Monday, October 1, 2012

Hello October ^_^

** အောက်တိုဘာလ ၁ ရက်နေ့၏ ညနေခင်းအချိန်တွင်ဖြစ်သည် **

Wowww... ဘာလိုလိုနဲ့ အောက်တိုဘာလတောင် ရောက်လာပြီနော်။ အချိန်တွေကလည်း ကုန်မြန်လိုက်တာ။ ခေါင်းစဉ်ကိုကြည့်ပြီး အောက်တိုဘာလအကြောင်းရေးမယ် မထင်ပါနဲ့။ ဘာခေါင်းစဉ်တပ်ရမှန်းမသိလို့ အဲ့လိုတပ်ထားတာပါ :P


စနေနေ့က ကျောက်ဖရုံသီးဟင်းရည်နဲ့ ပဲသီးကြော်စားတယ်။ ဟင်းနှစ်မျိုးက သိပ်မလိုက်မှန်းတော့ သိတယ်။ ဆီပြန်ဟင်းတွေ မစားချင်လို့ အသီးအနှံပဲချက်လိုက်တာ။ ဘယ်သူနဲ့စားလဲဆိုတော့ တယောက်တည်းချက်ပြီး တယောက်တည်းစားပါတယ် ဟင့်.. (ရှိုက်သံ)


ဒါက ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကပုံပေါ့။ ကန်ဒီ့ညီမနဲ့ အင်းလေး(မြန်မာစားသောက်ဆိုင်)မှာ ညစာသွားစားဖြစ်တယ်။ ပုံမှန်ဆို အင်းလေးမှာ ဈေးကြီးလို့ ထိုင်ခဲတယ်။ ဒါပေမယ့် ဟိုတလောက အင်းလေးလိုမဟုတ်တဲ့ဆိုင်မှာ ဟင်း၂ပွဲကို ၁၀ကျော်ပေးလိုက်ရတော့ လူကတင်းပြီး ဒီတခေါက် အင်းလေးမှာ သွားထိုင်တယ် (ဆိုင်ဆိုင် မဆိုင်ဆိုင် ဆိုင်တယ်လို့ သတ်မှတ်ပါ xD)။ အင်းလေးက ဈေးကြီးပေမယ့် အစားအသောက်နဲ့ Service လည်း သူများထက်ပိုကောင်းတယ်လေ။


လျှောက်လည်တဲ့ ပိုစ့်နောက်တခုအတွက် ဗွီဒီယို Edit လုပ်နေတာ Editing Software က ကြောင်တောင်တောင်ဖြစ်ပြီး ပြင်ပြီးသား Clip တော်တော်များများပျက်ကုန်တယ်။ အဲ့ဒါနဲ့ ဒေါပွပြီး ဆက်မလုပ်ချင်လို့ ခဏထားထားတယ် =.='


ဒါက ကန်ဒီ့ဘလော့ခ်ရဲ့ Traffic sources တွေပေါ့။ အဲ့မှာ ဘယ်စကားလုံးကိုရှာပြီး ကန်ဒီ့ဘလော့ခ်ဆီရောက်လာတယ်ဆိုတာ ကြည့်လို့ရတယ်။ ကြည့်မိတော့ တခုသောစကားလုံးကိုရှာပြီး ကန်ဒီ့ဘလော့ခ်ဆီရောက်လာတဲ့ လူဦးရေက ၁၀၅ ဆိုပဲ (တပတ်နှုန်း)။ ဒါနဲ့ စိတ်ဝင်စားသွားတယ်။ ဘာလို့ ဒီစကားလုံးက ဒီလောက် ပေါ်ပြူလာဖြစ်နေရတာလဲပေါ့။ အဲ့ဒါနဲ့ ကိုယ်တိုင် Google မှာ ရှာကြည့်တော့ အဲ့စကားလုံးနဲ့ မြန်မာဟိုလိုဆိုဒ်တခုကို သွားတွေ့တယ် [သတိပေးချက်** (၁) ဘယ်လိုဆိုဒ်လဲ မမေးပါနဲ့... ဟိုလိုဆိုဒ်ဆိုမှတော့ ဒီလိုဆိုဒ်မဟုတ်လို့ပါ :P (၂) ဘာစကားလုံးဆိုတာလည်း မမေးပါနဲ့... ပြောလိုက်ရင် အဲ့ဆိုဒ်ကို ကြော်ငြာသလိုဖြစ်သွားမှာစိုးလို့ပါ] အဲ့ဒါကိုရှာတာ ကန်ဒီ့ဘလော့ခ်ဆီ ဘာလို့ရောက်လာလဲဆိုတော့ ကန်ဒီ့ပိုစ့်တပုဒ်မှာ အဲ့စကားလုံးကို သုံးထားဖူးလို့ပါ(>.<)။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အဲ့စကားလုံးကို တခြားစကားလုံးနဲ့ ပြင်လိုက်ရတယ်။ ဒါတောင် ခုထိ အဲ့ဒါကိုရှာရင် ဒီရောက်ရောက်လာကြတုန်း O_o

ဟိုတလောက ပန်းနာမည်နဲ့မင်းသမီးတယောက် ပေါ်ပြူလာဖြစ်တုန်းကလည်း သူ့ကိုရှာတာ ကန်ဒီ့ဆီ ရောက်ရောက်လာကြတယ်။ ကန်ဒီကလည်း သူ့နာမည်တူကို ပိုစ့်တပုဒ်မှာ သုံးထားမိတာကိုးးးး @_@


စနေနေ့က အနေအထား... မျက်လုံးတဖက်ရောင်နေပြန်ပြီ။ အဲ့လို ခဏခဏဖြစ်နေတယ်(>.<)။ တော်သေးတယ်... ဒီတခေါက်က အရင်တခါလောက်မဆိုးလို့။ တနင်္ဂနွေနေ့မှာ အစ်ကိုတယောက်က သူ့သားလေးမွေးနေ့ဖိတ်ထားတယ်။ မျက်လုံးကအဲ့လိုဖြစ်နေတဲ့အပြင် ဗိုက်ကလည်း နာနေတော့ မသွားတော့ဘူးလို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ နောက်ဆုံး ပျင်းးးးးးလာတာနဲ့ သွားလိုက်တယ်။ ဟိုလည်းရောက်ရော မျက်လုံးရောင်တာရော ဗိုက်နာတာရော ပျောက်သွားတယ် ဟဟဟဟ ကောင်းလိုက်တဲ့ဆေး :P


Pasir Ris Park မှာ... တကယ်တော့ အနောက်ကကမ်းခြေကိုပါ ပြချင်တာ... ကင်မရာက လူကိုပိုလင်းအောင်လုပ်လိုက်တော့ ကမ်းခြေက ဘာမှမမြင်ရလောက်အောင်ဖြူသွားတယ်။ ကန်ဒီ့ကို ဒါမျိုးလုပ်လို့ရမလား ဟွင်းဟွင်း... ကမ်းခြေမှန်းသိအောင် မတူ တူအောင် Edit ပြန်လုပ်ပေးထားတယ် ^_^


ကြာဇံကြော်၊ ခေါက်ဆွဲကြော်နဲ့ အအေးတွေပေါ့။ ခေါက်ဆွဲကြော်က ၀က်သားနဲ့မို့လို့ ကြာဇံကြော်ပဲ စားတယ် (ကန်ဒီ ၀က်သားမစားပါ... ဘာလို့လဲလို့မေးရင် မစားချင်လို့ဖြစ်သည်)။


ကိုယ့်ဟာကိုယ် ၀လာတာ သတိထားမိတယ်။ ဘောင်းဘီတချို့ကြပ်ကုန်တယ်။ ပေါင်ချိန်ကြည့်တော့ ၂ပေါင်တက်လာတယ်။ အမေဆို အရင်က အစားစားဖို့အမြဲပြောတယ်။ အရိုးပဲ ရှိလို့တဲ့။ ခုအရိုးမဟုတ်တော့ပါဘူးနော်။ ဒီ့ထက် ပိုမ၀အောင်တော့ ထိန်းရမယ် xD

ပက်ကျိများ ဖြစ်သည်...

ဘာအကျိုးမှမရှိဘဲ နားပူတာပဲ အဖတ်တင်မယ့် ဖုန်းတွေ... တခါတလေ တမင်မကိုင်ဘဲ ထားတယ်။ ၅ခါလောက်ခေါ်မှ လူမှုရေးအရ တခါကိုင်ဖြစ်တယ်။ "ဘာလို့မကိုင်တာလဲ??" မေးတယ်။ "မကိုင်ချင်လို့.."လို့ ပြန်ဖြေတယ်။ ဒီလောက် ဘုကလန့်ပြောလည်း မရဘူး =.='

ကိုယ်သွားမယ့် လုပ်မယ့်ဟာတွေကို "ဘယ်သူနဲ့သွားမှာလဲ??" "ဘာလုပ်ဖို့သွားမှာလဲ??" အဲ့လို အဲ့လို အကုန်ခရေစေ့တွင်းကျလိုက်မေးပြီး အမြဲမျက်စိဒေါက်ထောက်ကြည့်နေတာမျိုးကို လုံးဝမကြိုက်ဘူး။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်နေပါရစေ Pleaseeeeeee  >.<

Ekkk.. ဗိုက်က အသံမြည်နေပြီ။ ညစာစားဖို့ လက်ဖက်သုပ်လိုက်ဦးမယ်နော်... (ဟင်းမရှိပါ >.<)
တာ့တာ ^_~

18 comments:

ဘုန်း၂တောက် said...

ကမ်းခြေပုံလေးက အရမ်းမိုက်တယ်နော်...

AH said...

ကျောက်ဖရုံသီး ဟင်းကိုမြင်တော့ ဘာကူတေး စားချင်စိတ်တောင် ပေါက်လာဘီ... :(
ဒီမှာ လဲမရှိ... စင်ကျားပေါ ပြန်ရောက်မှ လျှောက်စားဦးမည်။

Sweety Snow said...

ဝလာတော့ ပြည့်ပြည့်လေးနဲ့ ချစ်စရာပိုကောင်းလာတယ် :))

BabyAngle said...

ချောလိုက်တာ...

ချစ်စံအိမ် said...

ဘယ်လိုကြည့်ကြည့်လှနေတာပဲကွယ်..

လရိပ်အိမ် said...

ကမ်းခြေပုံစံလုပ်ထားတဲ့ ဒီဇိုင်းလေးကြိုက်တယ်။
ကျော်ကြားသူမို့လိုက်အင်တာဗျူးတာဖြစ်မယ်.။

မြတ်ကြည် said...

မြတ်ကြည်လည်း ဝ လာတယ်။ အခုတလော Traffic source ဝင်ကြည့်ရင် က သင်ဇာဝင့်ကျော်နဲ့ သဇင်။ သူတို့က နေ့တိုင်းလိုလိုပါတယ်။ :P

အိမ်မက်ကောင်းကင် said...

ကမ်းခြေမှာ ထိုင်နေတဲ့ပုံလေးတွေက ကြည့်ရတာ
ပျော်စရာကောင်းမဲ့ပုံလေးပဲနော် မမချိုချဉ်
ပထမဆုံးပုံလေးကိုတော့ (ဂလု) မိသား
ဟိဟိ
ပျော်ရွှင်နိုင်ပါစေနော် မမချိုချဉ်လေး
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးငွေ့........ said...

ချိုချဉ်လို့ပဲ အမလဲအရင်တုန်းက မျက်စိခနခနစွံဖူးတယ်(လူသာမစွံတာ) အဲဒါ အင်္ဂလပ်ဆေးသောက်တာပျောက်သွားတယ်ခုထိပဲ သူက ပိုးရှိလို့ဖြစ်တာ ပိုးသတ်ဆေးလေ ကလောက်ဆာဆလင်တဲ့ အဲဒါသောက်တာ...

ကူးကူးလှိုင် said...

ညီမလေး ကန်ဒီဘလော့ကို နေ့တိုင်းလိုလိုလာလည်ဖြစ်ပါတယ် ပုံလေးတွေ ကြည့်ရတာ ကြိုက်လို့...

မြတ်နိုးသူ(MUFL) said...

အမကန်ဒီရဲ့ပုံလေးလာကြည့်သွားပါတယ်

Anonymous said...

hello october ဆိုတော့
bye bye september ပေါ့း)
ကြက်သားဟင်းလေး ကောင်းလိုက်တာတော်
ကလေးမလေးကလည်းချောမှချော..
မမေးသင့်တာတော့မမေးတော့ပါဘူး :D

မိုးနတ်ကြယ်စင် said...

ပုံလေးတွေတော့ ကြည့်လို့ရ၀ူးရှင်..စာတွေပဲ လာဖတ်ပြီး
မှန်းကြည့်သွားပါတယ်..မိုးနတ်ဆီမှာ ဘာလို့မပေါ်တာလဲ
သိဝူး..ဟင့်..သူများတွေလို မိုးနတ်လဲကြည့်ချင်တာပေါ့
ရှင်....အဟင့်...အဟင့်..
ခင်မင်နေတဲ့....မိုးနတ်

နွေမိုး said...

ဘယ်စကားလုံးလာရှာတာလဲ..တားကိုတိုးတိုးတိတ်တိတ်ကြောကျ..။ ဟိဟိ.။
(အာ့မျိုးမပြောလေ ပိုတိချင်လေပဲ..ဟိ.)

အလွမ်းမြို့ said...

ညလေးရေ..
မကြီးလွမ်းကတော့ ကန်ဒီလေး ဝလာလာ ပိန်နေနေ
ဓါတ်ပုံလေးလာကြည့်ရတာဘဲ စိတ်ချမ်းသာနေပြီ။
ပိုစ့်ကလည်း စုံသားနော်။ဖုန်းရောကမ်းခြေရေ စားစရာရော..အားပေးသွားတယ်။
ကျန်းမာရေးတော့ ဂရုစိုက်။မျက်လုံးကဘာလို့
ယောင်လာတာလဲ။


ချစ်တဲ့
မကြီးလွမ်း

blackroze said...

မျက်စိစွံတာကို လေညှင်းပွင့်လေးနဲ့
တို့ပေးရင်ခဏလေးနဲ့ပျောက်တယ်တဲ့
ကြားဖူးတာဘဲ ကန်ဒီ

ဆုမြတ်မိုး said...

Happy October Candy!!!

I am your blog reader who doesn't left any comment :) link it and keep rocking.. love yr writing style!!!

ညီရဲ said...

မသိပါဘူး ငါ့ညီမ ကမ်းခြေကို ထုံးများ သုတ်ထားတာလားလို့ ...း)