ဟတ် ဟတ် ဟတ် ဟတ် ဟတ်ချိုးးးးးးးးးး @_@
ဟိုကပြန်လာပြီးကတည်းက နှာခေါင်းတစ်ဖက်ပိတ်ချင်ချင်ဖြစ်ပြီး နှာချေနေတယ်(>.<)။ ဒီရက်ပိုင်း မိုးတချိန်လုံးရွာတယ်နော်။ ဟိုမှာလည်း အဲ့တိုင်းပဲ။ ကန်ဒီက ခရီးသွားရင် နေ့တိုင်းခေါင်းလျှော်တတ်တဲ့အကျင့်ရှိတယ်။ မိုးအေးအေးမှာ ညဘက်ခေါင်းလျှော်လျှော်ပြီးအိပ်လို့ ဟတ်ချိုးနေတာ ဖြစ်မယ် :(
ဒီခရီးသွားပိုစ့်က အပိုင်းခွဲတင်မှ အဆင်ပြေမယ်ထင်လို့ နေ့အလိုက်ခွဲလိုက်တယ်နော်။ ဒါ ပထမနေ့ပေါ့။ နောက်လာမယ့်ပိုစ့်က ဒုတိယနေ့လို့ မတွက်လိုက်ပါနဲ့။ ဒါကြီးပဲဆက်တိုက်တင်နေရင် ပျင်းသွားမှာစိုးလို့ ကြားထဲမှာ တခြားအကြောင်းအရာပိုစ့်တွေ စိတ်ကူးပေါက်ရင်ပေါက်သလို တင်မှာပါ(:D :D)။ သေချာတာတော့ ဓာတ်ပုံတွေ အများကြီး အများကြီးကြည့်ရမယ်နော် ^_^
အစကနေ ပြောပြရရင်... အဲ့ခရီးကိုစီစဉ်တဲ့ Organizer က ကန်ဒီ့ညီမရဲ့ လုပ်ဖော်ကိုင်ဖက်။ သူ့ယောက်ျားရဲ့အလုပ်ကနေ ခံစားခွင့်အနေနဲ့ Bintan(အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ်းခြေတခုပါ)က "Bintan Lagoon Resort" မှာ Chalet(Villa) ကို ဈေးအရမ်းပေါပေါနဲ့ရတယ်။ အဖွဲ့လိုက်ဆိုတော့ ပြန်ခွဲလိုက်တာနဲ့ဆို သိပ်မကျတော့ဘူးပေါ့။ အမှန်အတိုင်းပြောရမယ်ဆို အဲ့ဒီစီစဉ်သူသာ မရှိခဲ့ရင် အဲ့မှာတည်းဖြစ်မှာမဟုတ်ဘူး (ဈေးအရမ်းကြီးလို့)။ အဲ့တော့ ပုံမှန်လူတယောက် ရိုးရိုးဟိုတယ်မှာတည်းမယ်ဆို ပျှမ်းမျှဘယ်လောက်ကျမလဲ ကန်ဒီလည်း မပြောပြတတ်ဘူး။ ဖြစ်ချင်တော့ စီစဉ်တဲ့သူရဲ့ အမေက သွားခါနီးမှ ဆေးရုံတက်ရလို့ သူတို့မိသားစု ကျန်ခဲ့တယ်။ အဲ့ဒါနဲ့ သွားဖြစ်တဲ့လူက စုစုပေါင်း ငါးယောက်တည်း ဖြစ်သွားတယ်။ မြန်မာ လေးယောက် စလုံးတစ်ယောက်ပေါ့။
ကန်ဒီတို့ သောကြာနေ့ ၂နာရီလောက် စထွက်တယ်။ သင်္ဘောလက်မှတ်က အသွားအပြန် ~S$70 ကျတယ်။ Tanah Merah မှာ သွားစီးရတယ်။ ကန်ဒီတို့စီးတဲ့သင်္ဘောက ဟိုတယ်ကပိုင်တဲ့ သင်္ဘောထင်တယ်။ အဲ့ဒီဟိုတယ်နဲ့ စင်္ကာပူကိုပဲ ဆွဲတယ်ပြောတယ်။
မသွားခင် သင်္ဘောဆိပ်မှာ Fruit Salad စားနေတာ...
သင်္ဘောထဲမှာ...
ဟိုရောက်ဖို့ ၁နာရီနဲ့ ၁၀မိနစ် စီးရတယ်။ တနေရာရောက်တော့ လှိုင်းအကြီးကြီးတွေ သုံးလေးခါလောက် ရမ်းလိုက်တာ လူကမူးသလိုလို အန်ချင်သလိုလို ဖြစ်သွားတယ်။ လှိုင်းမူးတယ်ဆိုတာ အဲ့လိုထင်တယ်။ ခဏလေးလှုပ်တာတောင် ဒီလိုဖြစ်တယ်ဆိုတော့ သင်္ဘောသားတွေဆို ဘယ်လိုနေမယ်မသိဘူး >.<
ရောက်ပါပြီ(:D)။ အင်ဒိုအချိန်က စင်္ကာပူအချိန်ထက် ၁နာရီစောတယ်။ ဗီဇာလုပ်စရာမလိုဘူး။ နောက် စင်္ကာပူဒေါ်လာပဲ သုံးလို့ရတယ်။ အင်ဒိုပိုက်ဆံလဲစရာမလိုဘူး။ Immigration တွေ ဘာတွေ ဖြတ်ပြီးတော့ ဟိုတယ်က ကားကပဲ ခေါ်သွားတယ်။ Lobby ရောက်တာနဲ့ သူတို့က က ပြတော့တာပဲ :D :D
သူတို့လည်း လက်အုပ်ချီတယ်နော်...
ဟိုရောက်တော့ Check in အချိန်က နည်းနည်းစောနေတာနဲ့ Lobby မှာ ခဏထိုင်စောင့်ရတယ်။
သတင်းစာပုံစံကို ကြည့်ဦး... အ၀တ်လှန်းထားတာကျနေတာပဲ :D
စောင့်ရင်း ဟိုတယ်မှာရှိတဲ့ Souvenir ဆိုင်လေးတွေ ၀င်ကြည့်တယ်... (ကန်ဒီ့ညီမ :D)
Lobby ကနေ ကန်ဒီတို့ Chalet ကို သူတို့ဟိုတယ်ထဲမှာသုံးတဲ့ Buggy ကားလေးနဲ့ လိုက်ပို့တယ်။
ရောက်ပြီ...
ကန်ဒီတို့လည်း ကားလေးတစ်စီးရတယ်...
အိမ်နောက်ဖက်မှာ ဒန်းလေးလည်း ရှိတယ်။ ကန်ဒီငယ်ငယ်ကတည်းက ဒန်းဆိုအရမ်းသဘောကျတယ် ^_^
သူနဲ့ ကန်ဒီက တခန်းပေါ့... (ကန်ဒီ့ညီမနဲ့ပြောပါတယ် :P xD)
အစကတည်းက လက်ဖက်သုပ်မယ်ဆိုပြီး လိုအပ်တာတွေယူလာတော့ ညစာကို လက်ဖက်သုပ်နဲ့ထမင်း စားကြတယ်။ ဟိုတယ်က နည်းနည်းပဲမှာတယ်။ ဈေးက တော်တော်ကြီးတယ်။ တစ်ယောက်စာပဲပါတဲ့ ဟင်းတစ်ပွဲကို S$19 လောက်ကျတယ်(O_O)။ စားပြီးသောက်ပြီးတော့ ကမ်းခြေဘက်ထွက်ကြည့်ကြတယ်။ အချိန်က နေ၀င်ပြီးလို့ မှောင်စပျိုးနေပြီ။
ဘယ်တော့ရိုက်ရိုက် ဒီရုပ်ပဲ... အဲ့လိုပဲ ပြုံးတတ်တယ် =/
ညကျတော့ အတူတူပါလာတဲ့ အစ်ကိုတယောက်ရဲ့မွေးနေ့... Birthday Cake ခွဲပြီး Happy Birthday လုပ်ကြတယ်။ **Happy Birthday to You... Happy Birthday to....** မွေးနေ့ဓာတ်ပုံတွေတော့ မတင်တော့ဘူးနော်။ သူများက ကြိုက်မှာမဟုတ်ဘူး။ ကုတင်ပြောင်းတာနဲ့ ဘာနဲ့ဆိုတော့ အဲ့ညက တော်ရုံနဲ့အိပ်မပျော်ဘူး -.-
Hummm.... ဒီလိုမျိုးပိုစ့်ကို စိတ်ဝင်စားဖို့ကောင်းအောင် မရေးတတ်ဘူး။ ကန်ဒီ ဘယ်သွားတယ် ဘာလုပ်တယ် ပြောပြနေပုံက ပျင်းစရာကြီးနော်။ သူများတွေ ခရီးသွားပိုစ့်တွေ ရေးထားတာများ တော်တော်ဖတ်လို့ကောင်းတယ်(>.<)။ တော်ပြီ... ဆက်မရေးတော့ဘူး ဒီပထမနေ့နဲ့တင် ရပ်လိုက်တော့မယ် =.=' (ကိုယ့်ဟာကိုယ် စိတ်ပျက်နေပုံဖြင့် ပြောသည်)
ဟီးဟီးဟီး... စတာ။ မရေးနဲ့ပြောလည်း ရေးမှာပဲ LOL xD
ဒီနေ့တော့ ဒီလောက်ပဲနော်...
တာ့တာ
♦ Day 2 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ
♦ Day 3 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ ^_~
20 comments:
ပျော်ချရာကြီး ချိုချဉ်ရေ။ စိတ်ဝင်စားဖို့ကောင်းအောင် မရေးတတ်ပေမယ့် ဖတ်ရတာ ဆွေမျိုးတွေ မေ့သွားလောက်အောင်ပါပဲ။ အင်ဒိုကို တစ်ခါပြန်သွားလည်ချင်တယ်။
လက်အုပ်ချီတဲ့အကြောင်း ဗဟုသုတအဖြစ် ပြောပြချင်ပါသေးတယ်။ နားထောင်ဖို့ အချိန်ရှိပါ့မလားတော့ မသိဘူး။ (ရှိတယ်ဆိုတဲ့ အထင်နဲ့ ပြောပြီ) ဘုန်းဘုန်းနေတဲ့ နေရာမှာလည်း ဟိန္ဒူတွေလေ။ ဘုန်းဘုန်းတို့ ပိုက်ဆံသွားလဲတော့ ဆိုင်ရှင်က လက်အုပ်ချီတယ်။ ဘုန်းဘုန်းမို့ ချီတာ အောက်မေ့နေတယ်။ ပြီးတော့ ဘယ်ဟုတ်မလဲ။ လာသမျှ ကမ်စတမ်မာကို ချီတယ်။ ယဉ်ကျေးမှုအရ လေးစားတာတဲ့လေ။
နောက်ပိုစ်တွေလည်း မျှော်နေမယ်...မြန်မြန်တင်တော့ ဖတ်ချင်လှဘီ။ (ချိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်သည်)
ခင်မင်တဲ့
ကောင်းပါလေ့ သကြားလုံးရယ် သွားနိုင်နိုင်သမျှသွားတာသွား ရေးနိုင်သမျှရေးသာရေး
ကျုပ်တို့တော့ သူများတွေသွားရိုက်ပြီးလို့ တင်လာသမျှလေးကိုသာ ငေးနိုင်တယ် (သနားစရာ လေသံနှင့်)ပြောသည်း)။
မမကန်ကန်ရေ..
ဆက်ရေးပါနော်..
မျှော်နေတယ်..
ဘယ်သူပြောလဲ မမကန်ကန်ရေးတာ
စိတ်ဝင်စားစရာမကောင်းဘူးလို့..
မိုးနတ်နဲ့တွေ့မယ်...
အော်..မမကန်ကန်နဲ့မိုးနတ်နဲ့
တွေ့မယ်ပြောပါတယ်..
ချစ်တဲ့..မိုးနတ်
တင်းဂွေမတိုင်ခင် ရေးပါဟဲ့.....သူ့အားကိုးပါတယ်ဆိုမှ.....
ရေးပါ၊ စိတ်ဝင်စားစရာကောင်းပါတယ်။
သကြားလုံးလေးလျှောက်လည်နေတာကို..
အပေါ်ကစရေရင် ၁၂ခုမြောက်ကပုံလေးက လှလိုက်တာ တိန် ........
ဒါနှင့် အင်ဒိုမလေးတွေက ချောလားဟင်
( မလာတာကြာလို့ အလွမ်းပြေစတာနော် စိတ်မဆိုးရဘူး အဟီး )
ပျော်စရာကောင်းမယ့်ပုံပဲ..အဒီလိုသွားချင်သား..မချိုမချဉ်
ရှုခင်းလေးတွေ လှပပါပေ့... ကိုယ်တွေ မရောက်ဖူးတဲ့နေရာတွေမှာ ဒီလိုလှလှပပ နေရာတွေရှိနေတာ တော်တော်ဆိုးတယ်... တော်သေး သွားနိုင်တဲ့သူတွေ သွားပြီး ဓာတ်ပုံတွေပြန်တင်ပေးလို့... :D :D
အော် ဖတ်လို့ကောင်းပါတယ်ချိုမှ.. တို့ ကန်န်ဒီက အိုက်တင် ခံနေပြန်ပြီး)
ကြည့်ရင်းနဲ့ ကို ရောက်သွားသလို ခံစားရတယ် ..
မြန်မြန် ဆက်ရေးနော်..
အပိုင်းဆက်များ မျှော်လင့်စောင့်စားနေပါတယ်....
^ _ ^ ^ _ ^ ^ _ ^
ခရီးသွားဆောင်းပါးကို ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့
ရေးသား ဖော်ပြထားတော့
ကိုယ်တိုင် သွားလိုက်ရသလိုပါပဲ ။
သကြားလုံး ဆိုတဲ့ နာမည်နဲ့
အတော်ကို လိုက်ဖက်ပါတယ် ။
ဓာတ်ပုံတွေ တင်တိုင်း
ချိုနေအောင် ပြုံးနေတတ်လို့ပါ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေးရေ ။
ဒီလောက်စိတ်ဝင်စားအောင်ရေးတတ်တာကို..
Ahthuကကန်ဒီရေးတာအားကျနေတာကိုနော်။
အင်ဒိုလဲလှတာပဲနော်..
ပုံလေးတွေကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာလေးတွေ...နောက်ပို့စ်လဲမျှော်နေမယ် ရေးပါ ညီမ
လျှောက်လည်ခဲ့တာတော်တော်ပျော်စရာကောင်းမှာပဲ
ပုံလေးတွေလည်းကြည့်သွားတယ်အမ။
အရမ်းလှတယ်အားပေးသွားပါတယ်
ဟီ.. ကုတင်ပြောင်းတာတွေဘာတွေလာမပြောနဲ့
ခရီးထွက်တဲ့နေ့ ဆိုလို့ကတော့
လှဲချလိုက်တာနဲ့ ခေါင်းအုံးနဲ့ခေါင်းနဲ့ မထိခင်အိပ်ပျော်တာပဲ:D
Seafood dishes in Bintan Agro Beach Resort are quite cheap compare to Bintan Lagoon. One Chilli Crab cost SGD10 only.
Wowww... so cheap. At Bintan Lagoon, even one sandwich pack costs S$9. I was like O_O That's why we never go to restaurant inside the hotel >.<
ကန်ဒီရေ ပျော်စရာအရမ်းကောင်းမှာပဲနော် ဓာတ်ပုံကြည့်ပြီး အပျော်တွေကူးစက်သွားတယ်နော်...
ဟုတ်... ပျော်စရာကြီး... အမြဲလာလည်လို့ ကျေးဇူးနော် အစ်မကူးကူးလှိုင် :D
Post a Comment