Wednesday, October 24, 2012

Eyeliner Review: K-Palette vs Dolly Wink

မိန်းကလေးတော်တော်များများက Eyeshadow မသုံးရင်သာ နေမယ်... Eyeliner လေးဖြစ်ဖြစ်တော့ မျက်လုံးမှာ ဆွဲတတ်ကြတယ်နော်။ ကန်ဒီအရင်က Eyeshadow အမည်းရောင်ကို Eyeliner အနေနဲ့သုံးတယ်လို့ ပြောဖူးတယ်။ အဲ့လိုလုပ်တာ ပိုသဘာဝကျပေမယ့် ကြာကြာမခံဘူး။ နည်းနည်းကြာလာရင် အရောင်မှိန်သွားရော... တနေကုန်အပြင်ထွက်မယ့်နေ့မျိုးဆို မသင့်တော်ဘူး... ဟိုနားဒီနားသွားတာပဲ ကောင်းတယ်။  ဒီနေ့ ကန်ဒီ လတ်တလောသုံးဖြစ်နေတဲ့ Eyeliner နှစ်ခုအကြောင်း ပြောပြမလို့။ အရှည်ကြီး မရေးပါဘူး... တိုတိုနဲ့လိုရင်းပဲ ^_~

K-Pallete က အရင်ဝယ်ထားတာမို့ တံဆိပ်တောင် မမြင်ရတော့ဘူး.. ကုန်နေပြီ...

1) K-Pallete 24 hours Real Lasting Eyeliner (~S$19)
2) Dolly Wink (~S$24)

နှစ်ခုလုံးက နာမည်ကြီး Japan Brand တွေချည်းပဲ။ စင်္ကာပူမှာဆို တချို့ Watson တွေမှာ ၀ယ်လို့ရတယ်။ Watson တိုင်းမှာတော့ မရှိတတ်ဘူး။ နှစ်ခုလုံးက Liquid Liner တွေ... ဗူးမဟုတ်ဘဲ ခဲတံလို Shape ဖြစ်တဲ့အပြင် ဆွဲတဲ့ထိပ်ကလည်း ချွန်တော့ ကိုယ်လိုသလို ဆွဲဖို့ပိုအဆင်ပြေတယ်။


ဆွဲတဲ့ထိပ်နှစ်ခုကိုယှဉ်မယ်ဆို K-Pallette က နည်းနည်းလေး ပိုမာတော့ ဆွဲရပိုလွယ်တယ်။ သိပ်သိသိသာသာကြီးကွာတာတော့ မဟုတ်ဘူး... မဆိုသလောက်လေးပဲ။ Dolly Wink Liner က အရည်ပိုရွှဲတယ်။ Liquid Liner တွေရဲ့ ထုံးစံအတိုင်း စိုစိုပြောင်ပြောင်လေး ကျန်ခဲ့တယ်။ ကန်ဒီက အဲ့လိုပြောင်နေတာမျိုးကို သဘာဝမကျလို့ မကြိုက်ဘူး။ အဲ့ဒါကြောင့် အပေါ်ကနေ အမြဲ Eyeshadow နဲ့ ပြန် Set လုပ်တယ်။ K-Palette ကတော့ Pencil Liner တွေလိုမျိုး ပိုသဘာဝကျတဲ့ Line လေးရစေတယ်။

Liquid Eyeliner ကို အညိုပဲသုံးတတ်လို့ နှစ်ခုလုံးက အညိုနော်... အမည်းမဟုတ်ဘူး...

မျက်လုံးပေါ်မှာဆွဲထားရင် နှစ်ခုလုံးကြာကြာခံတယ်။ ပွတ်ရင်လည်း မပျက်ဘူး။ ဒါပေမယ့် နှစ်ခုယှဉ်မယ်ဆို Dolly Wink က ပိုခံတယ်ပြောရမယ်။ K-Pallete က နည်းနည်းကြာလာရင် မျက်လုံးထောင့်နားမှာ ပျက်ချင်ချင် ဖြစ်လာတယ်။ တခြားနေရာတွေတော့ ဘာမှမဖြစ်ဘူး။ ဒါကလည်း လူတယောက်စီရဲ့ မျက်လုံးပုံစံနဲ့ဆိုင်မယ် ထင်တယ်။ K-Pallete ရဲ့ အဆိုးဆုံးအချက်ကတော့ ခဏလေးနဲ့ကုန်သွားတာပဲ။ ကုန်တယ်ဆိုတာ အရည်ကရှိသေးတယ်... အရောင်မှိန်ပြီး ထိပ်ကခြောက်သွားတော့ သုံးလို့မရတော့တာကို ပြောချင်တာ။ အပေါ်ဓာတ်ပုံကလို Line ရဖို့ကို ၁၀ခါလောက်ဆွဲထားရတယ်(=.=')။ Dolly Wink က ၀ယ်ထားတာ သိပ်မကြာသေးတော့ ခုချိန်ထိ ကောင်းနေသေးတယ်။ အခုလောလောဆယ်တော့ Dolly Wink ကို ပိုကြိုက်နေတယ် ^_^

ဒီလို ကန်ဒီသုံးဖြစ်တာလေးတွေကို Review အနေနဲ့ ပြောပြတဲ့ပိုစ့်မျိုးကို သဘောကျလား?? ကန်ဒီ့ဘလော့ခ်ကိုဖတ်တဲ့လူအများစုက မိန်းကလေးတွေလို့ ထင်တာပဲ။ အဲ့တော့ မိန်းကလေးတွေကိုပဲ အဓိကမေးတယ်ဆိုပါတော့။ ကန်ဒီက တစ်ခုကုန်မှ တစ်ခုဝယ်တတ်တဲ့အကျင့်ရှိတော့ ဒီလိုပိုစ့်တွေက ခဏခဏတော့ တက်မှာမဟုတ်ဘူး။ ဒါပေမယ့် ကန်ဒီသဘောကျတဲ့ပစ္စည်းလေးတွေရှိရင် ပိုစ့်အတိုလေးဖြစ်ဖြစ်ရေးပြီး ပြောပြမယ်လေ ^_~

Happy Eyelining^^

13 comments:

BabyAngle said...

လာလည်သွားပါတယ် candy လေးရေ...

Anonymous said...

good

Anonymous said...

ဒီလိုမျိုးပို.စ်ရေးတာသဘောကျတယ်။ဗဟုသုတလဲရတာပေါ့။သူလဲEyelinerဆွဲရတာကြိုက်တယ်။အစကတော့Eyeshadowအညိုရောင်ကိုခြယ်တာ။ကန်ဒီပြောသလိုပဲတနေကုန်ဆိုမခံတော့ဘူး။ကျောင်းတက်တုန်းကဆိုနေကပူဖုန်ကထူဆိုတော့။အဆင်သိပ်မပြေဘူး။ခုတော့eyelinerလေးတွေသုံးကြည့်ရတာအဆင်ပြေတယ်။အညိုရောင်ပဲကြိုက်တယ်။တခြားပါးနီတွေနှုတ်ခမ်းနီတွေမခြယ်ချင်တာနေမယ်။eyelinerမခြယ်ရရင်တမျိုးကြီးဖြစ်နေတာ။
Areal Thu

မိုးငွေ့........ said...

ကြိုက်တယ် ချိုချဉ် အမလဲ လိုင်နာဆွဲတာသဘောကျတယ် မျက်ဝန်းအိမ်ကိုပိုကြီးပြီးလှသွားစေတယ်လို့ထင်တယ် အမသုံးတာက ခရမ်းလိုင်နာဆွဲတဲ့ဘရှပ်လေးပါတယ်..အကောင်းစားထဲကတော့မဟုတ်ဘူး အဲလိုအလွယ်တကူဆွဲလို့ရတဲ့ ခဲတံပုံစံမျိုးဒီမှာမတွေ့သေးဘူး ခရမ်းကတော့ အပျက်လွယ်တယ် အရည်လိုမဟုတ်ဘူး ဆွဲလို့တော့ကောင်းတယ် ဒီလိုပို့စ်မျိုးကို ကိုယ်လဲမိန်းကလေးမို့သဘောကျတယ် တခြားပစ္စည်းတွေဝယ်သုံးဖြစ်ရင်လဲ ထပ်တင်နော် စိတ်ဝင်စားတယ် watson mart ကိုအဲလို အလှကုန်တွေစုံစုံရလို့ကြိုက်တယ်

ညီလင်းနိုင် said...

အဲ .....

မိန်းကလေးအသုံးအဆောင်တွေ အကြောင်းဆိုတော့

နားမလည်ဘူးဗျ ။

စာတွေ မပြတ်ရေးနေနိုင်တာကိုတော့

လေးစားပါတယ် သကြားလုံး ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

:P

Anonymous said...

မမရေးတဲ့ပို့ စ်တွေကကောင်းတယ်နော်

Qt said...

သုံးစေချင်လို့ ၀ယ်လာတာ
ဆိုင်က ကောင်မလေး ပေးတာ ယူလာတာပဲ မဖြစ်အောင်
ယောကျာင်္လေးများနှင့်လည်း ဖတ်သင့်ပါတယ် :)))

Suzy said...

အစ်မDolly Wink လေးကို တစ်ခါမှ မမြင်ဖူးဘူး လှလိုက်တာ လိုချင်တယ် ဒါပေမယ့် ဈေးကြီးတယ် ၂၄ဆိုတော့ :S
ညီမလေးမှာ ပန်းရောင်လေးကို အညိုရောင် pencil eyeliner ရှိတယ်

လရိပ်အိမ် said...

လာဖတ်သွားတယ် ကန်ဒီလေးရေ။
အမက ဘာဆိုဘာမှ မလိမ်းတတ်ဘူး။ :P

Anonymous said...

Happen to be trying to find this and learned much more than anticipated in this article. Thanks.

ကူးကူးလှိုင် said...

ကန်ဒီရေ အစ်မလဲ လာလည်ပြီးဖတ်သွားတယ်နော် Eye liner တော့ သိပ်မသုံးဖြစ်ဘူး...

blackroze said...

အမကတော့ လိုင်နာတခါမှမသုံးဖူးဘူး
မကြိုက်တာပေါ့..သုံးနေကျမဟုတ်တော့
စွဲထားရင်လည်း မျက်လုံးက တမျိုးကြီးဖြစ်နေသလိုဘဲ
အမသိချင်တာလေးက
မျက်နှာပေါ်မှာ ဝက်ခြံတွေဘာတွေညစ်ပြီးရင်
အမာရွတ်လေးတွေထင်ကျန်ခဲ့တယ်လေ
အဲတာအမာရွတ်ပျောက်တဲ့ခရင်မ် လေး
ပိုစ့်တင်ပါဦးလို့ တောင်းဆိုပါတယ်ရှင်

Candy said...

Rose hip oil သုံးကြည့်ပါလား မမ.. ညီမသူ့အကြောင်း ပိုစ့်သီးသန့်တင်ဖူးတယ်... မမကို လင်ခ့်ပေးလိုက်မယ်.. အမာရွတ်ပျောက်စေတဲ့ Chemical cream တွေတော့ ညီမအားမပေးဘူး.. Rose hip oil ကတော့ သဘာဝကရတဲ့ ပစ္စည်းလည်းဖြစ် အမာရွတ်အတွက်လည်း ကောင်းတယ်လေ :D