Friday, November 23, 2012

Already in Christmas mood

Hi.. Hello.. How are you??!!
တခါတလေ ဘယ်လိုစနှုတ်ဆက်ရမလဲ မသိဘူး... အဲ့ဒါစဉ်းစားရတာလည်း တဒုက္ခ(xD)။ ကန်ဒီစကားမပြောဖြစ်တာ ကြာပြီနော်။ ဒီလို ဟိုရောက်ဒီရောက်ပိုစ့်မျိုး မရေးဖြစ်တာကြာပြီလို့ ပြောချင်တာ :D 


မနေ့က Jurong Point မှာ ရုပ်ရှင်သွားကြည့်တယ်။ ဇာတ်လမ်းနာမည်က "Rise of the Guardians"... Animation Cartoon ကားလေး။ အရမ်းမိုက်တယ်။ ကလေးတွေငယ်ရွယ်တုန်းမှာ ယုံကြည်တတ်တဲ့အရာလေးတွေ (ဥပမာ- Santa Claus, Tooth Fairy, etc)ကို အခြေခံပြီး ရိုက်ထားတဲ့ကားမျိုး။ ကြည့်ရတာ ပျော်စရာကောင်းတယ်။ ဇာတ်သိမ်းကိုလည်း အရမ်းကြိုက်တယ်။ တကယ်တော့ အစ်မတစ်ယောက်က ပြတာပါ။ သူ့သမီးလေး(ကန်ဒီပြောပြောနေကျ ကလေးလေး)နဲ့ သွားကြည့်တာ ^_^


ရုပ်ရှင်ကြည့်ပြီး ဟိုဆိုင်ဝင်ကြည့် ဒီဆိုင်ဝင်ကြည့်လုပ်ရင်း ဒီဘောင်းဘီလေးတွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ဒီဇိုင်းက Christmas Theme လေး (ခရစ်စမတ်နားလည်း နီးပြီဆိုတော့ :D ဆိုင်ဆိုင်မဆိုင်ဆိုင် That's my excuse :P) အသားကလည်း သက်တောင့်သက်သာရှိတဲ့အသားမျိုး (သိုးမွှေးအပါးသား)။ S$12 ပဲပေးရတယ်။ အစကတော့ အိမ်မှာနေရင်း ၀တ်ဖို့ရည်ရွယ်တာ။ ဒါပေမယ့် ခုလေးတင်ဓာတ်ပုံရိုက်ဖို့ စမ်းဝတ်ကြည့်တော့... သူကပွပွကြီးမဟုတ်ဘူး၊ Legging လိုမျိုးဆိုတော့ အပြင်ဝတ်ချင်ဝတ်လို့ရတယ် :D

ခရစ်စမတ်နီးရင် အဲ့လိုပဲ... ခရစ်စမတ်နဲ့ဆိုင်တာတွေတွေ့ရင် ၀ယ်တတ်တယ်။ ဒီအချိန်ဆို အနွေးထည်တွေ ရောင်းပြီ။ ဟိုတလောက Bugis မှာတွေ့ခဲ့တဲ့ ယုန်အနွေးထည်လေးဆို အရမ်းချစ်စရာကောင်းတာပဲ။ ဒါပေမယ့် စင်္ကာပူမှာ ဆောင်းလည်းမရှိဘဲ ၀ယ်ပြီးဘယ်အချိန်သွားဝတ်ရမှာလဲ >.<


မနှစ်ကခရစ်စမတ်တုန်းက ရိုက်ထားတဲ့ပုံ။ ကန်ဒီ့ဘလော့ခ်မှာ အခု Template ဒီဇိုင်းမသုံးခင်တုန်းက အဲ့ဒါကို Banner အဖြစ်သုံးခဲ့ဖူးတယ် (ကြွားချက်.. အဲ မှတ်ချက်- ကိုယ်တိုင် Photoshop သည် :P)။ ဟိုတနေ့က Vivo City ရောက်တော့လည်း ခရစ်စမတ်ပစ္စည်းတွေချည်းရောင်းတဲ့ဆိုင်မှာ Scented Candle လေးတွေတွေ့ခဲ့တယ်။ အရမ်းလိုချင်တာ... ဒါပေမယ့် တစ်ဗူး S$ 35 (ဗူးကြီး) ဆိုတော့ ဈေးကြီးလို့ မ၀ယ်ဖြစ်ခဲ့ဘူး :(


အားလုံးကတော့ ကန်ဒီတယောက် Shopping Mall တွေချည်း လိမ့်သွားနေတယ်ဆိုပြီး ထင်မှာပဲ။ အကြောင်းက ဒီလို... လာမယ့်တနင်္ဂနွေနေ့ ဘွဲ့ယူဖို့ Formal ၀တ်စုံ ရှာရတယ်လေ။ သူတို့သတ်မှတ်ထားတာကလည်း အကျီက အဖြူလက်ရှည်ဆိုတော့ ဒီဇိုင်းလှတာလေးများ ဘယ်မှာရနိုင်မလဲဆိုပြီး ကမ္ဘာပတ်ရှာတာ။ ဒါပေမယ့် မတွေ့ပါဘူး... အဖြူပြောင်ဆိုတော့ ဘယ်လိုကြည့်ကြည့်ရိုးရိုးပဲပေါ့။ နောက်ဆုံး အကျီရော စကပ်ရော G2000 ကပဲ ၀ယ်လိုက်တယ်။ စကပ်က တိုနေလား မသိဘူး။ သူတို့သတ်မှတ်ထားတာ ဒူးခေါင်းနား... ကန်ဒီ့စကပ်က ဒူးခေါင်းအထက်နည်းနည်းတက်တယ်။ ဒါပေမယ့် အဲ့ဒီမှာလည်း အဲ့လောက်ပဲရှိတယ်... အဲ့ထက်ရှည်တာမရှိဘူး(>.<)။ ဖိနပ်က Bugis Junction BHG က၀ယ်တာ... ဒီဇိုင်းကတော့ ရိုးရိုးကြီး... ဒါပေမယ့် သက်တောင့်သက်သာရှိတယ်။ ကန်ဒီဖိနပ်အပိတ်တွေ နာလွန်းလို့ တော်ရုံမ၀တ်နိုင်ဘူး။ ဒါလေးကတော့ မဆိုးဘူး :)


မနက်ဖြန်(စနေနေ့)ညနေ အမေတို့ရောက်ပြီး ရေးးးးးးးးးးးး (:D :D)။ ကန်ဒီ့ညီမနဲ့ တူတူပြန်လာမှာဆိုတော့ သူတို့က လာမကြိုနဲ့... အိမ်မှာပဲစောင့်တဲ့။ အမေက ဒံပေါက်ဝယ်လာမယ်ပြောတယ်။ ကန်ဒီဒံပေါက်ကြိုက်တာ သူသိတယ်(:D)။ နီလာဒံပေါက်မ၀ယ်နဲ့လို့တောင် မှာထားသေးတယ် (အဲ့ဆိုင်က ဒံပေါက်မကြိုက်လို့ :P)။ ဒီနေ့ညနေဈေးသွားရမယ်။ ကန်ဒီအကျွမ်းကျင်ဆုံးဟင်းတွေ ရွေးချက်ပြီး ကန်ဒီဘယ်လောက်ဟင်းချက်တတ်နေပြီဖြစ်ကြောင်း ကြွားရမယ် ဟီးဟီးဟီး xD (ကြွားတာတွေများနေပြီ :P)

ခု ဒီပိုစ့်ရေးနေရင်း ဓာတ်ပုံတွေထည့်နေတုန်း ကန်ဒီ့ Picasa Web Album က 1GB(Free Storage) ပြည့်သွားပြီ... ထပ်ထည့်လို့ မရတော့ဘူးဆိုလို့ လူကိုမျက်လုံးပြူးသွားတာပဲ။ ဓာတ်ပုံမထည့်ဘဲ ဘယ်လိုစာဆက်ရေးရမှာလဲ??? အားလုံးသိတဲ့အတိုင်း ကန်ဒီ့ဘလော့ခ်က ဓာတ်ပုံအဓိက(>.<)။ အဲ့ဒါနဲ့ အသည်းအသန် စာလိုက်ဖတ်ရတယ်။ Online Storage ပဲ ထပ်ဝယ်ရတော့မလိုလို။ တော်သေးတယ် နောက်ဆုံးဒီစာကြောင်းလေး တွေ့သွားလို့... "Photos up to 2048 x 2048 pixels and videos up to 15 minutes won't count towards your free storage." ကန်ဒီ့ ဓာတ်ပုံဆိုဒ်တွေက ပျှမ်းမျှ 4000 pixels လောက်ရှိတယ်။ အဲ့ဒါနဲ့ ဓာတ်ပုံတွေကို Resize ပြန်လုပ်ရသေးတယ်(>.<)။ တော်သင့်ပြီနော်... ခုတလော ကန်ဒီအရမ်းကြိုက်နေတဲ့ သီချင်းလေးနဲ့ အဆုံးသတ်မယ် :D


♫♪ You are the icing on my cake...
You are the smile I can't replace... You are You are ♫♪


Good Night 
Have a Candy Dream^^

12 comments:

မိုးဇက် said...

ကြွားထာ အလွန်ကြီးးP ... စကားမစပ် Charity Vance ရဲ့ lyrics လေးရရင်ကောင်းမယ် ၊ ဟီး ငါ့ကိုအဲဒါလေး ရှာပေးပါလား သီချင်းကြိုက်လို့ဘာာာာာ ....... နော် မမ ကန်ဒီ ချိုချဉ် သကြားလုံ ... တိန်

မောင်ဘုန်း said...

သီချင်းလေး နားထောင်သွားပါတယ် .... ။ ဒီစာလေးရေတာကို မှားသွားလို့  ပြန်ရေးတယ် .... ။
good night နော် ..... ချိုချဉ် ရေ .... တော်တော် နောက်ကျပြီ .... အိပ့်တော့မယ် ... ။

ဘုန်း ၂ တောက် said...

(ခရစ်စမတ်နားလည်း နီးပြီဆိုတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် That's my excuse) အဲဒီစာသားလေး သဘောကျတယ်။ ဟီး ဟီး။

စလုံးမှာ ဆောင်းမရှိဘူးပေါ့။ ဒီမှာလည်း မရှိတရှိနဲ့ ချိုချဉ်ရေ။ အေးချင်နေတာ ခုက မအေးဘဲနဲ့ ပူနေလို့။
ခင်မင်တဲ့

အလွမ်းမြို့ said...

ညီမလေးရေ...

ပျော်စရာကြီး...နက်ဖြန်မေမေတို့ရောက်မယ်ဆိုတော့။
ထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်ပါကြောင်း။

ကိုကိုမောင်(ပန်းရနံ့) said...

Congratulation Pisi!!!

မပြောမဆို ဘွဲ့ယူတော့မယ်ဆိုလို့ ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်တာပါ။ ပိစိယူမှာ မဟုတ်လား။

ပိစိယူမှာဖြင့် ဘွဲ့ဝတ်စုံကြီးနဲ့ ပြောင်စပ်စပ် ဓါတ်ပုံတွေ ရိုက်မနေနဲ့ဦး။း)))

Anonymous said...

မမ ဘွဲ့ ယူတဲ့ပုံတွေလည်းတင်ပေးဦးနော် ။

မိုးငွေ့........ said...

ခရစ္စမတ်လက်ဆောင်ပစ္စည်း ကွိစိကွစလေးတွေချစ်တယ်...။ ဘွဲ့ဝတ်စုံလေးကချစ်စရာလေး...ဓါတ်ပုံတင်ဦးနော် ယူပြီးရင်...

ကူးကူးလှိုင် said...

ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းလှနေမယ်ထင်တယ် ညီမလေးရေ အဲဒီအတွက် ပို့စ်လေးတွေ မျှော်နေမယ်နော်...

ညီလင်းနိုင် said...

THEကြားလုံး ကြွားထားတာလေးတွေကို

မျှဝေခံစားခဲ့ပါတယ်ဗျာ ....

အဲလေ... ရေးထားတာလေးတွေကို ပြောတာပါ ။

ဆက်လက်ထုဆစ်နိုင်ပါစေ THEကြားလုံးရေ .....

လရိပ်အိမ် said...

နက်ဖန်အဖေနဲ့အမေတွေရောက်လာတော့မယ်ဆိုတော့ဝမ်းသာတယ်။
Congratulation ပါ ကန်ဒီလေးရေ။ ဘွဲ့ဝတ်စုံလေးနဲ့သိပ်ကိုလှပနေမှာဘဲနော်။

နွေတေးရှင် (မင်းဧရာ) said...

ကောင်းသည် သိပ်ကောင်းသည်...
မိဘများ လာကြမည်ဆိုတော့ မဆီမဆိုင် ၀င်ပြီး ကြည်နူးမိသေး ဘွဲ့ယူတော့မယ်ပေါ့ ၀မ်းသာတယ်ဗျာ
ဘွဲ့ဝတ်စုံလေးနဲ့ရိုက်မည့် ဓါတ်ပုံကိုတော့ တည်တည်တန့်တန့်လေးနဲ့ ရိုက်ခဲ့ပါအေ အာပေတူးချာတူလန်က လုပ်တတ်လွန်းလို့ တစ်လွဲတွေး)။

မေမြို့မိုး said...

မချိုမချဉ်တော့ ပုံစံဟောင်းလေးနဲ့လန်းတော့မယ်..
နအမ..။ ဟဟ. တူတောင် မျက်စိရှေ့တင်ဘွဲ့ရတွားပီ.။(ဟွင်းဟွင်း.. ဘလော့စရေးခါစက ညီမလေးကန်ဒီ ၊ ညီမလေး သမီးစံ ၊ ညီမ မြတ်ကြည် လုပ်ခဲ့ဖူးတာ သတိရတယ်...)