Saturday, November 17, 2012

Bintan Trip ☼ Day 2 ☼

♫♪ မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားး.. မချစ်လို့ မုန်းလို့ ပုန်းပြီလားးး ♫♪

ဟီးး... အဲ့လိုမထင်ပါနဲ့လို့။ အခု ရေးပြီနော် Day 2 :D (လက်နှစ်ချောင်းထောင်၍ ပြောသည်)။ Day 1 ဖတ်ချင်ရင် ဒီမှာနှိပ်နိုင်ပါတယ်ရှင် ^_^


ဒုတိယနေ့မှာ ကန်ဒီတို့ Oleh Oleh ဆိုတဲ့ Market ကိုသွားကြတယ်။ ဟိုတယ်ကနေ အဲ့ကိုသွားတဲ့ကားရှိတယ်။ အသွားအပြန် တစ်ယောက်ကို S$6 ပေးရတယ်။  ကားက ၁၀နာရီမှာတစ်ကြိမ် ၃နာရီခွဲမှာတစ်ကြိမ် ရှိတယ်။ ကန်ဒီတို့က ၁၀နာရီကားနဲ့လိုက်သွားတယ်။ အဲ့ကို ၁၀ မိနစ်လောက်မောင်းရတယ်။ အဲ့ဒီ Market မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေ Spa/Massage လုပ်လို့ရတဲ့ဆိုင်တွေ ရှိတယ် :D

ဓာတ်ပုံရိုက်တိုင်း ဘာလို့သူက အရမ်းတည်ငြိမ်တဲ့ပုံပေါက်ပြီး ကန်ဒီက ပြောင်ချောင်ချောင်ဖြစ်နေမှန်း မသိဘူး >.<

 Marketကိုသွားတဲ့ ကားပေါ်မှာ... (အနောက်ကလူကြီးက ပြောင်ပြနေတာလား... သူ့ဟာသူပျော်နေတာလား @_@)


ရာသီဥတုက သိပ်မကောင်းဘူး။ မိုးတွေရွာနေတယ် (♫♪မိုးတွေရွာနေချိန်တိုင်း... ဒီရင်မှာလွမ်းး♫♪)။ ဆိုင်လေးတွေက အိမ်ဆိုင်လိုမျိုး သီးသန့်အခန်းလေးတွေ။ Market ကလည်း အဲ့လောက် မကျယ်ပါဘူး။ တစ်ကွေ့ပြီးတာနဲ့ ပြီးပြီ >.<

မုန့်အခြောက်တွေရောင်းတယ်။ ကန်စွန်းဥအခြောက်တို့ ဘာတို့... ဈေးလည်း အဲ့လောက်မကြီးဘူး :)

အဲ့လက်ကောက်လေးတွေပေါ်မှာ ကိုယ်လိုချင်တဲ့စာ ရေးခိုင်းလို့ရတယ် တခုကို S$2 :D


ကန်ဒီ့အတွက်ရော ကန်ဒီ့သူငယ်ချင်းတွေအတွက်ပါ အမှတ်တရလက်ကောက်လေးတွေ လုပ်ခဲ့တယ်။ အင်ဒို Traditional Dress နဲ့ အရုပ်လေးနှစ်ခုလည်း ၀ယ်ခဲ့သေးတယ်။ တစ်ခုကိုတော့ လက်ဆောင်ပေးလိုက်ပြီ :D



ဟိုတယ်ပြန်ရောက်ရင် ညစာအတွက် ဟော့ပေါ့လုပ်စားကြမယ်ဆိုပြီး လိုအပ်တာတွေဝယ်ဖို့ အဲ့ကလူတွေကို ဈေးရှိတဲ့နေရာမေးရတယ်။ အဲ့လိုဟင်းသီးဟင်းရွက်တွေရောင်းတဲ့ ဈေးသေးသေးလေးဆီရောက်ဖို့ နည်းနည်းလေးလျှောက်ရတယ်။ ရောက်သွားတော့လည်း ဈေးက စုတ်ပြတ်နေတာပဲ။ ဟင်းသီးဟင်းရွတ်တွေကလည်း နွမ်းတာ ခပ်များများ... ဒါပဲရှိတော့လည်း မတတ်နိုင်ဘူးပေါ့။ 


ဈေးဝယ်ပြီးတော့ နေ့လည်စာကို Oleh Oleh Market က ဆိုင်တစ်ဆိုင်မှာပဲ စားကြတယ်။ အစက ငါးဟင်းမှာသေးတယ်။ ဆိုင်ကကောင်လေးက ငါးလာရွေးဆိုပြီး ငါးကန်ကြီးပြတော့ မစားဖြစ်တော့ဘူး။ အစားတစ်လုတ်အတွက် သူ့ကိုသတ်ဆိုပြီး လက်ညိုးထိုးပြရမယ့်အလုပ်(>.<)။ သေဖို့စောင့်နေရတဲ့ ငါးလေးတွေ သနားပါတယ် :(



စားပြီးတော့ နာရီဝက်လောက်စောင့်... ပြီးတော့ အနှိပ်ခံကြတယ် (စားပြီး ချက်ချင်းအနှိပ်မခံရဘူးတဲ့)။ အဲ့ဒါက မစားခင်ကတည်းက ကြို Book လုပ်ထားရတယ်။ တစ်နာရီကို S$26 (ပုံမှန်က S$37... Discount ရလို့)။ ကန်ဒီတခါမှ အနှိပ်မခံဖူးဘူး။ ဒါ ပထမဆုံးပဲ။



ဒီတစ်ပုံတော့ Google က ယူထားတယ် (မယူလို့လည်း မရ ခိခိ xD)

အဲ့လို အကုန်ချွတ်ရတယ် (ရှက်တာ..)။ သူတို့ပေးတဲ့ တခါသုံး အတွင်းခံဘောင်းဘီလေးပဲ ၀တ်ရတယ် (ကန်တော့)။ အပေါ်က စောင်လိုဟာတော့ ခြုံပေးတာပေါ့နော် (တော်သေးတယ် >.<)။ Essential Oil သုံးပြီး နှိပ်တယ်။ နှိပ်တဲ့နည်းတွေ အများကြီးရှိတယ်။ ကန်ဒီတို့ အနှိပ်ခံကြတာက Tropical Massage... Traditional Massage နဲ့ ဘာကွာလဲ မေးကြည့်တော့... Tropical Massage က တတောင်ဆစ်တွေပါသုံးပြီး နှိပ်တယ်တဲ့။ Traditional Massage ကကျတော့ လက်မကို အဓိကသုံးနှိပ်တယ်တဲ့။ အဲ့ဆိုင်ကပဲ ကန်ဒီတို့ကို ဟိုတယ်ပြန်လိုက်ပို့တယ်။ ၃နာရီခွဲကားကို စောင့်နေစရာ မလိုတော့ဘူးပေါ့ :D

ဟော့ပေါ့အတွက် ပြင်ဆင်...

ဟိုကပြန်လာပြီးတော့လည်း ကမ်းခြေဘက်သွားလို့မရဘူး။ မိုးကရွာနေတာကိုးး။ အဲ့တော့ ခဏနားပြီး ညစာပြင်ကြတယ်။ အရွက်တွေ အများကြီးပဲ... ကန်ဒီ့အကြိုက်ပေါ့ ^_^

စားလို့ရပါပြီ :D

စားပြီးသောက်ပြီးတော့ စကားထိုင်ပြောကြတယ်။ ကန်ဒီကတော့ ထုံးစံအတိုင်း နားထောင်တဲ့သူပေါ့... ကိုယ်တိုင်က စကားပြောမှ မကောင်းတာ... သူများစိတ်ဝင်စားအောင်လည်း မပြောတတ်ဘူး။ အသိတစ်ယောက်က ပြောဖူးတယ်။ ကန်ဒီက ဘလော့ခ်မှာ ရွှန်းရွှန်းဝေအောင် ပြောတတ် ရေးတတ်သလောက် အပြင်မှာ ဘာလို့ အဲ့လောက်စကားမပြောတာလဲတဲ့။ သိဘူး... ဒါကန်ဒီ့ပုံစံပဲ (:P)။ စကားပြောကြပြီးတော့ တခြားသူတွေက အိပ်ကြတယ်။ ကန်ဒီနဲ့ ကန်ဒီ့ညီမနဲ့က သရဲကားထိုင်ကြည့်နေတာ ည ၁၂ ထိုးခါနီးမှ အိပ်ဖြစ်တယ် ခေါ... ခလူးးး :P

♦ Day 3 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ ^_^

11 comments:

လရိပ်အိမ် said...

ပြောင်ချော်ချော်မဖြစ်ပါဘူး။ ချစ်စရာလေးပါ။ ချောတယ်။ ကန်ဒီတို့ညီအမ၃ယောက်လုံး တမျိုးစီလှတယ်။
လက်ပတ်လေးကြိုက်တယ်။

Anonymous said...

ပြောင်ချော်ချော်မဖြစ်ပါဘူး ။ မမကချစ်စရာကောင်းပါတယ်

ဘုန်း ၂ တောက် said...

PASAR OLEH OLEH အမိုးက မိုးရွာရင် တော်တော်လုံမှာပဲနော်။ (ဟာ ဘုန်းဘုန်းတောက်ကလည်း ဝေးလိုက်တာ အဲဒါ style လို့ တစ်ယောက်ယောက်က ပြောမယ်ဆို ပြောချင်စရာ)။
ချိုချဥ့်ဆီက နည်းယူရဦးမယ်။ ဓာတ်ပုံထဲမှာ မပါစေချင်တဲ့သူတွေကို saffron နဲ့ အဲဟုတ်ဖူး အ၀ါရောင် အရုပ်ကလေးနဲ့ သူတို့ face တွေကို အုပ်ထားလိုက်မယ်။ ဟိ

ရေတွင်းအထက်က ဆိုင်းဘုတ်လေးကို သဘောကျတယ်။ ပြီးတော့ ထမင်းထည့်ထားတဲ့ ဋောင်းလေးလည်း သဘောကျတယ်။

ကန်ဒီက မိတ္တဗလဋီကာထဲကအတိုင်း လိုက်နာကျင့်သုံးတယ်ပေါ့။ သူများပြောတာ listening လုပ်ပေးတယ် ဆိုလို့ပါ။

Comment သိပ်ရှည်သွားလား ?
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

ညိမ်းနိုင် said...

အဲ့ အိုလာ....အိုလာ....မားကပ်ကို မပြောတတ်လို့ မသွား
လိုက်ရဘူးအေ.....၊ညေးက မြန်မြန်မှမရေးတာကိုး.... :)

ညီလင်းနိုင် said...

ခရီးသွား ဆောင်းပါးဆိုတာ တစ်ကယ်ကို လိုအပ်ပါတယ် ။

ကိုယ်မရောက်ဖူးသေးတဲ့ နေရာ ဒေသ တစ်ခုကို

ကိုယ်တိုင် ရောက်ရှိသွားသလို ခံစားရတယ် ။

ဓာတ်ပုံတွေနဲ့ တစ်ကွ ဝေဝေဆာဆာ တင်ပြပြီး ၊

ပေါ့ပါး သွက်လက်တဲ့ အရေးအသားလေးတွေနဲ့

ချယ်မှုံးထားတာမို့ ၊ ကြည်နူးစွာ ခံစားခဲ့ပါတယ် ။

ဒေသန္တရ ဗဟုသုတ အတွက် ကျေးဇူးတင်ပါတယ်

THEကြားလုံးရေ .....

THEကြားလုံးက

ကိုဇော်ဝင်းရှိန် သီချင်းတွေလည်း ရတာပဲလား .....

:):):)

မိုးနတ်ကြယ်စင် said...

မမကန်ကန်ရေ... (၃) လေးဆက်မျှော်နေသဗျို...
အားကျပါ၏...မိုးနတ်လဲ ခရီးသွားရတာဝါသနာပါတယ်
မအားလို့သာ...သူများသွားရင် အားကြီးအားကျတယ်
ကြည်နူးမိတယ်လေ....ပုံလေးတွေရော..စာလေးတွေ
ရောခံစားချင်မိပေမဲ့...ပုံကမြင်ရ၀ူး...
အဲလိုခဏခဏဖြစ်တယ်..ဘာလို့လဲတိဝူး..ဟင့်..

ဦးကြံသကာ said...

အင်း.....
ကိုယ်တိုင်မသွားနိုင်သေးတော့ သူများခရီးသွား ပိုစ့်ကို့ ဗဟုသုတ အဖြစ်ဖတ်ရှူ့ရတာပေါ့ သကြားလုံးရေ...
အပိုင်း၃ ကိုလည်း မြန်မြန်တင်အေ။

ကိုကိုမောင်(ပန်းရနံ့) said...

Wishing Well မှာ ဘာတွေ ဆုတောင်းခဲ့သေးတုန်း ပိစိ။
မြန်မာက ဘုရားတစ်ချို့မှာရှိတဲ့ ကျောက်တုံးလေးတွေ မမ ပြီး ဆုတောင်းသလိုမျိုး ဆုတောင်းရတာလား။ နောက်တစ်ခါ ထပ်လာရပါလို၏။ စီးပွါးရေး အဆင်ပြေရပါလို၏။ ကျန်းမာရပါလို၏။ ထီပေါက်ရပါလို၏။ စသဖြင့်ပေါ့။

ဆုမတောင်းဘဲတော့ မနေတန်ရာ။း)

Candy said...

ဘာမှကို ဆုမတောင်းခဲ့ပါဘူး တဂျင်းမီးရာ... ဟဟဟ :D :D

ကူးကူးလှိုင် said...

အရမ်းပျော်စရာကြီးနော် သွားလည်နိုင်တဲ့လူတွေကို အားကျတယ်...

မေမြို့မိုး said...

မိုက်တယ်ဂျာ.. ။ လွတ်လပ်ပေါ့ပါးနေတာပဲ. နအမကျိလိုက်ရင်..။
အစ်မကတောင် ညီမလေးထက်ပိုငယ်တယ်ထင်ရတယ်.တိလား