Universal Studio!!!!!
ဒါကန်ဒီ ပထမဆုံးအကြိမ်ရောက်ဖူးတာ... အံသြသွားလား?!?! ဟုတ်တယ်။ အဖြစ်က ဒီလို... ကန်ဒီ့သူငယ်ချင်းတွေ အဲ့ကိုသွားလည်ကြတုန်းက ကန်ဒီကစာမေးပွဲရှိနေလို့ လိုက်မသွားနိုင်ဘူး။ ကန်ဒီစာမေးပွဲမရှိတဲ့အချိန်ကျတော့ သူတို့က ထပ်မသွားတော့ဘူး။ အဲ့ကို တခါတခါသွားဖို့ကလည်း မလွယ်ဘူးလေ(ဈေးကကြီးတာကိုးးးးး)။ အဲ့လိုနဲ့ မရောက်ဖြစ်တာ။ ကန်ဒီ့သူငယ်ချင်းလာမှ သူ့ကိုလည်း ပို့ရင်း ကိုယ်တိုင်လည်း လည်ရင်းပေါ့ ဟီး(:D)။ ကန်ဒီတို့လက်မှတ်ကို အွန်လိုင်းက ကြိုဝယ်ထားတော့ ဟိုမှာစောင့်စရာမလိုတော့ဘူး။ တခါတည်း တန်းဝင်ရုံပဲ ^_^
ပထမဆုံးစီးဖြစ်တာက Transformers... အဲ့ထဲကိုဝင်သွားပြီး Roller Coaster စီးရမယ် ထင်နေတာ ဟဟဟ။ အထဲမှာ တကယ်စီးတော့မှ Transformers မှန်းသိတယ်။ နှစ်ယောက်လုံး ဘယ်လောက်တောင် ပိန်းလဲဆိုတာ အဲ့ဒါသာကြည့် (:P)။ အရမ်းစီးလို့ကောင်းတယ်။ ကြောက်ဖို့လည်း မကောင်းဘူး... ကြိုက်တယ် :D
Roller Coaster က အနီရောင်နဲ့ အပြာရောင် နှစ်မျိုးရှိတယ်။ အနီရောင်က ရိုးရိုးပဲ။ အပြာရောင်က ဇောက်ထိုး။ ဘယ်လိုပြောပြရမလဲ Hmm... အနီရောင်မှာက ဘီးတွေက အောက်မှာ (ရန်ကုန်မှာရှိတဲ့ Roller Coaster လိုမျိုး... အရှိန်ချင်းတော့ မတူဘူးပေါ့ xD) အပြာမှာကျတော့ ဘီးတွေက ခေါင်းပေါ်မှာ။ ခြေထောက်တွေက လေထဲမှာပေါ့။ ကန်ဒီက ၂ခုလုံးစီးချင်တာ။ အပြာကိုတော့ အဓိကစီးချင်တာပေါ့။ တခါမှ မစီးဖူးဘူးလေ။ စီးခါနီးမှ ကန်ဒီ့သူငယ်ချင်းက စီးမလိုလို မစီးမလိုလို လုပ်နေလို့ သူ့ကိုမနည်းမြူဆွယ်ရသေးတယ် (Roller Coaster စီးဖို့ ပြောတာနော် xD :P)။ ကြောက်တော့ ကြောက်စရာကြီး... အရှိန်ဘယ်လောက်ပြင်းလဲဆို အသားတွေတောင် တုန်တဲ့ထိပဲ။ အပေါ်မှာ မျက်လုံး၂ခါပဲ ဖွင့်နိုင်တယ် ဟီးး။ ကန်ဒီ့သူငယ်ချင်းခမျာ အဲ့ဒါလည်း စီးပြီးရော နေထိုင်မကောင်းတွေဖြစ်ပြီး ကျန်တာဘာမှသိပ်မစီးနိုင်တော့ဘူး။ အဲ့မှာ ကန်ဒီ့ဘ၀ခါးတာပဲ >.<
New York ရဲ့ လမ်းပေါ်မှာ...
အီဂျစ်ရောက်ပြီ...
အီဂျစ်ရောက်တော့လည်း Mummy စီးမလို့ အထဲဝင်ပြီးမှ သူကမစီးတော့ဘူးဆိုလို့ ပြန်ထွက်လာရတယ်။ ရှက်တာ(=.=")။ ကန်ဒီ့ကိုတယောက်တည်းစီးတဲ့... သူစောင့်နေမယ်တဲ့... အဲ့လိုကျတော့လည်း မစီးချင်ပါဘူး။ သွားတာမှ နှစ်ယောက်တည်းရယ်ကို >.<
နေ့လည်စာကို အဲ့ထဲက Food Court မှာပဲ စားတယ်။ Set တခုကို S$11 ပေးရတယ်။ အအေးမပါဘူးနော်။ Dessert တော့ပါတယ်။ အဲ့တာ ဈေးကြီးတယ်ခေါ်မှာပေါ့ ဟုတ်လား??
Op Op Op... Oppa Gangnam Style xD
တကယ်တော့ အနောက်ကဆိုင်းဘုတ်နဲ့ ရိုက်တာ။ သူက မပါဘူးဖြစ်သွားတယ်။ အိမ်ရောက်လို့ ဓာတ်ပုံပြန်ကြည့်မိတော့မှ အမယ် Oppa Gangnam Style လိုလို ဘာလိုလို ဟဟဟဟ။ သြော်... ဒါနဲ့ Oppa Burma Style ကြည့်ပြီးသွားပြီလား??? အရမ်းရီရတယ်။ မကြည့်ရသေးရင် ဒီမှာ သွားကြည့်လိုက်နော်။ အင်း.. ပြန်ဆက်မယ်။ အဲ့အချိန်က နေ့လည်ခင်းကြီးဆိုတော့ နေတော်တော်ပူနေပြီ။ အရင်က ကန်ဒီ နေကာမျက်မှန်တပ်ကျင့် မရှိဘူး။ ဒီနောက်ပိုင်း အဲ့လိုလျှောက်လည်လို့ နေပူရင် တပ်ဖြစ်တယ်။ မျက်လုံး အရမ်းသက်သာတယ်။ မျက်မှောင်ကြီးကျုံ့နေစရာ မလိုတော့ဘူး။
ကလေးစီးတဲ့ဟာ... ဒါမျိုးတော့ သူက စီးနိုင်တယ် (သူ = ကန်ဒီ့သူငယ်ချင်း)
ဒါ Cinderella စီးတဲ့လှည်းလေးလား?? ဆင်တော့ ဆင်တယ်နော်။ ကန်ဒီအကြိုက်ဆုံး Disney Princess က Cinderella ပေါ့။ ငယ်ငယ်တုန်းက အဲ့ကာတွန်းကားကို အားတိုင်းထိုင်ကြည့်တာ။ အခုထိ ဘယ်အခန်းပြီး ဘယ်အခန်းလာမယ်ဆိုတာ အလွတ်ရနေတုန်း ^_^
Shrek 4D အရမ်းမိုက်တယ်။ ဦးထုပ်တောင် အမှတ်တရ၀ယ်ခဲ့သေးတယ်။ သူငယ်ချင်းက မ၀ယ်ဘူး။ ဒီမှာနေတဲ့ ကန်ဒီက ၀ယ်တယ် ဟီးးး xD
ဒီပုံရိုက်တုန်းက အရမ်းရီရတယ်။ ကန်ဒီ့သူငယ်ချင်းအရပ်က ၅ပေ ၆လက်မရှိတယ်။ သူ့အရပ်ကြီးက အနောက်ကပင်ကွင်းကို ကွယ်နေလို့ ဓာတ်ပုံရိုက်ပေးတဲ့လူက ခါးကုန်းပါ ပြောယူရတယ်။ ဒီပုံမှာတော့ ကန်ဒီသူ့ထက် အရပ်ရှည်တယ်ကွ xD
အားလုံးလက်မြှောက်.. ရဲကားလာပြီ xD
ဗွီဒီယိုက ပထမလုပ်ထားတဲ့ဟာပျက်သွားလို့ ဒုတိယအကြိမ် Edit ပြန်လုပ်ရတယ်။ ခုတော့ အောင်မြင်စွာပြီးစီးသွားပါပြီ (:D)။ ဗွီဒီယိုကြည့်လို့မရတဲ့သူတွေအတွက် ဓာတ်ပုံအချို့ကို အပေါ်မှာ ပြန်တင်ပေးပြီးသားပါ။ ကန်ဒီချစ်ဖို့ကောင်းတယ်မလား :D
Humm... ဒီပိုစ့်က ပျင်းစရာကြီး ဖြစ်နေမယ်ထင်တယ်။ ဘယ်ပြီး ဘယ်သွားတယ်ဆိုတာမျိုးတွေက ဘာတွေးတယ်ဆိုတာလောက် စိတ်ဝင်စားဖို့မကောင်းဘူး ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့။ ဒါဆို အကြွေးမရှိတော့ဘူးနော်။ ရေးမယ်ပြောထားတာတွေ အကုန်ရေးပြီးပြီ။ ဗွီဒီယိုလေးတွေတောင် အဆစ်ပါသေးတယ် xD
Hope you all Enjoy^^
Hope you all Enjoy^^
22 comments:
ကြာက်လို့ သာကြည့်ကောင်းတယ်ပြောရမှာ..ဟွင်းဟွင်း..ဖလမ်းဖလမ်း
စိတ်လှုပ်ရှားဖို့ကောင်းသလို၊ စိတ်ဝင်စားဖို့လည်းကောင်းတယ် ချိုချဉ်တို့ လည်ပတ်ခဲ့တဲ့နေရာကို ပြောတာ။ ကန်ဒီ့ဦးထုပ်လေးက လှ...ထှာနော်။ လှည်းလေးတွေ့တော့ အင်္ဂလန်ရှေးဟောင်းရုပ်ရှင်ကားကြီးတွေတောင် သတိရလာတယ်။
ပြန်တောင်သွားချင်လာပြီ ညီမလည်း တစ်ခါပဲရောက်ဖူးတယ်
ဈေးကြီးတယ် :(
when you smile.........................
“မ“ လည်းအ၇မ်းသဘောကျတယ်.. တခါပဲရောက်ဘူးသေးတယ်.. “မ“ ညီမလေးရန်ကုန်က အလည်လာတုန်းကလိုက်ပို့တာ..
“မ“ ကတော့ သွားရတာမတန်ဘူး..
ဘာမှမစီးရဲလို့လေ..
ဘာပဲဖြစ်ဖြစ် ကန်ဒီကျေးဇူးကြောင့်ရောက်သွားပြီး .. ပျော်စရာကြီး အမတော့ တစ်နေရာသွားတော့မယ်ဆို ဘယ်လောက်ပေးရမလည်း ဘယ်လောက်ကုန်မလည်းနဲ့ ဘယ်မှမသွားဖြစ်ဘူး.. မဖြစ်သေးပါဘူး ..မပြန်ခင်လေးလျှောက်သွားမှာဖြစ်တော့မယ် ကျေးဇူးညီမ.... သွားချင်တယ်..
ချိုချဉ်လေးလိုက်ပို့တာနဲ့ အိမ်မက်ကမ္ဘာကို ရောက်သွားပြီး) ဗီဒိုယိုလေးပါ အဆစ်ကြည့်သွားတယ်နော်။ ကန်ဒီ့သူငယ်ချင်း အရပ်နဲ့ တီတင့်အရပ် တူတူပဲ (တူတာကြံဖန်ရှာပြောတာ ဟိဟိ)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟူးးးး အကုန်လုံးက တစ်ခုမှမမြင်ဖူးတော့ အကုန်လုံးလိုလိုကျွန်တော့်အတွက်ထူးဆန်းနေတယ်
တော သားလေးကိုး:P
ကျေးဇူးပါ မမချိုချဉ်လေးရေ အခုလို ပုံတွေကို တင်ပေးတဲ့အတွက်
လာတိုင်းတစ်ခုမဟုတ်တော့ တစ်ခုတော့ ပျော်မိသား
အခုလည်း ပုံလေးတွေကိုကြည့်ရင်းပြောမိတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
အိပ်မက်ကမ္ဘာထဲကို စီးမျောခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
want to go there Candy....
သွားချင်တယ် Candy ရေ
အိပ်မက်ကမ္ဘာထဲကို အစ်မနဲ့အတူ
လိုက်လာခဲ့တယ်
ပုံတွေအရမ်းလှတယ်အမ
(Roller Coaster)
လည်းစီးချင်တယ်
အိမ်မက်ကမ္ဘာထဲသို့အလည်ရောက်ပီးပျော်ခဲ့တယ်အမ
ချစ်ချာလေး
မိုးနတ်လဲသွားချင်လိုက်တာ.နောက်တစ်ခါသွားရင်ခေါ်နော်..မမ...ဟာဟ...နီးနီးလေးဆိုတော့ စိတ်ကူးယဉ်နေတယ်..ဒီက...
အားကျမိတယ်...အရမ်းပျော်ဖို့ကောင်းမှာပဲနော်
ခင်မင်နေတဲ့....မိုးနတ်
ဓါတ်ပုံတွေလည်းကြည့်သွားတယ်
video လေးလည်းကြည့်သွားတယ်
ကန်ဒီလေးရေ။
ဓါတ်ပုံလေးကြည့်ဖို့ ရောက်ခဲ့ပြန်ပြီ။ရုပ်သံဖိုင်လေးကို အဆုံးထိကြည့်သွားတယ်။ (တားတား)လုပ်တာကိုးက
ချစ်စရာကောင်းနေတယ်။ မကြီးလွမ်းလည်း မရောက်
ဖူးတဲ့နေရာရောက်ဖူးသွားတာပေါ့။
ပျော်ရွှင်ပါစေ
ချစ်တဲ့
မကြီးလွမ်း
အိပ်မက်ကမ္ဘာကို အလည်တစ်ခေါက်သွားခဲ့ပါတယ်.....
ကျေးဇူးပါဘဲ..အစ်မကန်ဒီ
တစ်ယောက်ထဲလစ်တယ်ဟွန့်
ကန်ဒီရေ ပုံလေးတွေကြည့်သွားတယ် ကန်ဒီပုံတွေကြည့်ရတာ ပျော်စရာကောင်းတယ်ညီမလေး...
ဟီးပျော်ချာယီးကွ
ကန်ဒီေ၇ ပုံတွေနဲ့ တကွတင်ပေးလို့ 
တ၀ကြီး ကြည့်သွားတယ်
ကိုယ်တိုင်ရောက်နေတဲ့ အတိုင်းပါပဲ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ပုံတွေကြည့်တာထက် ဗွီဒီယိုကြည့်တာ ပိုပျော်စရာကောင်းတယ် နော်အစ်မ.။ တကယ့်ကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီးလုပ်ထားတာပဲ.။ ကျွန်တော်ကွန်ပျူတာနဲ့လုပ်တဲအလုပ်တွေထဲမှာ အပျင်းဆုံးက Video Editing ပဲ..။ ဟိဟိ။ လေးစားသွားတယ်.။
Post a Comment