပြီး ၀မ်းလျှောနေတယ်။ အဓိကတရားခံက City Hall မှာ ဒီနေ့စားခဲ့တဲ့ မြန်မာဆိုင်ပဲ ဖြစ်ရမယ် (ဘယ်ဆိုင်လဲ မပြောဘူးနော်)။ လမ်းလည်းကြုံ ဟင်းလည်းမချက်ချင်လို့ ၀င်စားမိပါတယ် ခုတော့ ခံရပြီ။ စားမိတာက ခရမ်းသီးရခိုင်ချက်၊ ပဲပြုတ်နဲ့ အလကားရတဲ့ ချဉ်ပေါင်ဟင်းရည်.. ဒါပဲ။ ချဉ်ပေါင်ဟင်းရည်ကြောင့်လား ခရမ်းသီးဟင်းကြောင့်လား မသိဘူး။ ဒါတောင် အမှတ်မရှိဘဲ ချဉ်ပေါင်ကြော်ကို မျက်စောင်းထိုးနေသေးတာ။ ကန်ဒီချဉ်ပေါင်ကြော်အရမ်းကြိုက်တာလေ။ အမေကြော်တာ အကောင်းဆုံးပဲ။ ဘယ်ဆိုင်မှ မမှီဘူး။ City Hall မှာ ချဉ်ပေါင်ကြော် ၀ယ်စားတိုင်းလိုလို ၀မ်းလျှောတယ်။ ဒါနဲ့ပဲ နောက်ပိုင်း ဆိုင်ကချဉ်ပေါင်ကြော်စားရမှာ ကြောက်သွားတာ။ ခုလည်း ချဉ်ပေါင်ဟင်းရည်ကြောင့် လျှောနေတာလား မသိဘူး >.<
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လျှောက်လည်တဲ့နေ့ပေါ့။ ကန်ဒီ့ညီမနဲ့ အင်းလေးမှာ နေ့လည်စာစားတယ်။ တနင်္ဂနွေမို့လား မသိဘူး ဟင်းကတော်တော်နဲ့မလာဘူး... အကြာကြီးစောင့်ရတယ်။ လူတော့ အဲ့လောက်မများပါဘူး။ စောင့်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုတို့ လင်မယားရောက်လာတယ်။ သူတို့လည်း လာစားကြတယ် ထင်တယ်။ မတွေ့တာကြာလို့လား မသိဘူး ကိုကြီးက ၀လာတယ်(:P)။ အစ်ကိုတွေ ဒီမှာရှိတာတောင် ပုံမှန်လေး မတွေ့ဖြစ်ဘူး။ သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ရှုပ်ဆိုတော့။ ရန်ကုန်မှာတုန်းကဆို နှစ်ပတ်တခါဖြစ်ဖြစ် ပုံမှန်လေး အိမ်လည်ဖြစ်တယ်။ ဒီမှာတော့ ဝေးပါ့။ လူကြုံတွေဘာတွေရှိမှ တွေ့ဖြစ်တာမျိုး (>.<)။ အဲ့ဒါပြောတာပေါ့ ဒီမှာနေရတာ စက်ရုပ်ဆန်ပါတယ်လို့... ဟင့် အိမ်ပြန်ချင်တယ် :(
ဟိုနေ့က Forever 21 က ၀ယ်လာတဲ့ အင်္ကျီလေးလေ...
စားသမျှ သူတို့ပဲ ရှင်းလိုက်တယ်... ပိုက်ပိုက်မကုန်တော့ဘူးပေါ့ (xD xD)။ သူတို့ရောက်လာတာနဲ့ ကန်ဒီစားတဲ့ ကြေးအိုးဆီချက်လေးတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ ညီအစ်မနှစ်ယောက်လုံး အမြီးကုတ်နေတာ ဟီး။ အဲ့လိုပြောလို့ "ဒီလောက်တောင် ကြောက်ရလား.." လို့ တွေးနေလား?? အဲ့လိုလည်း မဟုတ်ပါဘူး... အသက်က အရမ်းကွာတော့ သူတို့ကို လူကြီးတွေလိုပဲ မြင်တယ်။ ရှိန်တိန်တိန်ပေါ့ :P
Bugis Street...
ဒါက သုံးထပ်မှာ...
စားပြီးတော့ ကန်ဒီတို့နှစ်ယောက် Bugis သွားတယ်။ အဲ့သုံးလွှာမှာ ကန်ဒီဝတ်ထားတဲ့ အကျီပုံစံမျိုး ကော်လာအဆန်းလေးတွေနဲ့ တွေ့ခဲ့တယ်။ ဈေးကလည်း S$19 ပဲ။ Forever21 မှာ S$27... Quality တော့နည်းနည်းကွာမှာပေါ့လေ။ ကိုင်ကြည့်တာတော့ သိပ်သိသိသာသာကြီး မကွာဘူး။ လိုချင်တဲ့စိတ်ကို မနည်းထိန်းပြီး ပြန်လာခဲ့ပါတယ် =.='
အမှန်က အဲ့နေ့(တနင်္ဂနွေနေ့)မနက်ကို တီတင့်(အန်တီတင့်၏ အမှတ်တရလေးများ)က သူ့အိမ်မှာ မုန့်ဟင်းခါးစားဖို့ ဘလော့ဂါတွေအားလုံးကို ဖိတ်ထားတာ... ကန်ဒီ့ညီမနဲ့လည်နေတာနဲ့ မသွားဖြစ်ဘူး။ ဒါကလည်း အကြောင်းပြချက်သက်သက်ဖြစ်ကောင်းဖြစ်မယ်(=.=')။ ဘာလို့ဆိုတာတော့ ဟိုးအရင်ကတည်းက ကန်ဒီ့ဆီလာလည်နေကြလူတွေ သိမှာပါလေ ဟတ်ဟတ် (:P)။ ကန်ဒီ့စာဖတ်သူတွေ... ကန်ဒီ့ကိုချစ်တဲ့ ဘလော့ဂါတွေနဲ့ ကန်ဒီတွေ့ချင်ပါတယ်။ ကျန်တဲ့ ဘလော့ဂါတွေနဲ့တော့ ......
ညနေ ကိုညီရဲ(ညီရဲသစ်)မွေးနေ့ Bugisမှာ ဘူဖေးကျွေးမှပဲ တီတင့်နဲ့တွေ့ဖြစ်တော့တယ်။ ဓာတ်ပုံတူတူရိုက်ခဲ့ပေမယ့် ကောင်းကောင်းထွက်မလာတော့ မတင်တော့ဘူးနော်။ တီတင့်က မနက်တည်းက သူ့အိမ်မှာလည်း တောက်လျှောက်ဆိုတော့ ပင်ပန်းပြီး စောစောပြန်သွားတယ်။ ကျန်တဲ့သူတွေကတော့ စားပြီးသောက်ပြီး ချယ်ရီမေ ဒိုးကြလေရဲ့ :D xD
ဆိုဗျစေ (ဆိုပါရစေ... ဟု ဖတ်ပါ :P)
ကန်ဒီသီချင်းမဆိုတတ်ပါဘူး။ အသံလည်း မကောင်းဘူး။ ကိုယ့်ဟာကိုယ်လည်း သိတယ်။ ဒါပေမယ့် တခါတလေ စိတ်ထွက်ပေါက်တခုအနေနဲ့ အသံသေးအသံကြောင် ထွက်ချင်ထွက်နေပါစေ ဆိုရတာလည်း ပျော်ရွှင်မှုတခုပဲ မဟုတ်လား?? အဲ့ညက နောက်ဆုံးရထားနဲ့ ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ၁၂ ကျော်နေပြီ >.<
တော်ပြီ... အိပ်တော့မယ်
Good Night^^
16 comments:
တချင်းဆိုတာလေး ကြည့်ချင်လိုက်ထှာ.။ မှတ်မိပါသေးတယ်.။
“ ဘယ်ဘွား ရယ် ၀တ်ကျွေးတွေက ငါတို့ နှစ်ဦးရဲ့ အထင်လွဲ..” ဘာဆိုလား.. ဟိဟိ.
(ကလေးသံလေးနဲ့..ပြေးပီ)
ညီအမနှစ်ယောက်လုံးချစ်စရာလေးတွေ...
အဖြစ်ချင်းတူနေပြီညီမလေးရေ.. စနေနေ့က city hall က မုန့်ဟင်းခါးတစ်ပွဲပဲကြော်နဲ့ စားလိုက်တာ..၀မ်းပျက်ပြီးဗိုက်ထဲမှာလေတွေထိုးနေတာမအီမသာနဲ့ ဒီနေ့ထိပဲ...
ချစ်စရာညီမရေ ပိုစ့်သစ်လေးလာဖတ်ရင်းဓာတ်ပုံတွေကြည့်ခဲ့တယ်..
ဟယ်...ကောင်းလိုက်တာ အပီအပြင်ကိုလည်ပတ်စားစောင်ခဲ့တာပေါ့လေ...
ဂရုစိုက်ပါ ကန်ဒီရေ။
ရနံ့သစ်မှာစားတာမလား ကန်ဒီမပြောပေမဲ့ ဒီကဖော်သွားပြီ ဟီး
ညီမပြောသလို အပြင်ကချဉ်ပေါင်နဲ့မတဲ့လို့နေမယ် အမဆိုသွားစားတိုင်း ၂ခွက်သောက်တယ်
အမကန်ဒီရေ
ပိုစ့်လေးကိုဖတ်ပြီးဓါတ်ပုံတွေတ၀ကြီး
ကြည့်သွားတယ်နော်
အဲဒီနေ့ က နောက်ဆုံးရထားတော့ မှီပါရဲ့ ဒါပေမယ့် အိပ်ပျော်ပြီး Pasir-Ris ထိပါသွားလို့ တက္ကစီနဲ့ ပြန်လာခဲ့ရတယ်...း(
တယ်ကောင်းပါလား။
အင်္ကျီသစ်လေးဝတ်ပြီးအစားတွေစားသီချင်းတွေဆို
ပျော်စရာကြီးပေါ့။း)
အို်င်အိုရာ
တောက် ငါဖလက်ဆောင်းလုပ်ဖို့ ကုန်ကြမ်း၇ှာနေတာ ဒင်းကမဆိုဘူး...ရပါတယ်လေ သူ့ အကို ဆလိုင်းဖွာထောင်း ပဲလုပ်မယ်...အော်ရယ်..ချင်တယ်
အဆိုတော်လုပ်ဖို့ မြှောက်ပေးခဲ့ပါရစေဗျာ ။
:):):)
ဘုန်းဘုန်းလည်း မတည့်စာဆို သိပ်ကြိုက်။ အာပူလျှာပူလေ။ စားပြီးရင် ဗိုက်ကို ဟိုနင်းဖြစ်သွားတာပဲ။
ခင်မင်တဲ့
ညီမလေးရေ အစ်မလဲ ချဉ်ပေါင်ကြော်အရမ်းကြိုက်တယ်...
Who say so that you are not good in singing. I don't think so. I know that you are able to sing well.
Paohlay
Thanks Bro. Someone told me I'm very bad at singing. That killed my confident >.<
လူငယ်တွေဆိုတော့လည်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပေါ့။ကိုယ်လုပ်ချင်တာလုပ်နေရရင်ကိုကျေနပ်စရာပါ။အိမ်လွမ်းတာတော့အားလုံးအတူတူပဲပေါ့ညီမလေး။
Post a Comment