Tuesday, October 9, 2012

အုန်းစိမ်းဂျယ်လီ++


ည ၁၁နာရီခွဲ~~ ကုတင်ပေါ်မှာ ပြူးကြောင်ကြောင်နဲ့ စာထိုင်ရေးနေသည်။ မအိပ်ချင်ဘဲ ပြူးကြောင်ကြောင်ဖြစ်ရခြင်းမှာ ညနေက တရေးအိပ်ပျော်သွားသောကြောင့်ဖြစ်သည်။

စနေနေ့ မနက်နိုးလာလို့ (နိုးတဲ့အချိန်က ၁၀ နာရီခွဲ :P) ကော်ဖီဖျော်ပြီး ကွန်ပျူတာလေးဖွင့်ရုံရှိသေးတယ်။ ကန်ဒီ့ညီမနဲ့ အခန်းဖော်က Dim Sum သွားစားမယ် လိုက်မလားဆိုတာနဲ့ အိပ်ချင်မူးတူး ကမန်းကတန်း ပါသွားတယ်။ ဆိုင်က အရမ်းအကြီးကြီး မဟုတ်ဘူး... ဒါပေမယ့် ကောင်းတယ်။ ဈေးလည်းအရမ်းမကြီးဘူး အသင့်အတင့်ပဲ။ ကန်ဒီတို့အိမ်ကနေဆို ဘတ်စ်စီးသွားလို့ရတယ်။ Upper Thomson Road ပေါ်မှာ... ဆိုင်နာမည်က Hwa Nam Restaurant တဲ့။ ကန်ဒီတို့စားတာ တယောက်ကို S$ 11 ပဲ ကျတယ်။ စားစရာ သွားမှာတုန်းက အရမ်းရီရတယ်။ အဲ့ဆိုင်က အဒေါ်ကြီးက တရုတ်လို မေးတယ်။ ကန်ဒီတို့က အင်္ဂလိပ်လို ပြန်ဖြေတယ်။ အဲ့ဒါလည်း သူက တရုတ်လိုပြန်ပြောတယ်။ ကန်ဒီတို့ကလည်း အင်္ဂလိပ်လို ပြန်ဖြေတယ် LOL xD (ကန်ဒီတို့တရုတ်စကားမပြောတတ်ပေမယ့် နည်းနည်းပါးပါးတော့ နားလည်တယ်)


Dim Sum စားပြီးတော့ Vivo City ကို ချီတက်ကြတယ်။ ကန်ဒီ Vivo City မှာ ၀င်နေကြဆိုင်က Forever 21... ပြောရမယ်ဆို အဲ့ဒါရှိလို့ အဲ့ကိုသွားတာ(:P)။ အဲ့ဆိုင်ကိုကြိုက်တယ်။ Quality လည်း အသင့်အတင့် ဈေးလည်း အလယ်အလတ်ပဲ။ အမြဲတော့ ကိုယ်ကြိုက်တာ မရှိတတ်ဘူး။ မြေလှန်ပြီး.. အဲ ဆိုင်လှန်ပြီးရှာရင်တော့ လှတာလေးတွေ တွေ့တတ်တယ် (:D)။ တခါတလေ Formal လိုလို ဘာလိုလို Blouse လေးတွေကို S$27-S$33 ကြားရတတ်တယ်။ အဲ့နေ့ကတောင် S$27 နဲ့ တထည်ဝယ်ခဲ့သေးတယ်။ လျှော်ပြီးမှ ၀တ်ပြမယ် :P

ကန်ဒီ့ညီမပေါ့... Marks & Spencer ထဲဝင်ပြီး အဲ့မုန့်ဝယ်ပြန်ခဲ့တယ် xD (အဲ့လို ၃ဗူးကို ၈ဒေါ်လာ)

 သူက စားကြည့်တဲ့... အရမ်းကောင်းတာတဲ့...
OMG!! ကန်ဒီတနေ့တည်း အဲ့တဗူးလုံးကုန်သွားတယ် >.< (တဗူးမှာ ၁၅ ခုပါတယ်)

ဟိုတလောက အုန်းစိမ်းဂျယ်လီလုပ်မယ်ဆိုပြီး အုန်းသီးမခွဲတတ်လို့ မလုပ်လိုက်ရဘူးလေ။ ဒီတခေါက်တော့ သူငယ်ချင်းတယောက် အုန်းသီးခွဲပေးလို့ လုပ်လို့ရသွားပြီ(:D :D)။ ကန်ဒီ ကျောက်ကျောလုံးဝမကြိုက်ဘူး... ဂျယ်လီတော့ ကြိုက်တယ် :D


လိုအပ်တာတွေက ဂျယ်လီပေါင်ဒါ၊ ကီဝီစေ့ နဲ့ အုန်းသီး။ တခြား Brand တော့ မသိဘူး... အဲ့ဒီ Konnyaku Jelly Powder Brand က စားလို့ကောင်းတယ်။ သူ့ Instruction အတိုင်းပဲ လုပ်လိုက်တာ။ ရေဆူအောင် ကျိုတယ်။ ဂျယ်လီပေါင်ဒါထည့်တယ်။ ငါးမိနစ်လောက်မွှေတယ်။ မီးပိတ်တယ်။ သူ့အထုပ်ထဲမှာပဲပါတဲ့ Malic acid ဆိုတဲ့ ပေါင်ဒါထုပ်လေးထည့်တယ်။ အုန်းရည်ထည့်တယ်။ ကီဝီစေ့ထည့်တယ်။ မွှေတယ်။ အားလုံးပြီးတော့ ပုံစံခွက်လေးတွေထဲ ထည့်လိုက်တယ်(^_^)။ ဒါနဲ့ အဲ့ဒါလုပ်တဲ့နည်းနဲ့ ပုံစံခွက်လေးတွေက ကန်ဒီ့စာဖတ်သူလည်းဖြစ် အပြင်မှာလည်းခင်တဲ့ အစ်မတယောက် ပေးတာ... :D

အုန်းသီးဖတ်လေးတွေက အရည်ထည့်ပြီးမှ လိုက်ထည့်လိုက်တာ :D

သကြားလည်း မထည့်ဘဲ ချိုတယ်... အံ့သြစရာ @_@

တနင်္ဂနွေနေ့တုန်းက ရုပ်ရှင်လေး ဘာလေးကြည့်မယ်ဆိုပြီး ShweVideo ထဲဝင်တယ်။ အဲ့မှာ ကြော်ငြာကိုကျော်တဲ့ Link ကို ဘယ်လိုမှရှာမရလို့ မကြည့်ရဘူး။ ဒေါပွတာ (=.=')။ ဒီရက်ပိုင်း စိတ်တွေမကြည်ဘူး။ အမြင်ကတ်ရင် နုတ်နုတ်စင်းချင်နေတယ် ဟွင်းဟွင်း O_o

My Current Favorites ^_^

Nivea ဆိုတာ ကန်ဒီနဲ့ ငယ်ငယ်ထဲက အကျွမ်းတ၀င်ရှိတဲ့ Brand ပေါ့။ ဆောင်းတွင်းအသားတွေပတ်ရင် အမေက Nivea Cream လေး အမြဲလိမ်းခိုင်းတယ်။ Nivea Product တွေကကောင်းပါတယ်... ဒါပေမယ့် ကန်ဒီမကြိုက်ဆုံးက သူ့အနံ့... စိတ်ထဲမှာ သူ့ပစ္စည်းတိုင်းက အဲ့အနံ့တမျိုးပဲ ရသလိုပဲ။ အဲ့အနံ့ကြောင့်ပဲ အသက်ကြီးလာတော့ ၀ယ်မသုံးဖြစ်တော့ဘူး။ ဟိုတလောကမှ Deodorant ၀ယ်မယ်ဆိုပြီး ကြည့်ရင်း အဲ့ Nivea ဗူးလေးကို သွားမွှေးကြည့်တော့... (ဗူးခွံပန်းရောင်လေးက ဆွဲဆောင်တာလည်း ပါတယ် :P) Wow... အနံ့က အရမ်းမိုက်တယ်။ ကန်ဒီ့ အသိထဲမှာရှိနေတဲ့ Nivea အနံ့မျိုးမဟုတ်ဘူး.. အရမ်း Fresh ဖြစ်တဲ့အနံ့မျိုး။ ရေချိုးပြီး အဲ့ဒါသုံးထားရတဲ့ Feeling ကို အရမ်းကြိုက်တယ် ^_^

Nivea Sunscreen က ကန်ဒီဝယ်ထားတာ မဟုတ်ဘူး။ ကန်ဒီ့သူငယ်ချင်း ဒီလာလည်ပြီး ပြန်တော့ သူက "နင်ဆက်သုံးလိုက်တော့..." ဆိုပြီး ထားခဲ့တာ။ သုံးကြည့်တော့ အရမ်းကြိုက်တယ်။ သူ့အနံ့လည်း မိုက်တယ် (ကြည့်ရတာ Nivea က သူ့ကုန်ပစ္စည်းအနံ့တွေကို Improve လုပ်လိုက်တယ် ထင်တယ်)။ နောက်တခုက တခြား Sunscreen တွေလို လုံးဝစီးကပ်ကပ်မဖြစ်ဘူး။ ရေလို ခပ်ကျဲကျဲလေးပဲ။ Watson မှာ ရောင်းမယ် ထင်တယ်။ နောက်ကြုံမှ ရှိလား ကြည့်ကြည့်ဦးမယ် :D

တော်သင့်ပြီ...
Good Night^^

20 comments:

ဘုန်း၂တောက် said...

အုန်းစိမ်းဂျယ်လီလေး စားသွားတယ်။ ကောင်းမှကောင်း၊ အတုံးလေးတွေလည်း လှမလှ။ ရှဲရှဲနော်။ ချိုချဉ်က အုန်းသီးမခွဲတတ်ဘူး။ ဟုတ်လား။ အမြင်ကတ်ရင် နုတ်နုတ်စင်းချင်တယ်ဆို။ အမြင်ကတ်တဲ့အခါ ခွဲလိုက်ပေါ့။ အဲဒီတိုင်းပဲ။ ဟိ။
ခင်မင်တဲ့

BabyAngle said...

အုန်းစိမ်းဂျယ်လီကြိုက်တယ်ဗျို့... စားလည်းစားသွားတယ်... နည်းလည်းယူသွားတယ်နော်...

နွေမိုး said...

ချိုချဉ်ဂျယ်လီစားနေသည်ပေါ့. ဟိဟိ..။
shwevideo မှမဟုတ်ဘူးအစ်မရေ..။
ဘာလို့များဗွီဒီယို ဆိုက်ထောင်ပြီးကြည့်တဲ့လင့်ခ်ကို ဖွက်ထားကြလဲ စဉ်းစားလို့မရဘူးဖြစ်နေတယ်.

မြတ်ကြည် said...

ဂျယ်လီလေးတွေလှမှလှ။ မြတ်ကြည်လာရင် လုပ်ကျွေးဦး။ အုန်းသီးတော့ မခွဲတတ်ဘူး။မြတ်ကြည်က Shwedream က ကြည့်တယ်။ အဆင်ပြေတယ်။

Qt said...

ကြည့်ချင်တဲ့ ဇာတ်ကားကို ကလစ်နိုပ်ရင်
Page 1 ရဲ့ အောက်ခြေနားမှာ Watch Myanmar Movies ကို Clikck တချက်
Page 2 တခုထပ်ဖွင့်ရင် ကြော်ငြာရဲ့ အောက်ခြေ နားမှာ အဖြူရောင်စာလုံး Skip Ads နဲ့ တန်းတည်မှာShwevideos Movies ဆိုတာလေး မပေါ်တပေါ်လေး ရေးထားတယ် :PP Click နိပ်
Page 3 မှာ လာနေတဲ့ကြော်ငြာအောက်ခြေမှာ Skip the window ကို click ကိုနိပ်
( ရပီ ရပီ ) အမြဲတမ်းလည်း တနေရာတည်း မဟုတ်ဘူးနော် တခါတလေ သူတို့ ဖွက် ဖွက် ထားတာ မူးနေအောင် ရှာရတယ် အရင်တုန်းက မမကျူတီလည်း မူးနေအောင်ရှာရတယ်...
နောက်တော့ လူလည်ကျတက်လာတယ်
ဖွက်ချင်တဲ့နေရာဖွက် Cort + A နိပ်ပြီး ရှာလိုက်ရင်
ဟောာာာာာာ ဆိုပြီး တွေ့ရောာာာာာာာာ
-----------------
မုန့်ဝယ်လာတဲ့သူကိုတောင် အားနာစရာကြီး ၁၅ ခုလုံး ကုန်အောင် စားကျစ်လို့ ဟွင်းးးဟွင်းးး နည်းနည်းကျွေးဘာ အာ့မျိုးဆို အရမ်းကြိုက်စ်တယ် :PPPP

Anonymous said...

အုန်းသီးကိုကိုယ်တိုင်တစ်ခါမှမခွဲဖူးဘူး။ ကန်ဒီပြောမှစဉ်းစားမိတယ်။
ဂျယ်လီလေးကလည်းရှယ်ဘဲ။
လုပ်တဲ့သူကိုလည်းကြည့်ဦးလေ..ခေသူမဟုတ်ကိုနော့်။
း))
အိုင်အိုရာ

ချစ်စံအိမ် said...

ဂျယ်လီလေးကစားချင်လိုက်တာ အမအရမ်းကြိုက်တာ ထမင်းမစားပဲကိုစားတတ်တာ.. မုန့်ကတော့ဒီမှာပေါတယ် ညီမ$1 ပဲပေးရတယ်ရုပ်ရှင်က အမလည်းမူးနေအောင်ရှာရတယ် အခုတော့ လည်သွားပြီး..ကြည့်တတ်သွားမှပဲလူကမအားတော့ဘူး.. တိန် ..

Anonymous said...

Where can I get Konnyaku Jelly Powder Brand in Sg? Thanks.

မောင်(စွယ်စုံကျမ်း) said...

ငါတော့ခုရက်ပိုင်း ပါးပါလှီးချင်နေတယ်ကွာ...ဘာဖစ်ချင်ရဲ ဖွားလေး

Evy said...

ကန်ဒီ့ရဲ့ ဂျယ်လီလေးတွေက စားချင်စရာလေးတွေ။ ကိုယ်ကလည်း အစားသမားဆိုတော့ အစားပဲကွက်မြင်တယ် :D

Candy said...

ကန်ဒီက Sheng Siong က ၀ယ်တာပါ။ ဒါပေမယ့် Fair Price တို့ ဘာတို့မှာလည်း ရမယ်ထင်တယ်။ ကျောက်ကျောပေါင်ဒါတွေရောင်းတဲ့နားမှာပဲ သူလည်းရှိတယ်။ ကီဝီစေ့လည်း အဲ့နားမှာပဲ ရှိတယ်။ အဲ့ Brand ကိုပဲ တခြား စတော်ဘယ်ရီ ကီဝီ အနံ့လေးတွေပါတာ ရှိသေးတယ်။ ကန်ဒီက အုန်းစိမ်းနံ့ရချင်တော့ ဂျယ်လီပေါင်ဒါကို အနံ့မပါတဲ့ဟာ ရွေးဝယ်လာတာ :D

ကူးကူးလှိုင် said...

Nivea Products အကုန်လုံးကိုလဲကြိုက်တယ် ဂျယ်လီလေးလဲ ကြိုက်တယ်...

အလွမ်းမြို့ said...

ကန်ဒီလေး...

ကျောက်ကျော ကြိုက်တာချင်းတူနေပြီး။
စားချင်စရာလေး လုပ်ထားတာ။
အဟင့် ဒါပေမဲ့ မစားရဘူး။
ပုံလေးတွေကြည့်သွားတယ်။
ပျော်ရွှင်ပါစေ ညီမလေး


ခင်တဲ့
မကြီးလွမ်း

sulay said...

ကန္ဒီရေ.. အလည်မရောက်တာကြာပေါ့..နေကောင်းတယ်နော်..
နေ့စဉ်ဘ၀ဖြတ်သန်းမှုလေးတွေကို ဖွဲ့နွဲ့ထားတာ ဖတ်သွားတယ်...။

ချမ်းမြေ့ပါစေကြာင်း
ချယ်ရီမြေ

Anonymous said...

Forever 21 ကြိုက်တာချင်းတူတယ် 313 ကဆိုင်ကိုသွားဖြစ်တာများတယ်
Marks & Spenserကတခြားမုန့်တွေလဲကောင်းတယ်

မိုးငွေ့........ said...

မမလဲ ဂျယ်လီကိုတစ်ယောက်တည်းစမ်းလုပ်ကြည့်နေတယ် အောင်မြင်ရင် ပုံတင်ပေးမယ်...။

မြတ်နိုးသူ said...

ဂျယ်လီလုပ်ထားတာကချစ်စရာလေး
စားကောင်းမယ့်ပုံပဲနော်
အားပေးသွားပါတယ်အမ

မိုးသူ(တောင်ကြီး) said...

ဗိုက်ဆာတဲ့အချိန်နဲ့  ချိုချဉ်ရဲ့ အုန်းစိမ်းဂျယ်လီ ပိုစ့်နဲ့ တော့ မိုက်စ့်ပဲ သဟဇာတဖြစ်ချက်

ဟားဟား
ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးသူ(တောင်ကြီး) said...

ဗိုက်ဆာတဲ့အချိန်နဲ့  ချိုချဉ်ရဲ့ အုန်းစိမ်းဂျယ်လီ ပိုစ့်နဲ့ တော့ မိုက်စ့်ပဲ သဟဇာတဖြစ်ချက်

ဟားဟား
ခင်တဲ့
မိုးသူ(တောင်ကြီး)

Sweety Snow said...

ဂျယ်လီလေးတွေ စားချင်စရာ :)