Saturday, October 20, 2012

Something About Me

ဒီနေ့ စနေနေ့... ဘယ်မှသွားစရာလည်း မရှိဘူး။ စာရေးမယ်စိတ်ကူးနဲ့ ဘာရေးရမလဲ စဉ်းစားတော့ စိတ်ထဲသိပ်ဘ၀င်မကျတဲ့ အကြောင်းအရာတစ်ခုတွေးမိတယ်။ အဲ့ဒါကလည်း မရေးတတ်ရင် နားလည်မှုလွဲပြီး ၀ိုင်းသမတာ ခံရနိုင်တယ်။

** ရေးရင်ကောင်းမလား? မရေးရင်ကောင်းမလား?? တွေးနေသည်... တွေးနေသည်... တွေးနေသည်.... **

ရေးမယ်ကွာ... ကန်ဒီဆိုလိုချင်တာကို နားလည်ဖို့ မျှော်လင့်ပါတယ်(^_^)။ စိတ်မပူပါနဲ့... နန်းခင်ဇေယျာအကြောင်းမဟုတ်ပါဘူး(:P)။ မမခင်ဦးမေကပြောတယ်.. နန်းခင်ဇေယျာကို ထိရင်မီးပွင့်မယ့်သူတွေရှိတယ်တဲ့ ကြောက်တာ xD


ကန်ဒီ ၀က်သားနဲ့အမဲသား မစားဘူး ဆိုတာ တချို့လည်း သိကြမှာပါ။ ကန်ဒီမစားဘူးပြောရင် တော်တော်များများက ဘာလို့မစားလဲ မေးတတ်ကြတယ်။ အဲ့လိုမေးတိုင်းလည်း ကန်ဒီ့အဖြေက "မစားချင်လို့..." ဆိုတာမျိုး။ ဘယ်တော့မှ ကန်ဒီ့အကြောင်းပြချက်ကို သေချာပြောပြလေ့မရှိဘူး။ ဒါကလည်း ကန်ဒီနည်းနည်းပါးပါးပြောပြဖူးတဲ့ လူအများစုရဲ့ ဝေဖန်ချက်နဲ့ တုံ့ပြန်မှုတွေကို ဘ၀င်မကျလို့ နောက်ပိုင်း မပြောဖြစ်တော့တာ ဆိုပါတော့။ တချို့ကိစ္စတွေမှာ ကန်ဒီ့အတွေးတွေက ရူးတူးတူးနိုင်တယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့် ဒါကန်ဒီ့ခံယူချက်ဖြစ်တဲ့အတွက် ဒါကို ဟာသတခုလို လှောင်ပြောင်တာမျိုး ကန်ဒီမလိုချင်ဘူး။

ဇာတ်လမ်းအစက စပြောရမယ်ဆို... ကန်ဒီ ၆တန်းနှစ်လောက်တုန်းကစပြီး ၀က်သား မစားတော့ဘူး။ အဲ့တုန်းက အကြောင်းပြချက်ကတော့ ကလေးအတွေးဆိုတော့ အရမ်းရီရတယ်။ ကန်ဒီတို့ကျောင်းမှာသင်ရတဲ့ သိပ္ပံစာတပုဒ်မှာ ၀က်ရဲ့အူမှာ သံကောင်တမျိုးပါတတ်တယ်တဲ့။ အဲ့ဝက်သားကို စားမိရင် လူမှာလည်း သံရောဂါတမျိုးရတယ်ပေါ့။ သေချာလည်း မမှတ်မိတော့ပါဘူး။ ကလေးဆိုတော့ အဲ့ဒါကိုကြောက်ပြီး ၀က်သားမစားဘူး။ စဉ်းစားကြည့်ရင် ကန်ဒီတော်တော်ရီရတယ်နော်(xD)။ နည်းနည်းကြီးလာတော့ ၈တန်း ၉တန်းလောက် ရောက်တော့ ဒါဟာအဓိပ္ပာယ်မရှိဘူးဆိုတာ နားလည်လာတယ်။ တကယ်သာ အဲ့လိုဖြစ်ကြေးဆို ၀က်သားစားတဲ့လူတပုံကြီးလည်း အဲ့လိုဖြစ်ပြီပေါ့... ဟုတ်တယ်ဟုတ်။ ဒါပေမယ့် ကန်ဒီဝက်သား ပြန်မစားဖြစ်တော့ဘူး။

အဲ့လို နားလည်လာတဲ့အချိန်ကစပြီး ကန်ဒီ့မစားရတဲ့ အကြောင်းပြချက်နဲ့ ခံယူချက်လည်း ပြောင်းလာတယ်။ သက်ရှိသတ္တ၀ါတကောင်ကို မစားဘူး ဆိုတာမျိုး ဖြစ်လာတယ်... အလွယ်ပြောရရင်တော့ "သနားလို့..."ပေါ့။ အဲ့ကနေဆက်ပြီး "၀က်သားတောင် မစားဘဲနေနိုင်တာ... အမဲသားလည်း မစားတော့ဘူး.."ဆိုပြီး ကန်ဒီကြိုးစားကြည့်တယ်။ စစချင်းမှာ အဲ့လောက်မလွယ်ခဲ့ဘူး။ ကန်ဒီငယ်ငယ်က အမေချက်တဲ့ အမဲသားနှပ် အရမ်းကြိုက်ခဲ့တာလေ။ ဒါပေမယ့် ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ အဲ့ဒါက ၉တန်း ၁၀တန်းလောက်က။ အခုဆို ဆိတ်သားမစားဖြစ်အောင် နေနေတယ်။ ဒါတောင် ဆတ်သားခြောက်ဆို စားမိနေသေးတယ်။ မကြာခင် လုံးဝဖြတ်တော့မှာပါ။ ကန်ဒီ Vegetarian တွေကို လေးစားအားကျတယ်။ ဖြစ်နိုင်ရင် အဲ့လိုဖြစ်ချင်တယ်။ ခု ကန်ဒီမလုပ်နိုင်သေးဘူး။ ဒါပေမယ့် ကန်ဒီ လုပ်နိုင်သလောက် လုပ်နေတယ်။ အရင်က သက်သတ်လွတ် တပတ်နှစ်ရက်စားတယ်။ အခု မစားဖြစ်တော့တာက ဈေးခဏခဏသွားရမှာ ပျင်းနေလို့ (>.<)။ ကန်ဒီမစားတဲ့အတွက် အနည်းဆုံး ကန်ဒီ့တယောက်စာအတွက် သူတို့မသေရဘူးပေါ့... ဒါ ကန်ဒီ့အတွေး။

ကန်ဒီသိပ်ဘ၀င်မကျတဲ့ ဝေဖန်မှုနဲ့ တုံ့ပြန်မှုတွေကို ပြောရရင်... တချို့ကပြောတယ် "သတ္တ၀ါတခု ကံတခု... ကိုယ်မစားလည်း သူတို့သေမှာပဲ..." တဲ့။ ကန်ဒီကတော့ သူတို့ဟာသူတို့ သက်တမ်းစေ့လို့ သေတာနဲ့ ကိုယ်စားဖို့ အသတ်ခံရတာနဲ့ မတူဘူးထင်တာပဲ။ ဒီ ၁၀နှစ်ကျော်ကျော်အတွင်းမှာ ကန်ဒီမစားတဲ့အတွက် ကန်ဒီမ၀ယ်တဲ့အတွက် ကန်ဒီ့လုပ်ဆောင်ချက်က နည်းနည်းလေးဖြစ်ဖြစ်တော့ ထိရောက်မယ်လို့ ယူဆတယ်။ ကန်ဒီ သက်သတ်လွတ်စားနေတုန်းက တချို့ကပြောတယ်... "သက်သတ်လွတ်စားပြီး အသားဟင်းမြင်လို့ စားချင်တဲ့စိတ်ဖြစ်နေရင် ဘယ်ကုသိုလ်ရမလဲ"တဲ့။ လူ့စိတ်ဆိုတာ ထိန်းချုပ်ရခက်တဲ့အမျိုးပဲလေ။ အသားဟင်းမြင်ရင်တော့ စားချင်မိတဲ့စိတ် ဖြစ်ချင်ဖြစ်မှာပဲ။ လက်တွေ့မှာ မစားမိအောင် ထိန်းချုပ်နေတဲ့သူ့လုပ်ဆောင်ချက်က ပိုအရေးမကြီးဘူးလား?? စားချင်စိတ်လေးဖြစ်သွားလို့ ကုသိုလ်မရခဲ့ရင်တောင်မှ အနည်းဆုံးအဲ့တရက်မစားတဲ့အတွက် တရက်သတ္တ၀ါတွေရဲ့အသက်ကို ချမ်းသာပေးလိုက်တာပဲမဟုတ်လား။ တချို့ကကျတော့ "သက်သတ်လွတ်စားတာ ဘုရားဟောထဲမှာ မပါဘူး... အူမတောင့်မှ သီလစောင့်နိုင်မှာ.."တဲ့။ အဲ့လိုတကယ်လားဆိုတာတော့ ကန်ဒီလည်း သေချာမသိဘူး။ ကြုံမှ ဘုန်းဘုန်းတောက်ကို မေးကြည့်အုန်းမယ်။ ရှင်းရှင်းပြောရရင် အဓိက ကန်ဒီလုပ်နေတာ ကုသိုလ်တွေ ဘာတွေထက် သူတို့အသက်ကို ငဲ့ညှာတယ်ဆိုတဲ့ အတွေးရိုးရိုးလေးနဲ့ပဲ လုပ်နေတာ။ တချို့က "ဘာလို့ဝက်သားမစားတာလဲ... အသားမှာ ၀က်၊ အသီးမှာ သရက်တဲ့... ၀က်သားက အရမ်းစားကောင်းတာ... ကြုံမှ ၀က်သားကောင်းကောင်းရတဲ့ဆိုင်မှာ လိုက်ကျွေးမယ်.. စားကြည့် စွဲသွားမယ်"ဆိုပဲ(>.<)။ "မစားချင်လို့.."လို့ ဖြေတဲ့ ကန်ဒီ့အဖြေကြောင့် အဲ့လိုပြောတာလည်း ဖြစ်နိုင်တယ်။ ကန်ဒီဝက်သားအရသာကို ကောင်းကောင်းသိတာပေါ့။ ကန်ဒီငယ်ငယ်က စားခဲ့ဖူးတာပဲ။

ခြုံပြောရမယ်ဆို သူတို့ပြောတဲ့စကားတွေ တုံ့ပြန်မှုတွေက ကန်ဒီလုပ်နေတာတွေကို အနည်းနဲ့အများရပ်တန့်သွားအောင် ဦးတည်နေတယ်။ "အင်း.. ဒါလည်း ဟုတ်တာပဲ.. မလုပ်တော့ဘူးကွာ" ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ အဲ့လိုတွေပြောနေရအောင် ကန်ဒီလုပ်တာ မှားနေလို့လား? သူတပါးကို ထိခိုက်စေလို့လား? ကိုယ်လုပ်လို့ တခြားသူတွေကိုလည်း "ဒီလိုလုပ်သင့်တယ်"လို့ တခါမှ မပြောဖူးသလို စားနေတဲ့သူတွေကိုလည်း "မစားပါနဲ့"လို့ တခါမှ မပြောဖူးဘူး။ အဲ့ဒါကို ဘာလို့ကန်ဒီကိုကျ လာလာခလုတ်တိုက်နေကြမှန်း နားမလည်ဘူး ဟွင်းးး >.<

ဘာပဲဖြစ်ဖြစ် ခုဒီမှာ ရင်ဖွင့်လိုက်ရလို့ နည်းနည်းပေါ့သွားပြီ။ ကန်ဒီဆိုလိုချင်တဲ့ လိုရင်းကို နားလည်မယ်ထင်ပါတယ်နော်။ စာအရေးအသားက သိပ်ကောင်းတော့ အဓိပ္ပာယ်ကောက်လွဲသွားမှာလည်း ကြောက်ရသေးတယ်(:P)။ ကန်ဒီပြောချင်တာက သူတပါးလုပ်နေတာကို သုံးသပ်တဲ့နေရာမှာ ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန်မှုမျိုးပဲ ဖြစ်စေချင်တယ်။ ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်တာနဲ့ဘဲ မကောင်းဘက်က လှည့်ပတ်ပြောနေတာမျိုး မဖြစ်စေချင်ဘူး... 

The End...
Have a Good Day^^

20 comments:

ညိမ်းနိုင် said...

အင်း....ကိုယ်တွေကတော့ အဲဒီလိုမျိုးကိစ္စတွေဆို ဘာမှ
မပြောဘူး၊ဘာလို့လဲဆိုဒါမျိုးက ခံယူချက်နဲ့ဆိုင်သွားပြီ၊
အမှားလားအမှန်လားဆိုတာ ခွဲခြားလို့မရတဲ့၊ခွဲလည်း
ခွဲခြားစရာမလိုတဲ့ကိစ္စတွေကိုး....၊ကိုယ်လည်း ကိုယ့်ခံယူ
ချက်နဲ့ကိုယ်ပဲလေ....နော့...၊အဲ...တစ်ချို့ကြပြန်တော့
လည်း...အင်း...ပြောတော့ဘူးဟေ့.....ငါလည်း ငပွကြီး
ဖြစ်လှပြီဆိုတော့... :P။ဒီတော့ပြောချင်တာက ဘယ်သူ
ဘာပြောပြော ဟိုဘက်နားကဝင် ဒီဘက်နားက ထုတ်တဲ့
နည်းကို ကျင့်သုံးပေတော့ဟေ့.....စိတ်ထဲသိပ်ထားမနေ
နဲ့.... :))))

မေမြို့မိုး said...

အော်.. ကလေးအတွေး.. ဟင်းဟင်း...
(ပြုံးစေ့စေ့ဖြင့်. ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်းထွက်သွားသည်...)

ချစ်စံအိမ် said...

ညီမရေးသားကြီးတွေမစားတာတော့အားပေးတယ်.. လူနဲ့လည်းသိပ်တည့်ဘူး..အမတော့အမဲသားမစားဘူး ၀က်သားတော့အရမ်းကြိုက်တော့ဒုက္ခ
အခုဝိတ်တက်မှာစိုးလို့မစားပဲနေတာရသလိုပဲ
တွေ့ ရင်တော့စားချင်တယ် တိန်..
လေးစားပါတယ်ညီမရေ..

အလွမ်းမြို့ said...

ညလေးရေ..
မကြီးလွမ်းလည်း ဝါးသက် ဝက်သား မစားပါဘူး။
အမဲသားတော့ စားဖြစ်ပါတယ်။
ခုလောလောဆယ်တော့ ၁ပတ် ၁ရက် မွေးနေ့လေးမှာ
ဝါတွင်းမို့ သက်သားလွတ်စားပါတယ်။ အသီးအရွက်
ရှားတော့ စားရတာအဆင်မပြေပေမဲ့ ပုံးရည်သုတ်ရယ်
အရွက်တစ်ခုခုရယ် စားပစ်တာဘဲ.အရသာတွေ ဘာတွေမခံစားတော့ပါဘူး။အဓိက ကိုယ့်အဓိဌာန်လေး
အောင်မြင်ဖို့ပါဘဲ။ အဓိက သက်သားလွတ်စားဖြစ်တာ
ကလည်းအိမ်ဦးနတ်က အဖော်ခေါ်လို့ပါ.ခုတော့ စားကျင့်ပါသွားပါပြီ။ အသီးအရွက်ဘဲစားနိုင်ရင်တော့
ကောင်းတာပေါ့။အဓိက ကတော့ကျန်းမာရေး ကောင်း
ဖို့ပါဘဲ။ကျန်းမာရေးတော့ ဂရုစိုက်ပါ။

ချမ်းမင်းကို(ပဥာက်) said...

အကိုကတော့ကိုယ်ချင်တာလုပ်တာပဲ...ကိုယ့်အသိတ၇ားနဲ့ကိုယ်တော့ နဲနဲတော့မှားလားမှန်လားသိတာပဲ။ မကောင်းတာလုပ်နေတာပဲ..လုပ်သာလုပ်..ညီမ။

မောင်(စွယ်စုံကျမ်း) said...

ဝက ၀က်သားစားလယ်လေ ဖွားလေးကလည်း စားကြည့် အသီးသရက် အသားမှာ ၀က် လူမှဆို ဖွေးဖွေးတဲ့ .... ...ခွိစ်.....အွတ်..အွတ်..အွတ်

နွေတေးရှင် (မင်းဧရာ) said...

အခုလေးတင် ဘုန်းဘုန်းတောက်ဆိုဒ့်က ပြန်လာတာလေ အဲသည်အကြောင်းလေးတွေကို ရှင်းပြထားတယ်။

လူဆိုတာ....
ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့လေ အကိုကတော့ ဘာမှကို မရှောင်တား) သို့ပေသိ စားရပါစေဆိုတဲ့ တောင့်တစိတ်လည်းမရှိပြန်ဘူး ဘာပဲဖြစ်ဖြစ်ပေါ့ ကောင်းတဲ့စိတ်ကို အခြေခံပြီးလုပ်တဲ့အတွက် ကောင်းနေမှာပါ။

ဆူးသစ် said...

ညီမလေးဆိုလိုတဲ့သဘောကိုအစ်ကိုသဘောပေါက်ပါတယ်။လူတချို့ကသူတို့မလုပ်နိုင်ဘူး။ဒါပေမဲ့သူများလုပ်တာကိုလည်းအားမပေးဘူး။စားတာမစားတာကပြဿနာမဟုတ်ပါဘူး။သတ္တ၀ါတွေအပေါ်သနားကြင်နာတတ်တဲ့စိတ်ကလေးမွေးတတ်ရင်သာပိုကောင်းမယ်ထင်တယ်။အဓိကကမေတ္တာထားဖို့ပေါ့ညီမလေးရေ။နောက်တစ်ခုက သတ်သတ်လွတ်မဟုတ်ဘူး ညီမလေးရဲ့။ အသက်သတ်တာလွတ်တဲ့ သက်သတ်လွတ်ပါ။ နောက်တစ်ခုက တစ်ခု၊ နှစ်ခုတို့၊ တစ်ရက်၊နှစ်ရက်တို့ဆိုရေတွက်လို့ရတဲ့အရာတွေမို့ တစ် ဆို စ သတ်ပါတယ်ညီမလေး။ ကိုယ်ယုံတာကိုယ်လုပ်နိုင်တာကအကောင်းဆုံးပါ။မှားတာမှမဟုတ်တာ။လုပ်ပါ။

ညီလင်းနိုင် said...

သတ္တဝါတွေအပေါ် မေတ္တာထားတာကတော့

ကုသိုလ်ရတယ် ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ ။

သက်သတ်လွတ်စားတာကြောင့်တော့

ကုသိုလ်ရပြီး နတ်ပြည်ရောက်တာ မရှိပါဘူး ။

ဘုရားရှင်လည်း မဟောထားပါဘူး ။

ဆက်လက်ထုဆစ်နိုင်ပါစေ သကြားလုံးရေ ။

မြတ်နိုးသူ said...

အသားနှစ်မျိုးလုံးမစားပဲနေနိုင်တာ
တကယ်မိုက်တယ်သိလားအမ
အားကျတယ်ညီမလေးဆိုအဓိဌါန်ပုတီး
ကပါတဲ့တစ်ပတ်တစ်ရက်တောင်မစားမိအောင်
မနည်းကြိုးစားနေရတယ်လာဖတ်သွားပါတယ်နော်

Arëãl Thû said...

CandyကAhthuနဲ.တူတယ်။Ahthuက ခြေလေးချောင်းမစားဘူး။ဘာလို.မစားလဲဆိုတော့ ညှီလို.။စားကြည့်ဖို.ကြိုးစားပေမယ့် ဘယ်လိုမှကိုစားလို.မရဘူး။အိမ်ကလဲလက်လျှော့ထားရတယ်။

ကူးကူးလှိုင် said...

ကန်ဒီရေ အစ်မလဲ ကန်ဒီလိုပဲ အသားတော်တော်များများမစားဖြစ်ဘူး အသီးအနှံကို ပိုကြိုက်တာလေ ကန်ဒီပြောသလိုပဲ ဆက်သားခြောက်ဖုတ်ဆိုရင်တော့စားဖြစ်နေသေးတယ် ...း))

Suzy said...

မမ ကန်ဒီ သူများတွေပြောနေတာ တစ်ဖက်နားက နားထောင်ပြီး တစ်ဖက်က ပြန်ထုတ်လိုက်
ဆက်ပြီး ဒီလိုလေးပဲနေ.. ကောင်းတယ်
ဒီကတော့ အကုန်စားတယ် ဟီးဟီးး
အဲ့လို မရှောင်နိုင်သေးဘူး
အားကျတယ် ချစ်မ (^_^)

Candy said...

အစ်ကို ဆူးသစ်ရေ... စာလုံးပေါင်းအမှားလေးတွေ ပြောပြသွားတာ ကျေးဇူးအရမ်းတင်တယ် သိလား... နောက်လည်း မှားတာရှိ ပြောပြပါနော် :D

Anonymous said...

သက်သတ်လွတ်စားတာမစားတာ
လယ်သာအင်္ကျီဝတ်တာမ၀တ်တာ
သက်သတ်လွတ်စားပေမဲ့ကြက်ဥစားတာမစားတာ
အမဲသားစားတာမစားတာ
ဝက်သားစားတာမစားတာ.....ဘာကြောင့်ပဲဖြစ်ဖြစ်ဘယ်သူတစ်ဦးတစ်ယောက်ကမှ တစ်ခြားသူတစ်ဦးတစ်ယောက်ကိစ္စကို(အခြားသူများကိုထိခိုက်မှုမရှိသရွေ့ ..)
judge....လုပ်တာမျိုးကိုမနှစ်သက်ပါ။
သူများယုံကြည်မှုနှစ်သက်မှုကို judge..လုပ်ဘို့ အခွင့်အရေးမရှိဘူးလို့ ထင်ပါတယ်။
ကိုယ်တိုင်လည်းသူများကို judge မလုပ်မိဘို့ ကြိုးစားနေပါတယ် ကန်ဒီလေးရေ။
ကိုယ်လုပ်တာသူများကိုမထိခိုက်သရွေ့ ကိုယ်လုပ်ချင်တာလုပ်တာကန့် ကွက်ဝေဖန်တာတွေခေါက်ထားလိုက်။
အိုင်အိုရာ

ဆုမြတ်မိုး said...

i am not vegetarian but i dun eat any meat except fr chicken. Cheers girl.. it is a good habit.

မိုးငွေ့........ said...

ဒီလိုပါပဲညီမရယ် လူတွေက ကိုယ့်ကိုယ်ကိုသာ မမြင်ရင်မမြင်မယ် သူများအပြစ်တော့ ဒေါက်ထောက်ကြည့်တာလေ....ဒါဟာ အမှန်တော့ privacy ကျပါတယ် ကိုယ်အသားစားချင်းမစားချင်းဟာကို အဲလောက်ဝေဖန်ဖို့မှမလိုတာ...

ကိုကိုမောင်(ပန်းရနံ့) said...

မေတ္တာကြီးမားသူတိုင်း အသားရှောင်ကြသည်တဲ့။ ဘယ်ကျမ်းဂန်က လာတာပါလိမ့်။ စဉ်းစားလိုက်စမ်း။ ဟုတ်ပြီ။ ပေါ်ပြီ ပေါ်ပြီ။ သူကြီးမင်းကျမ်းဂန်က လာတာတဲ့။

အသားရှောင်ကြဉ်တာ ကောင်းပါတယ် ပိစိ။ သူကြီးမင်းလဲ ရှောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ အခုထက်ထိ စားနေတုန်း။း)

Anonymous said...

သက်သတ်လွှတ်စားတာ ဒေ၀ဒတ်ဂိုဏ်းသားဆိုလား။ ဘုရားရှင်တောင် ခွေးချီလာရင်းလွှတ်ချခဲ့တဲ့ အမဲခြောက်ဖုတ်ကို ပန့်သကူဆိုပီး ဘုဉ်းပေးခဲ့သေးတာ သားတို့ကတော့ ပန့်သကူ ပန့်သပကူ ဆိုပီး တွယ်တာပဲ။ ငှဲငှဲ

philip said...

ဟုတ်တယ် ကန်ဒီေ၇ သော်တာလဲ ၀က်သား၊ အမဲသားမစားဘူး။ 1 တန်းလောက်ထဲကလှူလိုက်တာ လှူတုန်းကတော. အမေကအတင်းအကြပ်လှူခိုင်းတာ အိမ်မှာလဲမချက်တော. မစားဖြစ်တော.ပဲပြတ်သွားတာပေါ.နော်၊ ကြီးလာတော. အော် ဒီ 27 နှစ်အတွင်း ငါမစားလိုက်လို. အသက်သေ၇မယ်.ပမာဏလျော.သွားပါလား ဆိုပြီး အသိနဲ.ဆက်မစားဖြစ်တော.ဘူး။ သူတို.လဲအသက်နဲ.ပဲလေ မဟုတ်ဘူးလား။ သော်တာဆို ဒီ27နှစ်အတွင်းမှာ ကန်ဒီလိုမျိုးပဲ အမျိုးမျိုးစိတ်ဒုကဖြစ်စ၇ာအပြောတွေကြုံခဲ.၇တယ်။ အဲဒီအသားတွေမစားလို.ပဲ လူဖြစ်၇ှုံးသလိုလို၊ အော်လူတွေများတယ်ခက်တယ်နော်၊ တကယ်တန်းပြောကြေးဆို အဲဒီအသားတွေကြောင်.ကျန်းမာေ၇းတွေထိခိုက်ကုန်တဲ. သာဓကတွေအများကြီးပါနော. ပြန်မပြောချင်လို.သာ..သော်တာကတော.အဲလိုတွေပြော၇င် ပြုံးပြီးတော.ပဲနေလိုက်တယ် သိလား