Saturday, October 13, 2012

Bra Fitting Guide O_o


ခေါင်းစဉ်ဖတ်တာနဲ့တင် မိန်းကလေးတွေနဲ့သာ လုံးလုံးလျားလျား သက်ဆိုင်တဲ့ပိုစ့်လေးမှန်း သိသာပါတယ်နော် (ယောက်ျားလေးတွေ မဖတ်နဲ့လို့ သွယ်ဝိုက်ပြီး ပြောချင်တာပါ.. မျက်နှာပူတာ :P)။ လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ ၈၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ Bra size အမှားတွေ ၀တ်ဆင်နေပါတယ်တဲ့။ ကိုယ်နဲ့မတော်တဲ့ Bra တွေ ၀တ်ခြင်းကြောင့် ကိုယ်နေဟန်ထားပုံမမှန်ခြင်း၊ အရွယ်မတိုင်ခင် ရင်သားပုံပျက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကန်ဒီတို့ Bra ၀ယ်တဲ့အခါ ကိုယ်နဲ့လုံးဝအံဝင်ဂွင်ကျတော်တဲ့ Bra မျိုးကို စိတ်ရှည်လက်ရှည် သေချာရှာဝယ်သင့်တာပေါ့နော်။ ဒီနေ့ ကန်ဒီပြောပြမယ့် အတိုအထွာမှတ်စရာလေးတွေက မိမိတို့ကိုယ်တိုင် Bra Shopping ထွက်တဲ့အခါ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ^_^

► How to Measure Bra Size


ဒါက ကိုယ့်ဆိုဒ်ကိုယ် အကြမ်းဖျင်းသိအောင် ပေကြိုးနဲ့တိုင်းတဲ့နည်းလေးပါ။ မတိုင်းခင် အရင်ဆုံး သက်တောင့်သက်သာရှိပြီး ဖော့ထူထူကြီးတွေ မခံထားတဲ့ Bra မျိုးဝတ်ထားပါ။ ပထမဆုံး Band size ရအောင် ဘယ်ဘက်က ပုံပါအတိုင်း တိုင်းပါ။ ပေကြိုးကို ကြမ်းပြင်နဲ့ အပြိုင်တန်းနေဖို့ သတိပြုနော်။ ရလာတဲ့နံပါတ်က စုံဂဏန်းဆို ၄ပေါင်းပါ။ မဂဏန်းဆို ၅ပေါင်းပါ။ ဒါဆို ကန်ဒီတို့ Band Size ရပါပြီ။ ဥပမာ... ၂၈ ရတယ်ဆို ၂၈+၄ = ၃၂ Band size ၃၂ ပါ။ ၂၉ ရတယ်ဆို ၂၉+၅ = ၃၄ Band size ၃၄ ပါ။ နောက်တဆင့် Cup size ရဖို့ဆို ညာဘက်ကပုံလို ရင်အုံရဲ့အမြင့်ဆုံးနေရာကို တိုင်းပါ။ ရတဲ့နံပါတ်ကို ခုနက Band size နံပါတ်ထဲက နုတ်ပါ။ သူတို့ရဲ့ ခြားနားချက်က Cup size ကို ဖော်ပြပါတယ်။

Difference of
Cup Size
1 inch
A
2 inches
B
3 inches
C
4 inches
D
5 inches
DD/E
6 inches
DDD/F
7 inches
G
8 inches
H
9 inches
I
10 inches
J

ဥပမာ... Cup size အတွက် တိုင်းလို့ရတဲ့ နံပါတ်က ၃၂... ခုနက တိုင်းထားတဲ့ Band size က ၃၄ ဆို ခြားနားချက်က ၃၄-၃၂ = ၂... ဒါဆို B Cup ပေါ့။ အပြည့်အစုံပြောရမယ်ဆို 34B ပေါ့ ^_^

ဒီနည်းလမ်းလေးကို ကိုယ့်ဆိုဒ်ကိုယ် အကြမ်းဖျင်း ခန့်မှန်းခြေသိဖို့အတွက်ပဲ သုံးစေချင်တယ်။ ကုမ္ပဏီတခုနဲ့တခု ကွာခြားမှုတွေကရှိသေးတော့ တရားသေမှတ်ထားလို့မရပြန်ဘူး။ ဒါကြောင့် Bra ၀ယ်မယ်ဆို ကိုယ်တိုင်ဝတ်ကြည့်ပြီးလို့ တော်တယ်ထင်မှ ၀ယ်တာအကောင်းဆုံးပေါ့။

► How to Know if it's Fitted

ဒါဆို ဆိုင်မှာကိုယ်တိုင်ဝတ်ကြည့်တဲ့အခါ တော်မတော် ဘယ်လိုသိနိုင်မလဲ??? ကိုယ်နဲ့တကယ် Fit ဖြစ်မဖြစ် ဆန်းစစ်နိုင်တဲ့နည်းလေးတွေကို ကန်ဒီဖတ်ဖူးသလောက် ပြောပြပါရစေ :)


(၁) အနောက်က Back Band ဟာ အရှေ့ Band နဲ့ တညီတည်းရှိနေသင့်သလို ရေပြင်ညီအတိုင်း တန်းနေသင့်တယ်။ အပေါ်တက်နေတာမျိုး ကွေးနေတာမျိုး မဖြစ်ရဘူး။ နောက်ပြီး Band ကို ကျောပြင်နေရာကနေ အပြင်ကိုဆွဲနိုင်တဲ့အကွာအဝေးဟာ လက်နှစ်လုံးထက် မပိုသင့်ဘူး။ ၀ယ်တဲ့အခါမှာ အလျော့ဆုံးအနေအထားမှာရှိတဲ့ချိတ်(ပထမဆုံးချိတ်)မှာ တပ်ကြည့်လို့ ကွက်တိဖြစ်တာမျိုးကို ၀ယ်သင့်တယ်။ ဒါမှ ကြာလာလို့ သရေကြိုးတွေ လျော့လာတဲ့အခါမျိုးကျရင် ပိုကျပ်တဲ့ချိတ်မှာ တပ်နိုင်မှာလေ။

(၂) Bra ကြိုးဟာ ရင်သားရဲ့အလေးချိန်ကို ထိန်းထားရတာမျိုး မဖြစ်သင့်ပါဘူး။ အောက်ခြေ Band ကသာ အဓိကထိန်းထားတာမျိုး ဖြစ်သင့်တယ်။ ဆိုလိုတာက ကြိုးဟာ ပုခုံးမှာ အရာထင်လောက်အောင် နစ်ဝင်မနေသင့်ဘူး။


(၃) Braရဲ့ အရှေ့ဘက်အလယ် ရင်နှစ်ခုကြားဆက်တဲ့နေရာဟာ ပြားပြီး ရင်ဘတ်နဲ့ ကပ်နေသင့်တယ်။ လက်ထည့်လို့ ရနေတယ်ဆို သိပ်မမှန်ဘူးပေါ့။ ကွာဟနေတဲ့နေရာလွတ်ရှိခဲ့ရင်တောင် နည်းနည်းပဲ ဖြစ်သင့်တယ်။

(၄) Bra Cup ကို ပုံဖော်ထားတဲ့ Underwire ဟာ ချိုင်းအောက်ရင်သားဆုံးတဲ့နေရာ အရိုးနားကနေ စသင့်တယ်။ အဲ့လိုမှ မဟုတ်ဘဲ ရင်သားပေါ်ကစရင် Breast Tissue တွေကို ထိခိုက်စေနိုင်တယ်။ အဲ့ဒါကို ဘယ်လိုအလွယ်တကူဆန်းစစ်နိုင်လဲဆိုတော့.. ချိုင်းအောက်တည့်တည့်နားကို လက်မနဲ့ စမ်းကြည့်ပါ။ အဲ့နေရာမှာ Cup Underwire စရှိသင့်တယ်။ နောက်တစ်ခုက Band size အတိုးအလျော့ပေါ်မူတည်ပြီး Cup size ပြောင်းဖို့ပါ။ ဘာလို့လဲဆိုတော့ 34C နဲ့ 32C က Cup size မတူနိုင်ဘူးလေ။ Band size လျော့ရင် Cup size လည်း သေးသွားတယ်။ ဒီတော့ ကိုယ်က 34ရဲ့ B Cup နဲ့တော်တယ်... ဒါပေမယ့် Band size ချောင်နေတယ်ဆို 32 ကို Try တဲ့အခါ C Cup ကို ရွေးသင့်တယ် (32C ပေါ့)။

(၅) Bra ရဲ့ အပေါ်ဘက်နဲ့ ချိုင်းအောက်နားဘေးဘက်မှာ ရင်သားတွေ ကျပ်ပြီးထွက်နေတာမျိုး မဖြစ်သင့်ဘူး။ Cup ထဲမှာပဲ လုံးဝအံဝင်ခွင်ကျ ဖြစ်နေသင့်တယ်။

အောက်တိုဘာလဟာ အမျိုးသမီးတွေအတွက် Breast Cancer Awareness Month ပါတဲ့။ ဒီပိုစ့်လေးနဲ့ဆို ကွက်တိပေါ့။  မိန်းကလေးအများစုက တခြားအသုံးအဆောင်တွေ အခါအားလျော်စွာ ၀ယ်လေ့ရှိပေမယ့် အတွင်းခံဝယ်ဖို့ကျ မေ့မေ့နေတတ်ကြတယ်။ တကယ်တမ်း သက်တောင့်သက်သာရှိမှုကို အဓိကပေးစွမ်းတာက အတွင်းခံတွေဆိုတာ မမေ့နဲ့နော်...

Happy Bra Shopping^^

မှတ်ချက် >> ပုံများကို Google မှ ယူထားကြောင်း လုံးဝ(လုံးဝ)အာမခံပါသည် xD

11 comments:

နွေမိုး said...

မဖတ်ပဲ ၀င်မန့်တွားတီ..။

အလွမ်းမြို့ said...

တော်လိုက်တဲ့ ညီမလေး။
ယောကျာင်္းလေးများလည်း ဖတ်နိုင်ပါတယ်။
(မှတ်ချက် - ဝယ်ပေးချင်သောသူ ရှိရင်ပါ)

ကျန်းမာပါစေ ညီမလေး။။မှတ်သွားတယ်နော်။


ခင်တဲ့
မကြီးလွမ်း

BabyAngle said...

ကျေးဇူးပဲညီမလေးရေ...
သေသေချာချာဖတ်မှတ်သွားပါတယ်...

Suzy said...

Oct 13 ဒီနေ့ No Bra Day နော် :P
မှတ်သားသွားပါတယ် မမ

ကိုတူး said...

ကျေးဇူးပဲညီမလေး :D :D

ချစ်စံအိမ် said...

ကိုတူနဲ့နွေမိုးဖတ်သွားတယ်ကြည့်စမ်း ဘယ်သူကိုဝယ်ပေးမလို့လည်းသိဘူး

ကူးကူးလှိုင် said...

ဖတ်သွားတယ်နော် ညီမလေး...

လရိပ်အိမ် said...

ကျေးဇူးးး

မြတ်နိုးသူ said...

အမကန်ဒီရေမှတ်သားသွားပါတယ်နော်
ငါ့အမကဒိုင်ဇိုင်နာလည်းဖြစ်တယ်နော်
ကျေးဇူးပါအမ

မိုးသူ(တောင်ကြီး) said...

ဗဟုသုတမရချင်လဲနေပါစေတော့

မဖတ်ပဲ ကွန်မန့် ပဲရေးခဲ့တီ

ခင်တဲ့

မိုးသူ(တောင်ကြီး) :P

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ဘာချက်လုပ်ရမယ်တိတော့ဝူး ဖတ်ဝူးနော်...